လော့ပေချန်းအတွက် ပြန်ပေးဆပ်ခြင်း
Vol. 39 Ch. 778
“အစ်ကိုရှီမန်” အသံကြားပြီးနောက် ပေထင်းဟွမ်သည် ပေထင်းကျင်၏ ပေါင်ပေါ်မှထခုန်ကာ ပြေးသွားလေသည်။ လူတစ်စုသည် အစည်းအဝေးခန်းမ ရှေ့ရှိ လှေကားများပေါ်တွင်ရပ်နေသည်။ သူတို့သည် တခြားမိသားစုသုံးခု၏ ခေါင်းဆောင်များနှင့် ဆက်ခံသူများဖြစ်ကြသည်။ “သခင်အိုကြီးနဲ့ အစ်ကို တုန်ဖန်း ဘာလို့ဒီရောက်လာကြတာလဲ”
နန်ကုန်းချန်းနှင့်တခြားလူကြီးနှစ်ယောက်သည် ပေထင်းဟွမ်အား စိုက် ကြည့်ကြလေသည်။ သူတို့၏မျက်နှာအမူအရာသည် မရင်းနှီးလှသော်လည်း သူတို့၏မျက်လုံးထဲတွင် စိုးရိမ်မှုနှင့် အပြစ်တင်မှုများရှိနေသည်။ ပေထင်းဟွမ် သည် ထိုအရာများကိုမြင်သောအခါ ရှက်ကိုးရှက်ကန်းနှင့် နှာခေါင်းကိုပွတ်မိ လေသည်။ သူမသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားသည်။ သူမ မိုးကြိုးအပစ်ခံရ သည်ကို လျှို့ဝှက်ထား၍မရတော့သည့်ပုံပင်။
“ပေထင်းမိသားစုက ကွဲပြဲတော့မယ်ဆိုတဲ့ သတင်းကြားတာနဲ့ ကျုပ်တို့ လာခဲ့လိုက်ကြတော” နန်ကုန်းချန်းနှင့်တခြားသူများသည် အပြင်လူများမဟုတ် ကြပေ။ သူတို့ဝင်လာသည်နှင့် မိသားစုခေါင်းဆောင်ခုံကို ပေးကြသည်။ အဘိုး ကြီးသည် ပွင့်လင်းလွန်းသည်။ သူထိုင်သည်နှင့် ပေထင်းကျန့်ကို အလုပ်ဖြုတ် လိုက်သည်။
“သခင်ပေထင်းကျန့်က ပေထင်းမိသားစုခေါင်းဆောင်လုပ်မလုပ်ကို ကျုပ် ဂရုမစိုက်ဘူး၊ နန်ကုန်းမိသားစုနဲ့ ပေထင်းမိသားစုအကြားမှာ သဘောတူညီချက်ဆက်လုပ်ဖို့ စိတ်ကူးမရှိဘူး”
“ရှီမန်မိသားစုလည်း အဲလိုပဲ” ရှီမန်ကျင် ခေါင်းညိတ်လေသည်။
“တုန်ဖန်းမိသားစုလည်း အတူတူပဲ” တုန်ဖန်းလုသည် မျက်နှာအမူအရာ ကင်းစွာနှင့် ပြောလေသည်။
“ခင်ဗျားတို့.. ဘာအဓိပ္ပာဘ်လဲ” ပေထင်းကျန့်သည် ဒေါသထွက်လွန်း သဖြင့် မျက်နှာကြီးဖြူဖျော့လာသည်။
“ဘိုးဘေးကြီးတွေ ချထားတဲ့စည်းမျဉ်းတွေကို မလိုက်နာတော့ဘူးလား”
“အဲဒါကျွန်တော်ပြောချင်တာလေ” ပေထင်းဟွမ်သည် ပြုံးပြီး ပေထင်းကျန့်၏ရှေ့တွင် လက်ချောင်းကိုဝေ့ယမ်းလေသည် “ကျွန်တော့် ထောက်ပံ့ချက်မရှိဘဲ ပေထင်းမိသားစုခေါင်းဆောင်ရာထူးမှာ စိတ်ချလက်ချ ထိုင်နိုင်ပါ့မလားလို့ ပြောပြီးပြီလေ၊ ဆက်လုပ်ချင်သေးတာလား”
“မင်း မင်း သစ္စာဖောက်” ပေထင်းကျန့်သည် နောက်ဆုံးတွင် ပေထင်းဟွမ်၏ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူသည် ပေထင်းမိသားစု ခေါင်းဆောင်ကို လက်လျော့နိုင်သည်။ သို့သော် အတင်းထိုင်ချင်နေသည်လား။ မိသားစုကြီးသုံးခု၏ အသိအမှတ်ပြုခြင်းမရှိလျှင် သဘောတူညီချက်မရလျှင် ပေထင်းမိသားစုသည် ပေထင်းမိသားစုဟုတ်ပါဦးမလား။ “မင်းက ဟိုးအရင် ကတည်းက လော့ပေမြို့မှာ သေသွားင့်တာ၊ မင်းလိုမျိုး သစ္စာဖောက်ကို ကောင်းကင်က ဘာလို့ အရှင်ပြန်ပို့လိုက်တာလဲ”
ပေထင်းဟွမ်၏မျက်နှာသည် ချက်ချင်းပင် မှောင်မိုက်သွားကာ သူမ၏ ရောင်ဝါသည် ဓားသွားကဲ့သို့ပင် “ပေထင်းကျန့် ပေထင်းကျွင်းနဲ့ ပေထင်းသယ့် တို့က ခင်ဗျားအမိန့်အောက်မှာ ကျွန်တော့်ကိုသတ်ခဲ့တာလို့တော့ မပြောလိုက် နဲ့”
မည်သို့ပင်ဖြစ်စေကာမူ သူမသည် ပေထင်းမိသားစု၏ တိုက်ရိုက်ဆက်ခံ သူဖြစ်သည်။ သူမသည် ပေထင်းချင်း၏နှင်ထုတ်ခြင်းကိုခံခဲ့ရပြီး လော့ပေမြို့ တွင် နေခဲ့ရသော်လည်း ပေထင်းလင်းနှင့် ပေထင်းရွေ့တို့၏ ဂရုစိုက်ခြင်းကိုခံခဲ့ ရသည်။ ပေထင်းချင်းသည် သူမကိုတစ်ယောက်တည်းပစ်ထားပြီး အသက်နှင့် ရင်းစေလိုသည့် ဆန္ဒမရှိခဲ့ပေ။
ပေထင်းဟွမ်သည် ထက်မြက်သည်။ ပေထင်းရွေ့နှင့် ပေထင်းလင်တို့ ထ် ပိုအားကောင်းသူသည် ပေထင်းကျွင်းနှင့် ပေထင်းသယ့်တို့အား သူမကို သတ်ရန်အမိန့်ပေးခဲ့သည်ကို လျင်မြန်စွာသိခဲ့သည်။
“ရှောင်ကျို့ စိတ်မဆိုးပါနဲ့ ပေထင်းကွင်းနဲ့ပေထင်းသယ့်က ငါ့ထိန်းချုပ်မှု အောက်မျာပါ၊ မင်းက သူတို့နှစ်ယောက်ကိုရှင်းချင်တယ်လို့ပြောလို့ သူတို့ကို ခေါ်လာတာ” ပေထင်းဟွမ်သည် ဒေါသထွက်ပြီး မျက်နှာကြီးစိမ်းလာသည်ကို မြင်သောအခါ ပေထင်းကျင်သည် လျင်မြန်စွာပင် သူမကို နှစ်သိမ့်ပေးလေ၏။
ပေထင်းဟွမ်သည် အစ်ကိုဖြစ်သူ၏လက်ကိုတွန်းထုတ်ကာ ပေထင်းကျန့် အားစိုက်ကြည့်လေသည်။ သူ့မျက်နှာပေါ်မှ အမူအရာကိုမြင်သောအခါ ပြော လိုက်သည် “အစ်ကိုကြီး အဲဒီလူပြက်နှစ်ယောက်ကို ကြိုက်သလိုလုပ်ပြီး သတ် လိုက်လို့ရတယ်၊ ဒါပေမဲ့ ဒီအဘိုးကြီးကိုတော့ အလွတ်မပေးနိုင်ဘူး၊ ဒီနေ့ ပေထင်းမိသားစုရဲ့ ဘိုးဘေးတွေကိုယ်စား သန့်ရှင်းရေးလုပ်ရတော့မယ်”
“ဟား” တုန်ဖန်ကျောက်သည် မကြင်နာစွာရယ်မောလိုက်သည်။ ဒီကောင်လေးက အသက်ဘယ်လောက်ရှိသေးလို့လဲ။ သူက ပေထင်းမိသားစုရဲ့ ဘိုးဘေးတွေကို ကိုယ်စားပြုပြီး ဂိုဏ်းကို သန့်ရှင်းရေးလုပ်မှာလား။ သူ့စကား တွေက ဘာလို့ ဒီလောက်ရယ်ဖို့ကောင်းနေတာလဲ။
ထိုအချိန်တွင် အစည်းအဝေးခန်းမသို့ရောက်နေသည့်လူတစ်ယောက် ဝင်လာပြီး ပေထင်းကျင်ရှေ့တွင် ရပ်လိုက်လေသည် “သခင်လေး ၃.... ထောင်ထဲက လူနှစ်ယောက်က ပို့လာတဲ့အစားအသောက်တွေစားပြီး သေသွားပြီ”