သိမ်းသွင်းမှု
Vol. 33 Ch. 454
အနက်ရောင်တိမ်တိုက်ထုသည် ဟန်လိ၏ ရန်လိုသော သတိထားနေမှုကို တုန့်ပြန်သည့်ပုံ ပေါ်သည်။ ယင်းတိမ်တိုက်များသည် မြန်ဆန်စွာ လည်ပတ်၍ မိစ္ဆာချီများသည် တိမ်တိုက်များ၏ ဗဟိုချက်သို့ ပြန်ဆွဲငင်ယူသည်။ ဟန်လိ၏စိတ်ထဲ တုန်လှုပ်သွား၏။ သူသည် ရုပ်သေးများကို တိုက်ခိုက်ရန် အမိန့်ပေးတော့မည့်အချိန်လေးမှာပင် အရိုးသခင်၏ အေးစက်စက် စကားသံကို သူ့နားထဲ၌ ကြားလိုက်ရသည်။
“ကောင်လေး…သူ့ကို မတိုက်ခိုက်နဲ့။ သူက မင်းကို သူ့ရဲ့ ခွန်အား ပြသရုံလောက်ပဲ။ သူ မင်းကို အမှန်တကယ် သတ်ချင်စိတ် ရှိမနေဘူး။ ငါ့ရဲ့ သစ္စာဖောက်တပည့်က မင်းရှိကနေ ဘာလိုချင်လဲ ကြည့်ကြရအောင်။ ပြီးမှ မင်း တခြား တခုခုကို လုပ်ချေ…”
အရိုးသခင်၏ အသံပို့လွှတ်ခြင်းကြောင့် ဟန်လိသည် အံ့အားသင့်သွား၏။ သူက ရုတ်တရက် သဘောပေါက်သွားသည်။ ထို့နောက်တွင်မူ သူ၏ စိတ်ထဲရှိ မကျေနပ်စိတ်ကို အတင်းအကြပ် ဖိနှိပ်ကာ သူက မေးလိုက်သည်။
“ကြီးမြတ်တဲ့ စီနီယာကျိနစ်ယင်…စီနီယာက ဒီဂျူနီယာကို ဘာအကြောင်းကြောင့်များ လာရှာရပါသလဲ…”
ဟန်လိ၏ အသံသည် သုန်မှုန်နေသည်။ သူ၏အသံသည် မော်ကြွားမောက်မာခြင်းမရှိသလို နှိမ့်ချခြင်းလည်း ရှိမနေပေ။
“မင်းက ကျုပ်ရဲ့ တိုက်ခိုက်မှုကို ခံရတာတောင် တည်ငြိမ်နေတုန်းပဲကို။ မင်းက အတော်လေး သတ္တိကောင်းတဲ့ ပုံပဲ…”
ကျိနစ်ယင်က သူပြောချင်တာကိုသာ ပြောလာ၏။ ဟန်လိသည် သူ၏ စကားလုံးများမှာ အထင်သေးခြင်းလော၊ ချီးကျူးခြင်းလော သေချာ မသိနေပေ။
“စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ စီနီယာကသာ ဂျူနီယာ့ကို ရှင်းပစ်ချင်ရင် ကျုပ်ရဲ့ သတ္တိကလည်း ကွဲပြားသွားအောင် လုပ်နိုင်လိမ့်မှာ မဟုတ်ပါဘူး…”
ဟန်လိသည် မျက်မှောင်ကြုတ်၍ တည်ငြိမ်သောဟန်ဖြင့် ပြန်ဖြေသည်။ သူသည် နည်းနည်းတော့ စိတ်အေးနိုင်သွားသည်။ အရိုးသခင်က သည်နေရာနှင့် မနီးမဝေးတွင် ပုန်းကွယ်နေတာကို သိလိုက်သောကြောင့်ပင်။
လေးနက်ယင်ပညာရပ်များ၏ အားနည်းချက်ကို သိထားသော ထိုမိစ္ဆာအိုကြီးနှင့် အတူတူ တိုက်ခိုက်ရလျှင် ကျိနစ်ယင်ကို ယှဉ်၍ တိုက်ခိုက်နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိပေသည်။ အရိုးသခင်က သူ့ကို ကူညီပေး၊ မပေးကတော့ ဟန်လိအနေဖြင့် အာမခံချက်မရှိတာ တစ်ခုသာ။ သို့ဖြစ်၍ သူသည် အရိုးသခင်ကို နည်းနည်းလေးမျှ ဒေါသထွက်သွားအောင် မလုပ်ချင်ပေ။
ထိုအခိုက်တွင် အနက်ရောင်တိမ်တိုက်များသည် တလိပ်လိပ် လှုပ်ရှားလေ၏။ ဝှစ်။ ထိုတိမ်တိုက်နက်များ ပျောက်ကွယ်ကာ သက်လတ်ပိုင်းလူတစ်ယောက်နှင့် ပိန်ပိန်ပုပုရုပ်စိုးစိုး လူငယ်ဖြစ်သူတို့ ပေါ်ထွက်လာသည်။ ထိုသူတို့မှာ ကျိနစ်ယင်နှင့် ဝူချောင်တို့ပင်။
“မင်းက ကောင်းကင်ကြယ်မြို့တော်က လေလွင့်ကျင့်ကြံသူ ဟန်လိလား…”
သက်လတ်ပိုင်းလူသည် ဟန်လိကို စိတ်ဝင်စားဟန်ဖြင့် ကြည့်သည်။
“အမှန်ပါပဲ။ ကျုပ်က ဟန်လိပါ။ စီနီယာက ကျုပ်ကို သိပြီးသားဖြစ်ပုံပဲ…”
ဟန်လိသည် ခါးသီးစွာ ပြုံးမိသည်။ သူသည် အကူအညီမဲ့သည့် လေသံဖြင့် ပြန်ပြောရလေသည်။
“မစိုးရိမ်ပါနဲ့။ ကျုပ် ဒီကိုလာတာ ပြဿနာ ရှာဖို့ မဟုတ်ပါဘူး။ ပြင်းပြတေးသံဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ အစောပိုင်းတုန်းက တိုက်ခိုက်မှုက ကျုပ်လာတဲ့ လမ်းမှာ မန္တာန်အစီအရင်တစ်ခုကို ခံစားမိခဲ့တာကြောင့် သပ်သပ်ပဲ။ ဒါ့ကြောင့် ကျုပ်က ချိုးဖျက်လိုက်တာ…”
ကျိနစ်ယင်သည် မထူးခြားနားစွာ ပြုံး၍ ထိုသို့ ပြောသည်။
“လမ်းမှာ အစီအရင် ရှိနေလို့တဲ့လား။ ခင်ဗျားရဲ့ ခွန်အား ကျုပ်ကို ပြချင်လို့ သပ်သပ် မဟုတ်ဘူးလား…”
ဟန်လိသည် ထိုသို့ တွေးမိသည်။ သို့သော် စကားအားဖြင့်ကတော့ သူသည် တလေးတစားသာ မေးလိုက်သည်။
“ဒါဆို…စီနီယာက ဒီကို ဘာအတွက်ကြောင့်များ လာခဲ့ရတာလဲ…”
ဟန်လိသည် ကျိနစ်ယင်က သူ ထိုသို့ မေးလာမည်ကို စောင့်နေမှန်း ကောင်းကောင်း သဘောပေါက်ပေသည်။
ကျိနစ်ယင်သည် ဟန်လိ၏ မေးခွန်းကို ကြားသည့်အခါ အားပါးတရ ရယ်၏။ သူက ဟန်လိကို သေချာ ကြည့်သည်။
“မင်း ဒါကို သိလား…” ကျိနစ်ယင်သည် သူ့လက်ကို ပင့်မြှောက်၏။ အဖြူရောင်အလုံးတစ်ခု ပေါ်လာသည်။ သူက ၎င်းကို ဟန်လိထံသို့ ပေါ့ပေါ့ပါးပါး လှမ်းပစ်ပေးသည်။
ဟန်လိသည် နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားသည်။ ထိုအရာက သူ့ရှေ့သို့ ရောက်လာချိန်တွင် သူ၏ အင်္ကျီလက်အိုးဖြင့် ဖမ်းယူပြီး သူ့မျက်လုံးရှေ့နားသို့ ယူကာ သေချာကြည့်သည်။
၎င်းမှာ ကြီးမားခြင်းမရှိဘဲ ဆိုးဝါးစွာ ထိခိုက်ထားသေးသည်။ သို့သော် တချက်ကြည့်ရုံဖြင့် ၎င်းကို မည်သည့်အရာမှန်း သိလိုက်သည်။ ၎င်းမှာ သွေးကျောက်စိမ်းပင့်ကူထံမှ သန့်စင်သော အဖြူရောင်အမျှင်တန်းများ ဖြစ်နေသည်။
ဟန်လိသည် ၎င်းကို စိုက်ကြည့်နေရင်း ကျိနစ်ယင်က သူ့ကို ဤအရာအား အဘယ်ကြောင့် ပေးလာသနည်းဟု စဉ်းစားမရ ဖြစ်နေသည်။ အတွေးတစ်ခု ပေါ်သွားပြီး သူသည် လျှို့ဝှက်မိစ္ဆာကျောင်းတော်နှင့် တိုက်ခိုက်ခဲ့တုန်းက တိုက်ပွဲအကြောင်း ပြန်စဉ်းစားမိသွားသည်။ ထိုစဉ်က သူသည် ပိတ်လှောင်ခံရခြင်းကနေ လွတ်မြောက်ရန် ကြိုးစားခဲ့စဉ် သွေးကျောက်စိမ်းပင့်ကူကို အသုံးပြု၍ သူ့လမ်းကို လာပိတ်သော နတ်ဆိုးအလောင်းကောင်တစ်ကောင်ကို ရင်ဆိုင်ခဲ့ဖူးသည်။ ကျိနစ်ယင်သည် ဤအမျှင်လုံးကို ထိုစဉ်တုန်းက ရခဲ့တာ ဖြစ်နိုင်လောက်သည်။
“အခု သူက ဒီအမျှင်အကြောင်း ဘာလို့များ လာမေးနေရတာလဲ…”
စိတ်ထဲ သံသယများ ဝင်လာပြီး ဟန်လိ၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။
သို့ရာတွင် ကျိနစ်ယင်သည် သူ့ကို စဉ်းစားနေရန် အချိန်အများကြီး မပေးနေပေ။ သူသည် ရိုးရိုးသားသား ဖြေရန်သာ တတ်နိုင်တော့၏။
“ကျုပ်က ဒီပစ္စည်းကို သိပါတယ်။ ဒါက ကျုပ်ရဲ့ စိတ်ဝိညာဉ်သားရဲကနေ ထုတ်လွှတ်တဲ့ အမျှင်တန်းတွေပါ။ စီနီယာက ဒီအကြောင်းကို ဘာကြောင့်များ ထုတ်ဖော်ပြရပါသလဲ…”
ဟန်လိ၏ အမူအရာတွင် သံသယဖြစ်ဟန် ပေါ်နေသည်။ သူ့စကားကို ကြားသည့်အခါ ကျိနစ်ယင်သည် ပြုံး၏။
“ကောင်းတယ်…သိပ်ကောင်းတယ်။ ကျုပ် မင်းကို လာရှာတာက မင်းရဲ့ အဲ့စိတ်ဝိညာဉ်သားရဲတွေကို ကြည့်မြင်ချင်လို့ပဲ။ မင်း ဒါတွေကို ထုတ်ပြပြီး ဒီသခင်ကြီးကို တချက်လောက် ကြည့်ခွင့် ပေးနိုင်မလား…”
ကျိနစ်ယင်သ်ည စိတ်လှုပ်ရှားနေဟန် ပေါ်သည်။ သူသည် အံ့အားသင့်သည့်လေသံဖြင့် ပြောလာသည်။
သည့်အတွက် ဟန်လိမှာ ပို၍ သတိထားသွားသည်။ အကြောင်းမှာ ဟန်လိသည် ထိုသူ၏ အပြုံး၌ လောဘကို ဖုံးကွယ်ထားမှန်း သတိပြုမိသောကြောင့်ပင်။
သူ၏ သွေးကျောက်စိမ်းပင့်ကူများကို ထုတ်ဖော်ပြောလာခြင်းသည် မည်သည့်အတွက်ကြောင့်မှ ကောင်းသည့် အဓိပ္ပာယ် မဖြစ်နိုင်ပေ။ သူသည် သခင်ကြီးကျိနစ်ယင်၏ အကြည့်အောက်မှာ ဂနာမငြိမ် ပိုဖြစ်လာသော်လည်း သဘောတူလိုက်ရန်ကလွဲ၍ မတတ်နိုင်တော့ပေ။
“ကောင်းပါပြီ…”
ထို့နောက်တွင် ဟန်လိသည် သူ့လက်ကို ပင့်မြှောက်ပြီး သူ့ခါးရှိ စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို ပုတ်သည်။ အဖြူရောင်အလင်းတစ်ခု ပျံသန်းထွက်ကာ ဟန်လိ၏ အရှေ့မှာ ကျရောက်သည်။ ထိုအလင်း ပျောက်ကွယ်သွားချိန်တွင် အဖြူရောင်ပင့်ကူတစ်ကောင်၏အသွင် လှစ်ဟပေါ်သည်။ ၎င်းပင့်ကူသည် ဘေးပတ်ဝန်းကျင်ကို ကြမ်းကြုတ်စွာ စူးစမ်းနေသည်။
ကျိနစ်ယင်သည် သွေးကျောက်စိမ်းပင့်ကူကို မြင်သည့်အခါ သူက မျက်နှာမလွှဲတမ်း စိုက်ကြည့်နေသည်။ ၎င်းမှာ အလွန်တရာ အဖိုးတန်လှသော ရတနာတစ်ခု ဖြစ်နေသည့်အလား။ သူ၏ အမူဟန်ပန်သည် တဖြည်းဖြည်း ပိုပျော်ရွှင်ဟန် ပေါက်လာသည်။
“ကောင်းတယ်…ဒါက တကယ့်ကို သွေးကျောက်စိမ်းပင့်ကူပဲ…။ ဟားဟား…”
အချိန်အတော်ကြာပြီးနောက်မှာ ကျိနစ်ယင်သည် ကောင်းကင်ထက်သို့ မော့ကြည့်လျက် အားပါးတရ ရယ်မောလေသည်။ သူ၏ ရယ်သံကြောင့် အနီးဝန်းကျင်ရှိ လေထုသည်ပင် တုန်ခါသွားသည်။ ဟန်လိ၏ အမူအရာမှာ အလိုလို ပြောင်းလဲသွာသည်။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းကား အမှန်တကယ် လေးနက်ထူးခြားလှပေ၏။
သို့ရာတွင် သိပ်မကြာခင်တွင် ဟန်လိသည် သတိထားသည့်ဟန် ဖြစ်ပေါ်သည်။ သူသည် ကျိနစ်ယင်မှာ ပြဿနာ၏ အစစ်အမှန်အကြောင်းကို ပြောတော့မည်ဟု သိသည်။
သို့သော် သခင်ကြီးကျိနစ်ယင်သည် စကားမပြောခင်မှာပင် အရိူးသခင်၏ ပျက်ယွင်းနေသော အသံကို ဟန်လိ ကြားရလေ၏။
“ဒီသွေးကျောက်စိမ်းပင့်ကူကို မင်း ဘယ်လိုလုပ် ရလာခဲ့တာလဲ။ ဒီအကြောင်းကို မင်းက ဘာကြောင့် ငါ့ကို မပြောပြခဲ့တာလဲ…”
အရိုးသခင်၏အသံတွင် နောင်တရဟန် ပြည့်နေသလို ဒေါသလည်း ထွက်နေသည်။
“ကျုပ် ပိုင်ဆိုင်တဲ့အရာအကြောင်း ကျုပ်က ခင်ဗျားကို ဘာကြောင့်များ ပြောပြရမှာလဲ…”
ဟန်လိက အကန်ပြန်ပြော၏။
သို့သော် သူက သူ့စိတ်ကို တည်ငြိမ်စေပြီး အတွေးပေါ်လာသည်။ အရိုးသခင်သည် သည်ပင့်ကူကြောင့် လှုပ်ရှားသွားသည် ဖြစ်၍ သွေးကျောက်စိမ်းပင့်ကူ၌ ကြီးမားသောဆန်းကြယ်မှုတစ်ခု ပိုင်ဆိုင်ထားသည့်ပုံ ပေါ်သည်။
ထိုစဉ် အရိုးသခင်သည် ဟန်လိထံ အလျင်စလိုဖြင့် နောက်ထပ်အသံပို့လွှတ်လာသည်။
“ဒီသစ္စာဖောက်ကျိနစ်ယင်က မင်းကို အတွင်းပိုင်းခန်းမတွေဆီ ကျိန်းသေပေါက် ခေါ်သွားလိမ့်မယ်။ သူနဲ့ တွေဝေမနေဘဲ လိုက်သွားချေ။ ကျုပ် မင်းနောက်ကို လျှို့ဝှက် လိုက်လာပြီး အကူအညီပေးမယ်…”
အရိုးသခင်၏အသံသည် များစွာ ပို၍ ညင်သာပျော့ပျောင်းလာသည်။
ဟန်လိသည် ထိုစကားကို ကြားသည့်အခါတွင် သူ့စိတ်ထဲ၌ ပို၍ မလွယ်ကူသလို ခံစားရသည်။ သူသာ ပေါ့ဆမိခဲ့လျှင် သူသည် ဆိုးဆိုးဝါးဝါး သေဆုံးသွားနိုင်သော အခြေအနေထဲသို့ ဆွဲချခံရတော့မည်ဟု ခပ်ရေးရေး ခံစားမိနေသည်။
ထိုသံသယစိတ်များသည် ဟန်လိ၏စိတ်ထဲ၌ မွှေနှောက်နေစဉ် ကျိနစ်ယင်သည် အရိုးသခင် ခန့်မှန်းထားသည့်အတိုင်း တဖြည်းဖြည်းချင်း ပြောလာသည်။
“ဟန်လိ…မင်း အတွင်းပိုင်းခန်းမဆီ သွားချင်လား။ မင်း သွားမယ်ဆို ကျုပ်က မင်းကို ဘေးကင်းကင်းနဲ့ ခေါ်သွားပေးမယ်…”
ကျိနစ်ယင်၏ စကားတို့မှာ ခိုင်မာလှသည်။
“အတွင်းပိုင်းခန်းမကို သွားရမှာလား…” ဟန်လိသည် အံ့ဩထိတ်လန့်သွားသည်။
အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်အတွက် ထိုနေရာသည် အလွန်အန္တရာယ်များလှပါသည်။ သို့သော် ၎င်းနေရာတွင် ကောင်းကင်လေဟာနယ်ခန်းမအတွင်းရှိ တခြားသော နေရာများထက် များစွာ ပိုအဖိုးတန်သည့် ရတနာများစွာ ရှိနေသည်။ သို့သော် ဟန်လိသည် ထိုနေရာ၏ အန္တရာယ်များပုံအကြောင်းကို သိခဲ့ပြီးနောက်မှာ မသွားဖို့ ဆုံးဖြတ်ထားခဲ့သည်။
ကျိနစ်ယင်၏ အန္တရာယ်ကင်းစေရမည်ဟူသော ကမ်းလှမ်းချက်နှင့် အရိုးသခင်၏ ပြောစကားတို့အပေါ် ဟန်လိသည် အထင်သေးသလို၊ ယုံလည်း မယုံကြည်ပေ။ တကယ်တော့ သူ့တွင် အသက်တစ်သက်သာ ပိုင်ဆိုင်ထားသည် မဟုတ်လား။
အနည်းငယ် စဉ်းစားပြီးနောက်မှာ ဟန်လိသည် အားတင်းပြုံး၍ ငြင်းဆန်သည်။
“ဂျူနီယာအတွက် အတွင်းခန်းမကို ရောက်နိုင်ဖို့ဟာ တကယ်ပဲ လက်လှမ်းမမီနိုင်တဲ့အရာပါ။ ဂျူနီယာက စမ်းသပ်မှုနှစ်ခုကို ဖြတ်ကျော်ရုံနဲ့တင် ကျေနပ်ရပါပြီ။ ဒါ့ကြောင့် ဂျူနီယာဟာ အတွင်းခန်းမဆီ မသွားတော့ပါဘူး။ ပြီးတော့ ဂျူနီယာရဲ့ ကံကလည်း သိပ်ကောင်းလှတာ မဟုတ်ဘူး…”
ကျိနစ်ယင်သည် မျက်နှာပျက်သွားသည်။ သူ၏ မျက်လုံးတို့မှာ တင်းမာခက်ထန်လာသည်။
သူ့ဘေးရှိ ဝူချောင်သည် ကျယ်လောင်စွာဖြင့် လှမ်းဟောက်၏။
“ဟန်လိ…ကျုပ်ရဲ့ ဘိုးဘေးက ပြီးခဲ့တဲ့ ကိစ္စအတွက် မင်းကို ရန်လိုက်မရှာခဲ့ဘူး။ အခုလည်း မင်းက သူ့ရဲ့ ကြင်နာစွာ ကမ်းလှမ်းမှုကို ဆင်ခြေဆင်လက် သုံးပြီး ငြင်းနေပြန်ပြီ။ ကျုပ်တို့ရဲ့ ကျိနစ်ယင်ကျွန်းအပေါ် မင်းက အထင်အမြင်များ သေးနေတာလား…”
ကျိနစ်ယင်သည် ဝူချောင်ကို မတားသော်လည်း သူသည် မကျေမနပ်သည့် အရိပ်အယောင်ဖြင့် ဝူချောင်ထံသို့ အေးတိအေးစက် လှမ်းကြည့်လိုက်သည်။
ဟန်လိသည် ငြိမ်သက်သွား၏။ သူသည် အရိုးသခင်က သူ့ကို သဘောတူရန် တိုက်တွန်းနေသံကိုလည်း ထပ်ကြားရသည်။ သို့ဖြစ်၍ သူ၏စိတ်ထဲရှိ မယုံကြည်မှုမှာ ပို၍ အားကောင်းလာသည်။
“ကျုပ် သွားမှာ မဟုတ်ဘူး။ ကျွန်းသခင်ဝူက ကျုပ်ကို အတွင်းပိုင်းခန်းမဆီ ဘာကြောင့် ခေါ်သွားဖို့ စီစဉ်လဲ ကျုပ် မသိပေမဲ့ ကျုပ်ကို အတွေ့အကြုံရစေချင်ရုံ သပ်သပ် မဟုတ်တာတော့ သေချာပါတယ်။ ဒါ့ကြောင့် လုံခြုံဘေးကင်းတဲ့ ဧရိယာတွေမှာပဲ ကျုပ် ရတနာတွေကို ရှာဖွေတာဟာ ကျုပ်အတွက် ပိုကောင်းပါလိမ့်မယ်…”
ဟန်လိုသည် မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။