နတ်ဘုရားတစ်ပိုင်း၊ ကောင်းကင်နှင့်မြေကြီးဥပဒေကို နားလည်ခြင်း
Vol. 39 Ch. 769
ထေင်းဟွမ်၏ ချည်းကပ်မှုသည် ကောင်းကင်မှ တိမ်တိုက်မည်းများကို အရူးအမူးလိမ့်တက်စေသည်။ အလင်းစီးကြောင်း၏ ကုသမှုသည် ခပ်ဝေးဝေး တွင်လုပ်ရာ ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းကို အနှောင့်အယှက်မဖြစ်စေ ပေ။ ထို့ကြောင့် မိုးကြိုး၏သက်ရောက်မှုကို မဖြစ်စေပေ။ ဤအခိုက်အတန့်တွင် ပေထင်းဟွမ်သည် မိုးကြိုးဧရိယာဆီသို့ တည့်တည့်ပြေးသွားရာ ချက်ချင်းပင် မိုးကြိုးလှိုင်းလုံးများကို လှုံ့ဆော်လိုက်သလိုဖြစ်ကာ ပေထင်းဟွမ်ပေါ်သို့ မိုးရွာ သလိုရွာချလေသည်။
“ရှောင်ကျို့ ပြန်လာခဲ့”
“သခင် မဖြစ်ဘူး”
နန်လင်းသည် အလန့်တကြား အော်ဟစ်ကြလေသည်။ မှော်သားရဲများ သည် ပေထင်းဟွမ်အား မတားနိုင်ကြပေ။ သူမသည် မိုးကြိုးကို တည်ငြိမ်စွာ ကြည့်နေသည်။ ခေတ္တမျှကြာပြီးနောက် သူမသည် မျက်လုံးများကို ဖြည်းဖြည်း ချင်းမှိတ်လိုက်သည်။ သူမသည် ဘာကိုမှမကြားလိုက်တော့သလို မျက်စိရှေ့ တွင်ပေါ်လာသော မိုးကြိုးကို ဒေါသမဖြစ်တော့ပေ။ ငွေရောင်ချည်မျှင်တစ်ခု သာ သူမ၏ အသိစိတ်ပင်လယ်ထဲသို့ဝင်သွားလေသည်။ ပေထင်းဟွမ်သည် ငွေကြိုးများဖြင့် ပြုလုပ်ထားသည့် မိုးကြိုးပိုက်ကွန်ကို ဖြတ်ကျော်သည့် အနက် ရောင်အစက်လေးတစ်ခုသာဖြစ်နေခဲ့သည်။
ဒါပဲလေ.. ပေထင်းဟွမ် ပြုံးလိုက်သည်။ ဝိညာဉ်သခင်ကြီးဖြစ်လာ ပြီးနောက် သူမ၏ခန္ဓာကိုယ်သည် စွမ်းအင်များဖြင့် ပြည့်လာသည်။ ဤအခိုက် အတန့်တွင် သူမသည် ခြေထောက်ထဲသို့ စွမ်းအင်များထည့်သွင်းကာ အပြာနု ရောင်တိမ်တိုက်များသည် သူမ၏ခြေသလုံးနားတွင် ရစ်ပတ်လေသည်။ သူမ၏ ပေါ့ပါးသောပုံရိပ်သည် ဇာမဏီ၏အရိပ်ကဲ့သို့ဖြစ်နေကာ အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းများဖြင့် မိုးကြိုးကိုဖြတ်ကျော်လေသည်။
ငွေရောင်မိုးကြိုးသည် ကောင်းကင်နှင့်မြေကြီးကို ပိုက်ကွန်တစ်ခုသဖွယ် ဆက်သွယ်ထားကာ ငွေလှံတံကဲ့သို့ တောင်ထိပ်ကို ထိုးစိုက်လေသည်။ နန်လင်း နှင့် တခြားသောသားရဲများ၏ အမြင်တွင် မရေမတွက်နိုင်သော အရိပ်မည်းများ သည် သူတို့အကြားတွင် လှုပ်ရှားနေသည်ကိုမြင်လိုက်ရသည်။ နန်လင်းနှင့် ထိပ်ဆုံးအဆင့်ဝိညာဉ်သခင်ကြီးများပင် ပေထင်းဟွမ်အစစ်ကို မပြောနိုင်ကြ ပေ။
သူမသည် သွက်လက်လွန်းသည်။
မိုးကြိုးသွားများသည် ပိုက်ကွန်တစ်ခုကဲ့သို့ ဆက်တိုက် တစ်လုံးပြီးတစ်လုံးကျရောက်လာသည်။ ကောင်းကင်သည် ဒေါသထွက်နေပုံရ ကာ မိုးကြိုးဧရိယာသို့ အပြေးလာနေသော လူသားကိုသတ်ချင်နေပုံပေါက်၏။ သို့သော် သူတို့သည် သူမကို မခုခံနိုင်ပေ။
ပေထင်းဟွမ်သည် ကင်းကောင်အနားသို့ပေါ်လာသည်။ ထို့နောက် ကင်းကောင်၏ဦးခေါင်းပေါ်သို့ သူမ၏လက်တင်ပြီး ကင်းကောင်၏ခန္ဓာကိုယ် ထဲသို့ ဒြပ်စင်စွမ်းအင် အများအပြား လွှတ်မထည့်ခင်အထိ မိုးကြိုးများသည် လေထဲမှ ဒေါသတကြီး ဆုတ်ခွာလေသည်။
နန်လင်း၏မျက်လုံးများသည် ထိတ်လန့်ခြင်းကို မဖော်ပြနိုင်တော့ပေ။ သူသည် ဤကလေးကို မှော်သားရဲတောတွင် တွေ့ရလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့ပေ။ ထိုအချိန်က သူသည် သူမ၏ထူးဆန်းသော လှုပ်ရှားမှုများ၏ ဆွဲငင်မှုကိုခံခဲ့ရသည်။ ၎င်းသည် အလွန်အမင်းလျှို့ဝှက် ဆန်းကြယ်သည်ကိုသာ ခံစားမိသည်။ သို့သော် ဤမျှပေါ့ပါးသောလှုပ်ရှားနည်း သည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို ရှောင်ရှားနိုင်လိမ့်မည်ဟု ထင်မထား ပေ။
“မဟုတ်ဘူး၊ ဒါက လှုပ်ရှားသိုင်းတို့ ခြေသိုင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒါက သူ့ရဲ့အာရုံပဲ၊ သူ့ရဲ့အာရုံက ခန္ဓာကိုယ်ကို ထိန်းချုပ်နေတာပဲ” နန်လင်းသည် ခေါင်းကိုအားပါပါယမ်းကာ ပေထင်းဟွမ်အား မယုံနိုင်စွာဖြင့် ကြည့်လေသည်။ သူသည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ “သူက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတစ်ပိုင်းကို ဆုပ်ကိုင်နေပြီပဲ၊ သူက စိတ်ထဲမှာ ကောင်းကင်တာအိုကို နားလည်နေပြီ၊ ဒါက နတ်တစ်ပိုင်းဘုံပဲ”
“နတ်တစ်ပိုင်းဟုတ်လား၊ အဲဒီသခင်က နတ်တစ်ပိုင်းဖြစ်နေပြီလို့ ပြော နေတာလား”
မိုးကြိုးသွားသည် ခေါင်းခါလေသည် “မဟုတ်ဘူး မဟုတ်ဘး သခင်က သခင်ကြီးအဆင့်ပဲရောက်သေးတာ၊ မဟုတ်ရင် ကင်းကောင်နဲ့ ကျို့ယန်တို့ကို အဆင့်တက်အောင်လုပ်နိုင်မှာမဟုတ်ဘူး”
နန်လင်းသည် နက်မှောင်သောဆံပင်နှင့် အနက်ရောင်မျက်လုံးများရှိ သည့် လူငယ်ကိုကြည့်လိုက်သည်။ သူသည် အင်္ကျီကိုခပ်တိုတိုဝတ်ထား သော်လည်း သန်မာပြီးသတ္တိရဲပုံပေါ်သည်။ သူသည် ပေထင်းဟွမ်၏ အထွတ်အမြတ်သားရဲတစ်ကောင်ဖြစ်ပြီး အထူးတလည်ရင်းနှီးသည်ကို သူ သိသည်။ “နတ်ဘုရားလို့ခေါ်တဲ့လူတွေက ကမ္ဘာကြိးရဲ့စည်းမျဉ်းတွေကို အပိုင် ကျွမ်းကျင်လို့ အားကောင်းတာပဲ၊ ကျင့်ကြံခြင်းလမ်းစဉ်က စည်းမျဉ်းတွေကို နားလည်ရမယ်၊ စည်းမျဉ်းတွေကို ဆုပ်ကိုင်ရမယ်၊ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့လုပ်ငန်းစဉ်ဖြစ်တယ်၊ ကောင်းကင်အဆင့်တောင်မှ ဒီလိုမျိုး အခွင့်အရေးရှိရင် နတ်ဘုရားလို့ပြောလို့ရတယ်”
ဝိညာဉ်သခင်ကြီးနှင့် နတ်ဘုံအကြားတွင် တံခါးတစ်ခုရှိသည်။ ဤတိုက် ကြီးတွင် နှစ်ပေါင်းတစ်သောင်းခန့် နတ်ဘုံအဆင့်ကျွမ်းကျင်သူမရှိရသည့် အကြောင်းအရင်းမှာ ကမ္ဘာပေါ်တွင် အမှောင်ထုကို ကိုယ်စားပြုသည့် နတ်ဆိုး အရင်းအမြစ်မရှိရုံသာမက ကောင်းကင်ဘုံရှိတာအိုကို မထိနိုင်သလို နိယာမကို နားမလည်ခြင်းနှင့် ကမ္ဘာ၏ဥပဒေကို အာရုံမခံနိုင်ခြင်းကြောင့်ဖြစ်သည်...