ဒီအချိန်မှာ မင်းကိုအဖော်ပြုခွင့်ပေးပါ
Vol. 39 Ch. 771
ပေထင်းဟွမ်သည် အမြန်ပြေးလေသည်။ သူမသည် ကင်းကောင် သေသည်၊ ရှင်သည်ကိုပင် ဂရုမစိုက်အားပေ။ သူမ လက်မြှောက်ပြီး သူ့ခေါင်းကို အုပ်ကာလိုက်ချိန်တွင် ကင်းကောင်၏ မီးမြှိုက်ပြီးသားဖြစ်နေသည့်အသားများ သည် တစ်ခုချင်းစီ ကြွေကျသည်ကို ရုတ်တရက်မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ် ၏ ပြန်လည်ကောင်းမွန်လာမှုသည် မျက်စိနှင့်မြင်နိုင်လောက်အောင် အရှိန်နှင့် အဟုန်နှင့် မြန်ဆန်လျသည်။ အမွေးအသစ်နှင့် အသားများသည် အရင်ကထက် ပင်ပို၍ တောက်ပသည်။ ထို့နောက်တွင် ကင်းကောင်သည် မြေပေါ်မှ ထခုန် လေသည်။ သူ့ခန္ဓာကိုယ်မှ မည်းနက်ပြီး မီးသွေးဖြစ်နေသည့်အမွေးများသည် လှုပ်ခါပြီး ပြုတ်ကျလေသည်။ ရွှေရောင်ရှေးမျောက်ဝံသည် လေထဲသို့ မြောက် သွားပြီး ၎င်း၏ခမ်းနားမှုကို ဖြန့်ကျက်လေသည်။
အထွတ်အမြတ်သားရဲ။ ဓာတ်ဘေးဒုက္ခပြီးသည့်နောက် သူ ပြန်လည် မွေးဖွားလာသည်။
“သခင် ကြည့် ငါ့ကိုကြည့် မမိုက်ဘူးလား”
ကင်းကောင်သည် လေထဲတွင် လှည့်လည်နေပြီး အားကောင်းသော အထွတ်အမြတ်သားရဲမူရင်းပုံစံသည် ပျောက်ကွယ်သွားသည်။ ရုတ်တရက်ပင် ရွှေရောင်အမွေးများ၊ ရွှေရောင်မျက်လုံးနှင့်လူငယ်သည် ရွှေရောင်ဘရိုကိတ် ဝတ်စုံကိုဝတ်ပြီး ထွက်ပေါ်လာသည်။ အထွတ်အမြတ်သားရဲအားလုံးသည် အသွင်ပြောင်းလိုက်ချိန်တွင် အလွန်ကြည့်ကောင်းပြီး နတ်မိစ္ဆာဆန်လှသည်။ ကင်းကောင်သည်လည်း ချွင်းချက်မရှိပေ။ သူသည် ဂုဏ်ယူစွာဖြင့် ပေထင်းဟွမ် ရှေ့တွင် လှည့်ပတ်ကာ ကျို့ယန်အား ပျော်ရွှင်စွာဖြင့် လက်မထောင်ပြလေ၏ “ကျို့ယန် ငါ မင်းကိုအများကြီးအထင်ကြီးထားတယ်၊ ဘယ်လိုပရောပရည်လုပ် ရမလဲဆိုတာ မင်းငါ့ကိုသင်ပေးမှာကိုစောင့်နေမယ်၊ ငါက အန္တရာယ်နေရာမှာ မွေးလာပြီးတော့ လူ့အဖွဲ့အစည်းအကြောင်းကို သိပ်မသိဘူးဆိုတာ မင်း သိပါတယ်၊ အဲဒီ မိန်းကလေးတွေ ဘာကြိုက်ကြလဲဆိုတာလည်း ငါ မသိဘူး”
တောင်ထိပ်တွင်နားနေသော ကျို့ယန်သည် ဆွံ့အသွားသည်။ ထိုကောင် သည် ဘေးဒုက္ခပြီးသွားသည်နှင့် မည်မျှခက်ခဲကြောင်းကို မေ့သွားခဲ့သည်။ သို့သော် သူ့အကြိုက်နှင့်ကိုက်ညီသည့် စကားမျိုးကို ပြောသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ “ဟုတ်ပြီ ကင်းကောင်၊ ငါ နောက်ဆုံးမိုးကြိုသွားကနေ အသက်ရှင်နိုင်မယ်ဆိုရင် ဘယ်လိုပရောပရည်လုပ်ရမယ်ဆိုတာ သင်ပေးမယ်”
ထိုအချိန်တွင် နောက်ဆုံးမိုးကြိုးလုံးသည် ကောင်းကင်မှ တဖြည်းဖြည်း ကျလာသည်။ မိုးကြိုးလုံးသည် အရင်ပစ်ခဲ့သည့်မိုးကြိုးများထက် ပို၍ထူထဲနေ သလိုပင်။ ခရမ်းရင့်ရောင်မိုးကြိုးသည် အရောင်တစ်ခုကိုသာ ထုတ်ပြ သော်လည်း လူတစ်ဦး၏နှလုံးတစ်ခုလုံးကို တုန်ယင်သွားစေလောက်အောင် လုံလောက်သည်။ ထိုအချိန်တွင် သူ့ကိုအဖော်ပြုပေးသည့် ပေထင်းဟွမ်ပင် လျှင် ကျို့ယန်၏မျက်လုံးထဲတွင် မျှော်လင့်ချက်ပျက်သုဉ်းသည်ကိုမြင်နေရ၏။
အမြီးကိုးချောင်းမြေခွေးမျိုးနွယ်သည် ကောင်းကင် အချစ်ဆုံးဖြစ်သည်။ သူတို့သည် လူသားများနှင့်ယှဉ်နိုင်သည့် ဦးနှောက်ရှိကာ တခြားသတ္တဝါများ ထက် သာလွန်သည့် အသွင်အပြင်ရှိသည်။ သူတို့သည် တခြားမျိုးစိတ်များထက် သန့်စင်သည့်နတ်သွေးသားရှိကြသည်။ သို့သောာ် ကောင်းကင်သည် တခြား မျိုးစိတ်များအတွက် အလွန်မျှတသည်။ ကင်းကောင်၏ ပင်မခန္ဓာကိုယ်သည် သန်မာသည်၊ ပို၍ရက်စက်သည်၊ ကျို့ယန်ထက်ပင် ခုခံအားပိုကောင်းသည်။ သို့သော် ကျို့ယန်တောင့်ခံရမည့်မိုးကြိုးလုံးသည် ကင်းကောင်အားပစ်သော မိုးကြိုးထက်ပင် ပို၍လွှမ်းမိုးနိုင်သည်။
သူ တောင့်ခံနိုင်ရန် မဖြစ်နိုင်ပေ။
ပေထင်းဟွမ်သည် ကျို့ယန်၏ဦးခေါင်းပေါ်သို့ လက်တင်လိုက်သည်။ ပေထင်းဟွမ်၏ ဆန္ဒထိန်းချုပ်မှုအောက်တွင် ကြီးမားသော ကစဥ့်ကလျား နတ်အရင်းအမြစ်၏ ဓာတ်စွမ်းင်သည် ကျို့ယန်၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေ သည်။
“ကျို့ယန်၊ ငါမင်းကိုယုံတယ်၊ ဒီတစ်ခါ မင်းကိုအဖော်ပြုခွင့်ပေးပါ”
“သခင် ငါဘာမှမဖြစ်ဘူး၊ ငါ သေသွားရင်တောင် နောက်ဘဝမှာ မင်းရဲ့ မှော်သားရဲဖြစ်နေဦးမှာပဲ” ကျို့ယန်သည် ခေါင်းဖြင့် ပေထင်းဟွမ်၏ ခန္ဓာကိုယ် ကို ပွတ်သပ်ကာ ခြေလေးချောင်းဖြင့် ခုန်လေသည်။ သူသည် ပေထင်းဟွမ် ရှေ့တွင် အားကောင်းသော ခန္ဓာကိုယ်ဖြင့် မိုးကြိုးကို ပိတ်ကာဆီးလေသည်။
“မိုးနတ်မင်းရေ”
မိုးကြိုးပစ်ည်ကိုကြည့်ပြီး ကင်းကောင်ပင်လျှင် မျက်လုံးပြုတ်ကျမတတ် ထိတ်လန့်သွားလေသည်။ ၎င်းသည် အလွန်ကြောက်စရာကောင်းလွန်းသည်။
ထိုအချိန်တွင် အရိပ်မည်းတစ်ခုသည် ကောင်းကင်ကို လှုပ်ခါနိုင်လောက် သည့် အနေအထားနှင့် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ မိုးကြိုးသည် တိုင်လုံးလောက်ထိထူသည်။ ထိုမြင်ကွင်းသည် ကြည့်ရှုသူများကို ထိတ်လန့်စေ ကာ သားရဲများကို ထိတ်လန့်မှုကြောင့် မြေပေါ်သို့ လဲကျစေသည်။
“သခင်လေး ၉ ဘာတွေဖြစ်နေတာလဲ၊ ငါ့သခင်စွန့်ပစ်တာခံရပြီး မိုးကြိုး အပစ်ခံရပြီးသေချင်လို့လား” ချုံချီနှင့် တခြားသူများသည် အဝေးမှကြည့်နေကြ သည်။ ဤအခိုက်အတန့်တွင် သူတို့သည် ပြေးလာြပီး သူတို့လေးယောက်သည် ရှေ့သို့အတူတကွ ထိုးလဲလေသည်။ သူတို့ခြေထောက်များသည် အမှန်တကယ် ပင် အားနည်းကာ မရပ်နိုင်တော့ပေ။
“ရှောင်ကျို့” နန်လင်းအော်လိုက်သည်။ သူ့မျက်လုံးတွင် ပေထင်းဟွမ်၏ ဆံပင် မိုးကြိုးကြောင့် ပေါက်ကွဲသွားပြီး အင်္ကျီများ လောင်ကျွမ်းသွားသည့် မြင်ကွင်းမှာ ရောင်ပြန်ဟပ်နေသည်။ သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ပြီး နှလုံးသားသည် အပိုင်းပေါင်းထောင်ချီ ကွဲကြေသွားလေသည်...