← Chapters

မိသားစုခေါင်းဆောင်ရာထူး

Vol. 39 Ch. 775

မိသားစုခေါင်းဆောင်ရာထူး

Vol. 39 Ch. 775

ပေထင်းဟွမ်သည် ယန်ယဲ့အား ဂရုမစိုက်တော့ပေ။ ဤလူကို နှစ်ရက် လောက်ထပ်ပြီး တစ်ယောက်တည်း ပစ်ထားသင့်သည်။ ထိုအရာမှမဖြစ်သေး လျှင်လည်း နေရာအတွင်းသို့ ကိုယ်တိုင်ဝင်ပြီး တောင်းပန်ရုံသာရှိသည်။

သူ့မျက်နှာကိုမြင်ယောင်ပြီး ပေထင်းဟွမ်သည် ဒေါသထွက်လာသည်။ သူမသည် လက်ရှိအချိန်တွင် ထိုအကြောင်းမစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ သူမထပြီး ပြောင်မြောက်သည့်ဝတ်ရုံကို လဲလိုက်သည်။ သူမသည် ဆံပင်ကို ခရမ်းရောင်ဖဲပြားဖြင့် ချည်ပြီး ထွက်လာခဲ့လိုက်သည်။

ပေထင်းဟွမ်သည် မိသားစုခေါင်းဆောင်ပေထင်းချင်း၏ အခန်းဘေးရှိ ပေထင်းကျင်၏အခန်းထဲတွင် နေခဲ့သည်။ သူမ ထွက်လာသည်နှင့် ခြံဝင်းကို ဖြတ်ကာ ပင်မမြို့ကြီး၏ အစည်းအဝေးခန်းမသို့ရောက်လေသည်။ မထင်မှတ် စွာပင် အစည်းအဝေးခန်းမသည် မိနစ်အနည်းငယ်နှင့်ပင် ဆူညံလျက်ရှိသည်။

“ပေထင်းဟွမ်က အတွင်းမြို့မှာနေဖို့ ဘာအခွင့်အရေးရှိလဲ၊ သူ့မျိုးရိုး နာမည်ကသာ ပေထင်းဖြစ်နေတာလေ၊ မျိုးနွယ်ကြီးလေးခုမြို့မှာ ပေထင်း မျိုးရိုးနာမည်နဲ့လူတွေအများကြီးရှိတာ၊ သူက အတွင်းမြို့မှာ နေမှဖြစ်မှာလား၊ ဟင်း ကျုပ် အတွင်းမြို့ရဲ့ အကြီးအကဲ ၁ ဖြစ်နေသရွေ့ သူ့ကို အတွင်းမြို့ကို ခြေတစ်လှမ်းမှမလှမ်းစေရဘူး”

၎င်းသည် ပေထင်းကျန့်၏အသံဖြစ်သည်။ ပေထင်းဟွမ်သည် မျက်မှောင် ကြုတ်လိုက်သည်။ ဒီအဘိုးကြီးကတော့လေ။ နောက်ဆုံးတစ်ခေါက် သူ တော်ဝင်လေလံပွဲတွင် ပါဝင်ခဲ့စဉ်က ပေထင်းမိသားစုနှင့်အတူ တွေ့ခဲ့သည်။ ပေထင်းဟွမ်သည် သူ့မျက်နှာကိုရိုက်ခဲ့သည်။ သူတို့တွေ့ပြီးသည်မှာ ရက် အနည်းငယ်သာရှိခဲ့သည်။ သူ အဲဒီနာကျင်မှုကို အခုမေ့သွားတာလား။

သူမကို နှင်ထုတ်ရန် ယုံကြည်မှုမျိုး သူ့ကိုမည်သူက ပေးလိုက်သည်မသိ ပေ။

“ဘာလို့လဲဆိုတော့ သူက ငါ့မြေးအရင်းဖြစ်နေလို့လေ၊ ပေထင်းကျန့် သူက မင်းရဲ့မြေးတူဆိုလည်းဟုတ်တယ်” ပေထင်းချင်း၏ မာန်ပါသေအသံ သည် အစည်းအဝေးခန်းမအတွင်း ထွက်လာသည်။

“မြေးတူဟုတ်လား” ပေထင်းကျန့်သည် နှာမှုတ်လေသည်။ “ငါ့မှာ အကြီးအကဲတွေကိုမလေးစားဘဲ ဘိုးဘေးတွေကိုမေ့သွားတဲ့ မြေးမျိုးမရှိဘူး”

“မင်း..” ပေထင်းချင်းသည် စားပွဲကိုရိုက်လိုက်သည်။ အဝေးမှနေ၍ပင် သူ သည် သူ၏ဒေါသကိုခံစားမိနေသည် “ငါ့ကို မင်းအစ်ကိုလို့တောင် မတွေးတော့ ဘူးလား”

“အစ်ကိုဟုတ်လား” ပေထင်းကျန့်သည် နှာမှုတ်လေသည် “မင်းက ငါ့ အစ်ကိုဖြစ်နေလို့ပဲ အဲတုန်းက မိသားစုခေါင်းဆောင်ရာထူးကို ပေးခဲ့တာလေ၊ အခု မင်းရဲ့သားအကြီးဆုံးကမရှိဘူး၊ မိသားစုခေါင်းဆောင်ရာထူးကို ငါ့သားကို ပြန်ပေးသင့်တာမဟုတ်ဘူးလား၊ ဒါပေမဲ့ မင်းကရော၊ ငါ့သားကိုစဉ်းရောစဉ်းစား ရဲ့လား”

ပေထင်းဟွမ်သည် ပေထင်းကျန့်၏သားကို မသိပေ။ သူမသည် စိတ်ထဲမှ နှာမှုတ်လိုက်သည်။ မိသားစုကြီးဟုခေါ်သည့်အဖွဲ့အစည်းသည် သူတို့၏ ဂုဏ် နှင့် အကျိုးအမြတ်အတွက် အချင်းချင်းတိုက်ခိုက်နေကြသည်။ ထိုအချိန်တွင် သူမ၏ ဦးလေးပြောသည့်စကားများကို ကြားလိုက်ရသည် “ဦးလေး၊ ဘာတွေ ပြောနေတာလဲ၊ ကျွန်တော့်အစ်ကိုကြီးမရှိဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ၊ အစ်ကို ကြီးကပျောက်ရုံတင်ပျောက်နေတာ၊ သူနဲ့မရီးရဲ့အသက်ကတ်ပြားတွေရှိနေဆဲ ပဲ၊ ပြီးတော့ အရင် ကျွန်တော့်အဖေမိသားစုအမွေကိုဆက်ခံတုန်းက ကျွန်တော့် အစ်ကိုက အရည်အချင်းရှိတယ်ဆိုတာကို ဘိုးဘေးတွေကမြင်ပြီးသားမို့လို့ပဲ၊ မိသားစုခေါင်းဆောင်ရာထူးက ကိုယ်ပိုင်လက်နက်မဟုတ်ဘူး၊ ဘယ်လိုလုပ် အလွယ်တကူ ပေးလိုက်ယူလိုက်လုပ်လို့ရမှာလဲ”

ဖြောင်း ဖြောင်း ဖြောင်း

ကျွတ်ဆတ်သောလက်ခုတ်သံသည် အစည်းအဝေးခန်းမအပြင်မှထွက် လာရာ အားလုံးကို ထိတ်လန့်သွားစေသည်။ ပေထင်းဟွမ်သည် ပြောင်မြောက် သော အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ သူမ၏ ရှည်လျားသောဆံနွယ် သည် နောက်ကျောပြင်တွင် တွဲလွဲကျနေသည်။ သူမသည် ကြည်လင်၊ အေးစက်၊ ချောမောပြီး တင့်တယ်သည်။

သို့သော် ပေထင်းကျန့်သည် အထူးသဖြင့် မပျော်ရွှင်ပေ။ သူသည် နှာမှုတ် ပြီး ပေထင်းဟွမ်အား ကြည့်လေသည် “အဲဒီမှာရပ်လိုက်၊ မင်းမှာ ဝင်ခွင့်ရှိလို့ လား၊ နှင်ထုတ်ခံရတဲ့တပည့်တစ်ယောက်က မျိုးနွယ်ကြီးလေးခုမြို့ကို ဝင်ခွင့် မရှိဘူး”

ပေထင်းဟွမ်၏စူးရှသောအကြည့်သည် သူ့အားတည်ငြိမ်စွာဖြတ်သန်း သွားသော်လည်း ခြိမ်းခြောက်မှုများဖြင့် ပြည့်နေသည်။ သူမသည် ပေထင်းကျန့် အား အချိန်တစ်ခုမျှလျစ်လျူရှုကာ ပေထင်းကျင်အားမေးလေသည် “အစ်ကိုကြီး ကျွန်တော့်ဆရာနဲ့ ကျန်တဲ့သူတွေရော”

ပေထင်းမိသားစုတင်များသာ အစည်းအဝေးခန်းမထဲရှိနေကာ အပြင်လူ များကို ဖိတ်ကြားထားခြင်းမရှိပေ။ ပေထင်းကျင်သည် ပေထင်းဟွမ်အား လက်ယက်ခေါ်လေသည် “အစ်ကိုကြီးဆီလာခဲ့” သူသည် ပေထင်းဟွမ်အား လက်ချိတ်ခေါ်ကာ သူ့ပေါင်ပေါ်တွင်ထိုင်စေသည် “ဆရာနန်လင်းက လုပ်စရာ ရှိလို့ပြန်သွားတယ်၊ သံမဏိသွေးအဖွဲ့က နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုဝင်ဖို့ သွားပြင်ဆင်ကြတယ်၊ မင်းနိုးလာတာမမြင်တော့ မင်းသူငယ်ချင်းတွေက ဆရာနန်လင်းနဲ့အတူ ကျောင်းကိုပြန်သွားကြတယ်၊ မင်းရဲ့ မှော်သားရဲတွေက တော့ လျှောက်ပတ်ကြည့်နေကြတယ်”

ပေထင်းဟွမ်သည် စိတ်အေးသွားသည်။ ထို့နောက် သူမသည် မျက်ခွံ ခတ်ကာ ပေထင်းကျန့်အား စိုက်ကြည့်လေသည်... “ကျွန်တော်က အစည်းအဝေးခန်းမကို ဝင်ဖို့ အခွင့်အရေးမှိဘူးလို့ ပြောခဲ့တယ်မလား၊ မျိုးနွယ် ကြီးလေးခုမြို့ကိုတောင် ဝင်ခွင့်မရှိဘူးပေါ့လေ”

All Chapters