အဖော်မဲ့ ငှက်ကလေး - (၂) ။
Vol. 81 Ch. 1127
လင်းယွန် နှုတ်ခမ်း ထောင့်စွန်းမှ သွေး များလည်း စိမ့်ထွက် နေ၏။ ငွေလမင်း မျက်နှာ ဖုံးကြောင့်သာ၊ လင်းအောင်း ရန်မှာ၊ သူ့ နှလုံး သားကို မနှိုက်ယူ နိုင်ခြင်း ဖြစ်သည်။ သို့သော် ဒဏ်ရာ ရရှိ နေဆဲ ပေပင်။
“ လင်းယွန်၊ နင် ... အဆင် ပြေ ရဲ့လား။ ”
ဓားသေတ္တာ အတွင်းမှ နေ၍၊ ခရမ်းငယ်က စိတ် လှုပ်ရှားစွာ မေးလာသည်။
“ စိတ်မပူနဲ့ ... သူ့ နောက်ကို ဆက်လိုက်သွား၊ သူ ဝေးဝေးကို ပြေးနိုင် ဦးမှာ မဟုတ်ဘူး။ ”
လင်းယွန်မှ ဆိုသည်။
“ ဒါပေမယ့် ... လူတွေ လာနေတယ်။ ”
“ ရတယ် ... သူတို့ ဘယ်သူလဲ ဆိုတာ ငါ သိတယ်။ ”
“ ကောင်းပြီ ... ၊ ဂရု စိုက်ပါ။ ”
သတိပေး ပြီးနောက်၊ ခရမ်းငယ်က နဂါးလေးကို ခေါ်ကာ၊ လင်အောင်းရန် နောက် ပြေးလိုက် သွားသည်။
သည့်စဉ် လင်းယွန်က နီးစပ်ရာ၊ ကျောက်ဆောင် တစ်ခုပေါ် ခုန်တက် လိုက်ပြီး၊ ထိုင်ချ လိုက်၏။
များမကြာခင် ယန်ထန့်၊ ရွှမ်ဖေးနှင့် လဲ့လန်တို့ ထွက်ပေါ် လာသည်။ မျက်နှာ များ၌ ဒေါသ တရားများ လောင်မြိုက် နေ၏။
ကျောက်ဆောင် ပေါ်တွင်၊ သွေးများ ပေကျံလျက်၊ ပလွေမှုတ် နေသော လင်းယွန်ကို မြင်ချိန်တွင်၊ ဝမ်းသာ သွားကုန်သည်။
လင်အောင်းရန်၏ နှလုံး ထုတ်ယူသော လုပ်ရပ်သည်၊ လင်းယွန်အား ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိစေ မည်ကို သူတို့ သိသည်။
“ ပန်းသင်္ချိုင်း ... ၊ ဒါကို မင်း မမျှော်လင့် ထားဖူး မဟုတ်လား။ ”
သူတော်စင် လက်ရာ မပါဘဲ၊ လေလွင့် နန်းတော်သို့၊ လက်ဗလာဖြင့် ပြန်သွား ပါက၊ ယန်ထန့်မှာ အသတ် ခံရမည် ဖြစ်သည်။
သို့သော် ပန်းသင်္ချိုင်း ခေါင်းကို ဖြတ်ယူ သွားနိုင် ပါက၊ ဇာတ်လမ်းမှာ မတူ တော့ချေ။ စီနီယာ အစ်ကိုမှ၊ သူ့အား ခွင့်လွှတ်ရန်၊ မျှော်လင့် နိုင်သည်။
“ လွန်ခဲ့တဲ့ တစ်လ လုံးလုံး ... ၊ မိစ္ဆာ ကျင့်ကြံသူ တွေကို၊ အမဲလိုက် နေတာမို့ သူ့မှာ ရတနာတွေ အများကြီး ရှိရမယ်။ ”
ရွှမ်ဖေးက နှုတ်ခမ်း များကို လျှာဖြင့် သပ်လိုက်ကာ၊ လောဘ ကြောင့် မျက်ဝန်းများ ချက်ချင်း တောက်ပါ လာသည်။
“ ဟား ဟား ဟား ... ၊ သူ့ မျက်နှာဖုံးက ပိုပြီးတောင် စိတ်ဝင် စားစရာ ကောင်းပါတယ်၊ သူတော်စင် လက်ရာ မဖြစ်နိုင် ဖူးလို့၊ ဘယ်သူ ပြောနိုင်လဲ။ ”
လဲ့လန်းမှ ပြုံးလျှက် ဝင်ပြော လာသဖြင့်၊ ယန်ထန့်၏ နှလုံးသားများ တဆက်ဆက် တိုး၍ ခုန်လာ တော့သည်။
လဲ့လန် စကား သည်သာ မှန်ပါသော်၊ ဧကရာဇ် ချိတ်အစား၊ မျက်နှာဖုံးဖြင့် အစားထိုး ပေးနိုင်မည် ဖြစ်သည်။
“ သူ့ကို သတ် ... ။ ”
သူတို့ သုံးယောက် လုံးတွင်၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိထား သော်လည်း၊ တစ်ဖက် လူလောက် မဆိုး သေးချေ။ ထို့ကြောင့် လုယက်ရန် ဆုံးဖြတ် မိ၏။
၎င်းတို့ နောက်ရှိ အမာခံ တပည့် များမှာ၊ သတ်ချင် ကြသော်လည်း၊ လင်းယွန် ပြသသော အစောပိုင်း ခွန်အား အရ၊ ကြောက်ရွံ့မှုများ ရှိနေဆဲ ဖြစ်သည်။
“ မင်းတို့ ... သူ့ အမိန့်ကို လိုက်နာ မှာလား။ ”
ထို့ကြောင့် လင်းယွန်က လူတိုင်းထံ စိုက်ကြည့်ကာ မေးလိုက်၏။
“ သူ့ကို သတ် စမ်း ... ၊ ပြီးရင် ရတနာ တွေကို ခွဲ ယူ ရ အောင်။ ”
ယန်ထန့်မှ အံကြိတ်ကာ ထပ်ပြောသည်။ ယင်းက တုန့်ဆိုင်း နေသော ဂိုဏ်း သုံးဂိုဏ်း၏ အမာခံ တပည့် အုပ်စု ကြီးကို၊ ရဲရင့်လာ စေ၏။
လင်းယွန် မျက်လုံးများ မှေးစင်း သွားပြီး၊ ထိုလူအုပ်ကို ကြည့်ကာ၊ ပလွေကို နှုတ်ခမ်းတွင် တေ့လျက်၊ သခင့်ဓားအား တီးမှုတ် လိုက်သည်။
“ ..... ။ ” ( ပလွေသံ။ )
တေးသွားမှာ မုန်တိုင်း တစ်စင်း ကဲ့သို့ အဟုန်ဖြင့်၊ ပြေးထွက် သွားပြီး၊ ကောင်းကင် အနှံ့ လျှပ်စီးများ လက်လာ၏။
ချက်ချင်းပင် အမာခံ တပည့် များမှာ၊ အသံ မထွက် နိုင်ဘဲ၊ ခေါင်းပြတ် သွားသည်။ သွေးများ ရေကန် သဖွယ်၊ အိုင်းထွန်း လာ၏။
ထိုမြင်ကွင်းက ယန်ထန့်၊ ရွှမ်ဖေးနှင့် လဲ့လန်တို့ သုံးဦးအား၊ တုန်ယင်သွား စေသည်။ ဤသည်မှာ ပန်းသင်္ချိုင်း၏ စွမ်းအား ဖြစ် မည်လော။
ယင်းသို့ ဆိုပါက၊ နတ်မိစ္ဆာ မိုးကြိုးဓား ထက်ပင်၊ ပို၍ ကြောက်စရာ ကောင်းနေပေ လိမ့်မည်။
လင်းယွန်က ကျောက်ဆောင် ပေါ်မှ၊ မတ်တပ် ထရပ်ပြီး၊ ယန်ထန့်နှင့် အဖွဲ့အား၊ အေးစက်စွာ စိုက်ကြည့် လိုက်၏။
“ မင်းက တကယ်ပဲ၊ ငါ့မှာ ခွန်အားတွေ မကျန်တော့ ဖူးလို့ ထင်နေ တာလား၊ ပွင့်ပွင့် လင်းလင်း ပြောရရင်၊ ငါ မင်းကို ဒီမှာ တမင် စောင့်နေတာ။ ”
“ မင်းက ဘယ်သူလဲ ... ။ ”
လင်းယွန် စကားကြောင့်၊ ယန်ထန့်မှာ အနည်းငယ် သံသယ ဝင်လာ လေသည်။
“ ငါ ... ဘယ်သူလဲ ဟုတ်လား ... ၊ မင်းက တကယ် မေ့တက် လိုက်တာ ... ။ ”
လင်းယွန်က မျက်နှာဖုံးအား ချွတ်ပြ လိုက်သည်။ မျက်နှာဖုံး နောက်ကွယ်မှ ရင်းနှီး နေသော မျက်နှာကြောင့်၊ သုံးယောက်အား ပါးစပ် ဟောင်းလောင်း ပွင့်သွား၏။
ပန်းသင်္ချိုင်း ဟူသည်မှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိသော၊ လင်းယွန် ဖြစ်နေ လိမ့်မည်ဟု မထင် မိချေ။
“ ဝှစ် ... ။ ”
လင်းယွန်က ပလွေအား ခါးတွင် ချိတ် လိုက်ပြီး၊ ရိပ်ခနဲ ခုန်ဆင်း လာ၏။ အကြည့် များမှာ၊ စူးရှလွန်း သောကြောင့်၊ ဒူးထောက် တောင်းပန် လို သော်လည်း၊ လှုပ် မရချေ။
“ မင်းက ခွေး တစ်ကောင်ပဲ၊ မင်းရဲ့ ခြေထောက် တွေက၊ မတ်တပ် ရပ်ဖို့တောင် အားမရှိ မှတော့၊ ရှိနေလည်း အသုံး ဝင်မှာ မဟုတ် ပါဘူး။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆွဲကာ ခုတ်ပိုင်း ချလိုက်သည်။ ဒူးဆစ်မှ နေ၍ တိခနဲ ပြတ်ထွက် သွားပြီး၊ ယန်ဖန့် တစ်ယောက် မြေပြင်ပေါ် လဲကျ သွား၏။
“ အား ... ၊ မင်း လူယုတ်မာ ... ၊ ငါ့ကို မင်းသတ် ဝံ့ရင် တိမ်လွှာ ဂိုဏ်းက၊ အကျိုးဆက် ခံစား ရလိမ့်မယ်။ ”
“ မင်းလို ခွေး တစ်ကောင်က ... ၊ မျက်လုံးတွေ ရှိနေလည်း၊ ဘာမှ အသုံး ဝင်မှာ မဟုတ် ပါဘူး။ ”
ထို့နောက် ပန်းသင်္ချိုင်း ဓားကို ခုတ်ပိုင်း လိုက်ပြန်၏။ ဓား အလင်းများ ထွက် လာပြီး၊ ယန်ထန့်၏ မျက်ဝန်း များကို၊ ထိုးဖောက် သွားလေသည်။
“ အား ... ၊ ငါ့ ... မျက်လုံးတွေ ... ။ ”
မျက်လုံး များကို လက်ဝါး နှစ်ဖက်နှင့်၊ ထိတ်လန့်စွာ အုပ်လိုက် မိသည်။ လက်ဖဝါး ကြားမှ သွေးများ ယိုစီး လာ၏။
“ ခွေးတွေရဲ့ လက် ကလည်း၊ လူတိုင်း အပေါ်၊ အန္တရာယ် ပြုလိုတဲ့ အတွက်၊ မရှိ တာပဲ ကောင်း ပါတယ်။ ”
“ မလုပ်နဲ့ ... ။ ”
ယန်ထန့်က အမြန် အော်ဟစ် လိုက်၏။ လွန်ခဲ့သော နှစ်ရက်က သူ အရှက် ခွဲရန် ကြံစည် ထားသည့်၊ ပုရွက်ဆိတ် တစ်ကောင်သည်၊ ဤသို့ သူ့အား တတိတိ နှိပ်စက် လာလိမ့် မည်ဟု မထင် ထားမိချေ။
“ ပြီးတော့ ... သားရဲ တစ်ကောင် အပေါ်၊ ရက်ရက် စက်စက်၊ ရိုက်ဖို့ တွေးရဲတဲ့ အတွက်၊ မင်းရဲ့ ဦးနှောက်က ပြဿနာ ရှိနေတယ်။ ”
စကားဆုံး သည်နှင့်၊ ပန်းသင်္ချိုင်း ဓားမှာ၊ နောက် တစ်ကြိမ် လှုပ်ရှား လာပြီး၊ ယန်ထန့် ဦးခေါင်းကို ဖြတ်ချ သွား၏။
ထိုမြင်ကွင်းက ရွှမ်ဖေးနှင့် လဲ့လန် တို့အား၊ များစွာ ကြောက်လန့် သွားစေ တော့၏။ မဆိုင်း မတွဘဲ၊ သူတို့ နှစ်ဦးက ဒူးထောက် ချ လိုက်ပြီး၊
“ လင်း ... လင်းယွန်၊ ဒီကိစ္စမှာ ယန်ထန့်က ငါတို့ရဲ့ ခေါင်းဆောင်ပါ၊ ငါတို့နဲ့ ဘာမှ မဆိုင် ပါဘူး။ ”
-ဟု တောင်းပန် မိလေသည်။
“ စိတ်မပူ ပါနဲ့ ... ၊ ငါက တရား မျှတတဲ့ လူတစ်ယောက် ပါ၊ မင်းတို့ နှစ်ယောက်က ငါ့ကို လက်ဖဝါး တစ်ချက် ပေးခဲ့တဲ့ အတွက်၊ ဓား တစ်ချက်ပဲ ပြန်ပေး ပါ့မယ်။ ”
ဒူးထောက် နေသော လဲ့လန်တို့ နှစ်ဦးကို၊ လျစ်လျူရှု လျက် ပန်းသင်္ချိုင်း ဓားအား ထပ်၍ ခုတ်ပိုင်း ချလိုက်သည်။
“ ဝှစ် ... ။ ”
သွေးများ ပန်း ထွက်လာ သဖြင့်၊ ရွှမ်ဖေးနှင့် လဲ့လန်မှာ လည်ပင်းအား၊ အမြန် အုပ်ကိုင်လိုက် မိသည်။
သို့သော် ဒဏ်ရာမှာ သက်သာ သွားခြင်း မရှိဘဲ၊ မည်မျှ တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် စေကာမူ၊ သွေးများ တိုး၍ လာ တော့၏။
သည့်စဉ် လင်းယွန်က မျက်နှာဖုံး ပြန်တပ်ကာ၊ အမြင့်ဆုံး ကေျာက်ဆောင် ပေါ် ခုန်တက် လျက်၊ ပလွေမှုတ် နေမိသည်။
ဂိုဏ်း အသီးသီးမှ၊ လူအုပ်ကြီး ရောက်လာ ချိန်၌၊ ပန်းသင်္ချိုင်း အသွင်နှင့်၊ သူ့ ခန္ဓာ ကိုယ်မှ လရောင်များ ဖြာထွက် နေတော့၏။
အဖော်ကွဲ နေသော ငှက်ငယ် ကလေး တစ်ကောင် ကဲ့သို့၊ အထီးကျန် လှ၏။ တေးသွား အတွင်းရှိ၊ လွမ်းဆွတ် မှုကို အတိုင်းအား၊ ခံစား နိုင် ပေမည်။
***