← Chapters

လူတစ်ယောက်၏ အစစ်အမှန်သဘာဝကို ဖော်ထုတ်ခြင်း

Vol. 33 Ch. 450

လူတစ်ယောက်၏ အစစ်အမှန်သဘာဝကို ဖော်ထုတ်ခြင်း

Vol. 33 Ch. 450

“တောက်လောက်ပြီ။ အပိုတွေ ထပ်ပြောမနေနဲ့တော့။ အရင်ဆုံး ရွက်လွှာကိုးခုဂျင်ဆင်းကို ရှာဖို့ ငါ့ကို ကူညီပေး။ ပြီးရင် ငါတို့ ဟိုကောင်လေးကို သတ်မယ်။ သူ့ခန္ဓာကိုယ်ကို မင်းဆီ ပေးမယ်…”

အရိုးသခင်သည် အေးတိအေးစက် ကြားဖြတ်ကာ ပြောလိုက်သည်။

“ပြဿနာ မရှိဘူး။ ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်ရှာဖွေခြင်း ပညာရပ်တွေနဲ့ဆို ဒီဂျင်ဆင်းကို ရှာဖွေတာဟာ အသေးအမွှား ကိစ္စတစ်ခုပဲ…”

ထိုသူသည် အထင်သေးစွာဖြင့် ပြောလိုက်သည်။

“ကဲ ဒါဆိုလည်း သွားကြရအောင်…” ထိုသို့ ပြောကာ အရိုးသခင်၏ အမူအရာသည် အလေးအနက် ဖြစ်လာသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အောက်သို့ ဆင်းသက်လာတော့သည်။

သူ၏ အင်္ကျီလက်အိုးထံမှ အနက်ရောင်ချီအမျှင်တန်းနှစ်ခုသည် ထိုးထွက်သည်။ ချက်ခြင်းပင် ၎င်းတို့သည် မြေကြီးအတွင်းသို့ ဝင်ရောက်ကာ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။ တချိန်တည်းမှာ အရိုးသခင်ထံမှ ခပ်မှိန်မှိန် အစိမ်းရောင်အလင်းတစ်ခု စိမ့်ထွက်ပြီး အလျင်အမြန် လွင့်ပြယ်သွားသည်။ နေရာတွင် မလှုပ်မယှက် ရှိနေလျက် အရိုးသခင်က မျက်လုံးမှိတ်လိုက်သည်။

မြေပေါ်တွင်မူ ဟန်လိသည် အဝါရောင်အစီအရင်အလံများနှင့် တည်ငြိမ်စွာ ရှိနေသည်။ သို့သော် သူ့အကြည့်ကမူ အဆက်မပြတ် ပြောင်းလဲနေ၏။ သူသည် ပြဿနာတစ်ခုကို စဉ်းစားနေပုံ ရသည်။ သူ့လက်ကို ဖြတ်ခနဲ လှုပ်ရှား၏။ အလံများထံမှ အဝါရောင်အလင်းတန်းများ ပျံသန်းထွက်ကာ မြေပြင်အတွင်းသို့ ခိုင်မာစွာ ထိုးစိုက် ဝင်ရောက်သည်။

“ဒီအစီအရင်အလံတွေနဲ့ ပတ်သက်ပြီး ဘာမှားယွင်းတာကိုမှ မရှာနိုင်ပေမဲ့ ကျုပ်က သံသယ လုံးဝ မဝင်ဘူးလို့ ခင်ဗျား တကယ်ကြီး ထင်နေတာလား…”

ဟန်လိသည် တကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။

ခဏအကြာတွင် သူသည် သူ၏ ရတနာအိတ်ထံသို့ လက်လှမ်းကာ သိပ်သည်းသော မြေဓာတ်ချီ ထုတ်လွှတ်နေသော အသွင်တူသည့် အဝါရောင်အလံဆယ်ခုကျော်ကို ထုတ်ယူသည်။ သူ၏မျက်လုံးထဲတွင် ထူးခြားသောဟန်တစ်ခု ဖြတ်ပြေးသွားပြီး သူက ထိုအလံငယ်များထံ တချက်လှမ်းကြည့်သည်။

အရိုးသခင်၏ အမူအရာသည် တင်းမာနေသည်။ ရုတ်တရက် သူက မျက်လုံးဖွင့်လာ၏။

အနက်ရောင်ချီအမျှင်တန်းနှစ်ခုနှင့် အစိမ်းရောင်အလင်းတို့သည် မြေပြင်ထံမှ ထိုးထွက်ကာ သူ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်ဝင်ရောက်သည်။

“တွေ့ပြီ။ ရွက်လွှာကိုးခုဂျင်ဆင်းက ဘယ်လို ပုန်းရမလဲ တကယ် သိတာပဲ။ ၎င်းက ကျောက်တုံးကြီးတစ်ခုထဲမှာ ၎င်းရဲ့ ကိုယ်ထည်ကို ဖုံးကွယ်ထားတာပဲ။ ကျုပ်သာ ပေါ့ဆမိရင် တွေ့ဖို့ ခက်လိမ့်မယ်…”

ထိုသူသည် ဂုဏ်ယူစွာဖြင့် ပြောသည်။

“ကောင်းတယ်…ဟိုကောင်လေး အစီအရင် ချခင်းပြီပြီးလား ကျုပ် သွားကြည့်လိုက်အုံးမယ်။ မင်းကိုယ်မင်း သေချာ ဖုံးကွယ်နေပါ။ ဂရုစိုက်ချေ။ မင်း စိတ်ထဲရှိသလို ထွက်ထွက်မလာနဲ့။ မင်းကို မတွေ့သွားစေနဲ့…”

အရိုးသခင်က အလေးအနက် ဆို၏။

“စိတ်ချနေပါ။ ကျုပ်ရဲ့ ကွယ်ဝှက်တဲ့ ပညာရပ်ဟာ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်အာရုံနဲ့ပဲ ထောက်လှမ်းနိုင်မှာ။ လာမယ့် အခိုက်အတန့်မှာ ခင်ဗျားကသာ သူ့ကို မထိန်းချုပ်နိုင်ရင် ကျုပ်အကူအညီကိုတော့ မမှီခိုနဲ့။ သူ့ရဲ့ ရွှေရောင်လျှပ်စီးဝါး၊ မိစ္ဆာမောင်းထုတ်ခြင်းနတ်စွမ်းရည်ဟာ ကျုပ်လို ခန္ဓာကိုယ်မဲ့တဲ့ စိတ်ဝိညာဉ်အတွက်တော့ သေစေနိုင်တယ် မဟုတ်လား…”

ထိုသို့က ဖြစ်မလာသေးသည့် ကိစ္စကို တင်ကြို၍ ပြောလိုက်သည်။

“ဟား…ကျုပ်က အမြုတေဖွဲ့စည်းခြင်းဂျူနီယာတစ်ယောက်ကို ရင်ဆိုင်ဖို့ မင်းရဲ့ အကူအညီမလိုဘူး။ ကျုပ် သူ့ကို သေချာပေါက် ရင်ဆိုင်နိုင်တယ်။ ဒါ့အပြင် မင်းက သူ့ရဲ့ မိစ္ဆာမောင်းထုတ်ခြင်းလျှပ်စီးကို ကြောက်နေဖို့ မလိုဘူး။ လွန်ခဲ့တဲ့ ရက်တချို့တုန်းက သူ့ရဲ့ အဲ့ဓားရတနာတွေကို တိုက်ပွဲမှာ အသုံးပြုခဲ့ရတယ်။ ဒါ့ကြောင့် တစ္ဆေမြူတွေကို တိုက်ခိုက်ခဲ့ရတဲ့အတွက် သူ့ရဲ့ ဒီရတနာဟာ အင်အားကုန်ခမ်းနေလောက်ပြီ။ ဒါ့အပြင် ကျုပ် သူနဲ့ အရင်တုန်းက တိုက်ခိုက်ခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက သူဟာ ရွှေရောင်ငွေရောင် ပိုးတောင်မာအုပ်ကို ထုတ်လွှတ်ခဲ့တယ်။ ကျုပ်ရဲ့ များပြားလှတဲ့ အတွေ့အကြုံနဲ့တောင် ဒီပိုးတောင်မာအုပ်တွေအကြောင်း မသိနိုင်ခဲ့ဘူး။ ဒီထူးခြားတဲ့ အင်းဆက်တွေဟာ ဘာလဲဆိုတာ ကျုပ် အတိအကျ မသိပေမဲ့ ဒီကောင်တွေဟာ ပုံမှန်အင်းဆက်တွေထက်တော့ အများကြီး ပိုကြမ်းတယ်…”

အရိုးသခင်သည် မထူးခြားနားဟန်ဖြင့် ထိုသို့ ပြောသည်။

“အို…မိစ္ဆာမောင်းထုတ်ခြင်းလျှပ်စီး နတ်စွမ်းရည် မရှိရင် သူက ကျုပ်ကို မချိန်းခြောက်နိုင်ပါဘူး။ အခြေအနေကြည့်ပြီး ကျုပ် လှုပ်ရှားလိုက်မယ်…”

ထိုသူသည် စိတ်သက်သာရာရကာ အသက်ရှုထုတ်လိုက်လေသည်။

အရိုးသခင်သည် လှောင်ပြုံးပြုံးကာ တခြား ဘာကိုမျှ ထပ်မပြောတော့ပေ။ အရိုးသခင်သည် ထိုသူ၏ အသက်အနှစ်သာရ အမျှင်တန်းတစ်ခုကို ဆုပ်ကိုင်ထားသော်လည်း သူ့ကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတာ သိသည်။ ထိုတစ္ဆေသည် သူ့ကိုယ်သူ တစ္ဆေတာအို၌ နှစ်ပေါင်းများစွာ မြှုပ်နှံ့ထားခဲ့သည် ဖြစ်၍ သူသည် စိတ်ဝိညာဉ်အတားအဆီးများ ကိစ္စရပ်များ၌ အရိုးသခင်ထက် ပို၍ အတွေ့အကြုံ ရှိမှာ သေချာသည်။ သူသည် မူလချီကို အထိအခိုက်ခံကာ သူ၏ အတားအဆီးများကို ချိုးဖျက်နိုင်ခြေများသည်။ သို့ဖြစ်၍ အရိုးသခင်သည် သူ့ကို ခြိမ်းခြောက်ချင်စိတ် မရှိပေ။

ဘေးပတ်ပတ်လည်သို့ ကြည့်ကာ သူက အနက်ရောင်တိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်း၍ ဟန်လိ ရှိနေသော နေရာထံ ပျံသန်းလာခဲ့သည်။ ခဏအကြာတွင် သူသည် ဟန်လိကို တွေ့ပြီး ဆင်းသက်လာသည်။

သည်နေရာရှိ မြေထုသည် အဆင့်တစ်ခု ရှိသည်ဟု ယူဆနိုင်သော်ငြား ပေါင်းပင်များနှင့် ပြည့်နေပေသည်။ အနီးအနားတွင် သစ်ပင်ကြီးအချို့ ကြိုးတို့ကြဲတဲ ရှိသည်။

အရိုးသခင်သည် ဟန်လိရှေ့တွင် ပေါ်လာပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“အစီအရင် တည်ဆောက်လို့ ပြီးပလား…”

“ဒါပေါ့…ဟိုမှာ…” ဟန်လိသည် သစ်ပင်ကြီးတစ်ခုကို မှီထားပြီး သူက သူ့နောက်ဘက်သို့ လက်ညှိုးထိုးပြသည်။ တချက်လှမ်းကြည့်သည့်အခါ ဟန်လိ၏ အနောက်ဘက်တွင် မြေစိတ်ဝိညာဉ်ချီလှိုင်း မြောက်များစွာ ရှိနေတာကို အရိုးသခင်က လှမ်းမြင်သည်။

အရိုးသခင်သည် စိတ်ထဲ၌ ကြိတ်ပျော်သွားပြီး သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူသည်။ ထို့နောက်တွင် ဟန်လိ၏ အရှေ့မှာပင် ၎င်း၏ အဖုံးကို ဖွင့်သည်။

ငါးညှီနံခပ်ပြင်းပြင်းကို ဟန်လိ အနံရလိုက်၏။ သူသည် ချက်ခြင်း ထရပ်ကာ အသက်ရှုခြင်းကို ထိန်းသည်။ သတိထားနေသောဟန်ပန်ဖြင့် သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး အရိုးသခင်ကို သံသယစိတ်ဖြင့် လှမ်းကြည့်သည်။

“ဒါက ဘာလဲ…”

အရိုးသခင်သည် မထူးခြားနားသည့်ဟန်ဖြင့် ပြောသည်။

“သံသယ လွန်ကဲနေဖို့ မလိုပါဘူး။ ဒါက သစ်ခွမျက်နှာဖုံးသားရဲရဲ့ မစင်တွေပါ။ ဒါက ကျုပ်တို့အတွက်တော့ အနံအသက် မကောင်းလှပေမဲ့ ၎င်းရဲ့ ရနံဟာ ရွက်လွှာကိုးခုဂျင်ဆင်းကိုတော့ စွဲဆောင်နိုင်တယ်။ ဒါကို အစီအရင်ထဲ ထည့်ထားတာနဲ့ ရွက်လွှာကိုးခုဂျင်ဆင်းရဲ့ ကိုယ်ပွားက ဒီမစင်ကို လာရှာမှာ သေချာတယ်။ ၎င်းရဲ့ ကိုယ်ပွားကို ထိန်းချုပ်ပြီးတာနဲ့ ကျုပ်တို့ဟာ စိတ်ဝိညာဉ်ဂျင်ဆင်းရဲ့ ပင်မခန္ဓာကိုယ်ကို လွယ်လင့်တကူ တူးဖော်နိုင်လိမ့်မယ်…”

“သစ်ခွမျက်နှာဖုံးသားရဲ မစင်…” ဟန်လိသည် အရိုးသခင်၏ လက်ထဲရှိ ကျောက်စိမ်းသေတ္တာထံသို့ တချက် လှမ်းကြည့်သည်။

အခု သူသည် ၎င်းကို ရှင်းလင်းစွာ မြင်ရပြီ။ ၎င်းမှာ အဝါရောင်ခပ်ဖျော့ဖျော့အတုံးတစ်ခု ဖြစ်သည်။ ၎င်း၏ ပြင်း၍စူးရှသော အနံက ဟန်လိကို များစွာ အံ့အားသင့်စေသည်။

သူသည် အရင်တုန်းက သစ်ခွမျက်နှာဖုံးသားရဲ အကြောင်းကို ကြားဖူးသည်။ ၎င်းမှာ ကျင့်ကြံသူများ မွေးမြူသော ထူးခြားသည့်သားရဲ တစ်မျိုးပင်။ ၎င်းတွင် ထူးခြားသော အနီရောင်ဦးချိုတစ်ခု ပိုင်ဆိုင်ထားပြီး စိတ်ဝိညာဉ်များကို ချွေးသိပ်ပေးသော တမူထူးသော အနံတစ်ခုကို ထုတ်လွှတ်ပေးသည်။ သည့်အတွက်ကြောင့် ကျင့်ကြံသူများသည် ထိုသားရဲကို သဘောကျကြသည်။ ထိုသားရဲ၏ မစင်မှာ ခုလောက်ထိ အနံဆိုးလိမ့်မည်ဟုတော့ ဟန်လိသည် မမျှော်လင့်ထားခဲ့ပေ။ ဟန်လိသည် ၎င်းမစင်မှာ ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းကို စွဲဆောင်နိုင်သည်ဟု သိရသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်ရလေသည်။

သို့သော် ဟန်လိသည် အရိုးသခင်၏ မထူးခြားနားဟန်အမူအရာကို လှမ်းကြည့်ပြီးနောက်မှာ သူသည် ပြုံး၍ ပြောလိုက်သည်။

“စီနီယာ…ကျေးဇူးပြုပြီး ဒီပစ္စည်းကို အစီအရင်မန္တာန်ထဲမှာ ထည့်လိုက်ပါ။ ကျနော် အစီအရင်အလံကို ပိုသေချာအောင် သွားစစ်ဆေးကြည့်အုံးမယ်။ ပြီးရင်တော့ ကျုပ်က ဒီနေရာကို စောင့်ကြပ်နေပြီး ဂျင်ဆင်းရဲ့ ကိုယ်ပွားကို ဖမ်းဆီးမယ်။ ရွက်လွှာကိုးခုရဲ့ ပင်မခန္ဓာကိုယ်ကို ဖမ်းဆီးပေးဖို့ကိုတော့ စီနီယာကို့ ဒုက္ခပေးရတော့မှာပဲ…”

ထိုသို့ ပြောကာ ဟန်လိသည် လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ပြီး သူ၏အနောက်ဘက်ရှိ တောအုပ်ထံသို့ လှမ်းလျှောက်လာသည်။ မည်သည့်နည်းလမ်းကို သုံးလိုက်သည် မသိရလေဘဲ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

အရိုးသခင်သည် မင်သက်သွားသည်။ သူသည် တောအုပ်အတွင်းရှိ မြေဓာတ်စိတ်ဝိညာဉ်ချီများကို လှမ်းကြည့်ရင်း စိတ်ထဲကနေ မျက်မှောင်ကြုတ်နေသည်။ သူ့ပါးစပ်ကို ရှုံ့တွလိုက်ပြီးနောက်မှာ သူ၏လက်ကို ပင့်မြှောက်သည်။ ထူးခြားသော အနက်ရောင်ချီမြွေတစ်ကောင်သည် ပျံသန်းထွက်ကာ ကျောက်စိမ်းသေတ္တာကို ၎င်း၏ ပါးစပ်ဖြင့် ကိုက်ပြီး တောအုပ်ဗဟိုချက်ထံသို့ တန်းမတ်စွာ ပျံသန်းလာတော့သည်။ ထိုကျောက်စိမ်းသေတ္တာကို နေရာချပြီးနောက်မှာ ၎င်းမြွေက သူ့ထံသို့ ပြန်၍ ပျံသန်းလာခဲ့သည်။

ထိုသို့ ပြုလုပ်ပြီးသည်နှင့် ဟန်လိ၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။ အရိုးသခင်၏ မျက်နှာထက်တွင် သုန်မှုန်သည့်ဟန် ဖြစ်ပေါ်၏။ သူက ချက်ခြင်းပင် ကောင်းကင်ထက်သို့ တိတ်တဆိတ် ပျံသန်းတက်သည်။

“ဘာလဲ…ခင်ဗျား သူ့ကို ပေးခဲ့တဲ့ အစီအရင်အလံတွေပေါ်မှာ သူ့ရဲ့ ကိုယ်ပိုင်လှည့်ကွက်ကို ထပ်ထည့်ထားဝံ့ခဲ့တာ မလား…”

အရိုးသခင်၏ စိတ်ထဲတွင် ထိုသူ၏ လှောင်ပြောင်သည့်အသံ ရုတ်တရက် ပေါ်လာသည်။

“ဂရုစိုက်တာဟာ အမှား မရှိဘူး။ အရင်ဆုံး ကျုပ်က ဒီအစီအရင်ကို စမ်းသပ်ကြည့်တာ။ ဒီအစီအရင်ကို ကောင်းကောင်း တည်ဆောက်ထားလား၊ မထားလား မြင်ချင်လို့ပဲ။ ဒီမြေဓာတ်အစီအရင်အလံတွေကို သူ ပိုင်ဆိုင်နိုင်မဲ့ အခွင့်အရေး တစိုးတစိလေးသာ ရှိခဲ့ပင်မဲ့ ကျုပ်က စွန့်စားကြည့်မှာ မဟုတ်တော့ဘူး…”

အရိုးသခင်သည် ဂရုမစိုက်ဘဲ ပြောသည်။

ထိုသူသည် လျှာလိပ် သွားမိသည်။

“ခင်ဗျားကသာ အစတည်းက ခုလောက်ထိ ဂရုစိုက်တတ်၊ သတိထားတတ်မယ်ဆို ခုလောက်အဆင့်ထိ ကျရှုံးခဲ့မှာ မဟုတ်လောက်ဘူး။ ကြည့်ရတာ ခင်ဗျားရဲ့ အားနည်းချက်ကနေ ကောင်းကောင်း သင်ခန်းစာ ယူနိုင်ခဲ့တဲ့ပုံပဲ…”

အရိုးသခင်သည် ငေါ့ပစ်ရမလား၊ ဂုဏ်ယူရမလားမသိ ဖြစ်သွားရသည်။ သူသည် စိတ်ထဲကနေ နှာခေါင်းရှုံ့ကာ ထိုသူ၏ စကားလုံးများကို ထပ်မံ၍ အရေးစိုက်မနေတော့ပေ။

အရိုးသခင်သည် လေထဲတွင် ရှိနေလျက်ကနေ သူ့လက်နှစ်ဖက်ကို ဖြန့်ကားသည်။ သူ့လက်ကြားထဲတွင် အဝါရောင်အစီအရင်အလံတစ်ခု ပေါ်လာ၏။ ထိုအလံသည် ဟန်လိကို ပေးခဲ့သော အလံများနှင့် ဆင်တူသည်။ သို့သော် ၎င်းက အနည်းငယ် ပိုတိုပြီး အတော်လေး အထင်ကြီးဖို့ ကောင်း၏။

အရိုးသခင်သည် ထိုအလံငယ်ကို တချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး လှုပ်ခါသည်။ အလံသည် ချက်ခြင်းပင် အဝါရောင်ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်လေ၏။ ၎င်းသည် အရိုးသခင်၏ လက်ကို ဝဲပတ်သွားပြီး တောအုပ်ထံသို့ ညွှန်သည်။ အရိုးသခင်က အသက်ရှုထုတ်၏။ သူ၏မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု လှစ်ဟပေါ်သည်။ ထိုအလံငယ်ကို ပြန်သိမ်းဆည်းပြီးနောက်မှာတော့ သူ့အကြည့်က တောင်ငယ်ထံ ရောက်သွားပြီး သူက ပျံသန်းထွက်လာသည်။

ထိုအချိန်တွင် ဟန်လိသည် တောအုပ်ထဲ၌ နောက်ဆုံးတွင် ပေါ်လာလေသည်။

သူသည် အရိုးသခင် အဝေးသို့ ပျံသန်းထွက်သွားတာကို စောင့်ကြည့်နေပြီး သူ၏ မျက်လုံးသည် အေးစက်တောက်ပသည်။ သူ့အမူအရာသည် တင်းမာခက်ထန်သွားပြီးနောက် သူ၏ခန္ဓာကိုယ်သည် ဝေဝါးသွားသည်။ ကျောက်စိမ်းသေတ္တာထံမှ ထွက်ပေါ်နေသော ငါးညှီနံသည် ပို၍ ဆိုးဝါးလာသည်။ ထိုအခါ ဟန်လိသည် မျက်မှောင်တင်းကြပ်စွာ ကြုတ်မိသည်။ သူ တတ်နိုင်တာဟူ၍ အသက်မရှုဘဲ ထိန်းထားတာသာ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ့စိတ်ထဲတွင် သံသယများ စတင်၍ တောက်လောင်နေလေပြီ။ သူသည် သည်နေရာတွင် အကြာကြီး မနေနိုင်ပေ။ ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းသည် မပေါ်လာခဲ့ဘဲ သူ လှည့်စားခံရလျှင်လည်း သူ့အဖို့ အချည်းနှီး လှည့်ပြန်ရုံသာ ရှိတော့သည်။

ဟန်လိသည် ထိုသို့ စဉ်းစားနေစဉ် သူ့အမူအရာမှာ တင်းမာနေ၏။ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် တောအုပ်အတွင်း၌ အရာဝတ္ထုငယ်တစ်ခုကို ထောက်လှမိးမိသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ကျေနပ်အံ့အားသင့်သွား၏။ သူက ချက်ခြင်းပင် သူ၏ အော်ရာကို ဖုံးကွယ်သည်။ ထို့နောက်တွင်မူ ကျောက်စိမ်းသေတ္တာကို အာရုံအပြည့်အဝဖြင့် စိုက်ကြည့်နေသည်။

အဝါရောင်အလင်းတစ်ခု လင်းလက်သွား၏။ အစီအရင်အပြင်ဘက်တွင် ယုံတစ်ကောင်သည် လွင့်မြောနေလေသည်။ ထိုယုံ၏ ခန္ဓာကိုယ်သည် နှင်းကဲ့သို့ ဖြူ၏။ ၎င်း၏ နီရဲရဲမျက်လုံးများသည် အဆက်မပြတ် ချာချာလည်၍ ဘေးပတ်လည်သို့ ကြည့်နေသည်။ ၎င်းသည် အလွန်အမင်း အကင်းပါးလှပုံ ရသည်။

All Chapters