← Chapters

အဖော်မဲ့ ငှက်ငယ်လေး - (၁) ။

Vol. 81 Ch. 1126

အဖော်မဲ့ ငှက်ငယ်လေး - (၁) ။

Vol. 81 Ch. 1126

လင်းယွန်က ငွေရောင် လူသား တစ်ဦး အသွင်ဖြင့်၊ ကောင်းကင်မှ ဆင်းသက် လာခဲ့ သည်။

“ ဖလပ် ဖလပ် ဖလပ် ... ။ ”

ဆံနွယ် များက ယခင် ကထက်၊ ပိုရှည် လာကာ၊ ငွေရောင်များ တောက်ပ နေပေ၏။ ပလေွကို ကိုင်ထားစဉ်၊ ဝတ်ရုံ စမှာ လေထဲ တဖျပ်ဖျပ် ခတ် လာသည်။

လင်အောင်းရန်က ငရဲ နတ်ဘုရား တပါး ကဲ့သို့၊ ရက်စက်သော အပြုံးကို ထုတ်ဖော်လျက် လင်းယွန်အား ကြည့်နေသည်။

“ ငါ့ရဲ့ ... မဟာ ချပ်ဝတ်နဲ့၊ သူတော်စင် ရှေးဟောင်း ပစ္စည်းကို တွေ့နေ တာတောင်၊ မင်းက ထွက်လာ ဝံ့သေးလား။ ”

ယန်ထန့် အဖွဲ့နှင့် တိုက်ခိုက် နေစဉ်၊ တစ်စုံ တစ်ယောက်မှ စောင့်ကြည့် နေသည်ကို၊ ခံစား မိသည်။

ထို့ကြောင့် အနည်းငယ် စိုးရိမ်မိ သော်လည်း၊ သူတော်စင် ပစ္စည်းအား လုယူ နိုင်ပြီး နောက်တွင်၊ မည်သူ့ ကိုမျှ ဂရုစိုက် စရာ မလို တော့ချေ။

“ ဒါဆို ... ဆက် လုပ်ပါ။ ”

လင်အောင်းရန် ပခုံး ပေါ်ရှိ ဒဏ်ရာကို တစ်ချက် ကြည့်ပြီး၊ လင်းယွန်မှ ဆိုလိုက်သည်။ လင်အောင်းရန် သည်သာ အထွတ် အထိပ်၌ ရှိနေ ပါက၊ သူတော်စင် ပစ္စည်းကို ကြောက်ရွံ့ နေမိ ပေမည်။

“ မင်းကို ... ၊ သင်ခန်းစာ တစ်ခု ပေးရ တော့မယ့် ပုံပဲ၊ မျက်နှာ ဖုံးအောက် နောက်က၊ ဘယ်သူလဲ ဆိုတာ ... ငါ ကြည့်ပါ ရစေ။ ”

လင်အောင်းရန်က ပြုံးလျက် ရှေ့သို့ လှမ်းတက် လိုက်သည်။ လျင်မြန်သော ရွေ့လျား မှု နည်းစနစ် ကြောင့်၊ ရိပ်ခနဲ ပျောက်သွား၏။

“ ..... ။ ”

ထိုအချိန်၌ ပလွေ သံမှာ၊ ပြန်၍ ထွက်ပေါ် လာတော့သည်။ ပလွေ သံကြောင့် ခရမ်းရောင် ပန်းတစ်ပွင့် ပွင့်လာပြီး၊ လင်အောင်းရန် လမ်း ကြောင်းကို ပိတ်ဆို့ လိုက်၏။

ထို့ကြောင့် လင်အောင်းရန် ပြန်ပေါ် လာရကာ၊ ဧကရာဇ် ချိတ်အား ကိုင်လျက် နောက်ဆုတ်ပေး လိုက်ရသည်။

သို့သော် ချက်ချင်းပင် အားယူလျက် လျင်မြန်စွာ ရွေ့လျား လိုက်ပြီး ခရမ်းရောင် ပန်းအား ဖြတ်ကျော်ရန် ပြင်သည်။

ပတ်ဝန်းကျင် အနှံ့၊ မိုးသည်း ထန်စွာ ရွာသွန်းနေ သကဲ့သို့၊ အသံ လှိုင်းများ ပြည့်နှက် သွား လေသည်။ တေးသွားက လူတိုင်း အတွက် နားဝင် ချို၏။ သို့သော် ... ။

လင်းယွန် မျက်နှာ ဖုံးအား ဖယ်ရှား လိုလှသော လင်အောင်းရန် ခမျာ၊ ထင်သ၍ ခရီး မပေါက်ချေ။

အလွန် လျင်မြန်စွာ ရွေ့လျား နေခြင်း ဖြစ်သော်လည်း၊ ဓား ရည်ရွယ်ချက် များက အနှောက် အယှက် ပေးနိုင် လှသည်။

သည့်နောက် အသံလှိုင်း များက၊ သူ့ ပါးပြင်ကို လာရိုက် သဖြင့်၊ ပြတ်ရှ ရာများ ဖြစ်ပေါ် လာတော့သည်။

“ မင်းက ... တကယ့်ကို၊ စိတ် အနှောက် အယှက် ဖြစ်စရာပဲ။ ”

လင်အောင်းရန် ခမျာ ဒေါသ ထွက်လာ၏။ သူတော်စင် လက်ရာ အတွင်း၊ ကြယ် စွမ်းအင် သွန်းလောင်းလျက်၊ တင်းကြပ်စွာ ဆုပ်ကိုင် လိုက်၏။

“ ဝုန်း ... ။ ”

သည့်နောက် သူတော်စင် ရူရ် များ လင်းလက် လာပြီး၊ ခရမ်းရောင် ပန်းပွင့် ကြီးကို ဖျက်ဆီး တော့သည်။

ရုတ်တရက် လင်းယွန်က၊ ပလွေသံအား ပြောင်းလဲကာ၊ လေဆင် နှာမောင်း ဖွဲ့တည်၏။ ကောင်းကင်ဓားမှာ ကနဦး ကျွမ်းကျင်မှုဖြင့် ထွက်ပေါ် လာသည်။

“ ဝူး ... ။ ”

၎င်းဓား ရည်ရွယ် ချက်ကြာင့်၊ လင်းယွန်နှင့် နှစ်ပေ အကွာ၌ လင်အောင်းရန် တစ်ယောက် ရပ်လိုက် ရ၏။

ဧကရာဇ်ချိတ် အသွားသည် ရူရ်များ ဖြာထွက် နေ သော်လည်း၊ ထိုအတား အဆီးကို မချိုးဖျက် နိုင်သေးချေ။

လေထု အလယ် ထိုးသွင်းလျက် အနေ အထားဖြင့်၊ လင်အောင်းရန် ခမျာ ထိတ်လန့် သွားသည်။

“ ..... ။ ”

ထိုစဉ် တေးသွားမှာ ပြောင်းလဲ သွားပြီး ဖီးနစ် အဖြစ်၊ ကြက်သွေးရောင် ကောင်းကင် ကြီးကို ဖြိုခွဲ လေသည်။

ခန်းဆီး တစ်စ ကွဲသွား သကဲ့သို့၊ တိမ်လွှာများ ကြားမှ ကြယ်ရောင်များ ဖြာကျ လာ၏။

လက်ချောင်း များက၊ ပလွေ ပေါ်တွင် လျင်မြန်စွာ လှုပ်ရှား သွားပြီး၊ ဖီးနစ် ကကြိုးကို အသွင်း မိသည်။

“ ဝှစ် ... ။ ”

ဓား အလင်းများ ခန္ဓာ ကိုယ်မှ ပျံထွက် ကုန်ပြီး၊ ဓားနံရံ အဖြစ် သူ့အား လျင်မြန်စွာ သိုင်းခြုံ လာလေသည်။

တစ်ချိန်တည်းမှာ လင်အောင်းရန်၏ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် သည်လည်း ထွက်ပေါ် လာ၏။ ၎င်းက လက်ထဲရှိ ဧကရာဇ် ချိတ် အစား၊ ဓားရှည် တစ်လက် ပြောင်းလဲ လိုက်ခြင်း ဖြစ်သည်။

ဓားသမား တစ်ယောက် အနေနှင့် ဓား ဖြင့်သာ၊ စစ်မှန်သော ခွန်အားကို ထုတ်ဖော် နိုင် ပေမည်။

“ သွား ... ။ ”

ဓားရောင်ခြည် များက ကြက်သွေးရောင် နဂါး တစ်ကောင် အဖြစ် ရောယှက် လာသည်။ သည့်နောက် ရှေ့သို့ ထပ်၍ အားယူ လိုက်ပြီး ထိုနဂါးကို ဓား အစီရင်ထံ၊ ဦးတည် ပေး လိုက်သည်။

သို့သော် လင်းယွန်၏ ဓား အစီရင်မှာ၊ ကျောက် နံရံ တစ်ချပ် ကဲ့သို့ ခိုင်မာ နေပေ၏။ မည်မျှပင် အားစိုက် စေကာမူ၊ တိုးမပေါက် တော့ချေ။

“ ကောင်းကင်ကို ခွဲမဲ့၊ နဂါး ကိုးကောင်။ ”

စက္ကန့်ပိုင်း အတွင်း၊ ကောင်းကင် တခွင်လုံး အနီရောင် ပြောင်းလာသည်။ သို့သော် လင်းယွန် မှာ ထိတ်လန့်ခြင်း မရှိဘဲ၊ ပလွေကို ဆက်၍ မှုတ်နေ ၏။

သည့်နောက် သူ့အား ဝိုင်းရံ ထားသော ဓားအစီရင်မှာ၊ နာရီ လက်တံများ လည်ရာနှင့် ဆန့်ကျင်ဘက် အရပ်သို့၊ လှည့်ပတ် လာသည်။

( မူလ အစ— ပြိုင်ဘက်ကင်း။ )

ဓားနံရံကြီး လည်ပတ် နေစဉ်၊ ကောင်းကင်ဓား ရည်ရွယ် ချက်မှာ ပို၍ ကြောက်စရာ ကောင်းလာ၏။

(၉)ကြိမ် ပြည့် သည်နှင့်၊ ၎င်းဓား ရည်ရွယ်ချက်မှာ၊ စတုတ္ထ တန်းသို့ နီးကပ် လာ တော့သည်။

ဤအခိုက်တွင် ကြက်သွေးရောင် နဂါးမှာ၊ ဓားအစီရင်ကို ထိုးဖေါက် နေ သဖြင့်၊ ပေါက်ကွဲမှု အသေး စားများ ဖြစ်ပေါ် လာသည်။

“ ကျီး ..... ။ ”

ထို့စဉ် အော်ဟစ်သံ နှင့်အတူ၊ ဓားအစီရင် ထံမှ၊ ရေခဲ ဖီးနစ် တစ်ကောင် ထွက်ပေါ် လာ၏။ ၎င်းက ကောင်းကင်တွင် ပျံဝဲလျက် နဂါး များကို တိုက်ခိုက် တော့သည်။

နဂါး ကိုးကောင်ကို၊ ထိုရေခဲ ဖီးနစ်မှ အပိုင်းပိုင်း ဖျက်စီး ပစ်သဖြင့်၊ လင်အောင်းရန် ခမျာ သွေး အန်လိုက် ရ၏။ အသက်ရှု မဝမီ ရေခဲ ဖီးနစ်က၊ သူထံ ခုန်ဆင်း လာ ပြန်သည်။

“ မဟာ ချပ်ဝတ်။ ”

လျှို့ဝှက် နည်းစနစ်ကို အသက် သွင်းကာ၊ ချပ်ဝတ်အား ထုတ်ဖော်လျက် ခုခံလိုက် ရသည်။ လက်ရှိ အချိန်၌ သူ့ ရောင်ဝါမှာ၊ နက္ခတ် နယ်ပယ် သို့တိုင် နီးကပ် လာပြီ ဖြစ်၏။

“ ဟိတ် ... ။ ”

ယင်းမှာ မဟာ ချပ်ဝတ်၏ ပံ့ပိုးမှုကြောင့် ဖြစ်သည်။ သည့်နောက် ဓားအား ထိုးချိန် လျက်၊ အစီရင်ထံ ထပ်၍ တိုးဝင် လိုက်၏။

ဤတစ်ကြိမ် ထိုးဖောက်သည့် အရှိန်မှာ၊ ယခင်ထက် ပို၍ မြန်လာပြီး ဓား အစီရင်ကို ပြို လိုက်လာ စေပြီ။

“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း၊ မင်းတော့ သေ ပြီ သာ မှတ် ။ ”

တွက်ကိန်း မှန် သဖြင့် လင်အောင်းရန်မှ ဝမ်းသာ သွားသည်။ ဖီးနစ် ကကြိုးမှာ ပြီးဆုံး တော့မည် ဖြစ်သောကြောင့်၊ နည်းနည်း တောင့်ခံ နိုင်ရန်သာ လို ပေမည်။

ဓား အစီရင်အား ကျော်ဖြတ် နိုင်ပါက၊ ပွဲသိမ်းပြီ ဖြစ်၏။ ပြုံးလျက် ကြယ် စွမ်းအင်အား သွန်းလောင်းကာ၊ လင်းယွန်၏ နှလုံးထံ ဓားဖျားကို ဦးတည် လိုက်သည်။

“ ဝုန်း ... ။ ”

ဓား အစီရင်မှာ အပြီးသတ် ပြိုကျသွား သဖြင့် ပျော်ရွှင် နေစဉ်၊ သူ့ ဓားအား သူတော်စင် ရူရ်များက လာရောက် ရစ်ပတ် တော့သည်။

“ ဘာ လဲ ဟ။ ”

ဤရူရ် များမှာ မည်သည့် နေရာမှ၊ ထွက်ပေါ်မှန်း မသိလိုက် သဖြင့်၊ ချက်ချင်း ဆုတ်ခွာ မိသည်။

ဆုံးဖြတ်ချက် ပြတ်သား သော်လည်း အနည်းငယ် နောက်ကျ သွား၏။ လင်းယွန်က ပလွေအား ရပ်ကာ၊ လက်ညှိုးဖြင့် သူ့ကို တောက်ထုတ် လာသည်။

“ ရွှပ် ... ။ ”

ခုနစ် လွှာ ကြယ်မိစ္ဆာ ပန်းများ တောက်လောင် လာပြီး၊ လက်မောင်း အတွင်း စီးဝင်လျက်၊ ဓားအလင်း အဖြစ် ပြန်၍ ထွက်ပေါ် လာတော့သည်။

“ အား ... ဝေါ့ ... ။ ”

လင်အောင်းရန် ခမျာ၊ နတ်ဘုရား ပုံရိပ်ယောင် ဓားဖြင့်၊ အနီးကပ် တိုက်ခိုက်ခြင်း ခံလိုက်ရ သောကြောင့်၊ သွေး အန်လျက် လွင့်စဉ် သွားလေသည်။

“ ဘုတ် ... ။ ”

တစ်ဆက် တည်းမှာပင်၊ ချပ်ဝတ် ကွဲအက်လျက်၊ မြေပြင်ပေါ် ပြုတ်ကျ သွားသည်။ သည့်နောက် မျက်နှာ ဖြူဖျော့ သွားပြီး၊ ချက်ချင်း ထပြေး တော့၏။

***

All Chapters