သူ့ကိုနှင်ထုတ်တာထက် နတ်ဘုရားကိုဖိတ်လိုက်တာ ပိုမြန်မယ်
Vol. 39 Ch. 774
“ဘယ်လိုလုပ်ရမှာလဲ၊ ဒီလူက အနိုင်ကျင့်ဖို့မလွယ်ဘူးလား၊ အခု နတ်ဘုရားကိုဖိတ်ဖို့ကလွယ်ပြီး သူ့ကိုနှင်ထုတ်ဖို့ခက်နေတယ်”
ပေထင်းဟွမ်သည် အရင်ဘဝနှင့် ယခုဘဝတွင် ထိုအရာကိုခံစားမိသည်။ ရန်သူများကိုသတ်ရလျှင်တောင် ယခုထက်အခက်တွေ့သည့်အရာမရှိတော့ ပေ။ သူမသည် ယန်ယဲ့အား သူမ၏နေရာထဲတွင် တစ်ယောက်တည်း ပစ်မထား ရဲပေ။ သူမသည် စားပွဲကိုလက်ချောင်းများဖြင့် ခေါက်ပြီး လည်ချောင်းရှင်းကာ နူးညံ့သောအသံဖြင့် ပြောလေသည် “အဟမ်း.. ယဲ့ အခုဘယ်လိုနေလဲ”
ပြန်ဖြေသည့်အသံမရှိပေ။ သူမ၏ မှော်သားရဲများအားလုံးသည် လေဟာ နယ်ထဲမရှိသဖြင့် ထိုလူ့ကိုကြည့်ပေးရန် မပြောနိုင်ခဲ့ပေ။ ယန်ယဲ့ သေသလား ရှင်သလား။
ပေထင်းဟွမ်အခန်းအားစောင့်ကြပ်နေသည့် ကိုယ်ရံတော်လေးယောက် သည် သူမ၏အသံကြားသောအခါ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ လေသည်။ သူတို့၏ထက်မြက်ပြီး အကြောက်အလန့်ကင်းသည့်သခင်သည် ပေထင်းဟွမ်နှင့်အတူရှိချိန်တွင် ရုတ်တရက်ပျောက်သွားသည်ကိုသာ သူတို့ သိကြသည်။ သူသည် လေဟာနယ်နေရာတစ်ခုသို့ ရောက်သွားသည်ကို ခန့်မှန်း မိပြီးသားဖြစ်သည်။ ဤအခိုက်အတန့်တွင် ပေထင်းဟွမ်၏စကားများသည် သူတို့၏ခန့်မှန်းချက်ကို အတည်ပြုပြီးသားဖြစ်လေသည်။ သူတို့လေးယောက် သည် မှင်တက်မိကြသည်။
သူတို့၏သခင်သည် အရိုးထဲထိသွားအောင် စိတ်ဓာတ်ကျသွားမလားဟု သိချက်ကြသည်။ နတ်ဆိုးဧကရာဇ်တစ်ယောက်သည် သူ၏မိန်းကလေး ကြောင့်ပင် သေးငယ်သောအခန်းထဲတွင် ပိတ်ခံထားရသည်။ ၎င်းသည် ရှက်စရာကောင်းလွန်းသည်။
ဤအခိုက်အတ့်တွင် လေဟာနယ်၏ ခြံဝင်းငယ်ရှိ ချယ်ရီပန်းပင်အောက် တွင် မှီနေသောယန်ယဲ့သည် ရှည်လျားသောဝတ်ရုံကို ဖြန့်ခင်းထားသည်။ သူ၏ ရှည်လျားသောငွေရောင်ဆံပင်သည် လေနှင့်အတူ နူးညံ့စွာလွင့်ပါနေကာ ပွင့်ဖတ်အနည်းငယ်သည် သူ၏ဆံပင်ကို ဖြတ်ပြေးသွားလေသည်။ ၎င်းတို့သည် ရနံ့များရောယှက်ကာ မြေကြီးပေါ်သို့ ကျသွားလေသည်။ ပန်းပွင့်များသည် သူ၏ ငွေရောင်ဆံပင်၏အလှတရားကို ဖြည့်စွက်ပေးနေကာ အဆုံးမရှိသော ဆွဲဆောင်မှုကို ပြသပေးနေသည်။
သဘာဝကျကျပင် သူသည် ပေထင်းဟွမ်၏အသံကိုကြားသော်လည်း လျစ်လျူရှုထားသည်။ ပေထင်းဟွမ် မိုးကြိုးအပစ်ခံရချိန်တွင် လေဟာနယ်ထဲ တွင် မှိတ်တုပ်မှိတ်တုပ်ဖြစ်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းတွင် ယန်ယဲ့ သည် အကြိမ်ပေါင်းထောင်ချီ ပြန်ဝင်စားလိုက်သလိုပင်။
သူကြောက်ခဲ့လေလေ ပေထင်းဟွမ်အား ပို၍လျစ်လျူရှုချင်လေဖြစ်၏။
သူမသည် သူ့ကို သူမ၏လေဟာနယ်ထဲတွင် ပိတ်ထားရဲသည်။ သူမသည် အတင့်ရဲသည်။ သူသည် သန့်စင်သောဓားတောင်တန်းမှ ချီရှောင်ပြောခဲ့သည် ကို ပြန်တွေးမိသည် “ယန်ယဲ့ မင်းမိန်းမကိုချစ်တာလည်း အကန့်အသတ်တော့ ရှိရမယ်၊ ဒီလိုမျိုးအလိုလိုက်ပြနေရင် မင်းကိုပြောမယ် မင်းတစ်သက်လုံး သူမ အနိုင်ကျင့်တာပဲခံရတော့မှာ”
ထိုအချိန်က သူတို့ သိပ်မရင်းနှီးသေးပေ။ ပေထင်းဟွမ်သည် သူနှင့် အလှမ်းဝေးသေးသည်။ သူမ အနိုင်ကျင့်လျှင် မည်သို့ဖြစ်မည်ဟု သူ တွေးနေ တုန်းပင်။ သူမသာ သူ့ကိုအနိုင်ကျင့်လိုစိတ်ရှိလျှင် ပိုပျော်သေးသည်။ ယခုအခါ သူ ပေထင်းဟွမ်၏ ပိတ်လှောင်ခြင်းကိုခံရသောအခါ ပေထင်းဟွမ်သည် ဖော်မပြနိုင်လောက်အောင် စိတ်ထိခိုက်လေသည်။
“ဟင်း ငါ့ကိုကိုယ်တိုင်မတောင်းပန်ရင် မင်းကို လျစ်လျူရှုထားမှာ” ယန်ယဲ့သည် လေဟာနယ်ဝင်ပေါက်ကို ကျောပေးထားလေသည်။ သူသည် ပေထင်းဟွမ်အား လျစ်လျူရှုရန် ဆုံးဖြတ်ထားသည်။
ပေထင်းဟွမ် ခေါ်သော်လည်း တုံ့ပြန်ချက်မလာပေ။ ယန်ယဲ့ ဒေါသထွက် နေလိမ့်မည်ကို သူမ သိသည်။ သူမသည် သက်ပြင်းချမိသည် “ယန်ယဲ့ ခင်ဗျား ဘာမျမပြောရင် စိတ်ဆိုးနေတယ်လို့ မှတ်လိုက်တော့မယ်၊ ခင်ဗျားက ဒီလောက် အားကောင်းတာ ကျွန်တော်က ခင်ဗျားကိုမနိုင်ပါဘး၊ ခင်ဗျားထွက် လာပြီး ကျွန်တော့်ကိုအနိုင်ကျင့်ရင်ဘယ်လိုလုပ်မှာလဲ”
ယန်ယဲ့သည် ဒေါသထွက်လွန်းကာ အသည်းများပင်နာလာသည်။ သူမ ဘာအဓိပ္ပာယ်လဲ။ သူ စိတ်ဆိုးရင် သူမက ထုတ်မပေးတော့ဘူးလား။
ထို့နောက်တွင် ယန်ယဲ့သည် ပေထင်းဟွမ်၏အသံကို ဆက်ကြားလိုက်ရ သည် “ယဲ့ လေဟာနယ်ထဲမှာ ဘာလို့ငြိမ်ငြိမ်လေးမနေတာလဲ၊ ပြောမယ်နော် ကျွန်တော့်မှော်သားရဲတွေကလွဲပြီး ခင်ဗျားတစ်ယောက်ပဲ လက်ပတ်လေဟာ နယ်ထဲကိုမြင်ဖူးတာပဲ၊ အထဲမှာအကုန်ရှိတယ် အဆာလွန်ပြီးမသေနိုင်ဘူး..”
ခွမ်း
ပေထင်းဟွမ်သည် တစ်စုံတစ်ရာကွဲကြေသွားသံကိုကြားလိုက်ရချိန်တွင် ထိတ်လန့်သွားသည်။ ထိုအချိန်တွင် သူမသည် အက်ကြောင်းကိုပိတ်ကာ လေဟာနယ်ဝင်ပေါက်ကို တွေဝေမှုမရှိ ဖွင့်လိုက်သည်။ ယန်ယဲ့သည် သူမကို ကောင်းမွန်စွာဆက်ဆံပေးပြီး နာခံလိမ့်မည်ဟု သူမသိသည်။ သို့သော် သူသည် အရေးကြီးသည့်အခိုက်အတန့်တွင် ဒေါသကြီးနေတုန်းပင်...