← Chapters

ငါ့ ဂုဏ်ပုဒ်ကို ရွတ်ဆိုပါ- (၂)။

Vol. 81 Ch. 1125

ငါ့ ဂုဏ်ပုဒ်ကို ရွတ်ဆိုပါ- (၂)။

Vol. 81 Ch. 1125

“ သေ လိုက် စမ်း။ ”

လင်အောင်းရန်၏ နှလုံးကို ချိတ်ဖြင့်၊ ကုပ်ထုတ်ရန် ကြံရွယ် လိုက်သည်။ သို့သော် ရွှေရောင် အလင်းများ ထွက်ပေါ် လာသဖြင့်၊ ချက်ချင်း နောက်ဆုတ် မိသည်။

ယင်းမှာ ခုခံ ကာကွယ်ရေး ချပ်ဝတ် ဖြစ်သည်။ ၎င်းကို ကြယ် စွမ်းအင်ဖြင့် ဆင့်ခေါ် ထားသော သော်လည်း၊ တိုက်ပွဲဝင် ချပ်ဝတ်များ ကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါမျိုး ထုတ်လွှတ် နိုင်သည်။

“ ကောင်းကင်ယံ ဂိုဏ်းရဲ့၊ မဟာ ချပ်ဝတ်။ ”

ယန်ထန့် တစ်ယောက် မျက်ခုံးပင့် မိ၏။ ဤသည်မှာ ကောင်းကင်ယံ ဂိုဏ်း၏ လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်ပြီး၊ အမာခံ တပည့် များသာ၊ သင်ယူ နိုင်သည့် ပညာရပ် ပေပင်။

“ မင်းက ... ၊ ကောင်းကင်ယံ ဂိုဏ်းရဲ့ တပည့် ဆိုတဲ့ သတင်းက အမှန်ပဲ။ ”

“ သူတော်စင် ရူရ် တွေရဲ့ စွမ်းအားက တကယ့်ကို အားကောင်း ပါတယ်၊ ဒါပေမယ့် မင်းက သူ့ရဲ့ အစွမ်း၊ ဆယ်ပုံ တစ်ပုံတောင် မထုတ် နိုင်တာ ရှက်စရာ၊ ငါ့ကို ပေး ... ။ ”

လင်အောင်းရန်က ပြုံးလျက် ဆုတ်ခွာရန် ပြင်နေသော ယန်ထန့်၏ ဧကရာဇ် ချိတ်အား၊ ဖမ်းကိုင် လိုက်သည်။

လဲ့လန်နှင့် ရွှမ်ဖေးတို့ နှစ်ဦးမှာ၊ အံ့သြ သွား၏။ ကောင်းကင်ယံ ဂိုဏ်းမှ အမာခံ တပည့် တစ်ဦးသည်၊ အပြာရောင် စံအိမ်သို့ မည်သည့် အတွက်၊ ရောက်ရှိ လာမှန်း မသိချေ။

ထိုအချိန်တွင် သူတော်စင် လက်ရာကြောင့်၊ ကြယ် စွမ်းအင် များစွာ ကုန်ဆုံး နေပြီ ဖြစ်သော ယန်ထန့် ခမျာ၊ ဧကရာဇ် ချိတ်အား လက်လွှတ် လိုက်ရသည်။

“ ဟား ဟား ဟား ... ၊ သုံးနှစ် ကြာခဲ့ပြီ၊ နောက်ဆုံးတော့ ဒီဘုရား သခင် စွန့်ပစ် ထားတဲ့ နေရာမှာ၊ စိတ်ဝင်စား စရာကောင်းတဲ့၊ အရာ တစ်ခုကို ငါ တွေ့ရပြီ။ ”

သူတော်စင် ရှေးဟောင်း ပစ္စည်းကို ဆုပ်ကိုင်လျက်၊ လင်အောင်းရန်က စိတ် လှုပ်ရှားစွာ ကြွေးကြော် လိုက်သည်။

ဤလက်နက်ကို ရယူရန်၊ သူ့ကိုယ်သူ ဒဏ်ရာ ရစေ ခဲ့၏။ ယင်းက ယန်ထန့်အား နောင်တရ သွားစေသည်။

အခြားသော ဂိုဏ်း များ၏၊ အမာခံ တပည့် များက၊ လင်အောင်းရန် လက်သို့ ဧကရာဇ် ချိတ် ရောက်ရှိ သည်နှင့်၊ လှည့်၍ ပြေးကုန်သည်။

“ နေ ပါ ဦး၊ ဟား ဟား ဟား ... ။ ”

လင်အောင်းရန်က ရယ်မောပြီး၊ ငွေရောင် ဧကရာဇ် ချိတ်ကို ခါးလည်မှ ကိုင်ကာ လှည့်၌၊ စုပ်ဝဲ တစ်ခုအား ဖန်တီး လိုက်သည်။

ကျယ်လောင်သော အော်ဟစ် သံများ နှင့်အတူ၊ ကြက်သွေးရောင် နဂါး တစ်ကောင်က ကောင်းကင်ပေါ်၊ ပျံတက် လာသည်။

သည့်နောက် ထွက်ပြေး လိုသော ဂိုဏ်း အသီး သီး၏ အမာခံ တပည့် များကို၊ လှည့်ပတ် ကာ၊ ဟန့်တား လာတော့သည်။

ယင်းကြောင့် လူတိုင်းကို သူ့ ရောင်ဝါ အတွင်း ပိတ်လှောင်လျက် ကြောက်စိတ်များ ဖုံးလွှမ်း လာစေ၏။ ဤနည်းဖြင့် မည်သူမျှ မလှုပ်ရှား ရဲတော့ချေ။

“ အခု ... ကစားပွဲ စရအောင်၊ ငါတို့ ဘယ်သူနဲ့ အရင် သွားကြ မလဲ။ ”

လင်အောင်းရန်က ဧကရာဇ် ချိတ်ကို ကိုင်လျက်၊ ဘိုဘေးချိုထံ စိုက်ကြည့်ကာ မေး လိုက်သည်။

ထိုအကြည့် ကြောင့် ဘိုးဘေး ချို ခမျာ မြေပြင်ပေါ် ဒူးထောက် ကျသွားပြီး၊ တုန်ယင် လာပေသည်။ သူနှင့် အတူ ချို မျိုးနွယ်စု ဝင်များမှာ၊ ဒူးထောက် လိုက်၏။

“ သခင်လေး နတ်မိစ္ဆာ ... ကျေးဇူး ပြုပြီး၊ ငါတို့ အသက်ကို ချမ်းသာ ပေးပါ။ ”

“ ဟား ဟား ဟား ... ။ ”

အသက် အတွက်၊ တောင်းပန် နေသော လူများကို ကြည့်ပြီး၊ လင်အောင်းရန်က ကျေနပ် စွာ၊ အော်ဟစ် ရယ်မော လိုက်သည်။

ဤအခိုက် အတန့်တွင် ဘိုးဘေး ချိုက ဒူးထောက် လျက်ဖြင့် ရှေ့သို့ တိုးသွားပြီး၊

“ သခင်လေး နတ်မိစ္ဆာ၊ ဒီနေ့ ကိစ္စတွေ အတွက်၊ ငါ အပြည့် အဝ တာဝန်ယူ ပါ့မယ်၊ မင်း လိုချင်တဲ့ နတ်ကြယ် ပုလဲ ရှစ်ထောင် ကိုလည်း လဝက် အတွင်း၊ ...

... ပြင်ဆင် ပေးပါ့မယ်၊ ဒါကိုမှ မကျေနပ် သေးရင်၊ ငါ့ကို သတ်ပြီး ငါ့ ချို မိသားစု ကိုတော့ ချမ်းသာ ပေးပါ။ ”

“ မဟုတ်တာ ... ၊ မင်းကို ငါက သတ် စရာလား ဘိုဘေးချို၊ မင်းကြောင့် သူတော်စင် ပစ္စည်းကို ငါရ တာပါ။ ”

-ဟု ဆိုလျက် လင်အောင်းရန်က ယန်ထန့် ဘက်သို့ လှည့်ကြည့် လိုက်၏။

ထိုအကြည့် ကြောင့် ယန်ထန့် ခမျာ ထိတ်လန့် လာပြီး၊

“ သခင်လေး ... ၊ သခင်လေးက ကောင်းကင်ယံ ဂိုဏ်းရဲ့၊ အမာခံ တပည့် တစ်ဦး ဖြစ်ရဲ့နဲ့၊ အပြာရောင် စံအိမ်ကို လာတယ် ဆိုတာ အကြောင်း အရင်း ရှိရမယ်၊ ...

... သခင်လေးသာ ဆန္ဒ ရှိရင်၊ ဒီငမိုက်သား ယန်ထန့်က တာဝန်တွေ ထမ်းဆောင်ဖို့၊ အသင့် ပါဗျ။ ”

ထိုစကားကို ကြားသော အခါ၊ လင်အောင်းရန်က အံ့အားသင့် သွားပြီး၊

“ မင်း မသန်မာ ပေမယ့် ... ထက်မြက်တယ်၊ ဒါက ငါ့ခွေး ဖြစ်ဖို့ အရည် အချင်း၊ ပြည့်မီ ပါတယ်။ ”

“ ကျေးဇူး တင်ပါတယ် သခင်။ ”

ယန်ထန့်က ချက်ချင်း ဒူးထောက် ချ လိုက်၏။ သူတော်စင် လက်နက် မပါဘဲ ဂိုဏ်း သို့ ပြန်သွားသော်၊ သေခြင်း တရား နှင့်သာ ရင်ဆိုင် ရမည်ကို သူ သိသည်။

ရှင်သန်ရန် သည်သာ အဓိက ဖြစ်သည်။

“ မဆိုးဘူး၊ သူတို့ကို သတ်လိုက်ပါ။ ”

လက်ညှိုး ညွှန်လျက် လင်အောင်းရန်က ပြုံးကာ ဆိုလိုက်သည်။ ဤလူ များသည် ဂိုဏ်း ပေါင်းစုံမှ၊ အမာခံ တပည့်များ ဖြစ်ကြ သဖြင့်၊ ယန်ထန့် မျက်နှာကို၊ ပြောင်းလဲ သွားစေ၏။

၎င်းတို့အား သတ်ပြီးသော်၊ ပြန်လမ်း မရှိနိုင်ချေ။ အပြာရောင် စံအိမ်ရှိ အင်အားစု တိုင်း အပေါ်၊ အပြစ် ပြုပြီး ဖြစ်ပေမည်။

ထို့အပြင် မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တစ်ဦးထံ ကျွန်ခံ လိုက်သည် ဟူသော သတင်း အရ၊ သူ့ အမည်မှာ အဖတ်ဆယ်၍ ရနိုင် တော့မည် မဟုတ်ချေ။

“ အမှန် ပါပဲ ... ၊ ဒီလို အမှိုက် တွေကို သတ်ရရင်၊ သခင့် လက်တွေ ညစ်ပတ် သွားပါ လိမ့်မယ်။ ”

ယန်ထန့်၏ ရွေးချယ် မှုကြောင့် အခြား ဂိုဏ်းများ၏ အမာခံ တပည့် များမှာ၊ မယုံကြည် နိုင် ဖြစ်နေဆဲ ပေပင်။

လင်အောင်းရန်ကို သတ်ပစ် မည်ဟု၊ တစ်ချိန်လုံး ကြွေးကြော် နေသူမှာ၊ ကျွန် အဖြစ် လိုလို လားလား ခံယူသွား လိမ့်မည်ဟု မထင် မိချေ။

“ ယန်ထန့် ... မင်း ရူးနေ တာလား၊ မင်းက လေလွင့် နန်းတော်ရဲ့ ပါရမီ ရှင်ပဲ၊ အရှက် မရှိ ဖူးလား။ ”

လူအုပ် အတွင်းမှ၊ ပါရမီရှင် လူငယ် တစ်ယောက်က အော်ဟစ် မေးမြန်း လာလေ သည်။

“ လူသေ တွေကို ရှင်းပြ စရာ လို လို့လား။ ”

ယန်ထန့်က ပြန်ဖြေ၏။ ထိုလုပ်ရပ်က လင်အောင်းရန်အား စိတ်ကျေနပ် လာစေသည်။ မိစ္ဆာ ကျင့်ကြံသူ ဟူသည်၊ သစ္စာ တရားအား လျစ်လျူရှု တက်ရ ပေမည်။

“ ..... ။ ”

ထိုစဉ် လရောင်များ ပျံ့ကျဲ လာပြီး၊ သာယာ ငြိမ့်ညောင်းသော ပလွေသံ ထွက်ပေါ် လာသည်။ ပလွေသံ အတွင်း၌ ဓား ရည်ရွယ်ချက် ပါဝင် ကာ၊ လူတိုင်း၏ သွေးများကို၊ ဆူပွက် လာစေသည်။

“ အဲဒါ ... ပန်းသင်္ချိုင်းပဲ။ ”

တစ်စုံ တစ်ယောက်မှ၊ အော်ဟစ်လျက် အတည်ပြု လိုက်သည်။ အဆုံးတွင်၊ ပန်းသင်္ချိုင်း ဟူသည်၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များကို အမဲလိုက် နေသူ တစ်ဦး ဖြစ်သည်။

ပန်းသင်္ချိုင်း။ ဤပုဂ္ဂိုလ်သည် သူ့ အမည် ဂုဏ် သတင်းကို ခိုးယူသွား ခဲ့သဖြင့်၊ ယန်ဖန်မှ အံကြိတ် မိသည်။

ထို့စဉ် ငွေရောင် အလင်းများ တရွေ့ရွေ့ ချည်းကပ်လာ သည်ကို၊ မြင်လာရ သောကြောင့်၊ ဘိုးဘေး ချို ခမျာ ရွှင်လန်း သွားသည်။

“ ငါတို့ မသေ တော့ဘူး။ ”

ပလွေသံ ရပ်တန့် သွားပြီး၊ လင်းယွန် တစ်ယောက်၊ နတ် ကျောက်စိမ်း ဝါး ပလွေကို ကိုင်လျက် ကောင်းကင်မှ ဆင်းသက် လာ၏။

ငွေရောင် မျက်နှာဖုံးကို တပ်ဆင် ထား သောကြောင့်၊ သူ့ မျက်နှာကို မည်သူမျှ မမြင် နိုင်ချေ။

“ နောက် တစ်ယောက် သေဖို့ ရောက်လာ ပြန်ပြီ။ ”

လင်အောင်းရန်က ဧကရာဇ် ချိတ်အား လက်ပြောင်း ကိုင် လိုက်ကာ၊ ပြုံးလျက် ပြော လိုက် တော့သည်။

***

All Chapters