← Chapters

ငါ့မြေးရှိရင် ဂရုမစိုက်ဘူး

Vol. 39 Ch. 777

ငါ့မြေးရှိရင် ဂရုမစိုက်ဘူး

Vol. 39 Ch. 777

သို့သော် သူမသည် ပေထင်းကျင်၏ပေါင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေ တုန်းပင်။ ပေထင်းချင်းသည် လိုချင်သည့်အရာကို မရသော်လည်း မပျော်မရွှင် မဖြစ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ မြေးဖြစ်သူဒေါသဖြစ်လျှင်တောင် သူ့ကို လျစ်လျူရှုသည်ထက် ပိုကောင်းသည်။

“ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုလည်း မိသားစုခေါင်းဆောင်ရာထူးကို အခုပဲ လက်လျှော့လိုက်တော့” ပေထင်းကျန့်သည် ပေထင်းချင်းသဘောမတူမည်ကို ကြောက်သဖြင့် ပေထင်းမိသားစု၏ တခြားသောအကြီးအကဲများကို လှုံ့ဆော် လေသည် “ကျုပ်က ဒီလိုလုပ်ဖို့ ဖိအားပေးနေတာမဟုတ်ဘူး၊ ပေထင်းမိသားစု ခေါင်းဆောင်အိုကြီးက မိသားစုခေါင်းဆောင်ရာထူးကို ဂရုမစိုက်မှတော့ လက်လျှော့ပေးလိုက်ပါတော့”

“ဂရုမစိုက်ဘူးဟုတ်လား” ပေထင်းဟွမ်သည် နှာမှုတ်လေသည် “ခင်ဗျား က လိုချင်တာမဟုတ်ဘူးလား၊ ဒါဆိုယူလိုက်လေ”

သေချာပေါက်ပင် ပေထင်းချင်းသည် မြေးဖြစ်သူ၏စကားကို နားထောင် မည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူသည် မြင်သင့်သလောက်မြင်ခဲ့ပြီးပြီ။ မိသားစု၏ခေါင်းဆောင်အနေနှင့် သူ၏အချစ်ဆုံးသားကိုဆုံးရှုံးခဲ့ရပြီး အချစ်ဆုံး မြေးကို သတ်မိလုနီးပါးဖြစ်ခဲ့သည်။ ယခုအခါ ပေထင်းဟွမ်သည် အဆင့်တက် လာသောအခါ မြေးဖြစ်သူ၏ဘေးတွင်နေရသည်လောက် ကျေနပ်သည့်အရာ မရှိတော့ပေ။

ပေထင်းချင်းသည် ယင်ကောင်ကိုနှင်ထုတ်သည့်အလား ပေထင်းကျန့် ရှိရာဘက်သို့ လက်ယမ်းပြလေသည် “ယူသွား ယူသွား၊ မင်းလိုချင်ရင် ယူသွား လိုက်၊ နှစ်တွေအများကြီးကြာပြီးတော့ ငါ မိသားစုခေါင်းဆောင်ဖြစ်တာကို မင်း မကျေနပ်ဘူးဆိုတာ ငါသိတယ်၊ မိသားစုခေါင်းဆောင်ရာထူးလေးပဲကို၊ ဟင်း ငါ့မြေးရှိနေရင် ငါဂရုမစိုက်ဘူး”

တစ်ဖက်တွင် ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်မိလေသည်။ သူမသည် ထောင်ချောက်ဆင်ချင်၍ ထိုစကားများကို ပြောခဲ့ခြင်းပင်။ သူမ၏ ဈေးပေါသောအဘိုးသည် အတည်မှတ်ယူလိမ့်မည်ဟု ထင်မထားပေ။ သူက မိသားစုဂုဏ်ကို တခြားဟာတွေထက် တန်ဖိုးထားတာမဟုတ်ဘူးလား။ မကျင့်ကြံနိုင်တဲ့အမှိုက်ဖြစ်နေလို့ သူမကို သူက အထင်သေးတာမဟုတ်ဘူး လား။ မိသားစုရဲ့ ဂုဏ်သတင်းမညှိုးနွမ်းအောင်လို့ သူမကို လော့ပေမြို့ကို နှင်ထုတ်ခဲ့တာမဟုတ်ဘူးလား။

ဒါပေမဲ့အခု သူမ ဘာမြင်လိုက်တာလဲ။ ထိုဈေးပေါသောအဘိုးသည် သူမ ကိုသာ ကြည့်နေခဲ့သည်။ သူသည် ပင်မတိုက်ကြီးရှိ ဝိညာဉ်သခင်မျိုးနွယ်ကြီး လေးခု၏ မိသားစုခေါင်းဆောင်ရာထူးကိုပင် အရေးမထားခဲ့ပေ။ ပေထင်းဟွမ် သည် မျက်ရည်များဝဲနေပုံပေါက်သော ပေထင်းချင်း၏မျက်လုံးများကို ကြည့် လိုက်သည်။ ထိုအရာကိုမြင်ပြီး ပေထင်းဟွမ်၏ရင်များ နာကျင်မိသည်။ သူသည် လက်ကိုမြှောက်ကာ ပေထင်းဟွမ်၏ဦးခေါင်းကိုထိလေသည် “ငါ့ မျက်လုံးထဲမှာ မင်းနဲ့ မင်းအစ်ကိုက အရေးအကြီးဆုံးပဲ၊ အခု မင်းက အသုံးမကျ တဲ့လူမဟုတ်တော့ဘူး၊ မင်းအစ်ကိုကလည်း အရည်အချင်းရှိတယ်၊ မင်းမှာက မင်းကိုယ်မင်း ကာကွယ်နိုင်တဲ့ အစွမ်းအစရှိတယ်၊ ငါ စိုးရိမ်စရာဘာမှမရှိတော့ ဘူး၊ အဲဒါက တခြားဟာတွေထက် အရေးကြီးတယ်”

မျက်ရည်တစ်ကျလာသည်။

ပေထင်းဟွမ်သည် မည်သို့ခံစားရသည်ကို မပြောပြနိုင်တော့ပေ။ သူမ သည် ရုတ်တရက်ခေါင်းမော့ကာ ကျယ်လောင်စွာရယ်မောလေသည်။ သူမ၏ မျက်လုံးထဲမှ မျက်ရည်များကျရင်းနှင့် ရယ်မောလေသည်။ အတန်ကြာအောင် ရယ်မောပြီးနောက် သူမ၏ရယ်မောသံသည် မျိုးနွယ်လေးခုမြို့တွင် ပြည့်နှက် သွားလေသည်။ ခေတ္တမျှကြာပြီးနောက် သူမသည် ရယ်မောခြင်းကိုရပ်တန့်ကာ မှင်တက်နေသော ပေထင်းကျန့်နှင့်တခြားသူများကို ပြောလေသည် “ဟုတ်ပြီ ကျွန်တော် ပေထင်းဟွမ်က ကိုယ့်စကားကိုယ်တည်တဲ့ ယောက်ျားတစ်ယောက် ပါ၊ ဒီမိသားစုခေါင်းဆောင်ရာထူးက နဂိုကတည်းက အဖေ့ဟာပါ၊ ကျွန်တော့် အဖေကိုယ်စား ခင်ဗျားကိုယူခိုင်းလိုက်ပါမယ်၊ ပေထင်းမိသားစုက ကျွန်တော် မရှိဘဲ ဘယ်လိုရှင်သန်နိုင်မလဲကြည့်တာပေါ့”

“မင်း.. မင်းဘာလုပ်ချင်တာလဲ” ပေထင်းကျန့်သည် ငတုံးတစ်ယောက် မဟုတ်သဖြင့် ပေထင်းဟွမ်၏စကားများကို နားလည်သည်။ “မင်းက ပေထင်း မိသားစုကနေ ထွက်သွားတာကြာပြီမလား၊ မင်းက ပေထင်းမိသားစုဝင်မဟုတ် တော့ဘူးလို့ ပြောပြီးသားမလား”

“ကျွန်တော်က ပေထင်းမိသားစုဟုတ်တာမဟုတ်တာကို ခင်ဗျား ဆုံးဖြတ်ဖို့မလိုဘူး” ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ ပေထင်းကျန့်အား စိုက်ကြည့်လေသည်။ “ကျွန်တော် ဘာလုပ်ချင်တာလဲ ဟုတ်လား သေချာတာပေါ့ ကျွန်တော့်အဖေရဲ့အမွေကိုဆက်ခံပြီး ကိုယ်ပိုင် ပေထင်းမိသားစုကို တည်ထောင်မယ်”

“မြေးလိမ္မာလေး မင်းဘာလုပ်ချင်တာလဲ ငါ ထောက်ပံ့ပေးမယ်” ပေထင်းချင်းသည် ပေထင်းဟွမ်ဆိုလိုရင်းကို နားလည်ပုံပင်။ သူသည် ပေထင်းဟွမ်၏ ဆံပင်ကို ပွတ်သပ်ကာ နွေးထွေးစွာကြည့်လေသည်။

“ငါလည်း ထောက်ပံ့ပေးမယ်” ပေထင်းကျင်သည် ညီဖြစ်သူကို တင်းကြပ် စွာပွေ့ဖက်ပြီး ခိုင်မာသောအသံဖြင့် ပြောလေသည်။

“ပြီးတော့ ငါတို့ရောပဲ” အစည်းအဝေးခန်းမအပြင်မှ အသံတစ်ခုထွက် ပေါ်လာသည်။ “ငါတို့လည်း သခင်ပေထင်းဟွမ်နဲ့ ပေထင်းမိသားစုကို အသိအမှတ်ပြုမယ်... ပေထင်းမျိုးရိုးရှိတာနဲ့ပဲ ပေထင်းမိသားစုကို အမွေဆက်ခံ နိုင်လိမ့်မယ်လို့ မထင်လိုက်နဲ့”

All Chapters