← Chapters

ပြန်လည် တည်ဆောက်ခြင်း

Vol. 67 Ch. 935

ပြန်လည် တည်ဆောက်ခြင်း

Vol. 67 Ch. 935

“တို့တွေ ပြန်ပြီး တည်ဆောက်ပေးလို့ ရလား...”

အိုရီက ညင်သာစွာ မေးလိုက်၏။ ကြယ်တာရာ ဝိညာဥ် လေးခုထဲ၌ အိုရီမှာ ဝမ်းနည်းတာ ဖြစ်ဖြစ်၊ စိတ်လှုပ်ရှားတာ ဖြစ်ဖြစ် ခံစားအလွယ်ဆုံး ဖြစ်သည်။ ဧဒင်ကတော့ အတည်ငြိမ်ဆုံးနှင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို အချမှတ်နိုင်ဆုံး ဖြစ်၏။

“အဲဒါက ဂြိုဟ်တစ်ခုလေ...”

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။ မူလဂြိုဟ်မှာ အကြီးစား အရွယ်ရှိသည့် လျှို့ဝှက် အဆင့် ဂြိုဟ်တစ်ခု ဖြစ်သည်။ ယခု ၎င်းက ထက်ခြမ်းကွဲကာ နေရာများစွာမှာလည်း ပြိုကျသွားခဲ့ပြီ ဖြစ်သည်။ မြို့ကြီးပြကြီး အများစုမှာလည်း နေအလင်း‌ရောင်ထဲမှ အပျက်အစီး မန်နာ၏ တိုက်ရိုက် သက်ရောက်မှုကြောင့် အမှုန်အမွှားများ အဖြစ် ပြောင်းလဲ နေခဲ့ပြီ ဖြစ်သည်။

“...”

အိုရီမှာ ဝမ်းနည်း သွားကာ ငြိမ်ကျသွားသည်။

“တို့ ကြိုးစားကြည့်ရင်ရော...”

ရုတ်တရက်... ဘုရင်က မေးလိုက်၏။ ဝေ့ဝူယင် တစ်ခဏမျှ စဉ်းစားလိုက်၏။ ထို့နောက် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ကောင်းပြီလေ... ကြိုးစားကြည့်တာပေါ့...”

ဘုရင်မှာ အိုရီ အတွက် ကြိုးစားကြည့် လိုနေခြင်း ဖြစ်ကြောင်း သူ ခံစားနိုင်ပေသည်။ ကြယ်တာရာ ဝိညာဥ်များ အကြားမှ သံယောဇဉ်ကို ကြည့်ကာ ဝေ့ဝူယင် စိတ်ထဲ၌ နွေးထွေးနေမိ၏။ ထို့ကြောင့်ပင် သူက ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဟူး... ဟူး...

ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများမှာ သန့်စင် တောက်ပသည့် အဖြူရောင် အလင်းများနှင့် ပြည့်နှက် သွား’။ များမကြာခင်မှာပင် မတူကွဲပြားသည့် အလင်းရောင် ကိုးခုက သူ့ သူငယ်အိမ်များတွင် စုစည်းလာကာ ခရုပတ် သဏ္ဌာန် စတင် လှည့်ပတ်တော့သည်။

“ငါလည်း ပါမယ်...”

ထိုအခိုက်တွင်ပင် ဧဒင်က တက်ကြွစွာဖြင့် ပြောလိုက်၏။

ဒိတ်... ဒိတ်... ဒိတ်...

နှလုံးသားက ခပ်ပြင်းပြင်း ခုန်လာခဲ့ကာ ၎င်း၏ မျက်နှာပြင်ထက်ရှိ ဧဒင် အမှတ်အသားမှာ တောက်ပလာလာခဲ့၏။ ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားကာ မေးလိုက်၏။

“လုံလောက်တယ် ဆိုတာ သေချာလား... ကပ်ဘေးက မကြာခင် ရောက်လာတော့မှာ”

“ကျုပ်တို့မှာ လုံလုံလောက်လောက် ရှိတယ်...”

ဧဒင်က ယုံကြည်ချက် ရှိသည့် လေသံဖြင့် ပြန်ဖြေလိုက်၏။ ထို့နောက် သူက ဧဒင် အမှတ်အသားနှင့် ချိတ်ဆက် လိုက်သည်။

ဧဒင် အမှတ်အသားမှာ အလွန် နက်နဲကာ လျှို့ဝှက် ဆန်းကြယ်သည့် ဖြစ်တည်မှု တစ်ခု ဖြစ်၏။ ၎င်းက ပြင်ပ အမတေများကို စုပ်ယူကာ အသက်အင်အားနှင့် သစ်သား စွမ်းအင်များ အဖြစ် သန့်စင်နိုင်စွမ်း ရှိကြောင်း ဝေ့ဝူယင် သိထားပေသည်။ သို့သော်လည်း... ၎င်းအား မည်ကဲ့သို့ အသုံးပြုရမည် မည်ကဲ့သို့ နှိုးဆော်ရမည်ကိုတော့ ဝေ့ဝူယင် ယခုထက်ထိ မသိသေးချေ။ ဧဒင်ပင်လျှင် သိုလှောင်ထားသည့် စွမ်းအင်များနှင့် အသက် အင်အားများကို ထုတ်ယူခြင်းမှ တစ်ပါး အခြား လုပ်တတ်သည့်ပုံ မပေါ်ချေ။ ၎င်းက ဝေ့ဝူယင်၏ အကြီးမားဆုံး ဝှက်ဖဲများထဲမှ တစ်ခုပင် ဖြစ်သည်။

ဟူး... ဟူး...

ဝေ့ဝူယင်၏ ရင်ဘတ်မှ သစ်သား စွမ်းအင်များ ထွက်ပေါ်လာကာ လောကအတွင်း စတင် စီးဆင်းလာ၏။ ၎င်းတို့က အကန့်အသတ် မဲ့စွာဖြင့် ဆက်လက် ပျံ့နှံ့သွားကာ ကီလိုမီတာပေါင်း များစွာကို ရောက်ရှိသွားသည်။ ၎င်းတို့၏ ပျံ့နှံ့မှုမှာ အလွန် မြန်ဆန်လွန်းရကား မိနစ် အနည်းငယ် အတွင်းမှာပင် မူလဂြိုဟ်၏ အပိုင်း နှစ်ခု စလုံးမှာ သစ်သား စွမ်းအင်များနှင့် ပြည့်နှက် သွားခဲ့ပြီ ဖြစ်သည်။

ဝှစ်...

ဟန်ယုဟိုင်မှာ မူလဂြိုဟ်၏ အစွန်တစ်နေရာတွင် ပေါ်လာခဲ့၏။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် သူ ဝေ့ဝူယင်ထံမှ ရိုးရှင်းသည့် သတင်းစကား တစ်ခုကို လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။ ၎င်းကား... “မူလဂြိုဟ် အတွက် ကောင်းကင် အလွှာ တစ်ခု ဖန်တီးပါ” ဟူ၍ပင်။

ဝေ့ဝူယင် ဘာလုပ်ရန် ကြိုးစားနေကြောင်း သူ မသိသည့်တိုင် ဤသည်က အခွင့်အရေး ဖြစ်သည်။ အကယ်၍ သူက အသုံးဝင်ကြောင်း သက်သေပြနိုင်လျှင်ပင် ဝေ့ဝူယင် မျက်လုံးထဲ၌ ပိုမို၍ အရေးပါ လာလိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင်... သူ ဝူယုနောက်၌ ပြတ်ကျန်ခဲ့တော့မည် မဟုတ်ချေ။ ဟန်ယုဟိုင် ခပ်မြန်မြန်ပင် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။

တစ်ချိန်တည်း၌ ‌ကျောက်ဖြာကြီးထက်ရှိနေ လူများမှာ မူလဂြိုဟ် အပိုင်း နှစ်ခုစလုံးကို အစိမ်းရောင် အလင်းများ ဖုံးလွှမ်းလာနေသည်ကို တွေ့မြင်နေရ၏။

အင်ပါယာ မျိုးနွယ်၏ မြေကြီးရှန့်ထိုများ ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြသွားကြသည်။ မကြာခင်မှာပင် ထျန်းမူယန်၏ မျက်လုံးများမှာ အံ့အားသင့်မှုနှင့် အတူ ပြူးကျယ် သွားခဲ့တော့၏။

“သစ်သား စွမ်းအင်တွေ... ဘာလို့ ဒီလောက်တောင်...”

မူလဂြိုဟ်ထက်တွင်တော့ ဝေ့ဝူယင်မှာ ဂြိုဟ်တစ်ခုလုံး သစ်သား စွမ်းအင်များနှင့် ဖုံးလွှမ်းသွားသည်ကို ခံစား၍ ရနေခဲ့၏။ သူ့ အနေဖြင့် ဂြိုဟ်တစ်ခုလုံးကို မူလ အခြေအနေသို့ ပြန်ရောက်အောင် မလုပ်နိုင်လျှင်ပင် ပြန်လည် ပုံဖော်နိုင်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင် မူလဒြပ်စင် ရည်ရွယ်ချက်နှင့် ထိတွေ့ကာ လောကနယ်မြေနှင့် အသစ် သန့်စင်ထားသည့် ကြယ်တာရာ အင်အားများကို အသုံးပြုလိုက်သည်။

မကြာခင်မှာပင်... ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် အစိမ်း‌ရောင် အလင်းများမှာ စတင် တုန်ရီလာကာ အဖြူရောင် အဖြစ် ပြောင်းလဲ လာခဲ့တော့၏။

“အစစ်အမှန် မူလ ဒြပ်စင် စွမ်းအင်...”

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရှန်းရှဲ့၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်စွာ တုန်ရီသွားခဲ့လေ၏။ သူမ၏ နှလုံးသားကတော့ မြင်းရိုင်း တစ်ကောင် သဖွယ် ကဆုန်ဆိုင်း နေခဲ့ပြီ ဖြစ်သည်။

အစစ်အမှန် မူလ ဒြပ်စင် စွမ်းအင်...

၎င်းက ကြယ်ကွင်းပြင် တစ်ခု စတင် သန္ဓေတည်ချိန်တွင် မွေးဖွားလာတတ်သည့် စွမ်းအင် တစ်မျိုး ဖြစ်ကာ သဘာဝ နေကြယ်များ၊ ဂြိုဟ်များ၊ လများကို တည်ဆောက်ရာ၌ အလွန် အသုံးဝင်သည်။ ဝေ့ဝူယင်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကြောင့် မူလ ဒြပ်စင် စွမ်းအင်ကို ပိုင်ဆိုင်ထားသည် ဆိုလျှင်ပင် ဂြိုဟ်၏ အပိုင်းကြီး နှစ်ခုစလုံးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည့် ပမာဏကတော့ မယုံကြည်နိုင်စရာ ကောင်းလွန်းသည်။

“သူက ဘယ်လိုလုပ်ပြီး...”

အခြားတစ်ဖက်၌ ဟန်ယုဟိုင်က ထိတ်လန့် တုန်လှုပ်စွာ ရေရွတ်လိုက်၏။ မြေကြီး ရှန့်ထို ဖြစ်သည့် အပြင် ဂြိုဟ်နှင့် အနီးကပ်ဆုံး ရှိနေသူ တစ်ယောက် အနေဖြင့် ထိုဖြစ်စဉ် အပေါ် သူ၏ တွေ့မြင်နိုင်စွမ်းက အခြား ဘယ်သူထက် မဆို ရှင်းလင်းပေသည်။

ဝေ့ဝူယင်မှာ စက္ကန့်ပိုင်း အတွင်းမှာပင် ကြောက်မက်ဖွယ် စွမ်းအင် အမျိုးအစား နှစ်ခုကို ရှေ့ဆင့် နောက်ဆင့် ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ပထမ တစ်ခုက အဆုံးမဲ့ များပြားလှသည့် သစ်သား စွမ်းအင်များပင်။ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်က မည်မျှပင် အစွမ်းထက် စေကာမူ ထိုမျှ များပြားလှသည့် သစ်သား စွမ်းအင်များကို ထုတ်လွှတ်ရန် လုံးဝ မဖြစ်နိုင်ဟု သူ ခံစားရသည်။ အကယ်၍ သူ့ကို ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် ပေးလျှင်ပင် ထိုပမာဏ၏ ဆယ်ပုံတစ်ပုံမျှ ထုတ်လွှတ်နိုင်မည်ဟု သူ မထင်ချေ။

သို့တိုင်အောင် သူက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ သာမန် သေမျိုး တစ်ယောက်သာ ဖြစ်သည်။ လတ်တလောကမှ အဆင်တက်ထားသည့် လောကသခင် တစ်ယောက် ဖြစ်သည်။ သို့တိုင်အောင် သူက မည်ကဲ့သို့ လုပ်နိုင်ရသနည်း။

အလွန်တရာ အံ့သြနေသည့်တိုင် ဟန်ယုဟိုင်မှာ တုန့်ဆိုင်း နေခြင်း မရှိပါချေ။ သူက လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖန်တီးကာ ကောင်းကင်အလွှာ တစ်ခုကို ဖန်တီးခဲ့ပြီး ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် ဂြိုဟ်များ၊ နေကြယ်များ၊ လများကိုပင် အခက်အခဲ မရှိ ဖန်တီးနိုင်စွမ်း ရှိလေရာ ကောင်းကင်အလွှာလောက်က စာဖွဲ့နေစရာပင် မလိုချေ။

ကျင့်ကြံခြင်း လောက၌... လောကသခင်များ အဆင့်ကို ရောက်ရှိသည်နှင့် ကမ္ဘာပြား ကုန်းမြေတိုက်ကြီးများကို ဖန်တီးနိုင်စွမ်း ရှိသည်။ အချို့ဆိုလျှင် ဂြိုဟ်များကိုပင် ဖန်တီးလာနိုင်၏။ လုံလောက်သည့် ရင်းမြစ်များကိုသာ ရရှိပါက ကြယ်သခင်များ အဆင့်တွင် နေကြယ်များကိုပင် တည်ဆောက်လာနိုင်ကြသည်။

ထို့‌ကြောင့်ပင်... ကောင်းကင် အလွှာ တစ်ခု ဖန်တီးခြင်းက လောကသခင် အဆင့် တစ်ယောက်ပင် ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်သည့် အရာ ဖြစ်သည်။ သို့သော်လည်း မြေကြီး ရှန့်ထို တစ်ယောက် ဖန်တီးသည့် လောကနယ်မြေနှင့် လောကသခင် တစ်ယောက် ဖန်တီးသည့် လောကနယ်မြေကတော့ ကျိန်းသေပင် ကွာခြားလိမ့်မည် ဖြစ်သည်။

“...”

ထရီလျံနှင့် ချီသည့် ဂြိုဟ်သူ၊ ဂြိုဟ်သားများမှာ အမှောင် ဟင်းလင်းပြင် အတွင်းမှ နေ၍ ဂြိုဟ်အပိုင်း နှစ်ခု စလုံးကို အစိမ်း‌ရောင် စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်နေရ၏။

ထို့နောက် တဒင်္ဂ အတွင်းမှာပင် ထိုစွမ်းအင်များက အဖြူရောင် အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ၎င်းတို့က စွမ်းအင်များက အမှောင် ဟင်းလင်းပြင် အတွင်းကိုပင် ပျံ့နှံ့သွားကာ မူလဂြိုဟ်၏ အပိုင်း နှစ်ခုကို ထူးပြား ဆန်းကြယ်စွာ ချိတ်ဆက်လိုက်၏။

သူတို့ အားလုံး၏ အကြည့်များ အောက်တွင်ပင် မူလဂြိုဟ်၏ အပိုင်း နှစ်ခုက တဖြည်းဖြည်း နီးကပ်လာကာ အကောင်းပကတိလို ပြန်ဆက် သွားခဲ့၏။ ထို့နောက်... ဟန်ယုဟိုင်၏ ကောင်းကင်အလွှာက အံဝင်ခွင်ကျပင် ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ လေထု ဝန်းကျင် တစ်ခုကို ပြန်လည် ဖန်တီးလိုက်သည်။ ထိုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ မိနစ် အနည်းငယ်သာ ကြာမြင့်ခဲ့၏။

မူလဂြိုဟ်ထက် တစ်နေရာတွင်တော့ ဟန်ယုဟိုင်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

သူ ဖန်တီးခဲ့သည့် ကောင်းကင်အလွှာက လျှို့ဝှက် အဆင့် စွမ်းအင်များကို စစ်ထုတ်ရန် အနိမ့်ပါးဆုံး အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည့်တိုင် နောက်နှစ်အနည်းငယ် အတွင်း ပိုမို များပြားသည့် ကောင်းကင် အလွှာများကို ထပ်မံ တည်ဆောက်နိုင်လိမ့်မည် ဟု ယုံကြည်ချက် ရှိပေသည်။ လျှို့ဝှက် အမတေများကို စစ်ထုတ်နိုင်သည်နှင့် အမျှ ဂြိုဟ်က သဘာဝ အတိုင်း ပြန်လည် ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... လက်ရှိတွင်တော့ ဂြိုဟ်တစ်ခုလုံးက စွန့်ပစ်ခံ နယ်မြေ တစ်ခု အသွင် တည်ရှိနေသေးဆဲ ဖြစ်သည်။ သမုဒ္ဒရာများ၊ မြစ်ချောင်းများက ခမ်းခြောက်ကာ တောင်တန်းများမှာလည်း လဲပြိုကျသွားခဲ့ပြီ ဖြစ်သည်။ မြို့ကြီးအများစု ဆိုလျှင် ထာဝရ ပျောက်ကွယ်၍ပင် သွားခဲ့ချေပြီ။ ဟန်ယုဟိုင် စိတ်ထဲမှ ပြန်လည် တည်ဆောက်ရေး အစီအစဉ်များကို ချမှတ်လိုက်မိ၏။

သူ တွေးတောနေစဉ်မှာပင် မူလဒြပ်စင် စွမ်းအင်များမှာ မြေကြီးများထဲကို တိတ်တဆိတ် စိမ့်ဝင်သွားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင် တစ်ခုလုံးက ထူးခြား ဆန်းပြားစွာဖြင့် စတင်ကာ ပြောင်းလဲ လာခဲ့တော့သည်။

ဟူး... ဟူး...

မြေမျက်နှာပြင် နေရာ များစွာရှိ မြေကြီးများမှာ အလွန် လှပသည့် ရေကန်များ၊ တသွင်သွင် စီးဆင်းနေသည့် မြစ်များ၊ ပင်လယ်ကြီးများ အသွင် ပြောင်းလဲ သွားခဲ့၏။ တစ်ချိန်တည်း၌ မြေကြီးက မို့‌မောက်၍ တောင်ကုန်း၊ တောင်တန်းများ ဖြစ်ပေါ်လာကာ လွင်ပြင်များ၊ ကုန်းပြင်မြင့်များမှာလည်း ဖွဲ့စည်း လာသည်။ လှပသော ပန်းမန်များနှင့် သစ်ပင် သစ်တောကြီးများမှာ နေရာအနှံ့တွင် ပေါ်ထွန်း လာကြ၏။

အဆောက်အအုံ အကြွင်းအကျန်များ ပင်လျှင် လုံးဝ ပျောက်ကွယ်သွားခဲ့ကာ ထိုနေရာများတွင် လှပသာယာသည့် သဘာဝ တရားကြီးဖြင့် အစားထိုး သွားခဲ့၏။

တစ်ချိန်တည်း၌... တောင်နှင့် မြောက် ဝင်ရိုးစွန်း ဒေသများကတော့ ရေခဲ စွမ်းအင်များကို သိုလှောင်ထားသည့် ရေခဲပြင်များ အသွင် ပြောင်းလဲ သွားခဲ့ကာ အချို့ နေရာများ၌ ချော်ရည်ပူ စွမ်းအင်များနှင့် ပြည့်နှက် နေသည့် မီးတောင်ကြီးများ ပင်လျှင် ပေါ်လာခဲ့၏။

စက္ကန့်ပိုင်း...

စက္ကန့်ပိုင်းမျှ အတွင်းမှာပင် မူလဂြိုဟ် တစ်ခုလုံးမှာ လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters