← Chapters

ကောင်းကင်မိုးကြိုးတောင့်ခံတာကို ကူညီချင်တာလား

Vol. 39 Ch. 766

ကောင်းကင်မိုးကြိုးတောင့်ခံတာကို ကူညီချင်တာလား

Vol. 39 Ch. 766

“ငါ အရင်သွားမယ်”

အမြီးကိုးချောင်းမီးမြေခွေး၏ခန္ဓာကိုယ်သည် အနီရောင်အတန်းထက်ပို၍ တောက်ပသည့် အနီရောင်အလင်းတန်းနှင့် အတူထွက်ပေါ်လာသည်။ ၎င်း၏ ခြေလေးချောင်းသည် ရုတ်တရက်မြေပေါ်သို့နင်းလိုက်ရာ မြေကြီးသည် လှုပ်ခါ သွားလေသည်။ တောင်ငယ်တစ်လုံးကဲ့သို့ဖြစ်နေသည့် ၎င်း၏ခန္ဓာကိုယ်သည် မြေကြီးမှမြောက်သွားကာ မိုးကြိုးကို ကြိုဆိုလေသည်။

ဘုန်း...

၎င်းသည် သူမ၏ဦးခေါင်းပေါ်သို့ ညှာတာကင်းစွာ ပစ်ချလေသည်။ ကျို့ယန်၏ခန္ဓာကိုယ်သည် မိုးကြိုးလုံးနှင့် တိုက်မိသောအခါ ကလေးတစ် ယောက်၏ လက်မောင်းမျှထူထဲသော မိုးကြိုးသည် လျင်မြန်စွာ ကြီးလာသည်။ ၎င်းသည် အရွယ်ရောက်ပြီးသားလူ၏လက်မောင်းကဲ့သို့ ထူလာကာ ကျို့ယန် အား ချွန်ထက်သောဓားကဲ့သို့ တိုက်ခိုက်လေသည်။

အားကောင်းသောနတ်သားရဲကျို့ယန်ပင်လျှင် ထိုနာကျင်မှုကို တောင့်မခံ နိုင်ပေ။ တိုက်ခိုက်မှုပြီးနောက် သူ၏ကြီးမားသောခန္ဓာကိုယ်သည် တောင်ထိပ် မှ ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ ပြုတ်ကျလေသည်။ သူ၏အနီရဲရဲမြေခွေးအမွေး သည် အမြဲတမ်းတောက်ပနေခဲ့သည်။ ဤအချိန်တွင် တစ်ဝက်ကျော်သည် မဲတူးနေပြိး အသားများပါလောင်နေခဲ့သည်။ အသားကိုမီးကင်သည့်အနံ့များ ပျံ့လာခဲ့သည်။

ပေထင်းဟွမ် ငိုချင်လာသည်။ သူမသည် အတားအဆီးမဲ့ပြေးသွားတော့ မည်လုပ်သည်။ သို့သော် ယန်ယဲ့သည် တားလေသည်။ ပေထင်းဟွမ်သည် နားမည်နိုင်ဖြစ်ကာ သူ့ရင်ခွင်ထဲတွင် ရုန်းကန်လေသည် “ကျွန်တော် သွား ကြည့်ချင်လို့”

“ဟွမ်အာ သွားလို့မရဘူး” ယန်ယဲ့သည် ပြတ်သားသည် “မင်း သွားလို့ မရဘူး”

“ဘာလို့ သွားလို့မရမှာလဲ၊ ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းဆိုရင်ရော ဘာဖြစ်လဲ၊ ဘာလို့သွားလို့မရတာလဲ ကျွန်တော်က သူတို့သခင်ဖြစ်ပြီး သူတို့က ကျွန်တော့်စာချုပ်သားရဲပဲ၊ ဘာလို့သွားလို့မရတာလဲ ကောင်းကင်က မလွှတ်ရင် ကမ္ဘာမြေကြီးကို ဆွဲဖြဲပစ်မယ်” ပေထင်းဟွမ်သည် ရူးသွပ်လုနီးပါးပင်။ သူမ သည်ယန်ယဲ့၏ရင်ခွင်ထဲမှ အားကုန်ရုန်းကာ ချုပ်ထားမှုမှလွတ်မြောက်ချင်နေ သည်။

ယန်ယဲ့သည် သူမ၏လက်ကောက်ဝတ်ကို တင်းကြပ်စွာဆုပ်ကိုင်လေ သည်။ သူသည် အလွန်ပြတ်သားသည်။ “ဒါက ကောင်းကင်မိုးကြိုးပဲ၊ ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းပဲ၊ မှော်သားရဲတွေအတွက် စမ်းသပ်မှုပဲ လူသား တွေအတွက်မဟုတ်ဘူး၊ မင်းကဘာလို့ဝင်သွားမှာလဲ၊ သူတို့ ကောင်းကင်မိုးကြိုး တောင့်ခံတာကိုကူညီချင်လို့လား”

“ကျွန်တော် သူတို့ဒဏ်ရာတွေကို ကုပေးနိုင်တယ် ကစဥ့်ကလျားနတ် အရင်းအမြစ်က...”

ပေထင်းဟွမ်စကားမဆုံးခင်မှာပင် ယန်ယဲ့တားလိုက်နိုင်သည်။ သူသည် ရူးတော့မည့်အတိုင်း ပေထင်းဟွမ်၏နှုတ်ခမ်းများကို ခပ်ကြမ်းကြမ်းဖိကပ်လိုက် သည်။ သူ၏ခရမ်းရောင်မျက်လုံးများသည် ညပင်လယ်ကဲ့သို့ မှောင်မိုက်နေ သည်။ ၎င်းတို့သည် အဆုံးမရှိကာ အလွန်အန္တရာယ်များသည်။

ပေထင်းဟွမ်၏ရင်များ ကဆုန်ပေါက်ခုန်ပြေးသွားသည်။ သူမသည် နှုတ်ခမ်းမှသွေးများကိုသုတ်ပြီး သူမ၏မှော်သားရဲနှစ်ကောင်ကို လှည့်ကြည့် လိုက်သည် “ယန်ယဲ့ ခင်ဗျားကိုမုန်းအောင်မလုပ်နဲ့ ကျွန်တော်ပေထင်းဟွမ်က သူငယ်ချင်းတွေကို ဘယ်တော့မှ သစ္စာဖောက်ပြီး ပစ်မွားဘူး၊ ကျွန်တော့် အသက်ကို တခြားဟာတွေထက် တန်ဖိုးထားတယ် ကျွန်တော် အသက်ရှင်နေ ပါမယ်လို့ ကတိပေးပါတယ်”

ကင်းကောင်နှင့်ကျို့ယန်တို့သည် ဓာတ်ဘေးဒုက္ခကိုရင်ဆိုင်လျှင်တောင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ကောင်းကင်မိုးကြိုးနယ်မြေအတွင်းသို့ ဝင်လာသည့် မသက်ဆိုင်သည့်သတ္တဝါများအားလုံးကို နှင်ထုတ်မည်ဖြစ် သော်လည်း သူမသည် သားရဲနှစ်ကောင်နှင့် စာချုပ်တည်ထောင်ထားသဖြင့် ပေထင်းဟွမ်ကို နှင်ထုတ်မည်မဟုတ်ပေ။

ပိုင်ရှင်သာ ဆန္ဒရှိလျှင် သူသည် မှော်သားရဲများ ဘေးဒုက္ခခံရသည်ကို ကူညီနိုင်သည်။ သို့သော် ယန်ယဲ့ပြောသလိုပင် အားနည်းသောလူသားများသည် ကောင်းကင်မိုးကြိုးရှေ့တွင် နာမည်ပင်ပြောဖို့မထိုက်တန်ပေ။ ဘဘ်လူသားက မှ မှော်သားရဲများအတွက် ဘေးဒုက္ခကိုရင်ဆိုင်ပေးလောက်အောင် မတုံးအပေ။

ပေထင်းဟွမ်ကဲ့သို့လူမှလွဲ၍ပင်။

“ကစဥ့်ကလျားနတ်အရင်းအမြစ်က မှော်သားရဲတွေ ဘေးဒုက္ခရင်ဆိုင်ရ တာကို ကူညီပေးနိုင်တယ်လို့ မကြားဖူးပါဘူး” ယန်ဘြ့သည် ပေထင်းဟွမ်အား မှောင်မိုက်သောမျက်လုံးများဖြင့် ပြတ်သားစွာ စိုက်ကြည့်လေသည် “မင်းငါ့ကို မုန်းချင်ရင်လည်း မုန်းတော့၊ ဒါပေမဲ့ မင်းသွားမှာကိုခွင့်မပြုနိုင်ဘူး”

သူမမရှိသည့် နာကျင်မှုကို ခံစားရန်မဖြစ်နိုင်ပေ။ သူမ သူ့ကိုမုန်းလျှင် တောင် သူမ အသက်ရှင်ပြီး သူ့မျက်စိရှေ့တွင် သူမ၏တည်ရှိမှုကိုခံစားနိုင်လျှင် တောင် နှစ်ပေါင်းသောင်းချီ တစ်ယောက်တည်းစောင့်ရသည်ထက် ပိုကောင်း သည်...

All Chapters