လက်ပတ်နေရာ ယန်ယဲ့ပိတ်ခံလိုက်ရခြင်း
Vol. 39 Ch. 767
“သခင် မလာခဲ့နဲ့” ကျို့ယန်သည် ပေထင်းဟွမ်ကို ပိုစိတ်ပူသည် “သခင် ငါတို့အသက်ရှင်မှာ မလာခဲ့နဲ့”
“ဟုတ်တယ် သခင် ငါ့ကိုကြည့်ထား” ကင်းကောင်၏ အညိုရောင် မျက်လုံးများသည် ရေနှင့်ဆေးထားသကဲ့သို့ တောက်ပလွန်းသည်။ သူသည် ပေထင်းဟွမ်အား အလျင်အမြန်ကြည့်ကာ မြေကိုထောက်ပြီး မိုးပေါ်သို့ ဦးတည်လေသည်။
ဘုန်း...
နောက်ထပ်မိုးကြိုးတစ်လုံးကျလာသည်။ သွေးနီရောင်မိုးကြိုးသည် ကျို့ယန်ကို ပစ်ခတ်ခဲ့သည့် မိုးကြိုးထက်အားမလျော့ပေ။ ခုခံရေးအားကောင်း သည်ဟု လူသိများသော ကင်းကောင်ပင်လျှင် ငေးကြောင်နေရသည်။ သူသည် လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ပုတ်ကာ မိုးပေါ်သို့ အော်ဟိန်းလေသည်။ မိုးခြိမ်း သံတဟုန်းဟုန်းနှင့် ကြီးမားသောလှိုင်းလုံးကြီးတစ်ခုသည် စွမ်းအင်ပမာဏ များစွာပါရှိသည့် လျှပ်စီးကြောင်းဆီသို့ ဦးတည်သွားလေသည်။
ဘုန်း..
ကြီးမားသောသက်ရောက်မှုသည် အဘက်ဘက်မှ လှိုင်းလုံးကြီးတစ်ခု ကဲ့သို့ လှိမ့်တက်လာသည်။ လျှပ်စီး၊ မိုးကြိုးသွားနှင့် ဘေးတွင်စောင့်နေကြ သည့် တခြားသားရဲများသည် ပျက်စီးစေသောစွမ်းအင်ကြောင့် လွင့်သွားပြီး မျက်နှာချင်းဆိုင်တွင်ရှိနေသော တောင်နှင့်တိုက်မိလေသည်။ ယန်ယဲ့သည် ပေထင်းဟွမ်ကိုဖက်ထားပြီး ကျောလှည့်လိုက်ကာ ပေထင်းဟွမ်ကိုကာကွယ် ရင်း ကျောပြင်နှင့် စွမ်းအင်သက်ရောက်မှုကို ကာဆီးလေသည်။
ပေထင်းဟွမ်သည် ယန်ယဲ့၏ပခုံးကိုကြည့်ပြီးနောက် ကင်းကောင်ကို ပြန်ကြည့်လိုက်သည်။ မိုးခြိမ်းသံများ ဟိန်းနေသည်မှာ ကမ္ဘာကြီးဒေါပွနေသလို ပင်။ လျှပ်စီးသည် ရေနှင့်တူသော ကင်းကောင်၏ စွမ်းအင်အသံလှိုင်းကို ဖြတ် သွားလေသည်။ မီးတောက်များလက်လာပြီး ပြိုင်ဘက်ကင်းသောစွမ်းအင် သည် ကင်းကောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေသည်။ သူသည် တောင်ထိပ် နှင့် အရှိန်ပြင်းစွာရိုက်မိပြီး မလိုလာသည့်မျက်လုံးများသည် မိုးကြိုးဆီသို့ ကျရောက်နေသည်။
ထိုမလိုလားသောမျက်နှာအမူအရာသည် ပေထင်းဟွမ်၏ စိတ်ထဲတွင် ဒေါပွစေသည်။ သူသည် အမြဲတမ်းကြောက်တတ်လေ့ရှိသော်လည်း သန့်စင် သောသွေးသားမှော်သားရဲ၏ ထောင်လွှားမှုမျိုးရှိနေသည်။ သူ၏အရိုးနှင့် ကြွက်သားများ ဒဏ်ရာရလျှင်တောင်၊ အရေပြားနှင့်အသားများဖြဲသွားလျှင် တောင်၊ အမွေးများမီးလောင်လျှင်တောင်၊ သူ၏ခွန်အားများပြန့်ကျဲသွားလျှင် တောင်၊ အရိုးထဲမှ ကောင်းကင်နှင့်တိုက်ခိုက်လိုသည့် စိတ်များတက်ကြွနေမည် ဖြစ်သည်။
“ယန်ယဲ့ တစ်နေ့ ကျွန်တော် မိုးကြိုးအပစ်ခံရရင် ကြောက်ပြီးတော့ ကျွန်တော့်ကိုတစ်ယောက်တည်းထားခဲ့မှာလား” ပေထင်းဟွမ်သည် ယန်ယဲ့၏ ပခုံးပေါ်တွင် မေးတင်ပြီး ခပ်တိုးတိုးပြောလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါက ဘယ်လိုလုပ် မင်းကိုဂရုမစိုက်ဘဲနေ မလဲ” ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူမ၏လက်ကို ဆွဲလိုက်ချိန်တွင် ရင်ခုန်သံမြန်သွားသည်ကို ခံစားမိလိုက်သည်။ သို့သော် ပေထင်းဟွမ်မှ သူ့လက်ကိုကိုင်ထားသည့်ခံစားချက်သည် ပို၍ပျော်ဖို့ ကောင်းသည်ဟု ခံစားရသည် “မင်းအတွက် ဝန်ထုပ်ဝန်ပိုးတွေအကုန်လုံးကို ငါ ထမ်းပေးပါ့မယ်...”
သူသည် ရင်ခွင်ထဲတွင် လစ်ဟာနေကာ ကမ္ဘာကြီးလည်ပတ်နေသည်ကို သာ ခံစားရလေသည်။ နောက်စက္ကန့်အတွင်းတွင် သူသည် တိုင်းတစ်ပါးသို့ ရောက်နေပြီဖြစ်သည်။ ယန်ယဲ့သည် ခံစားချက်မကောင်းတော့ပေ။ သူသည် အစိမ်းရောင်မြက်ခင်းပြင်တွင်ရပ်နေကာ သူ့ဘေးတွင် ကျောက်လှေကားရှိနေ သည်။ လှေကားသည် အဆင့် ၂၀ ခန့်ရှိသည်။ အဆင့်မျးကို အဖြူရောင် ကျောက်စိမ်းများဖြင့် ဖုံးအုပ်ထားသည်။ ဘေးနှစ်ဖက်လုံးသည် မြက်ပြင်များ၊ နွယ်ပင်များနှင့် ပန်းများရှိနေသည်။ သိပ်မဝေးသောနေရာတွင် မြစ်ငယ်လေး တစ်ခုရှိသည်။ မြစ်ငယ်လေးနှင့် ခပ်ဝေးဝေးတစ်နေရာတွင် ကြီးမားကျယ်ပြန့် သော ရှေးတောအုပ်ကြီးရှိသည်။ ရံဖန်ရံခါတွင် ငှက်နှင့်သားရဲများ အော်မြည် ကြသည်။
မြင်ကွင်းများအားလုံးသည် ရင်းနှီးလှသည်။ ယန်ယဲ့သည် ခေါင်းအထက်မှ ကောင်းကင်ကို ကြည့်လိုက်သည်။ နေလုံးနီနီသည် ခေါင်းအထက်သို့ရောက် လာကာ အရာအားလုံးကို တည်ငြိမ်စွာ ရောင်ပြန်ဟပ်လေသည်။ မျက်လုံးတစ် မှိတ်အတွင်းမှာပင် နှစ်ပေါင်းတစ်သောင်း ကုန်ဆုံးသွား၏။
သူရောက်နေသည့်နေရာကို သိသည်နှင့် ယန်ယဲ့သည် ငိုရမည်လား ရယ်ရမည်လားကိုမသိတော့ပေ။
၎င်းသည် ပေထင်းဟွမ်၏ လက်ပတ်နေရာဖြစ်သည်။ လွန်ခဲ့သည့်နှစ် တစ်သောင်းက နာမည်ကျော်နတ်ဆိုးဧကရာဇ်သည် ထူးချွန်သော သန့်စင်သူ ဖြစ်သည်။ သူသည် သူချစ်သောမိန်းကလေးအတွက် လက်ပတ်တစ်ခုနှင့် လည်ဆွဲတစ်ခုပြုလုပ်ပေးခဲ့သည်။ သူမသည် ထိုအရာများကို အလွန်ကြိုက် နှစ်သက်သဖြင့် ကိုယ်နှင့်မကွာဆောင်ထားခဲ့သည်။ သူမသည် နှစ် ၂၀၀၀ ကျော် ကြာအောင် ဝတ်ဆင်ခဲ့သည်။
လက်ပတ်နှင့် လည်ဆွဲနှစ်ခုလုံးသည် ခရမ်းရောင်ဖြစ်သည်။ ၎င်းတို့သည် နီလာခရမ်း လက်ပတ်နှင့်လည်ဆွဲဖြစ်သည်။ နောက်ပိုင်းတွင် ထိုမိန်းကလေး သည် ဧကရီဖြစ်လာသည်။ မင်္ဂလာပွဲပြီးသည့်နောက် ဧကရီ၏ဝိညာဉ် ပျောက်ကွယ်သွားပြီး လက်ပတ်နှင့် လည်ဆွဲသာကျန်ခဲ့သည်။
လက်ပတ်အတွင်းတွင် တောင်များသည် မိုင်ပေါင်းထောင်ချီရှိသော တောင်ငယ်လေးများဖြစ်သည်။ လေဟာနယ်ဝင်ပေါက်တွင် သူကိုယ်တိုင် တည်ဆောက်ခဲ့သည့် သစ်သားအိမ်တန်းလေးရှိသည်။ ဝင်ပေါက်ကိုကြည့်ပြီး ယန်ယဲ့သည် အဝေးသို့ကြည့်လိုက်သည်။ လက်ပတ်နယ်ပယ်သည် မိုင်ပေါင်း သောင်းချီရှိဟန်တူကာ အဆင့်မတက်ခဲ့သည့်ပုံပင်...