ငါ့ ဂုဏ်ပုဒ်ကို ရွတ်ဆိုပါ- (၁)။
Vol. 81 Ch. 1124
လမင်း သည်ပင် တဖြည်းဖြည်း ကြက်သွေးရောင် ပြောင်းလဲ လာသဖြင့်၊ ယန်ထန့်မှာ လေးနက် သွားသည်။
“ သ တိ ထား ... ။ ”
လင်အောင်းရန်မှ ဓားကို လွှဲလာပြီ ဖြစ် သဖြင့်၊ ယန်ထန့်က ရုတ်တရက် အော်ဟစ် သတိပေး လိုက်၏။
“ ဟိတ် ... ။ ”
ရိပ်ခနဲ ပြေးဝင် လာသော ဓားကြောင့်၊ လက်သီးဖြင့် ချက်ချင်း ထိုးချ လိုက်သော်လည်း၊ အလုံးစုံ မကာကွယ် နိုင်ခဲ့ချေ။
ညာဘက် ပခုံးတွင် ပြတ်ရှရာ တစ်ခု ဖြစ်ကျန် ရစ်ပြီး၊ သွေးများ စီးကျ လာတော့ သည်။
“ နတ်ဆိုး နှိမ်နင်းခြင်း။ ”
ရွှမ်ဖေးက လက်ကိုင် တုတ်အား လွှဲကာ၊ ရိုက်ချ လိုက်၏။ ၎င်းမှာ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်နှင့်၊ သဏ္ဍာန် တူသည်။
“ ဝှစ် ... ။ ”
ပြင်းထန်သော တုတ် ရိုက်ချက် တစ်ခု ဖြစ်သော်လည်း၊ လင်အောင်းရန်မှ ဂရုစိုက်ပုံ မပြဘဲ၊ ကြက်သွေးရောင် ဓား အလင်းဖြင့်၊ ပြန်ပက် ထုတ် လိုက်သည်။
“ ရွှပ် ... ။ ”
ထို့စဉ် တိမ်ပင်လယ်ကို ဖြတ်ကာ၊ ဓားရောင်ခြည် တစ်စင်း၊ လင်းအော်ရန်၏ လည်ပင်း ဆီသို့၊ ဦးတည် လာ၏။
လှည့်မကြည့်ဘဲ ဒုတိယ ဓားချက်၊ ထုတ်လျက်၊ အပြုံးဖြင့် ထိုဓား အလင်းကို၊ ဖျက်ထုတ် ပစ်သည်။
“ မင်း ... ပုန်း နေ တာလား။ ”
လင်အောင်းရန်က ထိုမျှနှင့်၊ ကျေနပ်ပုံ မရချေ။ သူ့ဓား အလင်းကို ကြက်သွေးရောင် နဂါး အသွင် ပြောင်းလဲကာ၊ တိမ်ပင်လယ် အတွင်း ပုန်းအောင်း နေသော လဲ့လန်ထံ၊ ဆက်ဝင် စေလိုက်၏။
“ သေ လိုက် စမ်း ... ။ ”
ယန်ဖန့်က မြေပြင်ပေါ် ရောက်သည်နှင့်၊ သူ့ဒဏ်ရာကို လျစ်လျူရှုကာ၊ လင်အောင်းရန်ကို နောက်ထပ် လက်သီးဖြင့် ထိုးပစ် လိုက်သည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် လင်အောင်းရန် ခမျာ၊ လဲ့လန် နောက်သို့ ဆက်မလိုက် တော့ဘဲ၊ လက်သီးအား ဓားနှင့်၊ လှည့်ကာ ထိုး၏။
“ ဝုန်း ... ။ ”
ပေါက်ကွဲမှု နောက်ဆက်တွဲ လှိုင်း များကြောင့်၊ ယန်ထန့် ခမျာ ခြေလှမ်းပေါင်း များစွာ၊ ဆုတ်ခွာ လိုက်ရ၏။
“ ဟား ဟား ဟား ... မဆိုးဘူး။ ”
လင်အောင်းရန်က ရယ်မော လိုက်သည်။ ဤသုံးယောက်အား နောက်ထပ် အခွင့် အရေး မပေး လို တော့သည့် အတွက်၊ ပွဲသိမ်းရန် ကြံရွယ် လိုက်သည်။
သည်မြင်ကွင်းက လူအုပ်ကို တုန်ယင် လာစေ၏။ လင်အောင်းရန်၏ ဓား ရောင်ဝါ၊ ခြိမ်းခြောက် လိုသော ရောင်ဝါနှင့်၊ မိုးကြိုး ရည်ရွယ် ချက်မှာ၊ ပေါင်းစပ် သွားသည်။
ထို့အပြင် အထွတ် အထိပ် ဝိညာဉ်ရေး ဓားရည်ရွယ်ချက် ကိုလည်း၊ ထပ်မံ ထုတ်ဖော် လာ၏။
ဤလေးခု ပေါင်းစပ် ခြင်းဖြင့်၊ ကြောက်မက်ဖွယ် ကောင်းသော နဂါးကြီး တစ်ကောင် ဖြစ်တည် လာသည်။
ထို့ကြောင့် တစ်နာရီ အတွင်း၊ ယန်ထန့်နှင့် အဖွဲ့အား ဒဏ်ရာ များဖြင့်၊ ဖုံးလွှမ်း စေခဲ့သည်။ လက်ရှိ အချိန်၌ လင်အောင်းရန်၏ ရောင်ဝါမှာ၊ နက္ခတ် နယ်ပယ်သို့ ရောက်လု ချေ၏။
“ နဂါး ကိုးကောင်- ကောင်းကင်ကို ခွဲဖွင့်ခြင်း။ ”
ထို့ဓားကို ထုတ်လွှတ် လိုက်ချိန်၌၊ လင်အောင်းရန်၏ ရောင်ဝါ သမုဒ္ဒရာ များမှာ၊ ပွက်ပွက် ဆူ လာသည်။
ဓားအလင်း များဖြင့်၊ ဖွဲ့တည် ထားသော ပင်လယ် အတွင်းမှ၊ နဂါး (၉) ကောင်၊ ထွက်ပေါ် လာကာ၊ ယန်ထန့် တို့ထံ ပြေးဝင် သွား၏။
“ အွတ် ... ။ ”
သုံးယောက်သား ဖြူဖျော့ နေသော အသွင်ဖြင့်၊ မြေပြင်ပေါ် ချက်ချင်း ပြုတ်ကျ သွားသည်။
ယဲ့ဇီလင် လက်မှ လင်အောင်းရန် တစ်ယောက်၊ အဘယ့်ကြောင့် လွတ်မြောက် နိုင်ခဲ့ သည်ကို၊ သူတို့ နားလည် သွားပြီ ဖြစ်၏။
လင်အောင်းရန် ခွန်အားမှာ၊ သူတို့၏ စိတ်ကူး စိတ်သန်း များကို ကျော်လွန် နေပြီ ဖြစ်ပြီး၊ နက္ခတ် နယ်ပယ် သည်ပင်၊ သူ့ ပြိုင်ဘက် မဖြစ်နိုင် တော့ပေ။
တိုက်ပွဲကို ကြည့်ပြီးနောက်၊ အားနည်းသူ အချို့မှာ၊ ချက်ချင်း ထွက်ပြေးသွား ကုန်သည်။ ကျန်ရှိ နေသူ များက၊ တိုက်ပွဲနှင့် လွတ်ရာသို့ ဆုတ်ခွာ သွား၏။
“ အပြာရောင် စံအိမ်ရဲ့ ... ၊ အုပ်စိုးရှင် ဂိုဏ်းကြီး တွေက ဒီနှစ်တွေ ထဲမှာ၊ ဆုတ်ယုတ် လာပုံပဲ၊ ငါတောင် သွေးမပူ သေးဘူး။ ”
လင်အောင်းရန်က ပြုံးလျက် ရေရွတ် လိုက်သည်။ အမာခံ တပည့် များအား အရှက်ခွဲ နိုင်ခြင်း အပေါ်၊ နှစ်ခြိုက် ပေ၏။
အထူး သဖြင့် အမာခံ တပည့် ဟူသော၊ ၎င်းတို့၏ မျက်လုံး များရှိ ကြောက်ရွံ့မှု များကို မြင်သော အခါ ဖြစ်သည်။
ယခုမူ ထိုသို့ ထိတ်လန့် သွားသည့် အရိပ် အယောင် ကိုမျှ မတွေ့ရ သောကြောင့်၊ သံသယ ဝင်လာ မိသည်။
ဝှက်ဖဲ ကျန်သေး သည်လော။ ဤသို့ ဆိုပါက၊ ပို၍ စိတ်ဝင်စား စရာ ကောင်းလာ ပေတော့မည်။
“ မင်းက သန်မာ ပါတယ်။ ”
ယန်ထန့်က နှုတ်ခမ်း ပေါ်ရှိ သွေးစ များကို သုတ်လိုက်ပြီး၊
“ ငါ့ မှာသာ ဝှက်ဖဲ မရှိ တော့ရင် ခုချိန်၊ တောင်းပန် နေရ လောက်ပြီ၊ ဘာပဲ ဖြစ်ဖြစ် မင်း ဒီနေ့ သေရမယ်။ ”
-ဟု ဆိုလိက် တောက်ပြောင် နေသော၊ ငွေရောင်လှံ တစ်စင်းအား ထုတ်ယူ လိုက်သည်။ လှံဆို သည်ထက် လှံနှင့် တူသော လက်နက် ဟူက ပိုမှန် ပေမည်။
၎င်းလက်နက်၏ အသွားမှ ထက်ရှ မှုသည်၊ ကောင်းကင်ပေါ် ပျံတက်ကာ၊ ကြက်သွေးရောင် ကောင်းကင် ကြီးကို ထိုးခွဲ ပစ်သည်။
ဤသည်မှာ သူတော်စင် လက်ရာ ဖြစ်ပြီး၊ လေလွင့် နန်းတော်၏ ‘ဧကရာဇ် ချိတ်’ဟု ဆိုက ပိုမှန် ချေမည်။
ထိပ်ဖျားတွင် ငါးမျှားချိတ် ကဲ့သို့သော၊ အသွားအား တပ်ဆင်ထား သဖြင့်၊ ၎င်း အမည် ကို၊ ဤသို့ ပေးထားခြင်း ဖြစ်၏။
ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေ ၌ပင်၊ သူတော်စင် ရှေးဟောင်း ပစ္စည်း များမှာ အလွန် ရှားပါး လေသည်။
ထို့ကြောင့် ယန်ထန့် လက်၌၊ သူတော်စင် လက်ရာ တစ်ခုအား မြင်လိုက် ရသော အခါတွင်၊ လူတိုင်း စိတ်လှုပ်ရှား လာ၏။
အဆုံးတွင် ငါးကြီးကြီး တစ်ကောင်ကို မြင်ရပြီ ဖြစ်သော ကြောင့်၊ လင်အောင်းရန်၏ နှလုံးခုန် နှုန်းများ၊ မြန်ဆန် လာ တော့သည်။
“ သူ့ ကို သတ် ... ။ ”
ယန်ထန့်က ဧကရာဇ် ချိတ်ကို လင်အောင်းရန်ထံ ချိန်ရွယ်လျက်၊ အမိန့်ပေး လိုက်၏။
သူတော်စင် လက်ရာကို ထုတ်ပြီးနောက်၊ ဤလင်အောင်းရန်မှာ သေလူ ဖြစ်သွား လေပြီ။ ထို့ကြောင့် သတ်ဖြတ် လိုသော အသွင်ဖြင့်၊ တစ်ဖက် လူကို လှမ်းချိတ် လိုက်သည်။
“ ..... ။ ”
သူတော်စင် ရူရ်များ တောက်ပ လာပြီး၊ လင်အောင်းရန်၏ ခြိမ်းခြောက် လွှမ်းမိုးလိုသော ရောင်ဝါကို၊ ချက်ချင်း ဆုတ်ဖြဲ လေသည်။
ကြက်သွေးရောင် အဆင်း ရှိသော ထိုရောင်ဝါမှာ၊ လင်အောင်းရန် ခန္ဓာကိုယ် ထဲသို့ ပြန်လည် ဝင်ရောက် သွား၏။
ယင်းက ရွှမ်ဖေးနှင့် လဲ့လန်တို့ အပေါ်၊ သက်ရောက် နေသော ဖိအား များကို၊ လျော့ကျ သွားစေသည်။ သို့မှသာ စင်ကြယ်သော ဝိညာဉ် တော်ကို၊ ဆင့်ခေါ်ခွင့် ရသွား၏။
သူတော်စင် ရူရ်များ ထံမှ စွမ်းအားမှာ၊ လင်အောင်းရန်၏ ရွေ့လျားမှု နည်းစနစ်၊ ကြယ် စွမ်းအင်၊ ဓား ရည်ရွယ်ချက်နှင့် ခြိမ်းခြောက် လိုသော ရောင်ဝါ အတွက်၊ ပြဿနာ တစ်ရပ် ဖြစ်လာ လေပြီ။
သို့သော် သိပ်ပြီး စဉ်းစား မနေ တော့ဘဲ၊ သူသည်လည်း ကြက်သွေးရောင် နဂါး ဝိညာဉ် တော်ကို၊ ဆင့်ခေါ် လိုက်သည်။
လေထု အလယ် ဝိညာဉ်တော် သုံးပါး ထိပ်တိုက် တွေ့ဆုံ သွားကာ၊ လှိုင်းလုံး ကြီးများ အရပ် မျက်နှာ အသီး သီးသို့၊ ရိုက်ခတ် ကုန်၏။
ယန်ထန့် လက်ထဲရှိ၊ ဧကရာဇ် ချိတ်မှ၊ ငွေရောင် အလင်းများ ရုတ်တရက် ဖြာထွက် လာသည်။
“ ဝှစ် ... ။ ”
သည့့်နောက် ငွေရောင် အလင်းတန်း ပြေးထွက် သွားပြီး၊ မိုးကြိုးဓား လင်အောင်းရန် ခန္ဓာ ကိုယ်အား၊ ထိမှန် လာလေသည်။
အသွားရှိ ချိတ် ကောက်ကြောင့်၊ အသားစ အချို့ပဲ့ပါ သွားကာ၊ သွေးများ ပန်းထွက် လာ၏။ ယန်ထန့်က ၎င်းအား မြင်သည်နှင့် ပြုံးသွားပြီး၊
“ ငါနဲ့ တိုက်ဖို့ ... ၊ မင်း ... ထပ် ကြိုးစား နိုင်တယ်။ ”
-ဟု တုန့်ပြန် လိုက်တော့သည်။
တစ်ချိန် တည်းမှာပင် ရွှမ်ဖေး နှင့် လဲ့လန်၏ တိုက်ခိုက်မှု များက၊ လင်အောင်းရန်အား ထိမှန် သွား တော့သည်။
“ ဝုန်း ... ။ ”
လင်အောင်းရန် ခမျာ တစ်ကိုယ်လုံး၊ သွေးချင်းချင်း ရဲ လာ၏။ သူတော်စင် လက်ရာ ဟူသည်၊ အမှန်ပင် အစွမ်းထက် လှချေပြီ။
ထို့ကြောင့် ဤလက်နက် ကိုသာ၊ ယန်ထန့်၏ အစ်ကို ဖြစ်သော ချူထျန်းဟောင်မှ အသုံးပြု ခဲ့ပါက၊ မည်မျှ အစွမ်းထက် မည်အား၊ လဲ့လန်က တွေးမိ လာသည်။
ယန်ထန့်က ကောင်းကင်တွင် ရပ်လျက် အနေ အထားဖြင့်၊ သူတော်စင် ရူရ် (၅၀) ခန့်ကို အသက် သွင်းလိုက်သည်။
၎င်းတို့ အသက်ဝင် လာသည်နှင့်၊ လေထု ထဲရှိ၊ ဝိညာဉ် စွမ်းအင် များကို၊ ဧကရာဇ် ချိတ်က စတင် စုပ်ယူ တော့၏။
“ ဟိတ် ... ။ ”
လုံလောက်သော ဝိညာဉ် စွမ်းအင် ရရှိ လာချိန်၌၊ လေထုအား အသာ ပုတ်ကာ၊ ရှေ့သို့ တိုးထွက် ပျံသန်း လိုက်လေသည်။
အပုတ်ခံ ရသော ထိုလေထုက၊ ပင့်ကူ မျှင်များ သဖွယ် အက်ကွဲ သွားစဉ်၊ ဧကရာဇ် ချိတ်ရှိ၊ သူတော်စင် ရူရ် များမှာ (၁၀၀) အထိ၊ အသက် ဝင်လာသည်။
ဤအခိုက်တွင် လူတိုင်းက၊ သူတော်စင် လက်ရာများ၊ အဘယ့်ကြောင့် နာမည် ကြီးကြ သည်ကို၊ နားလည် ကုန်၏။
“ ကစားပွဲ ပြီးပြီ။ ”
သည့်နောက် ယန်ဖန့်က အေးစက်စွာ စိုက် ကြည့်လျက်၊ ဧကရာဇ် ချိတ်ဖြင့်၊ ပြိုင်ဘက်အား လှမ်းဆွဲ လိုက်သည်။
သူတော်စင် ရူရ်ပေါင်း (၁၀၀) က၊ ကြက်သွေးရောင် နဂါး များနှင့်၊ တိုက်မိ သွား တော့သည်။
“ ..... ။ ”
ကြက်သွေးရောင် နဂါးများ နာကျင်စွာ အော်ဟစ် နေစဉ်၊ လင်အောင်းရန် နှလုံးသားကို ချိတ် ဖျားဖြင့်၊ ချိတ်ထုတ် လိုက်၏။
“ ဝှစ် ... ။ ”
လင်းအောင်းရန် အတွက်၊ ဤချိတ် ကောက်မှ လွတ်မြောက်ရန်၊ လမ်းမရှိ တော့ချေ။ သူတော်စင် လက်ရာ တစ်ခု၏ စွမ်းပကားမှာ၊ အမှန်ပင် ကြောက်စရာ ကောင်း လှ၏။
***