လှည့်ကွက်
Vol. 33 Ch. 449
အရိုးသခင်၏ ကြောက်မက်ဖွယ် နီရဲရဲမျက်လုံးတို့သည် သုံးလေးကြိမ်လောက် လှုပ်ရှားသွားသည်။ ယင်းနောက်မှာ ၎င်းအလင်းဖြာထွက်မှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
အရိုးသခင်၏ မျက်လုံးတို့သည် ပုံမှန်ပြန်ဖြစ်သွားပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။
“မှန်တယ်။ ဒီမှာ ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်း တကယ်ပဲ ရှိနေတယ်။ ၎င်းရဲ့ စစ်မှန်တဲ့ စိတ်ဝိညာဉ်ချီ အရိပ်အယောင်တွေကို တောင်တန်းမျက်နှာပြင်ပေါ်မှာ ခပ်ရေးရေး မြင်ရနိုင်တယ်…”
ဟန်လိ၏ စိတ်ထဲတွင် လှုပ်ခတ်သွားမိသည်။ သူက သူ၏မျက်လုံးထဲ စိတ်ဝိညာဉ်စွမ်းအား သွန်းလောင်းကာ အာရုံကြီးစွာ စိုက်၍ ထိုတောင်ငယ်ကို စူးစမ်းကြည့်သည်။ သို့ပေမည့် သူသည် မည်သည့်ပုံမှန်မဟုတ်တာကိုမျှ မတွေ့ရသည့်အခါ ကြီးစွာ စိတ်ပျက်မိသွားသည်။
အရိုးသခင်သည် ဟန်လိ၏မျက်လုံးမှာ မိုးပြာအလင်းတောက်ပသွားတာ မြင်သည့်အခါ ဟန်လိ ဘာလုပ်နေမှန်းကို သူ သိလိုက်သည်။ သူက အထင်သေးစွာ ပြုံး၍ ပြောသည်။
“ရွက်လွှာကိုးခုဂျင်ဆင်းရဲ့ စစ်မှန်တဲ့ စိတ်ဝိညာဉ်ချီကို မင်း မြင်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေကပဲ ဒီလိုလုပ်နိုင်တဲ့ လုံလောက်တဲ့ စိတ်ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်ထားကြတာ။ ငါ့ရဲ့ ကျင့်ကြံမှုက တစ္ဆေတာအိုဘက်ကို ရွှေ့ပြောင်းသွားတယ် ဆိုပေမဲ့ ငါ့မူလစိတ်ဝိညာဉ်အာရုံ စွမ်းအားကတော့ နည်းနည်းလေးမျှ ထိခိုက်သွားတာမျိုး မရှိခဲ့ဘူး…”
အရိုးသခင်၏ စကားများထဲတွင် လှောင်ပြောင်သည့်သဘောတစ်ခု ပါဝင်နေပေသည်။
ဟန်လိ၏ မျက်နှာထက်တွင် မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပေါ်သွားပေ။ သို့သော် သူက သူ့ခန္ဓာကိုယ်ထဲ၌ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို စတင်လှည့်ပတ်စေသည်။
ခဏ ကြာပြီးနောက်မှာတော့ ဟန်လိသည် ပျော်ရွှင်သွားလေသည်။ သူသည် သည်တောင် တကြောတွင် ပြန့်ကြဲနေသော မိုးပြာအလင်း အရိပ်အယောင်များကို အမှန်တကယ် မြင်လိုက်ရလေပြီ။
ဟန်လိသည် စစ်မှန်သော စိတ်ဝိညာဉ်ချီကို ရှင်းလင်းစွာ မြင်နိုင်သည်ကို သတိမပြုမိဘဲ အရိုးသခင်သည် တောင်ထံသို့ ငုံ့ကြည့်ပြီး မထူးခြားနားဟန်ဖြင့် ပြောသည်။
“အရင်တုန်းက ငါ ဒီကို ရောက်လာခဲ့တုန်းက ကံကောင်းထောက်မပြီး ရွက်လွှာကိုးခုဂျင်ဆင်းကို ရယူနိုင်မယ့် နည်းလမ်းတစ်ခုကို သိရှိခဲ့တယ်။ ဒါ့ကြောင့် ငါက လာတဲ့လမ်းရဲ့ ကျွန်းငယ်တစ်ခုကတေ တချို့အရာလေးတွေကို ယူလာခဲ့တယ်။ ငါတို့ အရင်ဆုံး ထောင်ချောက်တစ်ခု လုပ်ကြရအောင်။ အဲ့ကျရင် ငါတို့က ရွက်လွှာကိုးခုဂျင်ဆင်းကို ဒီထောင်ချောက်ထဲ မောင်းသွင်းရုံပဲ။ အဲ့လိုဆို ဒီဂျင်ဆင်းကို အလွယ်တကူ ဖမ်းနိုင်လိမ့်မယ်…”
ထို့နောက်တွင် သူ့လက်နှစ်ဖက်ကို သိုလှောင်အိတ်ထံသို့ လှမ်း၍ ရွှေရောင်တောက်တောက်ပစ္စည်းတစ်ခုကို ထုတ်ယူသည်။
“ဒါက…” ဟန်လိသည် အံ့အားတသင့် လှမ်းကြည့်မိသည်။
ကြက်ဥအရွယ်အစားလောက် ရှိမည့် ရွှေရောင်အမျှင်လုံးတစ်ခုသည် ခပ်ဖျော့ဖျော့အလင်းဖြာထွက်နေသည်။
အရိုးသခင်သည် ဟန်လိ၏ အံ့အားသင့်သွားသော အမူအရာကို ကြည့်ကာ ကျေနပ်သွားပြီး သူက ထိုအလုံးကို ကိုင်ဆုပ်လိုက်သည်။ အနက်ရောင်လင်းလက်သွားပြီး ထိုအလုံးထံမှ ရှည်လျားသော ရွှေရောင်အမျှင်တန်းများ ထိုးထွက်လျက် ပိုက်ကွယ်ငယ်တစ်ခုအဖြစ်သို့ လျင်မြန်စွာ အသွင်ပြောင်းသည်။ ထိုပိုက်ကွန်မှာ သူ့လက်ဖဝါးအရွယ်လောက်သာ ရှိသည်။ သို့သော် ၎င်း၏အလင်းတောက်ပမှုကမူ အထင်ကြီးစရာပင်။
အရိုးသခင်သည် ဟန်လိကို စိုက်ကြည့်၍ အလေးအနက် ပြောသည်။
“ဒီရွက်လွှာကိုးခုဂျင်ဆင်းဟာ အစစ်အမှန်ရွှေအရာဝတ္ထုတစ်ခုနဲ့မှ ဖမ်းယူနိုင်တာ။ တခြားမှော်ပစ္စည်းတွေနဲ့ဆို သက်ရောက်မှု မရှိဘူး။ ဒါကို သေချာ အသုံးပြုပါ။ ဂျင်ဆင်း ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ဒါကို အသုံးပြုပြီး ဖမ်းပါ…”
ဟန်လိသည် မျက်ခုံးပင့်ကာ ခဏ စဉ်းစားနေသေးသည်။ ယင်းနောက်မှာတော့ သူသည် ရွှေရောင်ပိုက်ကွန်ကို လက်ယက်ခေါ်ယူသည်။ ဝှစ်…။ ပိုက်ကွန်က သူ၏လက်ထဲသို့ ပျံသန်းလာသည်။ ယင်းနောက်မှာ သူက ၎င်းကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
အရိုးသခင်က ဤသည်ကို မြင်သည့်အခါ သူ့မျက်လုံး၌ ပြုံးယောင်သန်း၏။ သူ့လက်ကိုု တချက်ဝေ့ယမ်းကာ မြေဝါရောင်အလံလေးခုကိုလည်း ထုတ်ယူသည်။ ထိုအလံများတွင် အဆောင်အမှတ်အသားများပါပြီး ၎င်းတို့၏ ရောင်ဝါတောက်ပမှုကို ဖုံးကွယ်ပေးထားသည်။
“အန်…”
ဟန်လိသည် ထိုအလံငယ်တို့ကြောင့် မင်သက်သွားမိသည်။ သူက လေအေးတချက် ရှိုက်သွင်းကာ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်သည်။
“ဘာလဲ…ကောင်လေး…မင်းက ဒီအလံတွေကို သိလို့လား…”
အရိုးသခင်သည် ဟန်လိ၏ ထိတ်လန့်အံ့အားသင့်မှုကို မြင်သည့်အခါ သူသည် မအံ့ဩဘဲ မနေနိုင် ဖြစ်သွားသည်။
ဟန်လိသည် ချက်ခြင်း ပြန်မဖြေပေ။ သူက ထိုအလံငယ်များကိုသာ ခဏ ထပ်၍ စိုက်ကြည့်သည်။ ထို့နောက်တွင်မူ သူက ခေါင်းမော့လာပြီး အလေးအနက် ပြောသည်။
“နတ်လိပ်နက် အစီအရင်အလံအစုံလား။ ဒီရှေးဟောင်းအစီအရင်မန္တာန်ကလွဲလို့ ဘယ်တခြား အစီအရင်ကမှ အလံလေးလေးခုလောက်ကနေ မြေဓာတ်အစီအရင်တစ်ခုကို ဖွဲ့စည်းနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး…”
အရိုးသခင်၏မျက်နှာထက်တွင် အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။ သို့သော် ခဏအကြာတွင် သူက ပြန်တည်ငြိမ်သွား၏။
“မင်းက အစီအရင်မန္တာန်တာအိုအပေါ် ကျွမ်းကျင်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ မင်းနဲ့ ပူးပေါင်းခဲ့တာဟာ ငါ့အတွက် တကယ် လူရွေးမှန်ခဲ့တာပဲ။ မင်း မှန်ပါတယ်။ ဒီအလံတွေက နတ်လိပ်နက်အစီအရင်မန္တာန်တွေပဲ။ ဒီအစီအရင်နဲ့ဆို ငါတို့ဟာ ဒီတောင်ရဲ့ မီတာတစ်ရာဧရိယာလောက်မှာ ရှိတဲ့ ကျောက်ခဲတွေကို ထိန်းချုပ် ကန့်သတ်ထားနိုင်ပြီး သတ္တုအဖြစ် မာကြောစေနိုင်မယ်။ ရွက်လွှာကိုးခုဂျင်ဆင်းကို ပိတ်မိစေနိုင်လိမ့်မယ်။ မင်းမှာ အစီအရင်မန္တာန်တွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ ပိုင်ဆိုင်ထားမှတော့ မင်းကို ဒီအစီအရင်မန္တာန်တွေ ချခင်းခွင့် ငါ ပေးလိုက်မယ်။ မင်း အဲ့လို လုပ်နေတဲ့အချိန် ငါကတော့ စိတ်ဝိညာဉ်ဂျင်ဆင်းရဲ့ အရိပ်အယောင်နေရာတွေကို သေချာ ကြည့်ရှုနေမယ်…”
ခဏအကြာတွင် အရိုးသခင်သည် အဝါရောင်အလံငယ်လေးခုကို တည်ငြိမ်စွာ လက်လွှဲပေးပြီး သူက တိမ်တိုက်နက်တစ်ခုအဖြစ်သို့ ပြောင်းကာ တောင်ထံသို့ တိတ်တဆိတ် ပျံသန်းသွားလေတော့သည်။
ဟန်လိသည် သူ့လက်ထဲရှိ အလံများကို ကြည့်သည်။ ယင်းနောက် သူ့အကြည့််က ထိုမိစ္ဆာအိုကြီး၏ နောက်ကျောသို့ ကျရောက်သွားသည်။ သူ့မျက်လုံးထဲ၌ ထူးခြားသောဟန်ပန်တစ်ခု ရှိလို့နေသည်။ ခဏအကြာတွင် သူက နှုတ်ခမ်းသပ်ကာ နှာခေါင်းရှုံ့၍ အောက်ဘက်သို့ ဆင်းသက်လာတော့သည်။
တချိန်တည်းမှာ အရိုးသခင်၏ ခန္ဓာကိုယ်ထဲ၌ အသံတစ်သံကို ကြားရလေသည်။
“အရိုးသခင်…ခင်ဗျားက သူ့ကို အစီအရင်အလံတွေ ဘာကြောင့် ပေးခဲ့တာလဲ။ ကျုပ် မြင်ရသလောက်တော့ ခင်ဗျားတို့နှစ်ယောက်ကြား ပတ်သတ်မှုက အပေါ်ယံပါပဲ။ ခင်ဗျားက တခုခုများ ကြံစည်ထားလို့လား…”
ထိုအသံပိုင်ရှင်သည် အရိုးသခင်ကို များစွာ နားလည်နေသည့်အလား။
“မင်းက ဘာကို ဆိုလိုတာလဲ။ ကျုပ်က ဒီကောင်လေးဟန်ကို အစီအရင်အလံတွေ ချခင်းခိုင်းတယ်ဆိုတာ စိတ်ဝိညာဉ်ဂျင်ဆင်းကို သေချာ ဖမ်းနိုင်အောင်လို့ပဲ။ အဲ့အခွင့်အရေးကို အသုံးချပြီး ကျုပ် သူ့ကို သတ်ပစ်မှာ…”
အရိုးသခင်သည် အေးစိမ့်လှသော လေသံဖြင့် ထိုသို့ ပြောလေသည်။
“ခင်ဗျားက အခု သူ့ကို သတ်တော့မလို့လား။ ကျုပ်များ နားကြားမှားသွားတာလား။ အနည်းဆုံးတော့ ကျိနစ်ယင်ကို သတ်ပြီးတဲ့ထိ ခင်ဗျားစောင့်ပြီးမှ သူနဲ့ ရင်ဆိုင်မှာမလား…”
ထိုအသံသည် အံ့အားတသင့် ဖြစ်နေသည်။
အရိုးသခင်သည် သုန်မှုန်စွာဖြင့် ပြောသည်။
“အဲ့လို မဟုတ်တော့ဘူး။ ဒီကောင်လေးဟန်က ဉာဏ်များလွန်းတယ်။ အချိန်ပိုဆွဲလေလေ ပြဿနာ ပိုများလေဖြစ်မှာ ကျုပ် စိုးမိတယ်။ ဒါ့အပြင် သူက ငါ့ရဲ့ နည်းလမ်းတွေကိုလည်း နားလည်နေသေးတယ်။ ဒါ့ကြောင့် ငါ့ကိုယ်ငါ သူ ထိန်းချုပ်တာကို ခံဖို့ ခွင့်ပြုလို့ မဖြစ်ဘူး။ သူ့မှာသာ ငါ့သစ္စာဖောက်တပည့် ကျိနစ်ယင်လိုမျိုး သစ္စာဖောက်ဖို့ အခွင့်အရေးတစ်ခု ရသွားခဲ့ရင် ထင်တာထက် ဆိုးဝါးသွားလိမ့်မယ်။ ဒီလို ဖြစ်နိုင်ခြေက နည်းပေမဲ့လို့ ဒီအရိုးသခင်ဟာ အဲ့လိုစွန့်စားမှုမျိုးကို လုပ်မှာ မဟုတ်တော့ဘူး။ တကယ်တော့ ငါက တစ်ခါ သစ္စာအဖောက်ခံထားရပြီးပြီ။ ဒါ့ကြောင့် တခြားသူတွေကို ဘယ်တော့မှ ထပ်ယုံတော့မှာ မဟုတ်ဘူး။ ဒါ့အပြင်…”
အသံပိုင်ရှင်သည် ပျင်းရိပျင်းတွဲလေသံဖြင့် ဆက်ပြောသည်။
“ဒါဆို အစတည်းက သူ့ကို ရွက်လွှာကိုးခုဂျင်ဆင်း ပေးဖို့ အစီအစဉ် ခင်ဗျားမှာ မရှိခဲ့ဘူးမလား…”
“အမှန်ပဲ။ ကျုပ် ဒီဂျင်ဆင်းကို ရဖို့အတွက် အများကြီး စဉ်းစားတွေးတောခဲ့ရတာ။ ဘယ်လိုလုပ် တခြားသူတစ်ယောက်ကို ပေးချင်ပါ့မလဲ။ စိတ်ဝိညာဉ်ဂျင်ဆင်းက ကျုပ်ရဲ့ ကျင့်ကြံမှုအပေါ် အာနိသင် မရှိဘူးဆိုရင်တော့ ဒါကို လဲလှယ်လို့ ရတယ်။ ပြီးတော့ အဲ့ကောင်လေးမှာက ရွှေလျှပ်စီးဝါးမှော်ရတနာလည်း ပိုင်ဆိုင်ထားသေးတဲ့အတွက် သူဟာ ကျုပ်တို့လို နတ်ဆိုးတစ္ဆေတွေအတွက် မဟာရန်သူတစ်ယောက်ပဲ။ သူ့ကို မြန်မြန် ရှင်းထုတ်နိုင်လေ ပိုကောင်းလေပဲ။ ဒါ့အပြင် သူ့ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး မင်း ဘယ်လို ထင်လဲ…”
အရိုးသခင်သည် ထိုသို့ ပြောနေရင်း ဆိုးယုတ်သည့်ဟန်အမူအရာ ပေါ်လွင်နေသည်။
သူ၏ အဆုံးသပ်မေးခွန်းက တစ္ဆေအမျိုးသားကို မင်သက်သွားစေသည်။ ထိုသူသည် စိတ်လှုပ်တရှားဖြင့် ပြောလာသည်။
“သိပ်ကောင်းတာပေါ့။ ခင်ဗျားက သူ့ခန္ဓာကိုယ်ကို ရအောင်လို့ ကျုပ်ကို ကူညီပေးရမယ်။ ဒါပေမဲ့ ကျိနစ်ယင်နဲ့ ရင်ဆိုင်ဖို့ကိုကော ခင်ဗျား ဘယ်လိုများ စီစဉ်ထားလဲ…”
“ကျိနစ်ယင်ကို လေးနက်ယင်ပညာရပ် ငါ သင်ပေးခဲ့တုန်းက သူ့ကို သန့်စင်ပြီး သတ်နိုင်မယ့် ချို့ယွင်းချက်တစ်ခုကို ငါ ချန်ထားခဲ့ရစ်တယ်။ သူ တစ်ယောက်တည်း ရှိနေသရွှေ့ ငါ့ရဲ့ ခန္ဓာကိုယ်အသစ် လိုအပ်ချက်ပါ ရသွားခဲ့မယ်ဆို ငါတို့ဟာ သူ့ကို ရှင်းထုတ်နိုင်လိမ့်မယ်…”
အရိုးသခင်သည် ယုံကြည်မှုအပြည့်ဖြင့် ပြောလာသည်။
“ဪ…ဒီလိုကို။ ဒါပေမဲ့ အစတုန်းကတော့ ခင်ဗျားက အဲ့ကောင်လေးဟန်ကို ရှင်းထုတ်ပစ်ဖို့ မတွေးခဲ့ဖူးဘူးမလား။ ခင်ဗျားက တကယ့်ကို မြေခွေးအိုကြီးပဲ…”
“မင်း ငါ့ကို အထင်ကြီးနေပြီ။ ငါ မင်းနဲ့ မတွေ့ခင်ကတော့ ကျိနစ်ယင်ကို သတ်ဖို့ အဲ့ကောင်လေးနဲ့ တကယ်ပဲ လက်တွဲမလို့ပဲ။ တကယ်တော့ ငါက ငါ့ရဲ့ သစ္စာဖောက်တပည့်ရဲ့ ကျင့်ကြံမှုမှာ ချို့ယွင်းချက်ရှိတယ်ဆိုတာ သိပေမယ့် အကူအညီပေးမဲ့သူတစ်ယောက်ရှိတာဟာ အများကြီး ပိုသေချာမယ်လေ။ ဒါပေမဲ့ အခုတော့ ငါက မင်းလို မိတ်ဆွေဟောင်းကြီးနဲ့ လာတွေ့မှတော့ အဲ့ကောင်လေးကို ဆက်ပြီး မလိုအပ်တော့ဘူး။ သူ့ကို တတ်နိုင်သမျှ အမြန်သတ်လိုက်တာက အကောင်းဆုံးပဲ။ ဒါမှသာ နောက်ပိုင်းကျရင် မလိုလားအပ်တဲ့ ပြဿနာတွေ၊ အနှောက်အယှက်တွေ ဖြစ်မလာနိုင်မှာ…”
အရိုးသခင်က ထိုသို့ ပြောသည်။
“ခင်ဗျားက အတော်လေး ဟန်ဆောင်ကောင်းလှပါလာား။ ကျောက်စိမ်းအဆောင်မှာတုန်းက ခင်ဗျားရဲ့ ပုံပန်းသွင်ပြင်အပေါ် ကျုပ်က တကယ်ပဲ ယုံကြည်ခဲ့မိတာ။ ခင်ဗျားက ခင်ဗျားရဲ့ အကူအညီကို သတ်ဖို့အတွက် စီစဉ်နေပြီး ဖြစ်လိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး…”
ထိုအသံပိုင်ရှင်သည် သက်ပြင်းချကာ စိတ်ရှုပ်ထွေးသည့်လေသံဖြင့် ပြောလာသည်။
“ဟား…အဲ့အချိန်တုန်းက ငါ စိတ်ပူနေခဲ့တာက အမှန်ပဲ။ ဒါပေမဲ့ ငါ့လက်စားခြေမှုအတွက် အကူအညီပေးမဲ့သူကို ဆုံးရှုံးသွားမှာစိုးလို့ မဟုတ်ဘူး။ သူ့ရဲ့ ရွှေလျှပ်စီးဝါးဓားတွေက တခြားတစ်စုံတစ်ယောက်ရဲ့ လက်ထဲ ကျရောက်သွားမှာကို စိတ်ပူတာ။ အဲ့လို ဖြစ်သွားခဲ့ရင် တစ္ဆေတာအိုနောက်ကို လိုက်စားတဲ့ ကျုပ်တို့အတွက် ဘေးကပ်ဆိုးတစ်ခု ဖြစ်လာနိုင်တယ်လေ…”
ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ထိုသူသည် ပူပန်သည့်ဟန်ဖြင့် မေးလိုက်သည်။
“သူ့မှာ ရွှေလျှပ်စီးဝါး ပိုင်ဆိုင်ထားတာတောင် ခင်ဗျားက အဆင်အခြင်မဲ့မဲ့နဲ့ သူ့ကို ဆန့်ကျင်ဝံ့တယ်လား။ ခင်ဗျား အနိုင်ရဖို့ သေချာနေလို့လား…”
ထိုအခိုက်တွင် အရိုးသခင်သည် တောင်ကို ခပ်နိပ်နိပ်ကနေ တပတ်ပတ်၍ ပျံသန်းနေလေသည်။
“ကျုပ် အစတုန်းက ထင်ထားတာကတော့ ရွှေရောင်ပိုက်ကွန်နဲ့ နတ်လိပ်နက်အစီအရင်နှစ်ခုလုံးကို အသုံးပြုပြီး ဂျင်ဆင်းနဲ့ အဲ့ကောင်လေးကို တခါတည်း ဖမ်းဆီးမလို့။ ဒါပေမဲ့ သူက အစီအရင်မန္တာန်တွေကို ကျွမ်းကျင်နေလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒါ့ကြောင့် ကျုပ်က ပိုကောင်းတဲ့ အကြံတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ ဒီအစီအရင်အလံတွေကို သူ့လက်ထဲ ထည့်ပေးခဲ့တာဟာ ကျုပ်ရဲ့ အစီအရင်ကို ပိုပြီး ပြည့်စုံသွားစေတာပဲ…”
အရိုးသခင်သည် ထူးခြားသည့်အပြုံးတစ်ခုကို ပြုံး၍ ပြောသည်။ သူ၏လေသံမှာ တမူထူးနေသည်။
“ဒီအလံတွေနဲ့ ပတ်သက်ပြီး ခင်ဗျားက တခုခု လုပ်ထားခဲ့တာလား…”
အသံပိုင်ရှင်မှာ ရုတ်တရက် သဘောပေါက်သွားသည်။
“ဟားဟား…အချိန်ကျလာရင် မင်း သိမှာပေါ့။ အခုတော့ ကျုပ်တို့ ရွက်လွှာကိုးခုဂျင်ဆင်းကို ရှာကြရအောင်။ မဟုတ်ရင် ဟိုကောင်လေးကို အရူးလုပ်လို့ ရမှာ မဟုတ်ဘူး…”
အရိုးသခင်သည် အသေးစိတ်အချက်များကို ရှောင်လွှဲ၍ ဆိုသည်။ ထိုအသံပိုင်ရှင်ကို များစွာ မကျေမနပ် ဖြစ်သွားစေသည်။
“ဘာပဲဖြစ်ဖြစ်ပါ…ကျုပ်ရဲ့ တစ္ဆေနတ်ဆိုးကျင့်ကြံခြင်းပညာရပ်ဟာ မင်း ကျုပ်ကို ပေးထားခဲ့တဲ့ တစ်စုံတစ်ခုပဲ။ အစတုန်းကတော့ ဒီပညာရပ်ကို အသုံးပြုပြီး စိတ်ဝိညာဉ်ဂျင်ဆင်းကို ရှာမလို့ပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ သစ္စာဖောက်တပည့်က ကျုပ်ကို သစ္စာဖောက်သွားခဲ့လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါက ကျုပ်ရဲ့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာခဲ့တယ်…”
အရိုးသခင်၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။
“ကျုပ် ခင်ဗျားကို တကယ်ပေးခဲ့တာ ဘာမှ မရှိပါဘူး။ ကျုပ်တို့က ကျုပ်တို့ လိုအပ်တဲ့ဟာကို ယူခဲ့ကြရုံပါပဲ…”
အသံပိုင်ရှင်သည် သက်ပြင်းလေးလေးလံလံ ချ၏။