ပြီးဆုံးခြင်း
Vol. 67 Ch. 932
ဟူး... ဟူး...
လောကအလင်းများမှာ ကောင်းကင်ပေါ် ပျံတက်သွားကြပြီ ဖြစ်သည်။ ၎င်းတို့က အလွန် ခမ်းနား ထည်ဝါကာ လှပသည့် မြင်ကွင်းတစ်ခုကို ပုံဖော်ထားကြ၏။ အဂ္ဂိရတ် တာအို၏ ခုနစ်သွယ်သော အလင်းရောင်များအား အဖြူရောင်၊ ငွေရောင်၊ မီးခိုးရောင်တို့က အချိုးကျကျ ပေါင်းစပ်ထားကာ ပြိုင်စံရှားသည့် ကောင်းကင် ရောင်စဉ် တစ်မျိုးကို ဖန်တီးထားသည်။
လေထု ကင်းမဲ့နေသည့်တိုင် အလင်း ကွန်ယက် တစ်ခုမှာ လှပစွာ ဖြစ်တည်နေ၏။ သို့သော်လည်း ထိုဖြစ်စဉ်က ကြာရှာ မခံလိုက်ချေ။ အလင်းရောင်စဉ်များ အားလုံးမှာ အတူတကွ စုပေါင်း၍ အေးခဲ သွားကြကာ ဥလိုမျိုး အရာဝတ္ထု တစ်ခု အဖြစ် ပေါင်းစည်း သွားကြ၏။ ထိုဥက ဆယ့်သုံးမီတာထက် ပိုမို ကြီးမားခြင်း မရှိလှချေ။ ထို့အပြင် ဥ၏ မျက်နှာပြင် ထက်တွင်လည်း မည်သည့် သင်္ကေတ၊ လက္ခဏာရပ် တစ်ခုမှ ရှိမနေပါချေ။ ၎င်းက လောကကြီးမှ နေ၍ သဘာဝ အတိုင်း မွေးဖွားလာဟန် ရလေသည်။
ဝေ့ဝူယင်တို့ ကြည့်နေစဉ်မှာပင် ဥက နောက်တစ်ကြိမ် ပုံပြောင်းသွားကာ လူသား တစ်ယောက် အဖြစ် ကျုံ့ဝင် သွားခဲ့၏။ ထိုပုံရိပ်က ကြွက်သား ဖွဲ့စည်းပုံမှ အစ၊ မျက်နှာ အသွင်အပြင်များ အထိ ဝေ့ဝူယင်နှင့် ချွပ်စွပ် တူညီပေသည်။ မသိပါက... ဝေ့ဝူယင် နောက်ထပ် တစ်ယောက်လိုပင်။
“ဘာလဲဟ...”
ဝေ့ဝူယင် မထိန်းချုပ်နိုင်ပဲ မေးလိုက်မိ၏။ ထိုအရာက ကြယ်တာရာ ဝိညာဥ်များ၏ အစီအစဉ်ရော။ သူတို့က လောကကိုယ်ပွား တစ်ခု ဖွဲ့စည်းရန် ကြိုးစားနေသလော။
လောကကိုယ်ပွားမှာ မျက်လုံးများကို မှိတ်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဟန် ရ၏။ သူ၏ ခန္ဓာကိုယ်က လောက၏ အော်ရာများကို သယ်ဆောင်ထားလေရာ ဒဏ္ဍာရီများထဲမှ နတ်ဘုရား တစ်ပါးနှင့် ရင်ဆိုင်နေရသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။
ဘုန်း...
ရုတ်ချည်းပင် အလွန် ပြင်းထန်သော ဖိအားများမှာ ဆင်းသက် လာခဲ့၏။ အသက်ရှူခြင်းက ရပ်တန့်သွားကာ သွေးများပင် အေးခဲသွားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများက အပ်ပေါက်များ အလား ကျဉ်းမြောင်း သွားခဲ့၏။ မကြာခင် သေဆုံးရတော့မှာ သေချာနေသလို ကျပ်တည်းသည့် ခံစားချက် တစ်ခုက ဝေ့ဝူယင် စိတ်အတွင်း ဖြစ်ပေါ်လာခဲ့၏။
“သူ မနိုးလာခင် သတ်လိုက်တော့...”
ဧဒင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ပုံမှန်အားဖြင့် တည်ငြိမ်တတ်သည့် ဧဒင်၏ အမူအရာက ထိုအခိုက်အတန့်၌ လုံးဝ ပျောက်ကွယ်နေကာ အသိစိတ် ပင်လယ် တစ်ခုလုံးမှာ လောကငလျင် တစ်ခုနှင့် ရင်ဆိုင် နေရသလို လှုပ်ခါနေသည်။
“ကလန့်...”
ဘုရင်၏ အသံကလည်း တူညီစွာပင် ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းက ရန်လိုမှု၊ သတ်ဖြတ်လိုမှုတို့နှင့် ပြည့်နှက်နေကာ တစ်ချိန်တည်း၌ စိုးရွံမှု အငွေ့အသက် အချို့လည်း ပါဝင်နေသည်။
“သတ်... သတ်... သတ်... မြန်မြန်...”
အိုရီကလည်း လောဆော်လိုက်၏။ ထိုဆန်းကြယ် ကြယ်တာရာ ဝိညာဥ်ကလေးမှာ ကြောက်ရွံ့နေကြောင်း ဝေ့ဝူယင် ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
ခရာတိုကတော့ ဟိန်းဟောက်ခြင်း မပြုသလို မည်သည့် အသံကိုမှ ထုတ်လွှတ်ခြင်း မပြုချေ။ သို့သော်လည်း... ၎င်း၏ တိတ်ဆိတ်မှုက အလွန်အမင်း စကားပြောပေသည်။
“အဲဒါက ဘာလဲဟ...”
မည်သည့် အခြေအနေမှန်း မသိရသည့်တိုင် ဝေ့ဝူယင် ဆက်လက်၍ မတုန့်ဆိုင်း ရဲတော့ချေ။ သူက မတုန့်မဆိုင်းပင် ကြယ်တာရာ ဝိညာဥ်လေးခုထံမှ စွမ်းအင်များကို စုစည်းကာ ဒြပ်စင်ထံ ပို့လွှတ်လိုက်၏။ တစ်ချိန်တည်း၌ သူက မူလဒြပ်စင် ရည်ရွယ်ချက်ကို ထုတ်ဖော်ကာ ဂြိုဟ်အတွင်းရှိ လက်ကျန် မြေကြီး စွမ်းအင်များနှင့် ဆက်သွယ်လိုက်၏။ ထို့နောက်... အတွေးတစ်ချက်ဖြင့်ပင် မိုင်ထောင်ပေါင်းများစွာသော မြေကြီးများကို လေစွမ်းအင်များ အဖြစ် ပြောင်းလဲ လိုက်သည်။
ဝေ့ဝူယင် ဒြပ်စင်ကို မလိုက်သည်။ ဆေဘာ နှလုံးသား ရည်ရွယ်ချက်များမှာ အရှိန်အဟုန် ပြင်းစွာပင် ဒြပ်စင်ထံ စီးဝင်သွား၏။
ဘုန်း...
ပတ်ဝန်းကျင်ရှိ ရှိရှိသမျှသော လေစွမ်းအင်များမှာ ဆေဘာ စွမ်းအင်များ အပြင် ပြောင်းလဲသွားကာ ဝေ့ဝူယင် နံဘေးတွင် အဆုံးမဲ့ ဆေဘာ အလင်းများ အသွင်ဖြင့် ဝန်းရံလာကြ၏။ ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှိုက်သွင်း လိုက်သည်။ ထို့နောက် မြေပြင်ကို ဖနှောင့်ဖြင့် ပေါက်ကာ ကောင်းကင်ရှိ ဝေ့ဝူယင်ထံ ကြယ်တံခွန်း တစ်ခုလိုမျိုး ထိုးတက်သွား၏။
သို့သော်လည်း... သူ့ခန္ဓာကိုယ်ကို ဝန်းရံနေသည့် ဆေဘာအလင်းများကတော့ နောက်မှ လိုက်ပါလာနိုင်ခဲ့ခြင်း မရှိပါချေ။ ကောင်းကင် ဖိအားမှ ထုတ်လွှတ်သည့် အလွန် ပြင်းထန်သည့် မြေဆွဲအား စွမ်းအင် အောက်တွင် ၎င်းတို့မှာ မြေကြီး အတွင်းသို့ နစ်ဝင်ကာ စုန်းစုန်းပင် ပျောက်ကွယ်သွားခဲ့ကြ၏။
ဝေ့ဝူယင်၏ မျက်လုံးများက ပိုမို၍ပင် ကျဉ်းမြောင်း သွားသည်။ အကယ်၍ သန့်စင်သည့် ခန္ဓာကိုယ်နှင့် အစစ်အမှန် နဂါး အသွင်ပြောင်းခြင်းတို့ကြောင့်သာ မဟုတ်ပါက ထိုဖိအားများ အောက်၌ သူ ကိုယ်တိုင်ပင်လျှင် နစ်မွန်း သွားလိမ့်မည် ဖြစ်သည်။
ဟူး... ဟူး...
ဝေ့ဝူယင် ဆေဘာကို ကိုင်ကာ ဆက်လက် ပျံတက်လာခဲ့၏။ တစ်လက်မမျှ ရွေ့လျားရန် အတွက်ပင် သူ အလွန် ကြီးမားသည့် ခွန်အားများကို အသုံးပြု နေရသည်။ သို့သော်လည်း အချိန်တိုင်း၌ သူ ရင်ဆိုင်နေရသည့် ကြပ်တည်းသည့် ခံစားချက်က ပိုမို၍ ပြင်းထန်လာနေခဲ့၏။ ထိုခံစားချက်က ကောင်းကင်တံတိုင်းကြီးအား ရင်ဆိုင်ခဲ့ရစဉ်တုန်းကနှင့်ပင် ခြားနားခြင်းမရှိတော့ချေ။
ထိုအရာက မည်ကဲ့သို့သော ဖြစ်တည်မှုမျိုးနည်း။ ဝေ့ဝူယင် လက်တစ်ကမ်းမျှ အကွာသို့ ရောက်သည့် အခိုက်တွင်ပင် လောကကိုယ်ပွား၏ မျက်ခွံများက စတင် လှုပ်ရှားလာ၏။
ဘုန်း...
အမှောင် ဟင်းလင်းပြင် တစ်ခုလုံးက နတ်ဘုရား တစ်ပါး ဆင်းသက်လာသည့် အလား တုန်ရီ ယိမ်းထိုးသွားကာ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများ မြည်ဟီးလာခဲ့၏။
“သတ်...”
ဘုရင်၊ အိုရီ၊ ဧဒင်နှင့် ခရာတိုတို့က တစ်ပြိုင်နက်တည်းပင် အော်ဟစ်လိုက်၏။
ရွှမ်း...
အိုမီဂါ ဆေဘာ ရောင်စဉ် တစ်ခု လင်းဖြာ သွားသည်။ ၎င်းက အမှောင် ဟင်းလင်းပြင်ကိုပင် ထက်ဝက် ပိုင်းဖြတ်လိုက်ကာ မိုင်ထောင်ပေါင်းများစွာကို ကျော်လွန် သွားခဲ့တော့၏။
...
တစ်ချိန်တည်း၌ မူလဂြိုဟ် အပြင်ဘက်မှ လူများမှာ အလွန် လှပစွာ ဖြစ်ပေါ်လာသည့် ဆေဘာ အလင်းတန်းကို တွေ့လိုက်ကြရလေသည်။ ၎င်းက မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဒြပ်စင် နယ်မြေကို ကျော်လွန်ကာ ကြယ်တာရာ အလင်းတန်း တစ်ခုလို အဝေး တစ်နေရာဆီသို့ တိုးဝင် ပျောက်ကွယ် သွားသည်။
သူတို့၏ မူလဂြိုဟ်၌ မည်သည့် အရာများ ဖြစ်ပွား နေသနည်း။ အဘယ်ကြောင့် ဆေဘာ တိုက်ခိုက်မှုများက ထိုမျှ ကြောက်စရာ ကောင်းလှသနည်း။ ကံမကောင်းစွာပင် ထိုမေးခွန်းများက မြေကြီး ရှန့်ထိုများ ပင်လျှင် လောလောဆယ်၌ မဖြေရှင်းနိုင်သေးသည့် ပုစ္ဆာများ ဖြစ်သည်။
မူလဂြိုဟ် တည်ရှိခဲ့သည့် နေရာတစ်ခု၌... ဝေ့ဝူယင်မှာ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေ၏။ သူ၏ မျက်နှာက သွေးမရှိ သကဲ့သို့ ဖြူရော်နေကာ အသက်ရှူသံက အလွန်အမင်း ပြင်းထန်နေသည်။ တစ်ချိန်တည်း၌ သူ့လက်များမှာ တဆတ်ဆတ် တုန်ရီနေ၏။ သို့သော်လည်း... အနိုင်မခံ အရှုံးမပေးဟန်ဖြင့် သူ ဆေဘာဓားရိုးကိုတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
ဝေ့ဝူယင်၏ ရှေ့တည့်တည့် ကြယ်တာရာ ကောင်းကင်၏ အောက်တွင်တော့ ဆယ်သုံးမီတာ မြင့်မားသည့် ပုံရိပ်တစ်ခု ရှိနေခဲ့၏။ ၎င်း၏ မျက်လုံးများက အပြည့်အဝပင် ပွင့်ဟ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က အနက်ရောင် တွင်းပေါက်ကြီးများ ကဲ့သို့ ဖြစ်ကာ အလွန် ပြန်းထန်သည့် သတ်ဖြတ်မှု ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေသည်။ ၎င်းက လောကကြီး၏ ဆန္ဒနှင့် အတူ သက်ရှိ ဖြစ်တည်မှုတိုင်းကို အဆုံးသတ်လိုနေဟန် ရ၏။
၎င်း၏ ကြီးမားသော လက်ချောင်းများကတော့ ဝေ့ဝူယင်ထံကို ညွှန်ပြထားသည်။ သို့သော်လည်း ပစ်မှတ်ကို တည့်တည့် မတ်မတ် မရောက်သေးဟန် အနည်းငယ် အောက်ကို စောင်းနိမ့်နေ၏။ တစ်နည်းအားဖြင့်... သူ၏ လက်ချောင်းများက ဝေ့ဝူယင်၏ အောက်ပိုင်းကိုသာ ညွှန်ရပေသေးသည်။
ကိုယ်ပွားကို ကြည့်ရင်း ဝေ့ဝူယင်၏ နဖူးထက်၌ ဇောချွေးများ စိုရွှဲနေခဲ့၏။ သူ၏ မျက်ဝန်းများက ငွေရောင် တဖျပ်ဖျပ် တောက်ပလျှက်... အနက်ရောင် တွင်းပေါက်ကဲ့သို့ ကိုယ်ပွား၏ မျက်လုံးများ အပေါ်တွင်သာ စူးစိုက် ကျရောက်နေသည်။
အကယ်၍ ထိုပုံရိပ် နှစ်ခုကို စူးစိုက် ကြည့်မည် ဆိုပါက ခြားနားချက် တစ်ခုကို သတိထားမိလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်၏ ဘယ်ဘက် ခြေထောက်ကား လုံးဝ ကြေမွ သွားခဲ့ပြီ ဖြစ်လေသည်။
ထိုရာက ရိုးရိုး ကြေမွခြင်း မဟုတ်ချေ။ အရိုး၊ အသွေးအသား၊ အကြေးခွံ၊ သွေးကြောများ အပါအဝင် အရာအားလုံး ဆိုးရွားစွာ ကြေမွ နေခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ခြေထောက် တစ်ခု အဖြစ် မှတ်မိရန်ပင် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် မျက်ခုံးများကို ပင့်လိုက်၏။ သူ့ မျက်လုံးများမှ အံ့သြ ထိတ်လန့်မှုများကို ရှင်းလင်းစွာပင် တွေ့မြင် နိုင်ပေသည်။
ယနေ့... တိတိကျကျ ဆိုရပါက ယခု အချိန် မတိုင်ခင် အထိ ဝေ့ဝူယင် သူ့ခန္ဓာကိုယ် အပေါ် အကြွင်းမဲ့ ယုံကြည်ချက် ရှိခဲ့သည်။ ထိုခန္ဓာကိုယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ အထွတ်အထိပ် အဆင့် ဒြပ်စင် စွမ်းအင်များနှင့် သန့်စင်ခဲ့သည့် ခန္ဓာကိုယ် ဖြစ်သည်။ အစစ်အမှန် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ခန္ဓာကိုယ် ဖြစ်သည်။ ဆက်စပ်မှု စစ်မြေပြင်၏ မြှင့်တင်မှု ရရှိထားသည့် ခန္ဓာကိုယ် ဖြစ်သည်။ သို့သော်လည်း လက်ညိုးတစ်ချက် ညွှန်ရုံဖြင့်ပင် ထိုဦးတည်ရာ၌ ရှိနေသည့် သူ့ခြေထောက်က ပျက်စီး သွားခဲ့သည်။
ထိုအရာက မည်ကဲ့သို့သော ဖြစ်တည်မှုနည်း။
“ဟမ်...”
လောက ကိုယ်ပွား ဝေ့ဝူယင်က နူးညံ့သော အသံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ လောကကြီး တစ်ခုလုံးက တုန်ရီသွားကာ မန်နာများက ဆူနာမီလှိုင်းများလို ဝေ့ဝူယင်ထံ ရိုက်ခတ်လာသည်။ ဝေ့ဝူယင်မှာ လွင့်စဉ် မသွားသည့်တိုင် ဆံပင်နှင့် အဝတ်အစားများကတော့ တဖျပ်ဖျပ် လွင့်ခါ သွားခဲ့၏။ မီးခိုးရောင် သွေးများက သူ့ မျက်လုံးနှင့် နားတို့မှ စတင် စီးကျလာသည်။
ထို့နောက်... လောကကိုယ်ပွား ဝေ့ဝူယင်၏ လည်ပင်းက အလင်း ဖြတ်ပိုင်းတစ်ခုဖြင့် တောက်ပလာခဲ့၏။ တစ်စက္ကန့်မျှ အတွင်းမှာပင် ထိုအလင်းက ပိုမို၍ ကြီးမားလာကာ နောက်ဇက်ပိုင်း အထိ ကျယ်ပြန့် သွား၏။
ဟူး... ဟူး...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လောကိုယ်ပွား၏ ဦးခေါင်းက ပျောက်ကွယ် သွားခဲ့တော့သည်။
***