သူမ ဘာလိုချင်တာလဲ
Vol. 39 Ch. 768
သို့သော် ဤအချိန်တွင် နှစ်ပေါင်းတစ်သောင်းကြာသွားသည့်တိုင်အောင် ယန်ယဲ့သည် ဤနေရာဟောင်းသို့ ပြန်လာလည်ချင်သည့် ခံစားချက်မဟုတ် ပေ။ ပေထင်းဟွမ်သည် သူမ၏မှော်သားရဲနှစ်ကောင်ကို ကူညီရန် သူ့ကို လေဟာနယ်အတွင်းသို့ ပို့ခဲ့သည်။
သူသည် ပေထင်းဟွမ်၏အဆုံးသတ်ကို မြင်ပြီးသားဖြစ်သည်။ မိုးကြိုးပစ် သည်နှင့် သူမ၏အရိုးများ ကွဲကြေသွားပြီး ဝိညာဉ်ပျောက်ကွယ်သွားနိုင်သည်။
“ဟွမ်အာ မင်း စဉ်းစားကြည့်ဖူးလား၊ မင်းသေသွားရင် မင်အပါအဝင် မင်းရဲ့မှော်သားရဲအကုန်လုံးက သေမှာပဲ” ယန်ယဲ့သည် ဝင်ပေါက်တွင်ရပ်နေ သည်။ လေဟာနယ်အတွင်းရှိ ဝင်ပေါက်ကို ပေထင်းဟွမ်ပိတ်ထားသည်။ သို့သော် ပေထင်းဟွမ် သူ့အသံကိုကြားလိမ့်မည်ဟု သူယုံသည်။
လေဟာနယ်အပြင် ဝိညာဉ်ထောင်ချီတောင်တွင် ပေထင်းဟွမ်သည် ရှေ့တစ်လှမ်းတိုးမည်အပြုတွင် နောက်သို့ပြန်ဆုတ်လိုက်သည်။ မိုးကြိုးသွား ပထမလုံး ဒုတိယလုံးပြီးသည့်နောက် ကျို့ယန်နှင့် ကင်းကောင်တို့သည် မိုးကြိုး သွားနှစ်လုံးကို တောင့်ခံပြီးဖြစ်သည်။ ကျို့ယန်နှင့် ကင်းကောင်တို့၏ အခြေအနေသည် ဆိုးဝါးလွန်းသည်ဟုပင် ဖော်ပြ၍မရတော့ပေ။
ကျို့ယန်၏အမြီးကိုးချောင်းမှ နှစ်ချောင်းသည် အဖြတ်ခံလိုက်ရပြီး နောက်နှစ်ခုသည် အသားသာကျန်တော့သည်။ အနီရောင်လျှပ်စီးသည် ခရမ်းရောင် လျှပ်စီးအဖြစ်ပြောင်းသွားပြီဖြစ်သည်။ ကျို့ယန်သည် ကျန်သည့် အမြီးငါးချောင်းနှင့် ရစ်ပတ်ထားသည်။ ၎င်း၏ပင်မခန္ဓာကိုယ်သည် ခေါင်းမာမာ နှင့် မိုးကြိုးကို ရင်ဆိုင်ထားသည်။
ဘုန်း...
တဟုန်ထိုး မိုးခြိမ်းသံသည် ကျို့ယန်၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်နှင့် အဖျက်စွမ်းအားတစ်ခု သယ်ဆောင်လာသည်။ သူည် ဟန်ချက်ပျက်ကာ အမြန် သွားသည်နှင့် တောင်ထိပ်နှင့် ခပ်ကြမ်းကြမ်းရိုက်မိလေသည်။ ကျယ်ပြန့်သော စွမ်းအင်သည် အားပါပါနှင့် ခေါင်းမာစွာခေါင်းမော့လိုက်သော ကျို့ယန်ကိုဖိနှိပ် ပြီး မြေပေါ်သို့ပြန်ကျသွားသည်။
ကျို့ယန်သည် မိုးကြိုးသွားသုံးလုံးကို တောင့်ခံနိုင်ပုံမရပေ။
ပေထင်းဟွမ်သည် ထိတ်လန့်သွားသည်။ သူမသည် လျှပ်စီးနှင့် မိုးကြိုး သွားကို လှည့်ကြည့်လိုက်သည်။ သူမသည် ထိတ်လန့်မှုနှင့် သနားမှုတို့ ညီမျှစွာ ပင် ကျို့ယန်အားကြည့်လိုက်သည်။ သူ၏အရေပြားသည် မီးလောင်ကျွမ်းထား ပြီး မျက်လုံးများသည် စိတ်လွင့်ပျံနေကာ တစ်ကိုယ်လုံးသည် အကြောဆွဲနေ သည်။ ထိုအချိန်တွင် သူသည် ခွန်အားကိုစုဆောင်းနေသည်ကို သူမ သိသော်လည်း ပေထင်းဟွမ်နှင့်တခြားသူများသည် ရင်နာကျင်မိသည်။
ဤအခိုက်အတ့်တွင် အလင်းစီးကြောင်းသည် မိုးကြိုးနယ်ပယ်ဆီသို့ ပျံသွားလေသည်။ အပြာနုရောင်အလင်းတန်းသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် လင်းထိန်သွားကာ ပျော့ပျောင်းသောအလင်းရောင်သည် ကျို့ယန်နှင့် ကင်းကောင်တို့ကို ဖုံးအုပ်ထားသည်။ ထိုအချိန်တွင် အလင်းစီးကြောင်း၏ ကုသ ခြင်းစွမ်းရည် ထွက်လာသည်။ ကျောင်းပြိုင်ပွဲ စစ်မြေပြင်တွင် ၎င်းသည် တိုက်ခိုက်ရန် အခွင့်အရေးမရှိခဲ့ပေ။ ပေထင်းဟွမ်၏မှော်သားရဲဖြစ်လာပြီး နောက် ၎င်း၏ပထမဆုံးသုံးရသည့် စွမ်းအင်သည် ဘေးဒုက္ခကြုံနေရသည့် ကျို့ယန်နှင့် ကင်းကောင်တို့အတွက်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။
ကုသခြင်းသက်ရောက်မှုသည် အလွန်ထင်ရှားလွန်းသည်။ လူသားဆေး သည် မှော်သားရဲအပေါ်တွင် အနည်းငယ်သက်ရောက်သည်။ သို့သော် တစ်ချိန် တည်းမှာပင် မှော်သားရဲ၊ အလင်းစီးကြောင်း၏ ကုသခြင်းသက်ရောက်မှုသည် လူသားများအပေါ်သက်ရောက်သည်ထက် မှော်သားရဲအတွက်လည်း မလျော့ ပေ။
လေထဲတွင် နောက်ထပ်မိုးကြိုးသွားတစ်လုံးပေါ်လာသည်။ ကင်းကောင် သည် အလင်းစီးကြောင်းအား ကျေးဇူးတင်သည့်အကြည့်နှင့်ကြည့်သည်။ သူ၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏မီးကျွမ်းနေသော အမွေးများကျွတ်ကျလာ သည်။ သူ၏ခန္ဓာကိုတွင် ရွှေရောင်အမွေးသစ်များထွက်လာပြီး ကောင်းကင်ဆီ သို့ထပ်မံပျံသန်းလေသည်။
သည်တစ်ကြိမ်တွင် ကင်းကောင်၏အရှိန်သည် အလွန်မြန်ဆန်သည်။ သူ၏လက်သည် ကောင်းကင်သို့ထိလုနီးပါးဖြစ်ကာ အားကောင်းသော စွမ်းအင် ထွက်ပေါ်လာသည်။ သူသည် မိုးကြိုးကြောင့် ပြင်းထန်စွာ ခိုက်မိကာ တောင်ပေါ်မှ လိမ့်ကျလေသည်။
ပေထင်းဟွမ်၏နှလုံးသည် ရင်ဘတ်ထဲမှ ထွက်ကျလုမတတ်ပင်။ အလင်း စီးကြောင်းသည်လည်း ကင်းကောင်ကို ကုသရန် ထပ်မံပြေးသွားသည်။ သူသည် မိုးကြိုးဧရိယာအနားသို့ မကပ်ရဲဘဲ အဝေးမှသာလုပ်ဆေငါ်နိုင်သည်။ တောင်တစ်လုံးခြားပြီးနောက် စွမ်းအားအတော်လျော့သွားသည်။
“မဟုတ်ဘူး ငါ ဆက်စောင့်မနေနိုင်ဘူး၊ ငါ သူတို့ မိုးကြိုးဘေးဒုက္ခခံရတာ ကို မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ ငါ့ဓာတ်စွမ်းအင်က ကူညီနိုင်မှာပဲ” ပေထင်းဟွမ်သည် တွေဝေမနေတော့ပေ။ သူမသည် ရုတ်တရက် ကင်းကောင် နှင့် ကျို့ယန်ဆီသို့ အမြန်ပြေးသွားလိုက်သည်။
ပေထင်းဟွမ် အပြေးလာသည်ကို မြင်ပြီးနောက် ကင်းကောင်နှင့် ကျို့ယန်တို့သည် ထိတ်လန့်သွားကြသည်။ တခြားတောင်ပေါ်တွင် အဝေးမှ စောင့်ကြည့်နေသည့် နန်လင်းသည် ပေထင်းဟွမ် မိုးကြိုးဧရိယာသို့ ပြေးသွား သည်ကိုမြင်လိုက်ချိန်တွင် ထိတ်လန့်သွား၏.. ဒီကောင်လေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ကောင်းကင်နဲ့မြေကြီစည်းမျဉ်းကို ဝင်နှောက်မလို့လား...