← Chapters

ပေထင်းကျန့် တကယ်ပဲ ခင်ဗျားကိုး

Vol. 39 Ch. 779

ပေထင်းကျန့် တကယ်ပဲ ခင်ဗျားကိုး

Vol. 39 Ch. 779

သေသွားပြီဟုတ်လား။

ဘယ်သူသေတာလဲ။

အစည်းအဝေးခန်းမထဲတွင် လေထုသည် အထူးတလည်တင်းမာနေပြီ ဖြစ်၏။ ဤအခိုက်အတန့်တွင် အားလုံး၏မျက်လုံးများသည် မြေပေါ်တွင်ဝပ်နေ သည့် လူဆီသို့ရောက်သွားကြလေသည်။ သူသည် အစိမ်းရောင်အပေါ်ဝတ် ခပ်တိုတိုကိုဝတ်ထားကာ ပေထင်းမိသားစု၏ အစေခံဖြစ်သည်မှာ ထင်ရှားလွန်း သည်။ သူပြောလိုက်သည့်စကားကို မည်သူမှနားမလည်ကြသဖြင့် ပေထင်းကျန်ဆီသို့ အကြည့်ပြောင်းသွားကြသည်။

ပေထင်းဟွမ်ပင် ခြွင်းချက်မရှိပေ။ သူမသည် ရှုပ်ထွေးစွာမေးလိုက်သည် “အစ်ကိုကြီး ဘယ်သူသေသွားတာလဲ”

၎င်းသည် သေရေးရှင်ရေးကိစ္စနေသည်။ ပေထင်းဟွမ်သည် ပေထင်းကျန့် နှင့်ကိစ္စကို ခေတ္တမျှ နောက်ဆုတ်ရမည်ကို စိတ်မရှိပေ။ မထင်မှတ်စွာပင် ပေထင်းကျင်သည် မြေပေါ်မှအစေခံကို ခဏကြာအောင်စိုက်ကြည့်ကာ ရုတ်တရက်ခေါင်းထောင်လာသည်။ သူ၏သွေးဆာသောမျက်လုံးများသည် ပေထင်းကျန့်ဆီသို့ မြားတစ်ခုဖွယ်ပစ်လွှတ်လိုက်သည် “ပေထင်းကျန့် တကယ် ခင်ဗျားပဲကိုး”

သူစကားဆုံးသည်နှင့် ပေထင်းကျန့်အား သစ်ကြုတ်တစ်ကောင်ကဲ့သို့ ခုန်အုပ်လေသည်။ သူ့လက်ထဲမှဓားရှည်သည် စူးရှသောဓားအလင်းလက်ကာ ပေထင်းကျန့်အား ခုတ်ချလေသည်။

“ပေထင်းကျင် မင်းရူးနေတာလား” ပေထင်းကျန့်သည် အော်ပြောလေ သည် “ဘာတွေပြောနေတာလဲ ငါ နားမလည်ဘူး”

“နားမလည်ဘူးဟုတ်လား” ပေထင်းကျင် နှာမှုတ်လေသည်။ သူ၏ လှုပ်ရှားမှုများသည် ထက်သည်။ အနည်းငယ်ခုန်လိုက်သည်နှင့် ပေထင်းကျန့် အနားသို့ ရောက်နေပြီဖြစ်သည်။ သူသည် ဓား ၇ လက်ကြယ်ဝိညာဉ်သခင်သာ ဖြစ်ကာ ပေထင်းကျန့်သည် ဓား ၃ လက်ဝိညာဉ်သခင်ကြီးဖြစ်၏။ ပေထင်းကျင် ၏ လှုပ်ရှားမှုများလည်း မနိမ့်လှပေ။ “ကျွန်တော်က ပေထင်းကျွင်းနဲ့ ပေထင်းသယ့်တို့ကို အကျဉ်းချထားခဲ့တာ၊ အဘိုးရဲ့အမိန့်နဲ့ ထောင်နားကို ဘယ်သူ့ကိုမှ ကပ်ခွင့်မပေးခဲ့ဘူး၊ ပေထင်းမိသားစုတစ်ခုလုံးမှာခင်ဗျား ပေထင်းကျန့်ကလွဲပြီး အဘိုးရဲ့အမိန့်ကို ဘယ်သူကမှ မလွန်ဆန်ရဲဘူး”

“သ..သခင်လေး ဒါက ပေထင်းကျွင်းရဲ့အခန်းထဲကကျန်ခဲ့တာပါ..” အစိမ်းရောင်အင်္ကျီတိုဝတ်ထားသည့်အစေခံသည် အိတ်ထဲမှ အဝတ်စတစ်ခု ထုတ်ကာ ပေထင်းကျင်အား ပြလေသည်။ ဘေးမှကြည့်နေသော ပေထင်းယိ သည် ဖြူဖျော့သွားကာ လုယူတော့မည်အပြုတွင် ပေထင်းဟွမ်သည် ထိုအရာ ကို ရိုက်ချလေသည်။

“ပေထင်းဟွမ် မင်းက အပြင်လူဖြစ်ပြီး ဘာလို့မိသားစုကိစ္စကိုဝင်ပါတာ လဲ”

ပေထင်းယိသည် အရှက်ရကာ ဒေါသထွက်လေသည်။ သူသည် ပေထင်းဟွမ်ကိုတိုက်ခိုက်မည်အပြုတွင် သူ့ဘေးမှ သက်လတ်ပိုင်းအရွယ်လူ တစ်ယောက်၏ တားခြင်းကိုခံလိုက်ရသည်။ ထိုလူသည် ပိန်ပါးကာ လျှစောင်း ထက်ပြီး မျောက်နှင့်တူသော ပါးပြင်များရှိသည်။ သူ၏မျက်လုံးများသည် စူးရှ ကာ ခပ်စူးစူးအသံနှင့်ပြောလေသည် “ယိအာ အကြီးအကဲတွေကြားက ကိစ္စ တွေကို ငါတို့တွေသိပ်သိတာမဟုတ်ဘူး၊ စကားအများကြီးမပြောနဲ့ ဝင်မနှောင့် ယှက်ရဘူးလေ”

“ဒါပေမဲ့ အဖေ အဘိုး..”

ပေထင်းယိ စကားမဆုံးခင်မှာပင် သူ၏ဖခင်သည် သူ့ကို ဆွဲထားလိုက် သည်။ သူ၏သိမ်းငှက်နှင့်တူသော မျက်လုံးများသည် စူးရှစွာပင် ပေထင်းဟွမ် အား အထင်သေးစွာနှင့်ကြည့်ပြီးနောက် လျင်မြန်စွာပင် ပြန်ရုတ်သိမ်းသွားလေ သည်။ သူသည် ခေါင်းငုံ့ကာ အောက်သို့ကြည့်နေသည်။

ပေထင်းဟွမ်၏အဖေ၊ ပေထင်းဟွမ်၏ဦးလေး၊ ပေထင်းကျန့်၏သား၊ ပေထင်းဟိုင်။ အကြောင်းအရင်းတချို့ကြောင့် ပေထင်းဟွမ်သည် ထိုလူများကို မြင်သောအခါ သူမ၏အရင်ဘဝတွင် ကြည့်ခဲ့သည့် ကျားဟိုင်ဟုခေါ်သည့် ဇာတ်လမ်းတွဲတစ်ခုထဲမှလူများကို တွေးမိသွားသည်။ သူမသည် ပေထင်းဟိုင် အားစူးစိုက််စွာကြည့်ပြီး လက်ထဲမှအဝတ်စကို ပြန်ကြည့်လိုက်သည်။

အစိမ်းရောင်အဝတ်သည် ခါယမ်းလိုက်သည်နှင့် ပြဲသွားသည်။ အစွန်းများ သည် ဖွာနေသော်လည်း အထဲကိုမမြင်ရပေ။ သို့သော် ပေထင်းသယ့် မည်သည့် အရာမျိုးကို ချန်ခဲ့မည်ကို ပေထင်းဟွမ်သိနေသည်။ အကျဉ်းကျနေသူတစ် ယောက်သည် သူ၏သွေးမှလွဲပြီး မည်သည့်အရာကိုချန်ထားခဲ့နိုင်မည်နည်း။

သို့သော် အစိမ်းရောင်အဝတ်စပေါ်တွင် သွေးကိုမြင်နိုင်ရန်ခက်ခဲလှ၏။

အလင်းနှင့်မျက်နှာချင်းဆိုင်ကြည့်မှပင် သူမသည် ရှုပ်ပွနေသော စာလုံး များကိုမြင်ရသည် “ငါ့ကိုသတ်တဲ့သူက ကျန့်”

ကျန့်ဟုတ်လား။ ပေထင်းဟွမ်သည် မျက်လုံးများကို အစိမ်းရောင်အဝတ် စပေါ်မှခွာကာ ပေထင်းကျန့်အား ကြည့်လေသည်။ ထိုအချိန်တွင် ပေထင်းကျင် သည် ပေထင်းကျန့်ကို ကြမ်းခင်းမှခွာရန်ဖိအားပေးနေပြီဖြစ်သည်။ ပေထင်းဟွမ်သည် အနောက်မှပေထင်းရွေ့အား လက်ထဲမှအဝတ်ကိုပေးလိုက် သည် “ဦးလေး အတွင်းမြို့ကအကြီးအကဲတွေကို ဒီအဝတ်စုတ်ပေါ်က စာတွေ ကို ပေးဖတ်လိုက်ပါ.. ဒီနေ့ ပေထင်းကျန့်ကို သတ်မှာကိုတားတဲ့သူရှိရင် သူ့ မိသားစုတစ်ခုလုံးကိုပါ သတ်မယ်”

All Chapters