သူမ ရှင်သန်နိုင်ပြီ
Vol. 39 Ch. 772
“သခင်” လျှပ်စီး၊ မိုးကြိုးသွားနှင့် တခြားသောသားရဲများသည် တစ်ချိန် တည်းမှာပင် နှလုံးများအကြောဆွဲသွားသလိုခံစားလိုက်ရသည်။ ၎င်းသည် သူတို့သခင်၏ ခံစားချက်ပင်ဖြစ်သည်။ ၎င်းသည် မခံနိုင်လောက်အောင် သန်မာ လွန်းသည်။ ထို့ကြောင့်ပင် ၎င်းသည် သူတို့၏ရင်ထဲသို့ ရောက်လာခြင်းပင်။ သားရဲများသည် မျက်ရည်များကျလာသည်။
ထိုအခိုက်အတန့်တွင် သူတို့ ဘေးဒုက္ခအတွင်းတွင် သေမည်ဆိုလျှင် တောင် သူတို့သည် ပေထင်းဟွမ်နောက်လိုက်ပြီး တွေဝေခြင်းမရှိ အဝါမျှင်များ တန်းနေသည့် အပြာရောင်ကောင်းကင်ဆီသို့ သွားမည်ဖြစ်သည်။
ပေထင်းဟွမ်သည် ကျို့ယန်ထက် ပိုမြန်သည်။ ပေထင်းဟွမ်သည် လူသားခန္ဓာကိုယ်ကိုသုံးကာ သူ့အတွက်နှင့် အားအကောင်းဆုံးမိုးကြိုးလုံးကို အစားဝင်ခံပေးလိမ့်မယ်ဟု ကျို့ယန်မမျှော်လင့်ထားပေ။ သူမ၏ဦးခေါင်း အထက်တွင် မိုးကြိုးသွားပြတ်တောက်သွားသည်ကိုကြည့်ပြီး ကျို့ယန်၏ ဝိညာဉ်ပြိုကွဲသွားလေသည်။ သူသည် သူကိုယ်တိုင် မိုးကြိုးထိမှန်သည်ထက်ပင် ပို၍ကြောက်လန့်မိသည်။ သူသည် အရှိန်တင်ကာ ပေထင်းဟွမ်အား ခြေလေး ချောင်းဖြင့် ပွေ့ဖက်ထားလိုက်သည်။ သူသည် ခေါင်းဆန့်ထုတ်ကာ ပေထင်းဟွမ်အား အပိုင်းပိုင်းစုတ်ဖြဲမည့် မိုးကြိုးသွားကို ရင်ဆိုင်လိုက်သည်။
“သခင်” ကျို့ယန်သည် ဂရုတစိုက်နှင့် တုန်ယင်စွာ ခေါ်လိုက်သည်။ သူသည် ခေါင်းငုံ့ကာ ရင်ခွင်ထဲတွင်လှဲလျောင်းပြီး မျက်လုံးမှိတ်ထားသော ပေထင်းဟွမ်အား ကြည့်လိုက်သည်။ ပေထင်းဟွမ်သည် ထိုအတိုင်းသေဆုံး သွားလိမ့်မည်ဟု မယုံပေ။
ကြီးမားလှသောလျှပ်စီးစွမ်းအင်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်သွား သည်။ ကိုးရောင်နိဗ္ဗာန်မီးနှင့်ယှဉ်လျှင် နာကျင်မှုသည် အများကြီးပိုပြင်းထန် သည်။ မဟုတ်သေ နာကျင်မှုဟုပင် ဖော်ပြ၍မရပေ။ ကြီးမားသောစွမ်းအင် သည် သူမ၏သွေးကြောကိုဖြတ်သွားကာ သူမ၏ခန္ဓာကိုယ်အတွင်းနက်ပိုင်းသို့ ဝင်သွားလေသည်။ သူမသည် ပေါက်ကွဲကာသေတော့မည်ဟု ပေထင်းဟွမ် တွေးလိုက်ချိန်တွင် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် သူမ၏အကြောများ ထဲတွင် တိတ်တိတ်ကလေးလှုပ်ရှားကာ လျှပ်စီးစွမ်းအင်ကို ကြီးမားသော စုပ်ခွက်ကဲ့သို့ စုပ်ယူလေသည်။
လျှပ်စီးသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားဖြစ်သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ကောင်းကင်နှင့်မြေကြီး၏ အရင်းအမြစ် ဖြစ်သည်။ ၎င်းတို့သည် ထိုစွမ်းအားကို ဖိနှိပ်ရန်မဖြစ်နိုင်ပေ။ သူမ သေရန်ကံပါ လာလျှင် ကျို့ယန်ပြောသလိုပင် သူမသည် နောက်ဘဝတွင် လူကောင်းတစ် ယောက်သာဖြစ်လိမ့်မည်။
၎င်းသည် ပေထင်းဟွမ် အားထားရာဖြစ်သည်။ သူမသည် မှန်ကန်သော လောင်းကစားပြုလုပ်ခဲ့သည်။
လျှပ်စီး၏စွမ်းအင်အများစုကို စုပ်ယူပြီးနောက် ကစဥ့်ကလျားနတ်အရင်း အမြစ်၏ အရောင်သည် အနည်းငယ်အညိုရောင်ပြောင်းသွားသည်။ ခေတ္တမျှ ဖြေရှင်းပြီးနောက် ၎င်းသည် အစိမ်းရောင်ပြန်ပြောင်းသွားသည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ဆိုးရွားသည်ဟုပင် ဖော် ပြ၍မရတော့ပေ။ သူမခန္ဓာကိုယ်မှ အသွေးနှင့်အသားများသည် မီးမြှိုက်ခံထား ရကာ သွေးကြောများသည် ကွဲထွက်နေသည်။ အကြောများသာ ကစဥ့်ကလျား နတ်အရင်းအမြစ်ကြောင့် ပကတိအတိုင်းရှိနေသည်။
စွမ်းအင်အစိမ်းရောင်လှိုင်းသည် ပေထင်းဟွမ်၏အကြောထဲမှ ဓာတ်စွမ်းအင်ဆီသို့ စီးဝင်သည်။ ထိုအချိန်တွင် ပေထင်းဟွမ်၏ သွေးကြောများ သည် မနားမနေ လည်နေသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်အစပ်တွင် ဓာတ်စွမ်းအင်သည် ပေထင်းဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများဆီသို့ စီးဝင်လေသည်။ ပထမဦးဆုံးဖန်တီးမှုစွမ်းအင်သည် သူမ၏ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေပြီး သူမ၏ခန္ဓာကိုယ်ကို ပြန်ပြင်ဆင်ပေးလေသည်။
ဤလုပ်ငန်းစဉ်သည် အလွန်ရှည်လျားသည်။ သို့သော် သူမ အသက်ရှင် နိုင်သည်မှာ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်ဖြစ်နေသည်။ သူမ၏ခန္ဓာကိုယ်ထဲမှ အတွင်းအင်္ဂါများကို ကာကွယ်နေသော ကစဥ့်ကလျားနတ်အရင်းအမြစ်ကြောင့် သာမဟုတ်လျှင် သူမသည် ပြာဖြစ်သွားနိုင်လောက်သည်။
ပေထင်းဟွမ်သည် ငိုသံကြောင့်နိုးလာကာ ထိုအသံသည် သူမကို ခေါင်း ကိုက်စေသည် “ရွှတ် ရွှတ် ငါ့မြေးလေး ရွှတ် ရွှတ် ကောင်းကင်ကြီးက မတရား ဘူး ရွှတ် ရွှတ် ဘာလုပ်ဖို့ အသက်ရှင်နေတော့မှာလဲ”
“ပါးစပ်ပိတ်ထားပါဦး” မျက်မှောင်ကြုတ်ရင်းနှင့် ပေထင်းဟွမ်သည် ထို အသံမှာ မည်သူ့အသံဖြစ်သည်ကို မှန်း၍ရနေသည်။ သူမသည် ခေါင်းကိုက်ခြင်း ကိုခံစားလာရသည်။ သူမသည် မသေသေးသော်လည်း သူမ၏ဈေးပေါသော အဘိုးသည် ဘာကြောင့်များ မြည်ကြွေးနေသနည်း။
သူမသည် လက်ကိုဆန့်ထုတ်လိုက်သည်။ တစ်ကိုယ်လုံးနာကျင်နေကာ မိုးကြိုးသည် သူမ၏အရိုးတွင်းထိ ထိုးဖောက်သွားသကဲ့သို့ ခံစားချက်မျိုးရနေ ရာ အစောကကြုံတွေ့ခဲ့ရသည့် ကြောက်ရွံ့မှုကို ခါချ၍မရနိုင်အောင်ပြုလုပ်ပေး နေသည်။ “ဟူး.. အဲတုန်းက ငါ့ဦးနှောက်က ဘာတွေတွေးနေတာလဲမသိဘူး၊ ငါ အမြန်ပြေးသွားခဲ့တာ.. ထပ်ရွေးချယ်ခွင့်ရမယ်ဆိုရင် ငါ အဲလောက် ရူးမိုက်ဦးမှာ လား”