← Chapters

ရေနှင့်မီးလမ်းကြောင်း

Vol. 33 Ch. 458

ရေနှင့်မီးလမ်းကြောင်း

Vol. 33 Ch. 458

ကျိနစ်ယင်၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။ ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ သူက တည်ငြိမ်စွာ ပြောသည်။

“အစ်ကိုမန်…ခင်ဗျားမှာ သံသယ ရှိမှတော့ ကျုပ်လည်း ဘာကိုမှ မဖုံးကွယ်ထားတော့ပါဘူး။ ကျုပ်ရဲ့ ဂျူနီယာဟာ ဒီအတွင်းပိုင်းခန်းမထဲမှာ ကျုပ်တို့ရဲ့ ရတနာအမဲလိုက်ပွဲအတွင်း အတော်လေး အသုံးဝင်တယ်။ ဒါ့ကြောင့် သူက ခင်ဗျားကို စော်ကားမိသလို ဖြစ်ခဲ့ရင်လည်း သူ့ကို ခွင့်လွှတ်ပေးဖို့ ကျုပ် မျှော်လင့်မိပါတယ်…”

ကျိနစ်ယင်၏ စကားတို့သည် ဟန်လိကို အလွန် စိတ်အနှောက်အယှက် ဖြစ်သွားစေသည်။ သူသည် မန်ဟုဇီကို အဘယ်သို့များ စော်ကားနိုင်ပါ့မည်နည်း။ မန်ဟုဇီကသာ သူ့ကို ကျောက်စိမ်းတိုင်ကနေ အတင်းအကြပ် မောင်းထုတ်ခဲ့ကာ သူသည် ဒေါသထွက်သော်လည်း အောင့်ခံလျက် ထွက်ပေးခဲ့ရသည် မဟုတ်လား။

ဟန်လိသည် ထိုသို့ ထုတ်မပြောဝံ့တာ သဘာဝပင်။ ထိုစကားလုံးများကို သူ့စိတ်ထဲ၌သာ ထားထား၏။

သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မန်ဟုဇီသည် ပျင်းရိပျင်းတွဲလေသံဖြင့် ပြောသည်။

“စော်ကားမိတာလား။ ကျုပ်က ဒီကောင်လေးကို မှတ်တောင်မမှတ်မိဘူး။ ဘာမှ စော်ကားတာ မရှိဘူး။ ကျုပ်က သူ့ရဲ့ ကျင့်ကြံခြင်းပညာရပ်ဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းလို့ စမ်းသပ်ကြည့်ချင်ရုံပဲ။ ဒါပေမဲ့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ဟာ အတွင်းပိုင်းခန်းမထဲမှာ ဘယ်လိုများ အသုံးတည့်မှာလဲ။ မင်း ကျုပ်ကို လာလှည့်စားနေတာလား…”

ကျိနစ်ယင်သ်ည မျက်မှောင်ကြုတ်ကာ ထိုအခိုက်တွင် တုန့်ဆိုင်းဆိုင်း ဖြစ်နေသည်။ ယင်းနောက် သူသည် ချင်းယီထံသို့ မသိမသာ လှမ်းကြည့်သည်။ ချင်းယီသည် ခပ်ရေးရေး ပြုံး၍ မန်ဟုဇီထံသို့ အသံပို့လွှတ်သည်။

ထိုနှစ်ယောက်၏ လျှို့လျှို့ဝှက်ဝှက် အပြုအမူများကို မြင်သည့်အခါ မန်ဟုဇီသည် အနည်းငယ် အထင်သေးဟန် ဖြစ်ပေါ်သည်။ သို့သော် သူက အသံပို့လွှတ်တာကို ကြားရပြီးနောက်မှာ သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူသည် ဟန်လိကို တုန်လှုပ်အံ့အားသင့်စွာ လှမ်းကြည့်သည်။

မန်ဟုဇီသည် အဘိုးအိုချင်းကို အသံပို့လွှတ်၍ မေးခွန်းအချို့ လှမ်းမေးသည်။ ယင်းနောက် သူသည် ရုတ်တရက် သဘောပေါက်သွားပြီး ရေခဲတမျှအေးစက်သည့်ဟန်ပန်ကို ထုတ်ဖော်သည်။

မန်ဟုဇီ၏ မျက်လုံးသည် ကျဉ်းမြောင်းသွားပြီး ကျိနစ်ယင်ကို ထက်ရှသောအကြည့်ဖြင့် လှမ်းကြည့်သည်။ သူသည် လွှမ်းမိုးနိုင်သောဟန်ပန်ဖြင့် ပြောလာသည်။

“ကျိနစ်ယင်…မင်းက တပည့်တစ်ယောက် ထူးထူးခြားခြား ဘာလို့ လက်ခံခဲ့လဲလို့ ကျုပ် စဉ်းစားနေတာ။ ဒီတော့ အဲ့တာကြောင့်ကို။ ဟက်…။ မင်းက အကြံကောင်းနဲ့ လာခဲ့တာပဲ…”

“ဒေါသထွက်ဖို့ မလိုပါဘူး…အစ်ကိုမန်…။ ခင်ဗျားလည်း အဲ့လိုကိစ္စမျိုး ကြုံရရင် ကျုပ်လို့ပဲ လုပ်မှာ မဟုတ်လား။ ဒါ့အပြင် ကျုပ်တို့က ဒီကိစ္စကို ခင်ဗျားကို ပြောပြတာဟာ ကျုပ်တို့ချည်းပဲ အကျိုအမြတ်ကို မောင်ပိုင်စီးဖို့ စိတ်ကူး မရှိလို့ပဲ။ လာမယ့် ရတနာအမဲလိုက်ပွဲမှာ ကျုပ်တို့က အစ်ကိုမန်အပေါ် မှီခိုရမှာ…”

ကျိနစ်ယင်သည် တည်ငြိမ်စွာ ပြော၏။

ခဏစဉ်းစားပြီးနောက်မှာ မန်ဟုဇီ၏ အမူအရာသည် ပိုတည်ငြိမ်လာပြီး သူက ပြောသည်။

“ကျူုပ်သာ ဝင်မလှုပ်ရှားပေးဘူးဆို ဝမ်ထျန်မင်နဲ့ သူ့အုပ်စုက မင်းတို့ကို ရတနာရဖို့ အခွင့်အရေးတစ်ခုတောင် ပေးလိမ့်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျုပ်တို့ အကျိုးအမြတ်ကိစ္စကို အရင်ဆုံး ပြောကြရအောင်။ မင်းတို့ ရတနာကို ရလာခဲ့ရင် ကျုပ်တို့ ဘယ်လို ခွဲခြမ်းကျမလဲ…”

“ကျုပ်တို့ ရတနာကို လေးပိုင်းခွဲရင်ကော အဆင်ပြေမလား။ ကောင်းလေးဟန် အပါအဝင် ကျုပ်တို့တွေ ဝေစုတစ်စုစီ ယူကြမယ်…”

ပညာရှိအိုချင်းယီသည် ထိုမေးခွန်းကို သေချာ စဉ်းစားထားပြီးဖြစ်၍ ချက်ခြင်း ဖြေသည်။

ထိုအဖြေသည် မန်ဟုဇီကို ဒေါသထွက်သွားစေသည်။ သူက ပြော၏။

“ချင်းယီ…။ ခင်ဗျားက ကျုပ်ကို အလွယ်တကူ လှည့်စားလို့ ရလိမ့်မယ်လို့ ထင်လား။ အချိန်ကျလာရင် ဝမ်ထျန်မင်ကို မင်းတို့က ကိုင်တွယ်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ ဒါကို မင်းက ကျုပ်တို့ကြားမှာ အညီအမျှ ခွဲချင်နေတာလား…”

အဘိုးအိုချင်းယီသည် သက်ပြင်းချပြီး တဟားဟားရယ်မော၍ တုန့်ပြန်သည်။

“စိတ်မဆိုးပါနဲ့…အစ်ကိုမန်။ ကျုပ်ရဲ့အတွေးတွေက လုံးဝ မမျှတတာတော့ အမှန်ပါ။ အစ်ကိုမန်ကော ဘယ်လို ဆုံးဖြတ်သင့်တယ် ထင်လဲ…”

မန်ဟုဇီသည် အလေးအနက်အသွင်ဖြင့် ပြောသည်။

“မင်းတို့ ဘယ်လောက်ဘယ်ရွေ့လက်ခံမလဲကို ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်က ဒီရတနာတစ်ဝက်ကို ယူမယ်။ တကယ်တော့ ဝမ်ထျန်မင် တစ်ယောက်နဲ့တင် မင်းတို့နှစ်ယောက် ရင်ဆိုင်ရတာထက် ပိုလွန်နေပြီ။ ကျုပ်က သူ့ကို ထိန်းပေးရမယ်ဆို ကျုပ်အနေနဲ့ တစ်ဝက်ရဖို့ဟာ မျှတတယ်…”

မန်ဟုဇီ၏ စကားလုံးများသည် ကျိနစ်ယင်နှင့် အဘိုးအိုချင်းယီတို့ကို အံ့အားမသင့်သွားစေပေ။ သူတို့သည် ထိုသူမှာ အခုကဲ့သို့ ကြီးကြီးမားမား တောင်းဆိုလာလိမ့်မည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သည်။

ကျိနစ်ယင်သည် ဖြည်းဖြည်းမှန်မှန်နှင့် ပြောသည်။

“တစ်ဝက်လား။ အစ်ကိုမန်က အတော်လေး လောဘကြီးတာပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ဂျူနီယာတပည့်ရဲ့ အကူအညီမပါဘဲ ရတနာကို ရနိုင်ခြေဟာ တကယ်ပဲ နိမ့်ပါးလွန်းတယ်။ ကျုပ်တပည့်ကလည်း ဝေစုတစ်စု ရသင့်တယ်…”

“ဟား…အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ကို ကျုပ်တို့ကြားမှာ ဝေစုတစ်စုကို ခွဲပေးရမှာလား…”

မန်ဟုဇီသည် ဟန်လိထံသို့ အထင်သေးစွာဖြင့် တချက် လှမ်းကြည့်သည်။

ဟန်လိ၏ အမူအရာသည် ထိုအခိုက်တွင် ခဏတော့ တင်းမာသွားသည်။ ယင်းနောက်မှာ သူက ပြန်တည်ငြိမ်သွား၏။

“ဟားဟား…သူက လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ရင်တော့ ကောင်းကင်လေဟာနယ်ဒယ်ဇောက် ရတနာတွေထဲက ဝေစုကို ဘယ်ခွဲဝေပေးမလဲ။ ဒါပေမဲ့ အခု သူက ကျုပ်ရဲ့ တပည့် ဖြစ်နေပြီဆိုတော့ သူ့အနေနဲ့ ဝေစုတစ်စု ရရလိမ့်မယ်…”

ကျိနစ်ယင်သည် အလျော့ပေးချင်စိတ် မရှိနေပေ။

မန်ဟုဇီ၏မျက်နှာထက်တွင် တင်းမာန်ဟန် ဖြစ်ပေါ်သည်။ သူသည် တစ်စုံတစ်ခုကို တွေးမိသွားစဉ် ထိုအဘိုးအိုက ပိုကောင်းသော အကြံဉာဏ်တစ်ခုကို ပြောလာသည်။

“တိုက်ခိုက်ဖို့ မလိုပါဘူး။ ဒီလို ဆိုရင်ကော။ ကျုပ်တို့ ရတနာကို ရလာခဲ့ရင် ငါးပိုင်းခွဲကျမယ်။ ဝေစုနှစ်ခုကို အစ်ကိုမန်ယူ။ ကျန်တဲ့ဟာကို ကျုပ်တို့သုံးယောက် ခွဲဝေယူကြမယ်။ ဒါဆိုရင်တော့ သေချာပေါက် မျှတမှာပါ…”

မန်ဟုဇီသည် ခဏတော့ စိုက်ကြည့်နေသေးသည်။ ထို့နောက်တွင် သူ့မုတ်ဆိတ်ကို ငြိမ်သက်စွာ ပွတ်သပ်နေသည်။

ကျိနစ်ယင်သည် ချက်ခြင်းပင် အလေးအနက်လေသံဖြင့် ထုတ်ပြောလာသည်။

“ဒီအခြေအနေက လက်သင့်ခံနိုင်တယ်လို့ ကျုပ် ထင်တယ်။ အစ်ကိုမန်…ခင်ဗျားကော ဘယ်လိုထင်လဲ…”

“ကောင်းပြီ။ ကျုပ်က ခုထိ သိပ်မကျေနပ်သေးပေမယ့်လည်း အစောပိုင်းတုန်းက အကြံပြုချက်တော့ ပိုကောင်းတယ်…”

မန်ဟုဇီသည် မျက်မှောင်ကြုတ်ကာ စိတ်ကသိကအောက်လေသံဖြင့် ပြောသည်။

သူသည် ကျိနစ်ယင်နှင့် အဘိုးအိုချင်းတို့သည် လက်တွဲထားပြီး ဖြစ်သည်ကို သိလိုက်၏။ သို့ဖြစ်၍ ထိုတောင်းဆိုလာသော အခြေအနေသည် သူတို့ ပေးနိုင်တာ လက်ကုန် ဖြစ်ဖို့များသည်။ သို့ဖြစ်၍ သူသည် သူတို့အပေါ် အပြင်းအထန် ဖိအားပေးနိုင်စွမ်း မရှိတော့ချေ။

မိစ္ဆာတာအိုဘက်မှ ပုဂ္ဂိုလ်များသည် ခုထိ မရသေးသော ရတနာများကို မည်သို့မည်ပုံ ခွဲဝေကြမလဲဟု ဆွေးနွေးနေကြစဉ် ဝမ်ထျန်မင်နှင့် လမ်းမှန်တာအိုကျင့်ကြံသူများသည် ရတနာများနှင့် ပတ်သတ်၍ လျှို့ဝှက်ဆွေးနွေးနေကြသည်။

“ဂိုဏ်းခေါင်းဆောင်ဝမ်…ခင်ဗျားရဲ့ ရွှေမျှင်ပိုးကောင်က ကောင်းကင်လေဟာနယ်ဒယ်ဇော်ကို ချိုးဖျက်နိုင်ဖို့ ခင်ဗျားအနေနဲ့ ဘယ်လောက်များ သေချာပါသလဲ။ အတိတ်တုန်းက ဒီရတနာကိုရဖို့ တွေးခဲ့တဲ့ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ ဒါပေမဲ့လို့ ဘယ်သူကမျှ မအောင်မြင်ခဲ့ကြဘူး။ ကျုပ်တို့လည်း မအောင်မြင်မှာကို ကျုပ် စိုးရိမ်နေတာပါ…”

တာအိုရသေ့ထျန်ဝူဇီသည် စိတ်ပူပန်ဟန်ဖြင့် ပြောလာသည်။

ဝမ်ထျန်မင်က တည်ငြိမ်စွာ ပြော၏။ “စိတ်ချနေပါ။ ကျုပ်ရဲ့ ရွှေမျှင်ပိုးကောင်နဲ့က ရနိုင်ခြေအများကြီး မမြင့်ဘူးဆိုရင်လည်း ကျုပ်တို့က ကောင်းကင်မိုးပြာပန်းကိုတော့ ရအောင် ယူနိုင်မှာပါ။ ကျုပ်တို့က ရတနာကို ရတဲ့အခါ ဒီပန်းကို ပိုးကောင်ဆီ အစာကျွေးလိုက်ရင် အောင်မြင်နိုင်ခြေဟာ အနည်းဆုံးတော့ လေးရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါက မြင့်မားတယ်လို့ သတ်မှတ်နိုင်တယ်မလား…”

“ဒီနိမ့်ကျတဲ့ တာအိုရသေ့က ဒါကို နားလည်ပါပြီ။ ကျုပ်က ဒီကိစ္စအကြောင်း တွေးမိတဲ့အခါတိုင်း မလွယ်ကူသလို ခံစားနေရရုံပါ။ ကျုပ် ရှက်မိပါတယ်။ ကြည့်ရတာ ကျုပ်ရဲ့ ကျင့်ကြံမှုဟာ ကင်းမဲ့ပုံ ရပြီး ကျုပ်စိတ်ကိုလည်း အများကြီး ပိုမြင့်တင်ဖို့ လိုနေတဲ့ ပုံပဲ…”

ထျန်ဝူဇီသည် အနည်းငယ် အရှက်ရဟန်ဖြင့် ပြောသည်။

ဝမ်ထျန်မင်သည် တဟားဟား ရယ်မောကာ ပြောသည်။

“ဟားဟား…ကျုပ်လည်း ကောင်းကင်လေဟာနယ်ရဲ့ ရတနာတွေကို ရဖို့ လိုနေတဲ့ ဟို လူလည်ကြီးတွေဖြစ်တဲ့ ကောင်းကင်ကြယ်ပညာသခင်နှစ်ယောက်နဲ့ ပတ်သက်ပြီး အတော်လေး စိတ်ပူပန်မိပါတယ်။ ဒါကတော့ လူသားသဘာဝပါပဲ။ ကျုပ်တို့က ကျင့်ကြံသူတွေပဲ ဖြစ်သေးတယ်မလား။ ကျုပ်တို့ဟာ အစစ်အမှန်အင်မောတယ်တွေလို လိုအင်ဆန္ဒကင်းမဲ့တဲ့သူတွေ မဟုတ်ကြသေးဘူးလေ…”

ထို့နောက်တွင် လယ်သမားအိုကြီးက ပြောလာသည်။

“ဒါပေမဲ့လည်း ဂိုဏ်းခေါင်းဆောင်ဝမ်က မိစ္ဆာတာအိုကျင့်ကြံသူတွေကို စောင့်ကြည့်နေတာ ပိုကောင်းလိမ့်မယ်။ သူတို့က တစ်ခုခုကို ကြိတ်ဆွေးနွေးနေကြတာ။ သူတို့မှာ ကြိတ်ကြံနေတာ တစ်ခုခု ရှိလောက်တယ်။ ဒါပေမဲ့လို့ အခုတော့ သူတို့က ဘာမှ မဟုတ်သလို နေနေကြတယ်။ မိစ္ဆာတာအိုကျင့်ကြံသူတွေက တစ်ခုခုကိုများ ကြံစည်နေကြတာလား…”

ထိုစကားကို ကြားသည့်အခါ ဝမ်ထျန်မင်သည် မိစ္ဆာတာအိုကျင့်ကြံသူများထံ လှမ်းကြည့်ပြီး လှောင်ပြုံးပြုံးသည်။

ထို့နောက်တွင်တော့ သူက အလေးအနက်အသွင်ဖြင့် ပြောသည်။

“မိစ္ဆာတာအိုရဲ့ ခွန်အားနဲ့ ပညာရပ်တွေက အစွမ်းထက်ပြီး သူတို့ရဲ့ ပင်ကိုယ်စရိုက်ကတော့ လွယ်လွယ် ပြောင်းလဲနိုင်ကြတယ်။ သူတို့နဲ့ ပတ်သက်ပြီး ကျုပ်တို့ စိတ်ရှုပ်စရာတော့ မရှိဘူး။ ကျုပ်တို့ရဲ့ ကြိုးစားမှု မအောင်မြင်ခဲ့ရင်လည်း ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို သူတို့လက်ထဲ မကျရောက်သွားအောင် ကျုပ်တို့ လုပ်ရမယ်။ တကယ်တော့ ကျိနစ်ယင်ရဲ့ မီးမြွေဟာ ရတနာကို ရယူနိုင်စွမ်းရှိတဲ့ စိတ်ဝိညာဉ်သားရဲတစ်ကောင် မဟုတ်လား…”

“ဂိုဏ်းခေါင်းဆောင်ဝမ် ပြောတာ အမှန်ပါပဲ။ မိစ္ဆာတာအိုဘက်ကသာ အဲ့တာကို ရသွားခဲ့ရင် သူတို့က အူမြူးသွားကြလိမ့်မယ်။ ကြယ်နန်းတော်ရဲ့ ခုလက်ရှိ အင်းအားနည်းနေပုံနဲ့ ကျုပ်တို့ဟာ ကြယ်နန်းတော်အစား ပြန့်ကြဲကြယ်ပင်လယ်များရဲ့ အုပ်စိုးသူများအဖြစ် ဒီမိစ္ဆာတာအိုတွေကို နေရာဝင်ယူသွားမှာကို ခွင့်မပြုနိုင်ဘူး…”

ထျန်ဝူဇီသည် ထပ်တလဲလဲ ခေါင်းညိတ်ပြသည်။

ဝမ်ထျန်မင်သည် အတော်လေး ကျေနပ်သွာသည်။ သူက တစ်ခုခုကို ပြောရန် စဉ်းစားနေစဉ် တောင်ထံမှ အပြာအနီအလင်းသည် ရုတ်တရက် အားကောင်းလာသည်။ ချောက်နက်ထံ ဦးတည်သော ဝင်ပေါက်နံရံများသည် အပြင်းအထန် စတင် တုန်ခါလာပြီး လမ်းကြောင်းနှစ်ခုသည် ပွင့်ဟသည်။ ယင်းလမ်းများသည် ချောက်နက်ထံသို့ ဦးတည်သည်။

ဝင်ပေါက်တစ်ခုစီပေါ်တွင် လေးနက်သလင်းကျောက်လမ်းနှင့် ချောရည်ခဲလမ်းဟူ၍ ရှေးဟောင်းစာလုံးများဖြင့် ရေးသားထားသည်။

ရုတ်တရက် ဝင်ပေါက်များအနီးဆုံးရှိ ကျင့်ကြံသူများသည် ရှေ့သို့ အလျင်အမြန် ခြေလှမ်းကြသည်။

ချောရည်ခဲလမ်းကြောင်း၏ ဝင်ပေါက်နား ချဉ်းကပ်မိသူများသည် ချစ်ချစ်တောက်အပူက သူတို့ကို လာဟပ်ကာ သူတို့၏ အာခေါင်များ သွေ့ခြောက်သွားသကဲ့သို့ ခံစားရလေ၏။

သလင်းကျောက်လမ်းကြောင်း ဝင်ပေါက်နားမှ သူများအတွက်မူ အတွင်းဘက်မှ အဖြူရောင်ရေခဲအော်ရာတစ်ခုကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ထိုအေးစက်စက်လေပြင်းများက လူတစ်ယောက်၏ စိတ်နှလုံးကို အေးစက်သွားစေနိုင်သည်။

“ဟန်လိ သွားကြစို့။ ကျုပ်တို့ ဒီရေခဲနဲ့မီးလမ်းကြောင်းတွေရဲ့ အခြားတစ်ဖက်မှာ ပြန်စုံကြမယ်။ ဒီလမ်းကြောင်းတွေကို ဖြတ်ပြီး ကျုပ်ကိုယ်တိုင် မင်းကို မခေါ်သွားပေးနိုင်ပေမယ့် အအေး ဒါမှမဟုတ် အပူ ကိုခုခံနိုင်တဲ့ ရတနာတစ်ခုကို ငါ မင်းဆီ ပေးလိုက်မယ်။ ဘယ်လမ်းကို ရွေးမလဲကတော့ မင်း အပေါ်ပဲ မူတည်တယ်…”

ဟန်လိသည် တစ္ဆေမြူများကို ဖြတ်သန်းလာသည့်အခါ၌ သူသည် နတ်သမီးခရမ်းဝိညာဉ်ထံကနေ သည်ရေခဲနှင့်မီးလမ်းကြောင်းများနှင့် ပတ်သတ်ပြီး ကြားသိထားခဲ့ပြီး ဖြစ်သည်။

သူသည် လမ်းကြောင်းထဲသို့ ခြေလှမ်းဝင်ပြီးသည်နှင့် ချောက်နက်ထဲတွင် ကြိုတင်ရှိနေသော နေရာတစ်ခုထံသို့ တည်နေရာရွှေ့ပြောင်းခံရမည်မှန်း သိထားသည်။ တခြားသူများနှင့် အတူတူ တည်နေရာရွှေ့ပြောင်းခြင်း ခံရဖို့မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှ၏။

ခဏ စဉ်းစားနေပြီးနောက်မှာတော့ ဟန်လိသည် ဖြည်းဖြည်းချင်း ပြောသည်။

“ကျနော် ချောရည်ခဲလမ်းကို သွားပါမယ်။ မီးဒဏ်ခံနိုင်တဲ့ ဝတ်စုံတချို့ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ အတော်လေး အသုံးတည့်နိုင်ပါတယ်ဗျ…”

ကျိနစ်ယင်သည် အပြာရောင်ကျောက်စိမ်းဆွဲကြိုးတစ်ခုကို သူ၏ သိုလှောင်အိတ်ထဲကနေ ချက်ခြင်း ထုတ်၍ ဟန်လိထံသို့ လှမ်းပေးသည်။

“ကောင်းပြီ။ ဒါကို သေချာ ဂရုစိုက်ပါ။ ဒီပစ္စည်းနဲ့ဆို မင်းအနေနဲ့ ဒီစမ်းသပ်ကွင်းမှာ ဘာပြဿနာမှ မရှိဘဲ ဖြတ်ကျော်နိုင်လိမ့်မယ်…”

မန်ဟုဇီသည် ဤသည်ကို မြင်သည့်အခါ သူသည် မကောင်းဆိုးဝါးဆန်စွာ ပြုံး၍ ပြောသည်။

“တကယ့်ကို မထင်မှတ်စရာပဲ။ ကျိနစ်ယင်လို လူမျိုးက ခုချိန်မှာ အမှန်တကယ် ရက်ရောက်မှုကို ပြသနေတာပဲကို။ ဒါက မင်းရဲ့ အဖြူရောင်ဦးချို သင်္ကေတမလား…”

All Chapters