← Chapters

ထက်ခြမ်းကွဲခြင်း

Vol. 67 Ch. 929

ထက်ခြမ်းကွဲခြင်း

Vol. 67 Ch. 929

အမှောင် ဟင်းလင်းပြင်...

အမှောင် ဟင်းလင်းပြင်မှာ အာကာသ လေဟာနယ် တစ်ခု ဖြစ်သည်။ သဘာဝ အားဖြင့် အသံ ကူးဖြတ်မှု ကင်းမဲ့သည့် နေရာ တစ်ခု ဖြစ်သည်။

သို့သော်လည်း ဆေဘာ ဟိန်းဟောက်သံများ ပေါ်ထွက်လာချိန်တွင်တော့ ထိုအသံမှာ ဒြပ်စင် နယ်မြေ တစ်ခုလုံးကို ဖြတ်သန်းကာ မိုင်သိန်းပေါင်း များစွာ အထိ ပျံ့နှံ့ သွားခဲ့လေသည်။ ၎င်းတို့မှာ ဝိညာဥ်၊ ရုပ်ခန္ဓာ နှစ်ပိုင်း စလုံး အပေါ်တွင် သက်ရောက်မှု ရှိကာ အနီအနားရှိ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

ရွှင်း...

မြေကြီး ရှန့်ထို နှစ်ယောက်မှာ အလျှင်အမြန်ပင် တုန့်ပြန်ကာ လောကနယ်မြေ စက်ဝိုင်းများကို ဝန်းရံ၍ နောက်ထပ် အကာအကွယ် တံတိုင်းများ ဖန်တီးလိုက်ကြ၏။ ထို့နောက် သူတို့က ဆေဘာဟိန်းဟောက်သံများ ထွက်ပေါ်လာရာ ရင်းမြစ်ကို ကြည့်ရှု လိုက်ကြလေသည်။

ရွှင်း...

မူလဂြိုဟ်၏ မျက်နှာပြင် တစ်နေရာ၌ ဆေဘာအလင်း တစ်ခု လင်းလက်သွားသည်ကို သူတို့ တွေ့လိုက်ရ၏။ ထိုအလင်းက အာကာသထဲမှ မြင်နိုင်သည် အထိ အလွန် ကြီးမားကာ ဂြိုဟ်တစ်ခုလုံးမှ စွမ်းအင်များကို ဆက်သွယ် ထားကြောင်း ရှင်းလင်းစွာ မြင်နိုင်ပေသည်။

မရှေးမနှောင်းပင် နောက်ထပ် ဆေဘာအလင်း တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ကြီးမားခြင်း မရှိသလို ကျယ်ပြန့်ခြင်းလည်း မရှိချေ။ ထို့နည်းတူစွာ ဂြိုဟ်တစ်ခုလုံးမှ စွမ်းအင်များကိုလည်း သယ်ဆောင်ထားပုံလည်း မရချေ။ သို့သော်လည်း... ၎င်းကို မြင်သည်နှင့် ကျန်းကျိရီမှာ အကြောင်းရင်း မရှိ ရင်တစ်ခုလုံး တဒိတ်ဒိတ် တုန်သွား၏။ မကြာခင် အလွန် ဆိုးရွားသည့် အရာ တစ်ခု ဖြစ်ပွားတော့မည် ဖြစ်ကြောင်း သူမ ဆဋ္ဌမ အာရုံဖြင့် ခံစားလိုက်ရလေသည်။

ဓားအလင်း နှစ်ခုမှာ စက္ကန့်ဝက်မျှ အတွင်းမှာပင် ဖြစ်ပေါ်လာကာ ပြန်လည် အဆုံးသတ် သွားခဲ့၏။ ထို့နောက်... တစ်လောကလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

“...”

ဟန်ယုဟိုင်မှာ မျက်တောင် တစ်ချက်မျှ မခပ်ပဲ ဂြိုဟ်ကို စိုက်ကြည့် နေခဲ့၏။ သို့သော်လည်း... ထူးဆန်းသော စွမ်းအင် တစ်ခုက သူ့ကို မြင်နိုင်စွမ်း မရှိအောင် တားဆီးထားသည်။ ထိုအရာက ကပ်ဘေးများ၏ ပြိုင်စံရှား စွမ်းရည် တစ်ခုပင် ဖြစ်သည်။ ပုံမှန် မဟုတ်သည့် နည်းလမ်းများဖြင့် ပါဝင်ခြင်း မရှိသရွေ့ သူတို့မှာ ကောင်းကင်ဘုံ၏ ဖြစ်စဉ်များကို မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ မြေကြီး ရှန့်ထိုများတွင်လည်း ကိုယ်ပိုင် အကန့်အသတ်များ ရှိသည်သာ ဖြစ်သည်။

ဟန်ယုဟိုင် စိုးရိမ် နေမိ၏။ မူလဂြိုဟ်မှာ သူတို့ အစစ်အမှန်ဂိုဏ်း၏ တစ်ခုတည်းသော ဂြိုဟ် ဖြစ်သည်။ သူတို့ ဂုဏ်ယူရသည့် ပျော်ရွှင်ရသည့် ဂြိုဟ်လည်း ဖြစ်သည်။ မရေမတွက်နိုင်သည့် အမွေအနှစ်များ ရှိရာ နေရာ ဖြစ်သည်။

ဝှစ်...

ရုတ်တရက်... စွမ်းအင် တစ်ခုမှာ မူလဂြိုဟ်မှ ပေါက်ကွဲ ထွက်ပေါ်လာ၏။

“မဟုတ်ဘူး...”

မြေကြီး ရှန့်ထိုများ၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်မှုများနှင့် အတူ ပြူးကျယ် သွားသည်။

ခရက်... ခရက်...

မူလဂြိုဟ်မှာ စတင်၍ လှုပ်ရှားလာ၏။ ၎င်း၏ တောင်ခြမ်းက တောင်ဘက်သို့ တအိအိ ရွေ့လျားလာကာ မြောက်ခြမ်းကလည်း မြောက်ဘက်သို့ ဦးတည် ရွေ့လျားလာသည်။ ၎င်းမှာ နှစ်ခြမ်း ကွဲထွက်နေခြင်း ဖြစ်လေတော့၏။

...

ဟူး... ဟူး....

ဝေ့ဝူယင်မှာ ခြောက်ကမ်းပါးကြီး နှစ်ခု၏ အထက်၌ ရပ်နေခဲ့၏။ ကမ်းပါးစောက်များက အလွန်ပင် ညီလာနေကာ ဖြောင့်တန်းစွာ ဖြစ်တည်နေသည်။ ၎င်းက လောကကိုယ်ပွား ဘုရင်၏ ဆေဘာ တိုက်ခိုက်မှု ရလဒ်ပင် ဖြစ်သည်။ ခြောက်ကမ်းပါးကြီးမှာ ဂြိုဟ်၏ အနက်ရှိုင်းဆုံး နေရာများကိုပင် ကျော်လွန်၍ ကျဆင်း သွားကြောင်း သူ ခန့်မှန်းနိုင်ပေသည်။

ဝေ့ဝူယင် လက်ထဲရှိ ဒြပ်စင်ကို ကြည့်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများက ထူးဆန်းစွာ တောက်ပနေသည်။ အကယ်၍ အနီးကပ် ကြည့်မည် ဆိုပါက ဓားရာကြီးမှာ ဝေ့ဝူယင်၏ နောက်ကြောတည့်တည့် မြေပြင်ပေါ်တွင် ဖြစ်ကြောင်း တွေ့ရလိမ့်မည် ဖြစ်သည်။ ၎င်းက တစ်စက်မျှ လွဲချော်ခြင်း မရှိချေ။ ဝေ့ဝူယင် ဓားချက်ကို ခံခဲ့ရသည်။

“အဟွတ်... အဟွတ်...”

ချောင်းဆိုးသံ အချို့ ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ ပါးစပ်မှ မီးခိုးရောင် သွေးများ စီးထွက်လာခဲ့၏။ သူ၏ မျက်လုံး၊ နားနှင့် နားခေါင်းတို့မှာလည်း သွေးများဖြင့် လျှံတက်လာခဲ့သည်။ ဒွါရပေါက်တိုင်းမှ သွေးများ စီးကျနေသည့်တိုင် ဝေ့ဝူယင်၏ အမူအရာက အလွန်ပင် တည်ငြိမ်နေကာ ဒြပ်စင်ကို ထူးဆန်းသည့် အမူအရာဖြင့် ငေးကြည့်နေဆဲ ဖြစ်ပေသည်။

ဟူး... ဟူး...

လောကကိုယ်ပွား ခရာတို၏ အပိုင်းအစများမှာ ကောင်းကင်မှ နေ၍ ပြုတ်ကျလာကာ ဝေ့ဝူယင် ပတ်လည်တွင် စုစည်းလာ၏။ ခရာတိုနှင့် အိုရီတို့၏ အပိုင်းအစများကလည်း အလားတူပင် ပျံသန်းကာ ချဉ်းကပ်လာသည်။ ၎င်းတို့က ဝေ့ဝူယင် နံဘေးကို လေပွေဝဲများ သဖွယ် ဝိုင်းပတ်ကာ လှပသည့် အလင်းရောင်စဉ်များ အဖြစ် ဖွဲ့စည်းသွားကြ၏။

ဟူး... ဟူး...

လောက ကိုယ်ပွား ဧဒင်မှာလည်း ခုနစ်ရောင်ခြယ် အမှုန်အမွှားများ အဖြစ် အသိစိတ် ပင်လယ်ထဲမှ အပြင်သို့ စီးထွက်လာည်။ ထို့နောက် ၎င်းသည်လည်း အခြား ကိုယ်ပွားများ နည်းတူပင် အမိန့်နာခံစွာ လိုက်လံ လှုပ်ရှား လိုက်လေ၏။

“မင်း သေချာလား...”

ဝေ့ဝူယင် ဒွာရပေါက်များမှ နေ၍ စီးကျနေသည့် မီးခိုးရောင် သွေးများကို အမှုမထားပဲ တည်ငြိမ်စွာ မေးလိုက်၏။

“မင်း သေချာလား... တကယ် သေချာတယ်နော်...”

အိုရီကလည်း စိုးရိမ်စွာဖြ်င့ မေးလိုက်သည်။ ထိုအခိုက်၌ သူက ခန္ဓာကိုယ် ပြင်ပ ကျင့်စဉ်ကို ထုတ်ဖော်ထားကာ အဖြူရောင် စက်ဝန်း အသွင်ဖြင့် လေထု အတွင်း လွင့်မျောနေ၏။

“သေချာတယ်...”

ဘုရင်က ဖြေလိုက်၏။ သူ၏ အသံက ပြတ်သားကာ အကြွင်းမဲ့ လေးနက်မှုများနှင့် ပြည့်နှက် နေ၏။ ဝေ့ဝူယင် ခေါင်းညိတ်လိုက်သည်။ ဆက်လက် တွေဝေစရာ အကြောင်း မရှိတော့ချေ။ သူ ချက်ချင်းပင် မျက်လုံးများကို မှိတ်ကာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ထုတ်ဖော် လိုက်၏။

ဟူး... ဟူး...

ရောင်စုံကြယ်များ အလား အင်ပါယာ ကောင်းကင် အော်ရာက သူ့ပတ်လည်တွင် စုစည်း လာခဲ့သည်။ အနန္တ ဧကရာဇ်ဂိုဏ်း နေ့ရက်များတုန်းက ဝူပိုင်ကျိုး အတွက် အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ပေးရန် ဝေ့ဝူယင် ထိုအော်ရာကို အနည်းအကျဉ်း သန့်စင်ခဲ့ဖူးသည်။

၎င်းက အင်ပါယာ ကောင်းကင် အမတေ၊ အင်ပါယာ ကောင်းကင် ဝိညာဉ်တို့မှာ ဆင်းသက်လာသည့် ပြိုင်စံရှား အင်ပါယာ ကောင်းကင် အော်ရာ မဟုတ်သည့်တိုင် အဂ္ဂိရတ် ပညာရှင်များ အတွက် သင့်တော်သည့် အစားထိုး တစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အနန္တ ဧကရာဇ် ကျမ်းစာ အတွင်း ဖော်ပြထားသည့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။

ဝှစ်... ဝှစ်...

ဝေ့ဝူယင် အင်ပါယာ ကောင်းကင် အော်ရာကို ဒြပ်စင် အတွင်းသို့ ပို့ဆောင် လိုက်၏။ ထိုမှတစ်ဆင့် ၎င်းတို့က ဘုရင်၏ ကြယ်တာရာ အမြုတေထဲ ဝင်ရောက်သွားသည်။

“မကျရှုံးစေနဲ့...”

ခရာတိုက ဟိန်းဟောက်လိုက်သည်။

“မင်း တစ်ခုခု လိုရင် ငါတို့ ရှိနေမယ်...”

ဧဒင်ကလည်း ပြောလိုက်၏။

ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ မျက်နှာထက်၌ အရေးအကြောင်း တစ်ချို့ ရှိနေခဲ့ကာ ထိုအရာက အသက်အင်အား ကုန်ခမ်းခြင်း၏ လက္ခဏာ တစ်ရပ် ဖြစ်ပေသည်။

လောကကိုယ်ပွား အပိုင်းအစများမှာ တုန်ရီနေကြကာ စုပ်ယူခံရန် အဆင်သင့် ဖြစ်နေကြ၏။ ထိုဖြစ်စဉ် ပြီးနောက်မှ ကောင်းကင်ကပ်ဘေးကြီး ပြီးဆုံးပြီဟု ဆိုနိုင်လိမ့်မည် ဖြစ်ပေသည်။

“ပြီးသွားပြီလား...”

ဧဒင် အမှတ်အသားထံမှ အသက်အင်အားနှင့် သစ်သား စွမ်းအင်များကို စုပ်ယူကာ ခန္ဓာကိုယ် ဒဏ်ရာများကို ကုသရင်း ဝေ့ဝူယင် မေးလိုက်၏။

ဤကပ်ဘေးက အမှန်တကယ်ပင် ကြမ်းတမ်းလှကာ သူ့ အသက်အင်အား ကိုးဆယ် ရာခိုင်နှုန်းလောက် အထိ ထိခိုက်ခဲ့သည်။ အကယ်၍ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်းနှင့် လျှို့ဝှက် မြေကြီး အဆင့် အကာအကွယ်တို့ ကြောင့်သာ မဟုတ်ပါက သူ ကျရှုံး၍ပင် သွားလိမ့်မလား မပြောတတ်ပါချေ။ အထူးသဖြင့် ပျက်သုဉ်းခြင်း ဆေဘာအလင်း တိုက်ခိုက်တိုင်း သူ သေမင်းနှင့် ရင်ဆိုင်နေရသလိုပင် ခံစားခဲ့ရသည်။ ကောင်းကင်တံတိုင်းကြီး ပြီးလျှင် ၎င်းက သူ ရင်ဆိုင်ဖူးသမျှထဲ၌ အင်အား အကြီးဆုံး ဖြစ်ပေသည်။

“ဘယ်ကသာ...”

ဧဒင်က အဖြေပေးလိုက်၏။

“ငါ ထင်ထားတဲ့ အတိုင်းပဲ...”

ဝေ့ဝူယင် မျက်လုံးများကို ဖွင့်ကာ လောကအလင်း အပိုင်းအစများစွာကို လေ့လာလိုက်၏။ သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ ဘယ်တုန်းကမှ ရိုးရှင်းသည့် ဖြစ်တည်မှုများ မဟုတ်ကြပါချေ။

***

All Chapters