← Chapters

သေချာပေါက် သတ်ရမယ်။

Vol. 81 Ch. 1121

သေချာပေါက် သတ်ရမယ်။

Vol. 81 Ch. 1121

အားလုံးက လင်းယွန်ကို စာနာ စိတ်ဖြင့် ကြည့်နေ ကြပြီး၊ ခန်းမ တစ်ခုလုံး တိတ်ဆိတ် သွားသည်။

ပါရမီရှင် တစ်ဦးပင် ဖြစ်သော် ငြားလည်း၊ ယန်ထန့် လက်မှ လွတ်မြောက် စရာ နည်းလမ်း မရှိ တော့ချေ။

တစ်ဖက်တွင် ယန်ထန့်၏ လုပ်ရပ် အပေါ် မျက်မုန်းကျိုး လာကြသည်။ အင်ပါ ရီယန် မျှပင် မဟုတ်သော လူငယ် တစ်ဦးကို၊ အနိုင် ကျင့်ခြင်း မည်၏။

“ မင်းကိုယ်မင်း ... လွန်တယ်လို့ မထင် ဖူးလား။ ”

လင်းယွန်က ဒေါသကို ထိန်းပြီး၊ မေးခွန်း ထုတ်၏။ အပြာရောင် စံအိမ်တွင် တစ်နှစ် မျှသာ နေရမည် ဖြစ်သော ကြောင့်၊ မလို အပ်သော တိုက်ပွဲ များကို ဆင်နွှဲ လိုခြင်း မရှိချေ။

ဂိုဏ်း (၄) ဂိုဏ်း၏ ရန်ငြိုးများ အတွင်း၊ ပါဝင် ပတ်သတ် လိုခြင်း မရှိ သော်လည်း၊ ဤလူ များက သူ့ကို ဆွဲသွင်း နေ ပေသည်။

“ ငါနဲ့ မင်း ကြားမှာ၊ အာဃာတ မရှိ တာတော့ အမှန်ပါ၊ ဒါပေမယ့် မျိုးဆက်သစ် တစ်ယောက် ကို၊ ငါက လမ်းညွှန် ပေးလို့ ရတယ် မဟုတ်လား။ ”

ယန်ထန့် စကားကြောင့် ရွှမ်ဖေးမှ ရယ်မော လျက်ဖြင့်၊

“ ဟား ဟား ဟား ... အစ်ကိုယန်၊ မင်းက ဘာလို့ သူနဲ့ အချိန်ဖြုန်း နေရ တာလဲ၊ လင်းယွန် ဒူးထောက် မှာလား၊ တိုက်မှာလား၊ ...

... အစ်ကို ယန်က မင်းကို သူ့ခွန်အား တစ်ဝက် လောက်ပဲ သုံးမယ်လို့ ပြောထားတယ် မဟုတ်လား၊ မင်းမှာ သတ္တိ မရှိ ဖူးလို့ မပြောနဲ့။ ”

-ဟု ဝင်မေး လာသည်။

၎င်းတို့ သုံးဦးမှာ တကယ်ပင်၊ အရှက်မဲ့ လွန်းပေ၏။ ခွန်အား (၅၀%) ဟုဆို သော်လည်း၊ ယင်းမှာ ကြယ် အဆင့် ခွန်အား မျိုး၌ ရှိနေဆဲ ဖြစ်သည်။

မည်မျှ တရား မျှတ သည်ဟု၊ ဆိုနေ စေကာမူ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့် အင်ပါ ရီယန် နယ်ပယ် ဟူသည်၊ အနည်း ငယ်သော ကွာဟချက် မဟုတ်ချေ။

“ လာ ခဲ့ ... ”

လင်းယွန်က ယန်ထန့်ကို ကြည့်ပြီး၊ တည်ငြိမ်စွာ ဆို၏။ သူတို့ နှစ်ဦးကြား ခွန်အား မှာ၊ ခြားနားချက် ကြီးမား ချေပြီ။

ပန်းသင်္ချိုင်း ဟူသော သူ၏ အထောက် အထားကို မဖော်ပြချင် သဖြင့်၊ တိုက်ပွဲ ဝင်ရန် ခက်ခဲ နိုင်ပေမည်။

သို့သော် ယန်ထန်မှာ ခွန်အား (၅၀%) ကိုသာ သုံးမည် ဖြစ်သောကြောင့် ကြောက်နေ စရာ မလိုချေ။

“ မင်း ... မဆိုးဘူး၊ သတ္တိ ရှိတယ်။ ”

ယန်ထန့်က ကောက်ကျစ်သော အပြုံးဖြင့်၊

“ ငါ့ ... စကား အတိုင်း၊ ခွန်အား တစ်ဝက် ကိုပဲ သုံးမှာပါ၊ လှုပ်ရှားမှု ဆယ်ကြိမ် ကျော်လွှား နိုင်ရင်၊ မင်းကို သွားခွင့် ပေးမယ်။ ”

လင်းယွန်ကို အရှက်ခွဲ နိုင်တော့မည် ဖြစ် သဖြင့်၊ ဂိုဏ်းကြီး သုံးဂိုဏ်းရှိ အမာခံ တပည့် များက၊ ပြုံးရယ် လာကုန် ကြသည်။

“ ပထမ လှုပ်ရှားမှု ... ။ ”

ယန်ထန့်မှာ လူတိုင်း၏ ရှေ့၌ပင်၊ ရိပ်ခနဲ ပျောက်ကွယ် သွားသည် ။ ပြန်ပေါ် လာချိန်၌ လင်းယွန်အား ပါးရိုက် လာ၏။

“ ဂျိန်း ... ။ ”

ထိုလက်ဝါးတွင် မိုး သံနှင့်၊ လေသံများ တွဲဖက် လိုက်ပါ လာကာ၊ လူတိုင်းကို အသက် ရှူရ ကြပ်သွား စေသည်။

သို့သော် လင်းယွန်ဆီ မရောက်ခင်၊ လက်ကောက် ဝတ်ကို၊ ရုတ်ချည်း ဆုပ်ကိုင် လာ၏။

“ မင်း ... ငါ့ကို ဟန့်တား ရဲလား၊ သေ လိုက် စမ်း ... ။ ”

ဒေါသ တကြီးနှင့်၊ ရက်စက်သော သားရဲ တစ်ကောင် ကဲ့သို့၊ နဖူးရှိ သွေးကြော မျှဉ်များ ထောင်ထ လာသည် အထိ၊ အားစိုက် လိုက်သည်။

“ ဝှစ် ... ။ ”

လင်းယွန်က လက် ကောက်ဝတ်အား ဖမ်းဆုပ်မည့် အကြံကို လွှတ် လိုက်ပြီး၊ ခေါင်းငဲ့ ရှောင်တိမ်း သည်။

ယင်းကြောင့် ယန်ထန့် လက်ဖဝါး ခမျာ၊ မြေပြင်ပေါ် အရှိန်ဖြင့် ရိုက်မိ သွား၏။ ချက်ချင်း နောက်ပြန် လှည့် ကြည့်ကာ၊ ဒုတိယ အရွေ့ကို ထုတ်ဖော် လိုက်သည်။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်မှ၊ ရွှေကျီးကန်း အသွင် ပြောင်းခြင်း (၉) မျိုးကို အသုံး ပြုလျက်၊ သူ့အား အလွယ် တကူ ရှောင်တိမ်း သွားသည်။

ယန်ထန့်၏ လက်ဖဝါး ခမျာ၊ တစ်ဖက် သား၏ ဝတ်ရုံစ ကိုမျှ မထိ နိုင်ဘဲ၊ ပုံရိပ်ယောင် များ ပေါ်သာ၊ ဖျက်ဆီး နိုင်ခဲ့သည်။

မျက်စိ တစ်မှိတ် အတွင်း လှုပ်ရှားမှု ခုနစ်ကြိမ် ထုတ်ဖော်ပြီး ဖြစ်၏။ လူအုပ် ကြီးမှာ မယုံနိုင် လောက်အောင်ပင် စိတ်လှုပ်ရှား လာသည်။

လင်းယွန်ကို ကန့်သတ်ရန်၊ ယန်ထန့်မှ အင်ပါရီယန် ရောင်ဝါအား ထုတ်လွှတ်ထား သော်လည်း၊ မအောင် မြင်ချေ။

တစ်ဖက်တွင် လင်းယွန်မှာ ကောင်းကင် ဓားကို၊ အပြည့် အ၀ ကျွမ်းကျင် နေပြီး၊ စတုတ္ထ တန်းသို့ ရောက်ရန်၊ ခြေတစ်လှမ်း မျှသာ လိုပေ တော့သည်။

ထို့ကြောင့် ကြယ်စင်စု အဆင့်ရှိ၊ ကျွမ်းကျင်သူ မဆိုနှင့် နက္ခတ် အဆင့် ပင်လျှင်၊ ရောင်ဝါဖြင့် ကန့်သတ် ခြင်းအား၊ သူ့ အပေါ် ပြုလုပ် နိုင်စရာ အကြောင်း မရှိချေ။

များမကြာမီ ယန်ထန့် အတွက်၊ လှုပ်ရှားမှု တစ်ကြိမ်သာ ကျန်ရှိ တော့၏။ အရှိန် အဝါအား အကန့် အသတ်ထိ တွန်းထုတ်ပြီး၊ ခွန်အား အကုန် အစင် ထုတ်ဖော် လိုက်သည်။

ပြင်းထန်သော လေမုန်တိုင်း တစ်စင်း ပေါက်ကွဲ ထွက်ပေါ် လာ သဖြင့်၊ လင်းယွန် ခမျာ အံ့အားသင့် သွားပြီး၊ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ လိုက်မိသည်။

“ မင်း ... ငါနဲ့ လာရှုပ် နေတာလား၊ ဒီနေ့ မင်းကို သင်ခန်းစာ တစ်ခု သင်ပေးမယ်။ ”

ရှက်ဒေါသ မွှန် သွားပြီး၊ တိုက်ခိုက် တော့မည် အချိန်တွင်၊ မီးခိုးတန်း တစ်ခုက ယန်ထန့်ထံ ပြေးဝင် လာသည်။

“ သ တိ ထား ... ။ ”

နဂါးလေးမှာ လင်းယွန် အပေါ် အစိုးရိမ် လွန်သွားပြီး၊ ဝင်ရောက် တိုက်ခိုက် လာခြင်း ဖြစ်၏။ သို့သော် ကြောင် ပုံစံသည် ယန်ထန့်၏ ပြိုင်ဘက် မဟုတ်ချေ။

“ ဗျစ် ... ။ ”

ရုတ်တရက် ဖြစ်သဖြင့် ယန်ထန့် တစ်ယောက် အံ့အားသင့် သွားပြီး၊ ပါးပြင် ကုပ်ဖြဲ ခံလိုက် ရသည်။

“ အား ... ။ ”

သွေးများ စီးကျ လာကာ၊ ကမူး ရှူးထိုးဖြင့် နဂါး လေးအား သတ်ရန် လိုက်ဖမ်း တော့သည်။

“ တိရိစ္ဆာန် ကြောင် ... ၊ မင်းက သေချင် နေတာပဲ။ ”

ဤကြောင်မှာ အလွန် လျင်မြန်လှ သဖြင့်၊ သူ့ ခွန်အားကို အဆုံးထိ မြှင့်တင် လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲ သံနှင့် အတူ လက်ဖဝါးက နဂါး လေးပေါ် ကျရောက် သွား၏။

“ အိ ညောင် ... ။ ”

နဂါး လေးမှာ နာကျင်စွာ အော်ဟစ်လျက်၊ မြေပြင်ပေါ် လွင့်စဉ် သွားပြီး၊ မထနိုင် တော့ပေ။ လက်ဖဝါးကြောင့် အရိုးများ ကျိုး ကုန်သည်။

ဤမြင်ကွင်းက လင်းယွန် နှလုံးသားကို နာကျင် လာစေ၏။

“ အစ်ကို ယန် အဆင် ပြေလား။ ”

ရွှမ်ဖေးနှင့် လဲ့လန်က ယန်ထန့် အနား လျင်မြန်စွာ ရောက်ရှိ လာကြပြီး၊ နဂါးလေးထံ တစ်ချက် ကြည့်သည်။

“ အဲဒီ ကြောင်ကို သတ်ပြီး၊ အမှုန့် ကြိတ်ပစ် ... ။ ”

ပါးပြင်မှ လက်သည်းရာ ကြီးကို လက်ညှိုးဖြင့် စမ်းကြည့် နေလျက်မှ၊ ယန်ထန့်က ပြောသည်။

“ ဟိတ် ... ။ ”

ပြီးနောက် လဲ့လန်တို့ နှစ်ယောက်အား ဦးဆောင်ကာ၊ နဂါးလေးကို သတ်ရန် ချက်ချင်း လှုပ်ရှား မိသည်။

“ ဝှစ် ... ။ ”

သည့်စဉ် ဓားသေတ္တာ တစ်လုံးက၊ အရှိန်အဟုတ်ဖြင့် ပျံသန်း လာပြီး၊ သူ့ကို ဟန့်တား လာတော့၏။

တစ်ဆက်တည်း မှာပင် ကောင်းကင်မှ လင်းယွန် ဆင်းသက် လာပြီး၊ နဂါး လေးထံ ပေးပို့ လာသော၊ လဲ့လန်နှင့် ရွှမ်ဖေး၏ လက်ဖဝါးကို ခံယူ လိုက်သည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

လင်းယွန် ခမျာ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက်၊ ပျို့တက် လာသော သွေးများကို ပြန်၍ မျိုချ မိ၏။

“ ဘယ်လို တောင် ... ၊ စိတ် အနှောက် အယှက် ဖြစ်စရာ ကောင်းလိုက်လဲ။ ”

လက်ဖဝါးကို ဓားသေတ္တာ ဆီသို့ ပစ်ထုတ် လိုက်ပြီး၊ ယန်ထန့်၏ မျက်နှာမှာ တင်းမာလာ တော့သည်။

ထို့နောက် လဲ့လန်နှင့် ရွှမ်ဖေး တို့အား အချက် ပြကာ၊ လင်းယွန် ထံသို့ အတူ ပြေးဝင် လိုက် မိသည်။

ဤသို့ သုံးဦး အတူ၊ လှုပ်ရှား လာကြ လိမ့်မည်ဟု မထင် ထားသော လူအုပ်ကြီး ခမျာ၊ မှင်တက်သွား ကုန်သည်။

“ ဝှစ် ... ။ ”

လင်းယွန်က မြေပြင်ပေါ်၊ ဒူး တစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ ပြုတ်ကျ လာသည်။

နှုတ်ခမ်း ထောင့်၌၊ သွေးစများ ပေကျံ နေသည့်၊ လင်းယွန်အား မြင်သည်နှင့်၊ နဂါးလေး ခမျာ မျက်ရည်များ စီးကျ လာသည်။

သို့သော် လင်းယွန်က ပြန်၍ ပြုံးပြ ပြီးနောက်၊ လက်ဝှေ့ ယမ်းကာ ဓား သေတ္တာကို ခေါ်ယူ လိုက်သည်။

တောက်ပသော အလင်းများ ဖြာထွက် လာပြီး၊ ပျံသန်း လာသည့် ဓား သေတ္တာကြောင့်၊ သုံးယောက်သား အနည်းငယ် တုန့်ဆိုင်း သွား၏။

သည် အခွင့် အရေးအား အမိ အရ ဆုပ်ကိုင်ကာ၊ နဂါးလေးကို ပွေ့လျက်၊ လင်းယွန် တစ်ယောက်၊ အမြန် ဆုတ်ခွာ မိသည်။

“ ရပ် ... ။ ”

ယန်ထန့်နှင့် အဖွဲ့က လင်းယွန် နောက်ကို ဆက်လိုက်ရန် ပြင်နေ သည်ကို မြင်ချိန်၌၊ ဘိုးဘေး ချိုက မနေနိုင် တော့ချေ။

“ မင်းတို့ ငါ့ ရှေ့မှာ ... ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့ အမာခံ တပည့် တစ်ယောက်ကို သတ်မို့ လား။ ”

ဘိုးဘေး ချို စကားကြောင့်၊ ယန်ထန့်တို့ သုံးယောက်မှာ၊ ကိုယ်ရှိန် သပ်သွား၏။ တစ်ဖက် လူအား သတ်ရန် ရည်ရွယ်ချက် မရှိချေ။

သင်ခန်းစာ တစ်ခု သင်ပေးရုံ မျှသာ ဖြစ်သော်လည်း၊ ဘိုဘေးချို အမြင်မှာ၊ ပို၍ လေးနက် နေပေသည်။

“ ငါတို့တွေ အချိန်ဖြုန်း မိသွားပြီ၊ ဒီလောက်လည်း အလေး အနက် ထားစရာ ကိစ္စ မဟုတ် ပါဘူး။ ”

ယန်ထန့်က ထိုင်ခုံ ဆီသို့ ပြန်သွား လိုက်သည်။ တစ်ဖက်တွင် နှုတ်ခမ်းရှိ သွေးစ များကို သုတ်ပြီး၊ လင်းယွန်မှ ဒေါသဖြင့်၊ ပြန်ကြည့် ၏။

“ ဟား ဟား ဟား ... ကောင်းပြီ၊ ဂိုဏ်း သုံးဂိုဏ်းရဲ့ အမာခံ တပည့်တွေ ... ဟုတ်လား၊ မင်းတို့က ငါနဲ့ ကစားချင် နေတာလား၊ ကစား ပေးမယ်၊ ဒါပေမယ့် လောင်းကြေး ကတော့ မင်းတို့ အသက် တွေပဲ။ ”

ဘယ်သူမှ ပြန် မဖြေ နိုင်ခင်၊ ရိပ်ခနဲ ပျောက်ကွယ် သွားတော့သည်။ ယင်းကြောင့် ယန်ထန့်နှင့် အဖွဲ့မှာ၊ အပြုံးများ ချက်ချင်း ပျောက်ကွယ် ကုန်၏။

မည်သို့ပင် ဆိုစေ ကာမူ၊ နောက် တစ်ကြိမ်၌ ဤလင်းယွန်အား ဒုက္ခိတ ဖြစ်အောင် ရိုက်နှက် မည်ဟု၊ ကျိန်ဆို လိုက်ကြ၏။

ချို မိသားစုနှင့် မိုင် တစ်ရာ ဝေးသော အရပ်ဆီ၌၊ လင်းယွန် ခမျာ နဂါး လေးကို ကြည့်လျက်၊ အံကြိတ် လိုက်မိသည်။

“ ဒီလူယုတ်မာ တွေက ... နဂါး လေးကို၊ ဆိုးဆိုး ရွားရွား နာကျင်အောင် လုပ်ဝံ့လား၊ လင်းယွန် ... ၊ နင် ... သူတို့ကို ဘာလို့ ပြန်မရိုက် ရတာလဲ။ ”

“ ရိုက်ရုံနဲ့ ... ၊ လိမ္မာ လာမဲ့ ခွေးတွေလို့ မင်း ထင်လား။ ”

ခရမ်းငယ်အား လင်းယွန်မှ တုန့်ပြန်သည်။

“ ဒါဆို ... ယဉ်ကျေး လာတဲ့ အထိ ရိုက်ပါ။ ”

“ မဟုတ်ဖူး ... ၊ သေချာပေါက် သတ် သင့်တယ်။ ”

လင်းယွန် ထံမှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတတ် လိုခြင်း ဆန္ဒများ ပွင့်ထွက် လာသည်။ ယန်ထန့် လုပ်ရပ်မှာ၊ သူ့အား လူသတ် ချင်စိတ် ပေါက် စေ၏။

သို့သော် လူ မြင်ကွင်း၌၊ ထိုသို့သာ ပြုမူ မိပါက၊ လျှပ်စီး တိမ်လွှာဂိုဏ်း အတွက်၊ ဒုက္ခ များ ဆောင်ကျဉ်းရာ ရောက်ပေမည်။

သည့်အပြင် ၎င်းတို့၏ ကျင့်ကြံ မှုမှာ၊ အထွတ် အထိပ် ကြယ်စင်စု ဖြစ်သဖြင့်၊ အားလုံး ကို သတ်နိုင်လိမ့် မည်ဟု၊ မယုံကြည် သေးချေ။

***

All Chapters