မိုးကြိုးမီး စစ်မှန်တဲ့ခန္ဓာကိုယ်
Vol. 39 Ch. 780
ပေထင်းဟွမ်၏စကားများသည် မိုးကြိုးသွားကဲ့သို့ အားလုံး၏ နှလုံးထဲ သို့ စူးစိုက်ဝင်သွားကာ ဝိညာဉ်များကို တုန်ခါစေသည်။ ဝိညာည်သခင်ကြီး ထိပ်ဆုံး အဆင့်သို့ရောက်နေကြသည့် မိသားစုကြီးလေးခု၏ ခေါင်းဆောင်များပင်လျှင် ပေထင်းဟွမ်၏စကားများကြောင့် ထိတ်လန့်သွား၏။ တစ်ခဏအတွင်းတွင် သူတို့သည် မတ်မတ်ပင် မရပ်နိုင်တော့ပေ။ သူတို့အားလုံးသည် ဤလူငယ် အားကောင်းသည့်အတွက် ထိတ်လန့်ကြသည်။
၎င်းသည် မိုးကြိုးပစ်ချခြင်းပင်ဖြစ်လိမ့်မည်။ ဟုတ်သည်။ ပြိုင်ဘက်ကင်း ပါရမီရှင်များသည် ခန္ဓာကိုယ်တွင် မိုးကြိုးနှင့်မီးကိုသုံးပြီး ဒေါသဖြစ်သည်ဟု ဒဏ္ဍာရီထဲတွင် ဖော်ပြထားသည်။ သူတို့ အသက်ပြန်ရှင်လာသရွေ့ သူတို့ အားလုံးသည် ကောင်းကင်နှင့်မြေကြီးကံကြမ္မာကို ခိုးယူသည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ပေထင်းဟွမ်က အဲလိုလူမျိုးများလား။
ထိုအခိုက်အတန့်တွင် လူငဘ်၏ခန္ဓာကိုယ်ပေါ်မှ ကောင်းကင်ပြာဓာတ် စွမ်းအင်သည် ဖောင်းကြွလာသည်။ ကောင်းကင်ပြာဓာတ်စွမ်းအင်နှင့်အတူ ငွေရောင်အလင်းတန်းခပ်ဖျော့ဖျော့ရောယှက်နေကာ သူမ၏ခန္ဓာကိုယ်တွင် တွဲလွဲခိုနေသည်။ နန်ကုန်းချန်းသည် မအော်ဘဲမနေနိုင်တော့ပေ “ဒါက..သူ.. မိုးကြိုးမီးစစ်မှန်တဲ့ခန္ဓာကိုယ်များလား”
ခေါင်းဆောင်သုံးယောက်ပင်လျှင် နားမလည်နိုင်ဖြစ်နေကြသည်။ နန်ကုန်းချန်း၏ သတိပေးချက်ကိုကြားပြီးနောက် သူတို့သည် သတိပြန်ဝင်လာ ကြသည်။ တုန်ဖန်းလုသည် မယုံနိုင်စွာဖြင့် ခေါင်းခါလေသည် “မိုးကြိုးမီး စစ်မှန်တဲ့ခန္ဓာကိုယ်တဲ့လား၊ ဒဏ္ဍာရီထဲကမိုးကြိုးမီးစစ်မှန်တဲ့ခန္ဓာကိုယ်က တကယ်ကြီးဖြစ်နေလိမ့်မယ်လို့ထင်မထားဘူး”
တုန်ဖန်းကျောက်သည် သူတို့ပြောနေသည့်အရာများကိုနားမလည်ပေ။ သို့သော် ပေထင်းဟွမ်၏ခွန်အားကြောင့် ထိတ်လန့်သွားရသည်ကိုပင် သိသည်။ သူ မေးလိုက်ည် “မိုးကြိုးမီးစစ်မှန်တဲ့ခန္ဓာကိုယ်ကဘာလဲ ဘာအကျိုးအမြတ် တွေရှိတာလဲ”
“ခန္ဓာကိုယ်တစ်ခုက ပြန်မွေးဖွားလာပြီးရင် လျှပ်စီးကြောင့် စိတ်မှာ သွားသက်ရောက်တယ်၊ ဒီခန္ဓာကိုယ်က ခံနိုင်ရည်မရှိတဲ့ ခွန်အားတစ်ခုကို ရောက်နိုင်ပြီးတော့ ဓာတ်စွမ်းအင်က လျှပ်စီးစွမ်းအားနဲ့ရောသွားမယ်၊ လူတစ်ယောက်ကိုတိုက်ခိုက်ရင် ၂၀၀ ရာခိုင်နှုန်း ပျက်စီးနိုင်တယ်” တုန်ဖန်းလု သည် ပေထင်းဟွမ်အား အားကျစွာစိုက်ကြည့်ကာ စိတ်ထဲတွင် ရွှင်မြူးနေမိ သည်။ ကံကောင်းစွာပင် သူသည် မြေးနှစ်ယောက်၏စကားကိုနားထောင်ကာ ပေထင်းဟွမ်အား ခြွင်းချက်မရှိ ထောက်ပံ့ရန်ဆုံးဖြတ်ခဲ့သည်။ မဟုတ်လျှင် သူသည် ဤကဲ့သို့မကောင်းဆိုးဝါးမျိုးနှင့် ရန်သူဖြစ်လာလျှင် နေရသည်မှာ ပင်ပန်းတော့မည်။
“သေစမ်း၊ မိုးကြိုးအပစ်ခံရပြီးတော့ ဒီလောက်ကောင်းတဲ့ကိစ္စရှိသေးတာ လား” တုန်ဖန်းကျောက်သည် ဒေါသဖြင့် ခြေထောက်ဆောင့်ကာ ပြေးထွက် တော့မလိုပင် “မဟုတ်သေးဘူး ငါလည်း မိုးကြိုးသွားအပစ်ခံမှဖြစ်တော့မယ်၊ ပြောလက်စနဲ့ ဒီအချိန် ဘယ်မှာမိုးရွာနေလောက်လဲ”
“နိုးထစမ်းပါ” တုန်ဖန်းအောင်သည် ညီဖြစ်သူကို ဆုပ်ကိုင်လိုက်သည်။ “လူတိုင်းက မိုးကြိုးကိုခံနိုင်ရည်ရှိမယ်လို့ထင်နေတာလား၊ မင်းက သေချင်နေ တာထင်တယ်”
“ဒါပေမဲ့ ရှောင်ကျို့...” တုန်ဖန်းကျောက်သည် သူ့ခေါင်းကိုရိုက်လေသည် “ဟုတ်သားပဲ အရင်ဆုံး ရှောင်ကျို့ရဲ့အကြံကိုမေးပြီးမှ မိုးကြိုးကနေ ဘယ်လို အသက်ရှင်မလဲဆိုတာ ကြည့်ရမှာ”
ပေထင်းဟွမ်သည် အစည်းအဝေးခန်းမမှ နှင်ထုတ်ခံရသည့် ပေထင်းကျန့် နောက်လိုက်သွားပြီဖြစ်သည်။ အစည်းအဝေးခန်းမထဲမှ လူအများစုသည် ပေထင်းဟွမ်ဘက်မှဖြစ်ကြသည်။ ပေထင်းကျန့်သာ ဤနေရာတွင်နေလျှင် ချောင်ပိတ်ပြီး တိုက်ခိုက်ခံရမည်ဖြစ်သည်။ သူသာ ထွက်လာချိန်တွင် ပေထင်းဟွမ် မသတ်နိုင်ပါက နောက်ဆုံးအချိန်၌ ထွက်ပြေးရန် အခွင့်အရေးရှိ သေးသည်။
“ကောင်စုတ်လေသး မင်းက သေချင်နေတာပဲ” လေထဲတွင်ဝဲကာ ပေထင်းကျန့်သည် ဓားရှည်နှင့် ပေထင်းဟွမ်အား ချိန်ရွယ်ထားသည်။ ဒေါသ ထွက်သည့်မျက်နှာအမူအရာနှင့် သူ ပြောလေသည် “မင်းက လော့ပေမြို့မှာ အနိုင်ကျင့်ခံရပြီး ခွေးတစ်ကောင်လို အရိုက်ခံခဲ့ရတာ၊ ငါ အဲနှစ်ကောင်ကို သတ်ရင်တောင် မင်းက ငါ့ရဲ့မြေးတူဖြစ်နေလို့ မင်းကိုယ်စား သူတို့အပေါ်မှာ ဒေါသဖြေပေးတာလေ၊ မင်းက ကျေးဇူးမတင်တဲ့အပြင် ကိုယ့်ထက်အကြီးကို ပြစ်မှားပြီး တိုက်ခိုက်ရဲတယ်”
ပေထင်းဟွမ်သည် ပေထင်းကျန့်နှင့် တစ်တန်းတည်းနေရာတွင် ရပ်လိုက် သည်။ သူမသည် ပေထင်းကျန့်အား စိုက်ကြည့်နေကာ ပေထင်းကန့်၏ ရူးသွပ် သောစကားများကို လျစ်လျူရှုထားည်။ သူမသည် အောက်မှတိုက်ပွဲကိုကြည့် နေသည့် ပေထင်းချင်းကို မေးလေသည် “လောင်ပေထင်းချင်း တစ်ခုလောက် မေးချင်လို့ပါ ကျွန်တော် ဒီနေ့ပေထင်းကျန့်ကိုသတ်ရင် ညီလုပ်တဲ့သူကိုယ်စား ကျွန်တော့်ကို လက်စားချေမှာလား”
ပေထင်းချင်း ပြန်မဖြေခင်တွင် ပေထင်းကျင်သည် မြေပေါ်မှ စိုက်ကြည့် ကာ ပြတ်သားစွာပြောလေသည် “ရှောင်ကျို့ မင်းကို ဒီနေ့ဆန့်ကျင်တဲ့သူဆိုရင် အစ်ကိုကြီးက သူတို့ကိုတိုက်ခိုက်မယ်”
တခြားတစ်နည်းအရ ပေထင်းကျင်သည် ညီဖြစ်သူအတွက်နှင့် ပေထင်း မိသားစုတစ်ခုလုံးနှင့်ပင် ရန်သူဖြစ်ရန်ဆန္ဒရှိသည်။