← Chapters

ကြက်သွေးရောင် လမင်း။

Vol. 81 Ch. 1123

ကြက်သွေးရောင် လမင်း။

Vol. 81 Ch. 1123

နှစ်ရက် အကြာတွင်၊ ဖြာကျ နေသော လရောင်ခြည် အောက်၌ ချို မိသားစု အိမ်တော် များမှာ တောက်ပ နေလေသည်။

သို့သော် မည်သူမျှ ထိုလရောင်ကို ခံစား နိုင်ခြင်း မရှိ ကြချေ။ ဘိုးဘေးချို အပါ အဝင် လူတိုင်းက၊ စိုးရိမ် ပူပန်မှုနှင့် သတိ မပြတ် ထားနေ ရ၏။

ယနေ့သည် နတ်ကြယ် ပုလဲ (၈၀၀၀) ကို၊ ပေးရ မည့်နေ့ ဖြစ်သည်။ ပေးအပ်ရန် စိတ်ကူး မရှိ သဖြင့်၊ ကာကွယ်ရေး အစီစဉ် များကို ကြိုတင် ပြင်ဆင် ထားသည်။

“ ဟား ဟား ဟား ... ။ ”

ထိုအချိန်တွင် တိတ်ဆိတ်သော ခန်းမ အတွင်း၊ အေးစက်စက် ရယ်မောသံ တစ်သံ ပျံ့လွင့် လာသည်။

“ ဟား ဟား ဟား ဘိုးဘေးချို၊ မင်း ငါတောင်း ထားတဲ့၊ နတ်ကြယ် ပုလဲ တွေကို ပြင်ဆင် ထားပြီး ပြီလား။ ”

ထိုအသံတွင် မောက်မာခြင်း များနှင့်၊ ပြည့်နှက် နေပြီး လူ များစွာကို ကြောက်ရွံ့ သွားစေ၏။

“ သူ လာပြီ။ ”

ဤလူသည် ဂိုဏ်းကြီး (၄) ဂိုဏ်းမှ၊ အမာခံ တပည့် များကိုပင်၊ သတ်ပစ် ရဲသည့် လူ တစ်ဦး ဖြစ်၏။

ကျင့်ကြံမှုမှာ ကြယ်စင်စု နယ်ပယ်တွင် ဖြစ်ပြီး၊ နက္ခတ် နယ်ပယ် ကျွမ်းကျင်သူ များကို ပင်၊ သတ်နိုင်ကြောင်း သတင်းကြီး နေသည်။

“ သွား ရ အောင် ... ။ ”

ဘိုးဘေး ချိုက တည်ငြိမ် စွာဖြင့်၊ ခန်းမ အတွင်းမှ လှမ်းထွက် လိုက်သည်။ မျက်နှာချင်း ဆိုင် ခေါင်မိုး ပေါ်တွင်၊ အနက်ဝတ် လူငယ် တစ်ဦးကို ရပ်လျက် အနေ အထားဖြင့်၊ တွေ့လိုက် ရ၏။

ဤလူငယ်သည် အသက် သုံးဆယ် အရွယ်ခန့် ရှိပြီး၊ ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေ၏ အင်အားကြီး ဂိုဏ်း တစ်ဂိုဏ်းမှ၊ အမာခံ တပည့် တစ်ဦး ဖြစ်သည် ဟူ၍၊ သတင်းကြီး လေသည်။

ဂိုဏ်းမှ နှင်ထုတ် ခံရ ပြီးနောက်၊ လေလွင့် ကျင့်ကြံသူ တစ်ဦး အဖြစ်၊ ဆက်လက် ရှင်သန် ခဲ့သည်။

ထို့ကြောင့် အရင်း အမြစ် အတွက်၊ လူသတ်ခြင်း အမှုကို ကျူးလွန် လာရခြင်း ဖြစ်သည်။

ဤသို့ သွေးစွန်း လာသည်နှင့် သဘာဝ အလျောက်၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်လာ တော့သည်။

“ သူက နတ်မိစ္ဆာ မိုးကြိုးဓားလား။ ”

လင်းယွန်က မျက်ကွယ် အရပ်မှ နေ၍၊ ထိုလူကို ကြည့်ကာ စူးစမ်း နေသည်။ နှစ်ရက် အတွင်း သူ့ဒဏ်ရာ များမှ၊ ပြန်လည် ကောင်းမွန် လာသည့် အပြင်၊ မူလ စွမ်းအင်ကို များစွာ အားကောင်း စေသည်။

“ တောင်းပန် ပါတယ်၊ ငါ့ရဲ့ ချို မိသားစုက မင်း လိုချင်တဲ့ နတ်ကြယ် ပုလဲ တွေကို မတတ် နိုင်ပါဘူး၊ တတ်နိုင်ရင် တောင်မှ ငါတို့ မင်းကို မပေး နိုင်ဘူး။ ”

ဘိုဘေး ချိုမှ ဆိုသည်။

“ ကိစ္စ မရှိ ပါဘူး၊ ငါက မင်းတို့ကို သတ်ရလည်း အဆင်ပြေ ပါတယ်။ ”

နတ်မိစ္ဆာ မိုးကြိုးဓား လင်အောင်းရန်က ပြုံးပြ သဖြင့်၊ လူတိုင်း ကျောရိုး အနှံ့ အေးစက် သွားသည်။

“ ဝှစ် ... ။ ”

ထို့နောက် လမ်း တစ်လျှောက် ပုံရိပ်များ ချန်ထား ရစ်ကာ၊ ခန်းမရှေ့ မြေကွက်လပ် ထံသို့ ရိပ်ခနဲ ဆင်းသက် လာ၏။

ထုတ်လွှတ် လာသော ရောင်ဝါကြောင့်၊ ချိုမိသားစုရှိ အင်ပါ ရီယန်များ အားလုံး၊ နောက် တစ်လှမ်း ဆုတ်လိုက် ရသည်။

မူလ စွမ်းအင်များ အေးခဲ ကုန်ကာ၊ သွေး လည်ပတ်မှု တုန့်ဆိုင်း သွား၏။ ထုတ်လွှတ်လာ သည့်၊ ကြက်သွေးရောင် အရှိန် အဝါက ပတ်ဝန်း ကျင်ကို၊ ကန့်သတ် လာ လေသည်။

“ ဖျပ် ... ဖျပ် ဖျပ် ။ ”

ထို့ကြောင့် ချို မိသားစုမှာ၊ အသက်ရှူ ကြပ်သွား ရသည်။ လင်အောင်းရန်၏ ခြေလှမ်း တိုင်းက၊ သူတို့ နှလုံး ခုန်သံကို မြန်လာ စေ၏။ ခြေလှမ်း ခုနစ်လှမ်း လှမ်းပြီးနောက်၊ ထိုသူမှ ရပ်သွားသည်။

စက္ကန့်ပိုင်း အတွင်း သဏ္ဍာန်မဲ့ စွမ်းအင် တမျိုးက၊ ပေါင်တူ တစ်လက် ကဲ့သို့ လူတိုင်း၏ ရင်ဘတ်အား လာရိုက်သည်။

“ အွတ် ... ။ ”

ဘိုးဘေး ချို အနားရှိ၊ အင်ပါ ရီယန် နယ်ပယ်ရှိ၊ လူငယ် များမှာ သွေးအန်လျက် ပြိုလဲ သွား၏။ ထိုမြင်ကွင်းက မိုးကြိုးဓား လင်အောင်းရန်ကို၊ ပြုံးမိ စေသည်။

“ ဘယ်လိုလဲ ... မင်း ၊ ဆက်သွားချင် သေးလား၊ ငါ့ကို ခုခံဖို့ ... မင်း ခေါ်ထားတဲ့ အမာခံ တပည့် တွေက၊ အားကိုး ရမယ်လို့ ထင်နေ တုန်းလား။ ”

ဘိုးဘေး ချိုမှာ၊ စိတ်ထဲမှ တုန်လှုပ် သွားသည်။ အမာခံ တပည့် များကို ခေါ်ယူ ထားကြောင်း၊ ဤလူငယ်မှ သိပုံ ရ၏။

ထို့ကြောင့် အရပ် မျက်နှာ အသီးသီးမှ၊ လူရိပ်များ ထွက်လာပြီး၊ နတ်မိစ္ဆာ မိုးကြိုးဓားကို ဝိုင်းရံ လိုက်သည်။

၎င်းတို့မှာ ဂိုဏ်း ပေါင်းစုံမှ၊ အမာခံ တပည့်များ ဖြစ်ပြီး၊ လင်အောင်းရန် ရောင်ဝါကို ပြန်လည် ခုခံရန်၊ သူတို့၏ ရောင်ဝါ အသီး သီးအား၊ ထုတ်ဖော် လာကြသည်။

ထိုရောင်ဝါ များက၊ တောင်တန်းကြီး တစ်လုံး ကဲ့သို့၊ နတ်မိစ္ဆာ မိုးကြိုးဓားထံ ပြိုကျ လာသည်။

ယန်ထန့်၊ ရွှမ်ဖေး နှင့် လဲ့လန် တို့က၊ သဘာဝ အတိုင်း နောက်ဆုံးမှ ထွက်လာပြီး၊ လေထု အလယ် ရပ်လိုက်သည်။

သူတို့ သုံးယောက်က နတ်မိစ္ဆာ မိုးကြိုး ဓားထံ စိုက်ကြည့်ပြီး၊ ခန္ဓာ ကိုယ်မှ ကြယ်ရောင် များကို၊ ထုတ်လွှတ် လာ၏။

“ နတ်မိစ္ဆာ မိုးကြိုးဓား ... ၊ မင်းရဲ့ ခြိမ်းခြောက် လိုတဲ့ ရောင်ဝါက၊ တကယ် အလုပ် ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီနေ့က မင်းရဲ့ နေဝင်ချိန်ပဲ။ ”

ယန်ထန့်က ယုံကြည်မှု အပြည့် ရှိသော အပြုံးနှင့်၊ ငုံ့ကြည့်ကာ ပြော လိုက်၏။ နတ်မိစ္ဆာ မိုးကြိုးဓားက ပတ်ဝန်း ကျင်အား တစ်ချက်ဝေ့ ကြည့်ကာ၊

“ ကောင်း လိုက်တာ ... ၊ ကြည့်ရတာ ငါ့ခေါင်းက တော်တော် တန်ဖိုး ရှိပုံ ရတယ်။ ”

-ဟု ကြောက်စိတ် လုံးဝ မရှိဘဲ၊ စိတ်လှုပ်ရှား စွာဖြင့်၊ ပြောလာ၏။

ဤသည်မှာ သူ လိုချင်သော အခြေ အနေမျိုး၊ ဖြစ်၏။ ဘိုဘေး ချို၏ မိသားစု၌ နတ်ကြယ်ပုလဲ (၈၀၀၀) မရှိမှန်း သိသည်။

ထို့ကြောင့် ခြိမ်းခြောက် စာကို၊ (၁၅) ရက် ကြိုပို့ ခဲ့သည်။ ယင်းသည် ရတနာ များနှင့်၊ သူ့ မျိုးဆက် အချို့အား၊ အဝေးသို့ ပို့ထားရန်၊ အချိန် လုံလောက် ပေသည်။

တကယ့် ပစ်မှတ်မှာ၊ သည်အမာခံ တပည့်များ ဖြစ်၏။ ၎င်းတို့မှာ ချမ်းသာ ကြပြီး၊ ကိုယ်နှင့် မကွာ ဆောင်ထားသော ရတနာ များစွာ ပါရှိ တက်သည်။

ကံကောင်း ပါက စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် များပင် ရရှိ နိုင်၏။ မတော် တဆ ကျွမ်းကျင် သူများ ပါရှိ လာသော်၊ အသက် ရှင်လျက်၊ ထွက်ပြေး နိုင်သည်။

“ ငါတို့က သုံးယောက် ... ၊ သူ့ကို တာဝန် ယူမယ်၊ မင်တို့က သူ ထွက်မပြေး နိုင်အောင် ပိတ်ဆို့ ထားပါ။ ”

ယန်ထန့်က မောက်မာစွာ ကြေငြာ လိုက်သည်။ ထိုသူ့စကား များက ဂိုဏ်းကြီး သုံးဂိုဏ်း၏၊ အမာခံ တပည့်များ အတွက်သာ ရည်ရွယ် ပေသည်။

ဆိုလို သည်မှာ တိုက်ပွဲမှ လင်အောင်းရန် ထွက်မပြေးနိုင် သကဲ့သို့၊ ကျန်သူ များကလည်း၊ ဝင်ရောက် လာနိုင်ခြင်း မရှိ စေရန် ရည်ရွယ်၏။

အကျိုး အမြတ် အတွက်၊ လူတိုင်း ပါဝင် လာပါက၊ တိုက်ပွဲ အတွင်း အနှောက် အယှက် ဖြစ်လာ နိုင်ပေမည်။

ထို့ကြောင့် နတ်မိစ္ဆာ မိုးကြိုး ဓားကို တြိဂံ ပုံစံ ပိတ်ဆို့လျက်၊ မြေပြင်ပေါ် ဆင်းသက် လာခဲ့ သည်။

“ ချွမ် ... ။ ”

လဲ့လန်က ဓား တစ်လက်ကို၊ ဖြည်းညှင်းစွာ ဆွဲထုတ် လိုက်၏။ ယင်းမှာ တာအို လက်ရာဖြစ် သဖြင့်၊ မြေပြင်ကို ပြင်းစွာ တုန်ခါ သွားစေ သည်။

ထိုအတော အတွင်း၊ ရွှမ်ဖေးက သူ့ တောင်ဝှေးကို ဆွဲထုတ် လိုက်၏။ ယန်ထန့် မှာမူ မည့်သည့် လက်နက် ကိုမျှ မထုတ်ဘဲ၊ လက် နောက်ပစ်လျက်၊ ရပ်နေ ခဲ့သည်။

သုံးယောက် အနက် သူ့ ရောင်ဝါမှာ၊ အသိပ်သည်း ဆုံးဖြစ်၏။ ထို့ကြောင့် လျှို့ဝှက် နည်းစနစ်အား ဖြန့်ကျက်ကာ၊ ရောင်ဝါနှင့်၊ ဖြည်းဖြည်းချင်း ပေါင်းစပ် လိုက်သည်။

ထုတ်ဖော် ထားသော ဖိအား အရ၊ တစ်ဦး တစ်ယောက် တည်း ခွန်အား ဖြင့်ပင်၊ ဤနေရာ ရှိ လူအုပ် ကြီးကို ဖိနှိမ် နိုင်ပေမည်။

ယင်းကြောင့် မောက်မာကြ သည်မှာ၊ သဘာဝ ပေပင်။ ဤမြင်ကွင်းက မိုးကြိုးဓား လင်အောင်းရန်ကို ပြုံးရယ် လာ စေ၏။

“ ဟား ဟား ဟား ... ဂိုဏ်းကြီး လေးဂိုဏ်းက ... ၊ အမာခံ တပည့် တွေကို ငါ သဘော ကျတယ်၊ ဒါနဲ့ တိမ်လွှာ ဂိုဏ်းရဲ့ တပည့်တွေ မတွေ့ ပါလား။ ”

“ ဒါက မင်းကိစ္စ မဟုတ်ဘူး၊ ဒီနေ့ ကုန်လွန်ပြီးရင် အပြာရောင် စံအိမ်မှာ၊ နတ်မိစ္ဆာ မိုးကြိုးဓား ဆိုတာ မရှိ တော့ဘူး။ ”

ယန်ထန့်က ပြုံးလျက် ဆိုလိုက်သည်။

လင်အောင်းရန်၏ ပတ်ဝန်းကျင်၌၊ ခြိမ်းခြောက် နိုင်စွမ်းသော ရောင်ဝါများ၊ တရွေ့ရွေ့ ရစ်သိုင်း လာသည်။

“ ဟား ဟား ဟား ... ။ ”

ထိုရယ်မော သံက၊ ခိုင်မာသော နှလုံးသား မရှိသူ များကို၊ ကြောက်ရွံ့မိ စေမည်မှာ သေချာ ချေ၏။

“ သွား ရ အောင် ... ။ ”

ယန်ထန့်မှာ နတ်မိစ္ဆာ မိုးကြိုးဓား လင်အောင်းရန်ကို၊ သည့်ထက် ပို၍ လွှတ် မထား နိုင်တော့ချေ။

“ နတ်မိစ္ဆာ အောင်နိုင်ခြင်း တုတ်။ ”

ရွှမ်ဖေးက မိုးကြိုး ကျောင်းတော်၏၊ နာမည်ကြီး လက်ကိုင် တုတ်အား အသုံး ပြုရန်၊ ထုတ်ယူ လိုက်သည်။

တုတ် ကိုယ်ထည်ရှိ၊ ရွှေရောင် ရူရ်များ လင်းလက်ပြီး၊ ဗုဒ္ဓ သင်္ကေတ အဖြစ် ချက်ချင်း၊ ဖွဲ့တည် လာသည်။

“ ဝုန်း ... ။ ”

ထိုအက္ခရာ ဖွဲ့စည်း နေစဉ်၊ သေးစား ပေါက်ကွဲ မှုများ၊ ဆက်တိုက် ဖြစ်ပွား လာကာ၊ အာကာပြင် ပုံပျက် သွား၏။

ရွှေရောင် အလင်းများ ဖြာထွက် နေသော၊ ဗုဒ္ဓ (卍) သင်္ကေတ တစ်ခု ဖြစ်ပြီး၊ မိုးကြိုးဓား လင်အောင်းရန် ထံသို့၊ ပျံသန်း သွားသည်။

“ တိမ်တွေ ကြားက၊ နတ်ကြိုးကြာ။ ”

ဓားရောင်ဝါကို တိမ်ပင်လယ် အဖြစ် ဖွဲ့တည်လျက်၊ လဲ့လန်က ဓားဖြင့် လေဟာနယ် အတွင်း၊ လွှဲယမ်း လိုက်သည်။

တိမ် ပင်လယ်ကြီး ဖြစ်တည် လာကာ၊ ဓားရောင်ခြည် များက ကြိုးကြာငှက် အသွင်၊ ပြေးလွှား လာတော့၏။

ထို့အချိန်တွင် ယန်ထန့်က၊ လက်ဖဝါး တစ်ချက် ရိုက်ထုတ် လာသည်။ တိုက်ပွဲ စလျှင် စခြင်း၊ သူ့ ခွန်အားကို အကုန် အစင် ထုတ်ဖော် လိုက်၏။

“ ဝူး ... ။ ”

ကောင်းကင်နှင့် မြေကြီး တုန်ဟည်း သွာကာ၊ ဧရာမ လက်ဖဝါးကြီး တစ်ဖက်က၊ လင်အောင်းရန် ခေါင်းပေါ် ဆင်းသက် သွားသည်။

သုံးယောက်သား တစ်ချက် တည်းနှင့် သတ်နိုင်ရန်၊ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များကို၊ ထုတ်ဖော် လာခြင်း ဖြစ်၏။

“ အရမ်း ကောင်းတယ်။ ”

လင်အောင်းရန်က ပြုံးလျက် ဓားဖြင့်၊ ပြန်လည် ခုတ်ပိုင်းချ လိုက်သည်။ နီညိုရောင် ဓား အလင်းများ လွင့်ထွက် သွားပြီး၊ သူ့ဆီ ပျံသန်း လာသော၊ (卍) သင်္ကေတ သဏ္ဍာန် အမှတ် အသားကို၊ ချေဖျက် ပစ်၏။

“ ရွှပ် ... ။ ”

ထို့နောက် ဒုတိယ ဓားချက်ကို စပါးအုံး မြွေကြီး တစ်ကောင် အဖြစ် ထင်ရှား စေကာ၊ ပစ်လွှတ် လိုက်ပြန်သည်။

စပါးအုံး မြွေကြီးက ကောင်းကင်ပေါ်၊ ပျံတက် သွားပြီး၊ လဲ့လန်၏ ကြိုးကြာ များကို ထိပ်တိုက် ဖြေရှင်း လေသည်။

“ လာ ဦး မယ် ... ။ ”

တစ်ချိန်တည်း မှာပင်၊ တတိယ ဓားကို လွှဲခုတ်လျက်၊ နဂါး အဖြစ် ပြောင်းလဲ စေလျက်၊ ကောင်းကင်မှ ကျဆင်း လာသော ဧရာမ လက်ဖဝါးနှင့်၊ ယှဉ်ဆိုင် စေသည်။

ဤနည်းဖြင့် သုံးယောက် တစ်ယောက် တိုက်ပွဲမှာ စတင် လာတော့၏။ ယန်ထန့်တို့ သုံးဦးမှာ၊ လင်းအောင်ရန် အနားပင်၊ မကပ်နိုင် ခဲ့ချေ။

များ မကြာခင် ရွှမ်ဖေးမှာ နောက်သို့၊ ခြေလှမ်း (၅)လှမ်း ဆုတ်လိုက်ပြီး၊ လဲ့လန် ခမျာ (၇)လှမ်း၊ ဆုတ်ပေး လိုက်ရ၏။

ယန်ထန့်မှာ သူတို့ နှစ်ဦးထက်၊ သန်မာ သဖြင့်၊ (၂)လှမ်း မျှသာ ဆုတ်ခွာပေး ရလေပြီ။

“ မင်းတို့က ... ငါနဲ့ တိုက်ဖို့၊ နုပါ သေးတယ်။ ”

လင်အောင်းရန် မျက်လုံး များတွင်၊ အေးစက်သော အလင်း ရောင်များ တောက်ပ သွားသည်။

ယန်ထန့်နှင့် အဖွဲ့ မှာမူ၊ မျက်နှာများ ပျက်ယွင်း သွား၏။ သူတို့နှင့် လင်အောင်းရန် ကြား ခြားနား ချက်မှာ၊ များစွာ ကြီးမား နေသည်။

“ ဒီညတော့ ... ၊ ငါ လင်အောင်းရန်ကို၊ ဘာလို့ နတ်မိစ္ဆာ မိုးကြိုးဓား အဖြစ် ခေါ်ကြလဲ ဆိုတာ၊ ပြရတော့ မှာပေါ့။ ”

လင်အောင်းရန်က သတ်ဖြတ် လိုသော ဆန္ဒများကို ထုတ်ဖော်ကာ၊ အော်ငေါက်လိုက် လေသည်။

သူ့ အရှိန် အဝါမှာ၊ ပြောင်းလဲ လာပြီး၊ လမင်းကြီး ကိုပင်၊ အနီရောင် ပြောင်းလဲလု မတက်၊ သက်ရောက်မှု ရှိလာ လေပြီ။

***

All Chapters