← Chapters

ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ ဘယ်သူ မိသားစုခေါင်းဆောင်ရာထူးယူရဲလဲ

Vol. 39 Ch. 776

ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ ဘယ်သူ မိသားစုခေါင်းဆောင်ရာထူးယူရဲလဲ

Vol. 39 Ch. 776

ပေထင်းဟွမ်သည် သူ့ကိုစိုက်ကြည့်ရာ ပေထင်းကျန့်သည် ရင်ခုန်မြန်လာ သည်။ ၎င်းသည် အကြည့်တစ်ချက်သာဖြစ်သော်လည်း လွှမ်းမိုးခံလိုက်ရသော ဖိအားသည် သူ့ကို အထိတ်တလန့်နှင့် နောက်ဆုတ်မိသည်။ ဒီလူငယ်က ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ။ သူက အချိန်တိုအတွင်းနဲ့ အဆင့်တက်ခဲ့လို့များ လား။

အခု အဲဒါကဘယ်လိုဖြစ်နိုင်တာလဲ။ သူက ထိပ်ဆုံးအဆင့်ကြယ်ဝိညာဉ် သခင်ဖြစ်နေပြီပဲ။ သူသာ အဆင့်တက်ရင်.. ပေထင်းကျန့်သည် ခေါင်းကို ခပ်ကြမ်းကြမ်းခါလိုက်သည်။ ၎င်းသည်မဖြစ်နိုင်ပေ။ ၁၅ နှစ်တောင်မပြည့်သေး ဘဲ ဘယ်လိုလုပ် ဝိညာဉ်သခင်ကြီးဖြစ်နိုင်မှာလဲ။ ပြီးခဲ့သည့်နှစ်တစ်သောင်း အတွင်း တိုက်ကြီးတွင် ပြိုင်ဘက်ကင်းပါရမီရှင်များ မရေမတွက်နိုင်အောင်ရှိခဲ့ သည်။ သို့သော် သူသည် ယခုလိုပါရမီရှင်မျိုးမတွေ့ဖူးပေ။

“လာတော့ဘာဖြစ်လဲ”

ပေထင်းဟွမ်သည် အကြောကိုမြှောက်လိုက်သည်နှင့် ဆူပွက်နေသော ဓာတ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်မှ အရှိန်နှင့်ထွက်ကာ ပေထင်းဟွမ်၏ အကြည့်နှင့် ခုခံလေသည်။

အဆင့်နိမ့်ဓားအဆင့်သည် အဆင့်မြင့်ဓားကို ဖိအားပေးနိုင်မည်လား။

အစည်းအဝေးခန်းမတစ်ခုလုံးတွင် ပေထင်းမိသားစု၏ တိုက်ရိုက်ဆက်ခံ သူများနှင့် အရေးကြီးပုဂ္ဂိုလ်များဖြင့် ပြည့်နေသည်။ ထိုပုဂ္ဂိုလ်များသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့နှစ်ယောက်ကြားမှ ပြိုင်ပွဲကို သူတို့ မည်သို့မမြင်ဘဲရှိမည်နည်း။ မီးခိုးမရှိသော်လည်း သူတို့သည် ဓားအလင်းကိုမြင်နေရသည်။ အားလုံးသည် ထိတ်လန့်နေကြသည်။ သခင်လေး ၉ သည်အမှန်တကယ်ပင် ပုံရိပ်ကြီးတစ်ခုဖြစ်သည်။

“ဟင်း” ပေထင်းဟွမ်သည် နှာမှုတ်ကာ ဘေးမှစားပွဲပေါ်တွင် သူမ၏ လက်ချောင်းသည် ညင်သာစွာပြေးနေသည်။ သူမ၏လက်ချောင်းများသည် ကျောက်စိမ်းကဲ့သို့ အားနည်းကာအရိုးမဲ့ပုံပေါက်သော်လည်း ပေထင်းကျန့်၏ မျက်လုံးထဲတွင် ထိုလက်သည် သွေးများပေကျံနေသည်။ သူမ၏လက်ထဲတွင် အသက်မည်မျှ ကျဆုံးခဲ့သည်ကို မည်သူသိမည်နည်း။ ၎င်းသည် သေမင်း၏ လက်ဖြစ်သည်။

“ဒီကမ္ဘာမှာ ကျွန်တော်မသွားချင်သလို သွားလို့မရတဲ့နေရာတစ်ခုပဲရှိ တယ်”

ပေထင်းဟွမ်သည် မျက်ခွံကို သူမထင်သလို ပင့်လိုက်သည်။ သူမ၏ စူးရှ သောအကြည့်သည် ပေထင်းကျန့်၏မျက်နှာကို ဖြတ်ပြေးသွားသည် “ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တဲ့ ၁၄ နှစ်အရွယ် ကလေးမဟုတ်တော့ဘူး၊ အဲဒီအဘိုးကြီးသာ ကျွန်တော့်ကို ဒီအဆုံးစွန် သတ်ဖြတ်ခြင်းမပေးရင် ဒီနေ့လာပြီး ခင်ဗျားတို့ပေထင်းမိသားစုကို ဖျက်ဆီးပြီး နေပြီ”

“မောက်မာနေလိုက်တာ” ပေထင်းကျန့်သည် စားပွဲကိုရိုက်ပြီး ထရပ်လေ သည်။ ထိုပေထင်းမိသားစုမှ ထောင်လွှားသည့်အဘိုးကြီးများသည် ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် သူ့ဘက်မရပ်မည်ကို သူ မယုံပေ။ သူသည် ပေထင်းဟွမ်အား လက်ညှိုးထိုးကာ အစည်းအဝေးခန်းမထဲတွင် ထိုင် နေသော မြို့အတွင်းအကြီးအကဲများကို ဒေါသတကြီးပြောလေသည်။ “မင်းရဲ့ ခင်ဗျားတို့ရဲ့ မောက်မာတဲ့အသံကိုကြားထောင်ကြပါဦး၊ ပေထင်းမိသားစုကို တည်ထောင်လာတာ နှစ်ပေါင်းတစ်သောင်းရှိပြီ၊ မင်းမှာ အရည်အချင်းရှိရင် တောင် ပေထင်းမိသားစုကို တစ်ယောက်တည်းအနိုင်ရမယ်လို့ အိမ်မက်မက် နေတာပဲ”

“ကျွန်တော်က ပေထင်းမိသားစုတစ်ခုလုံးကို တစ်ယောက်တည်းရှင်းမယ် လို့ဘယ်သူပြောလို့လဲ” ပေထင်းဟွမ်၏ နှုတ်ခမ်းသည် လှောင်ပြောင်သော အပြုံးအဖြစ် ကွေးတက်သွားလေသည်။ “ဒီအဘဘိုးကြီးက မိသားစု ခေါင်းဆောင်ရာထူးကို သူ့သားကိုပေးချင်တာမလား၊ ဟုတ်ပြီ ကျွန်တော် သဘောတူတယ်၊ သူ့ကိုယူခိုင်းလိုက်၊ ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ သူက ဒီရာထူးမှာထိုင်ဖို့ အစွမ်းအစရှိမလားလို့ ကြည့်ချင်သေးတယ် ဟား ဟား ဟား”

ပေထင်းဟွမ်သည် ပြောပြီးနောက် ကျယ်လောင်စွာရယ်မောလေသည်။

သူမသည် အစည်းအဝေးခန်းမထဲတွင် အငယ်ဆုံးဖြစ်သည်။ သူမ၏ ရယ်သံသည် အားအပါဆုံးဖြစ်သည်။ ခေတ္တမျှကြာပြီးနောက် ပေထင်းချင်းသည် သတိပြန်ဝင်လာပြီးနောက် လိုက်ရယ်မောလေသည်။ သူသည် ရှေ့သို့လျှောက် လာပြီး ပေထင်းဟွမ်အား ထူလေသည် “လာခဲ့ ငါ့ရဲ့မြေးလိမ္မာ်လေး၊ ပြောပါဦး ပေထင်းမိသားစုကို ဘယ်လိုရှင်းမှာလဲ”

ထိုစကားများသည် အစည်းအဝေးခန်းမထဲမှလူများအားလုံးကို ထိတ်လန့် သွားစေသည်။ သို့သော် ပေထင်းကျင်သည် လုံးဝဂရုမစိုက်ပေ။ ပေထင်းချင်းက ပေထင်းဟွမ်ကို ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ။ ပေထင်းကျင်သည် ပေထင်းဟွမ်အား တင်းကြပ်စွာပွေ့ဖက်ပြီး သူ့ကိုစိုက်ကြည့်လေသည် “ရှောင်ကျို့က ကျွန်တော့်ညိပဲ၊ သူ့ကိုခေါ်သွားဖို့ မစဉ်းစားနဲ့”

“မင်းက သူ့ကိုဒီလောက်ကြာအောင် ဖက်ထားတာ၊ အခုငါ့အလှည့်လေ ကောင်စုတ်လေး အကြီးတွေကို လေးစားပြီး အငယ်တွေကို ချစ်ပေးရမယ်ဆို တာ သိထားရမယ်” ပေထင်းချင်းသည် ပေထင်းဟွမ်၏ ပခုံးကို မလွှတ်တမ်း ကိုင်ထားလေသည်။

ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် သူတို့နှစ်ယောက် ဆွဲထားသည့်အကြား တွင် ကွဲပြဲတော့မလိုပင်။ သူမသည် အထူးတလည်မပျော်ရွှင်ကာ ပေထင်းချင်း အပေါ် ဒေါသပုံချလေသည် “ပြီးကြပြီလား ကျွန်တော်က ၁၃ နှစ်ကလေး မဟုတ်တော့ဘူး၊ ပြောစရာရှိရင်လည်း ပြောကြ.. စောင်းချိတ်မနေကြနဲ့တော့”

All Chapters