← Chapters

လူသားအသွင်ပြောင်းပြီးရင် ဘယ်လိုဖြစ်မလဲလို့ ကြည့်ချင်တယ်

Vol. 39 Ch. 770

လူသားအသွင်ပြောင်းပြီးရင် ဘယ်လိုဖြစ်မလဲလို့ ကြည့်ချင်တယ်

Vol. 39 Ch. 770

နတ်ဆိုးဇစ်မြစ်သည် သဘာဝအကြောင်းတရားဖြစ်လျှင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို အာရုံခံစားရန်မဖြစ်နိုင်သည်မှာလည်းသဘာဝပင်။ ထိုအကြောင်းအရင်းနှစ်ရက်ကြောင့် ပင်မတိုက်ကြီး၌ နှစ်တစ်သောင်းအတွင်း တွင် နတ်ဘုံအဆင့်ကျွမ်းကျင်သူ တစ်ယောက်မှ မပေါ်ပေါက်ခဲ့ခြင်းဖြစ်၏။

တစ်ဖက်တွင် ပေထင်းဟွမ်သည် နတ်ဘုံသို့ခြေတစ်လှမ်းဝင်နေသည့် နတ်တစ်ပိုင်းဖြစ်သည်။ သူမသည် ဝိညာဉ်သခင်ကြီးဘုံသို့ ဝင်စအချိန်တွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို နားလည်ပြီးသားဖြစ်လေသည်။ သူမကို စောင့်ဆိုင်းနေသည့် သူမ၏ခန္ဓာကိုယ်ထဲမှ ဓာတ်စွမ်းအင်သည် ထိပ်ဆုံး အဆင့်သို့ရောက်ပြီး နတ်ဘုံသို့အဆင့်တက်ရသည်မှာ သူမအတွက် အလွယ်ကူ ဆုံးကိစ္စပင်ဖြစ်သည်။

မိုးနတ်မင်းရေ။ ပေထင်းဟွမ်ပိုင်ဆိုင်သည့် မှော်သားရဲများအားလုံးသည် နန်လင်း၏စကားများကြောင့် ထိတ်လန့်သွားကြလေသည်။ နတ်သားရဲများ လူသားဝိညာဉ်သခင်များနှင့် စာချုပ်မတည်ထောင်လိုရသည့်အကြောင်းအရင်း နောက်တစ်ခုမှာ လူသားများသည် အများဆုံးမှ အနှစ် ၅၀၀ သာအသက်ရှင်နေ နိုင်သည်။ အကြောင်းမှာ သူတို့သည် ဝိညာဉ်သခင်ကြီးဖြစ်လျှင် ကံကောင်း လွန်းပြီဖြစ်ကာ အသက် ၅၀၀ ထိသာ ချိုးဖျက်နိုင်ခြင်းကြောင့်ပင်။

သို့သော် နတ်ဘုံကျွမ်းကျင်သူသည် မည်မျှအသက်ရှင်နိုင်မည်ကို မသိ ပေ။ နတ်ဘုံကျွမ်းကျင်သူသည် အသက်အတိုင်းအဆမဲ့ရှည်သည်ဟုသာ သူတို့ ကြားရုံကြားဖူးသည်။

ချက်ချင်းဆိုသလိုပင် သူမ၏ မှော်သားရဲများသည် ဘေးဒုက္ခကို အသက် နှင့်ရင်းပြီး ရင်ဆိုင်နေသည့် ကင်းကောင်နှင့် ကျို့ယန်ကို ဂရုမစိုက်နိုင်တော့ ပေ။ သူတို့သည် ပျော်ရွှင်စွာ ထခုန်က,ကြလေသည်။

“ဟူး သခင်သာ နတ်ဘုံအဆင့်ကို ဖြတ်နိုင်ရင် ငါ့ခွန်အားက ဘယ်လောက် တိုးသွားမလဲသိချင်နေပြီ” မိုးကြိုးသွားသည် ပါးစပ်နားရွက် တက်ချိတ်တော့မည်အထိ ပြုံးလေသည်။ သူသည် လျှပ်စီး၏ကန်ချက်ကို ခံလိုက်ရမှပင် ရပ်တန့်သွားလေသည်။

ပေထင်းဟွမ်၏ဘက်တွင် နန်လင်းသည် သူမကို အမှတ်မြင့်မြင့်ပေးနေ သည်။ မိုးကြိုးပိုက်ကွန်ကိုဖြတ်သန်းရသည်မှာ သူမအတွက် မခက်ခဲလှဟု ခံစားရသည်။ သူမသည် စိတ်ထဲတွင် တုန်လှုပ်သွားပြီး ဘေးဒုက္ခအတူ ရင်ဆိုင်ရန် ကင်းကောင်နှင့် ကျို့ယန်၏ဘေးသို့ရောက်နေပြီဖြစ်၏။ မိုးကြိုး ပိုက်ကွန်ကို သူမ စိတ်ထဲတွင် အာရုံခံနိုင်သည်။

နန်လင်းသည် သူမ၏အတွေ့အကြုံကိုကြားပြီးနောက် နှလုံးဖောက်သွား မည်လားပင် သူမ မသိတော့ပေ။

ကင်းကောင်၏ခန္ဓာကိုယ်သည် ဓာတ်စွမ်းအင်အများအပြားနှင့် ပြည့်နှက် နေသည်။ သူ၏ခန္ဓာကိုယ်က ကုန်ခါနီးဖြစ်နေသည့်စွမ်းအားများသည် ယခုအခါ ပြည့်သွားသလို ခံစားရလေသည်။ သူသည် မျက်လုံးများကိုဖွင့်ကာ ပေထင်းဟွမ်အား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လေသည် “သခင် မင်းက ငါ့အတွက် တကယ့်သခင်ကောင်းပဲ၊ ငါသိတယ်၊ ငါက အထက်မြက်ဆုံး ပဲ၊ မင်းကို ငါ့သခင်အဖြစ်ရွေးလိုက်တာ အရှုံးမရှိဘူး”

သေစမ်း.. ကင်းကောင်၏စကားများကိုကြားပြီးနောက် လျှပ်စီးနှင့် တခြားသောသားရဲများသည် သွေးအန်မိလုမတတ်ပင်။ ထိုသူသည် အကျိုးအမြတ်ရပြီးမှပင် ကျိုးနွံဟန်ဆောင်နေသည်။ သူသာ သခင်နောက်သို့ မလိုက်ခဲ့လျှင် အထွတ်အမြတ်သားရဲအဖြစ် မည်သို့ခပ်မြန်မြန်အဆင့်တက်မည် နည်း။ သူသည် အရှုံးမရှိဟုပင် ပြောနေသေးသည်။ သခင်သာ ဓာတ်ဘေးဒုက္ခ ကြောင့် မတော်တဆသေဆုံးသွားလျှင် ဆုံးရှုံးမှုကြီးဖြစ်သွားမည်မဟုတ်လား။

သူတို့သည် ဒုက္ခတွေ့နေသည့် ညီအစ်ကိုများဖြစ်သော်လည်း ကျို့ယန် သည် သူ့ကိုအထင်သေးစွာဖြင့် ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်သည် ကွေးတွန့်သွားသည်။ ထိုလူသည် စကားမပြောတတ်လျှင် မပြောသင့်ပေ။

တခြားအချိန်ဆိုလျှင် ပေထင်းဟွမ်သည် ဤကဲ့သို့ ဟာသကို မျက်လုံး လှိမ့်မိမည်ဖြစ်သည်။ သို့သော် ဤအချိန်တွင် သူမသည် ရင်နာမိသည်။ သူမသည် သူမ၏ရှေ့တွင် ဦးညွှတ်နေသောကင်းကောင်၏ဦးခေါင်းကိုပွတ်ပြီး ပြောလိုက်သည် “ငါရောပဲ အဲဒါကြောင့် မင်းလည်းတောင့်ခံစား၊ မင်း လူသား ပုံစံဖြစ်ရင် ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ငါလည်းကြည့်ချင်တယ်”

“သခင် စောင့်ကြည့်ထား”

ဤသည်မှာ ကင်းကေငါ် တောင့်ခံရမည့် မိုးကြိုးသွားဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်မိုးကြိုးသွားလေးခုထက်ပင် ပို၍ကြမ်းတမ်းသည်။ ပန်းကန်လုံး အထူ ရှိသည့် ခရမ်းနီရောင်မိုးကြိုးသည် မသိလိုက်သည့်အချိန်တွင်းမှာ ကောင်းကင် ပေါ်တွင် လည်ကာ ဘုန်းခနဲအသံနှင့်အတူ ကျရောက်လာသည်။ မိုးကြိုး ဆင်းသက်လာချိန်တွင် ကင်းကောင်သည် ရုတ်တရက် မိုးပေါ်သို့ခုန်ကာ ပေထင်းဟွမ်ရှေ့တွင် ရပ်လေသည်။ တောင်တစ်ခုလုံးသည် မိုးကြိုးကြောင့် ပြးကပ်သွားကာ သူသည် မြေပေါ်သို့ အကြမ်းပတမ်းကျသွားလေသည်။

သူ၏အသားနှင့်အရေပြားများ ပြဲထွက်ပြီး ရွှေရောင်အမွေးကျန်သည့် နေရာဟူ၍မရှိတော့ပေ။ လူသားပုံစံမှော်သားရဲသည် မီးကျွမ်းထားသည့် မကောင်းဆိုးဝါးကြီးနှင့်တူနေသည်...

All Chapters