နာမည်ကျော် ငတက်ပြား။
Vol. 81 Ch. 1128
အမာခံ တပည့်များ အားလုံး စုရုံး လာပြီး၊ မြေပြင်၌ ခေါင်းပြတ် နေသော အလောင်းများ ကို၊ ငေးကြည့် နေမိသည်။
ဘိုးဘေး ချိုမှာ မှင်တက် သွား၏။ မျက်စိ တမှိတ် အတွင်း၊ ဤမျှ ရက်စက်စွာ သတ်ဖြတ် သွားလိမ့် မည်ဟု၊ မမျှော်လင့် မိချေ။
ပန်းသင်္ချိုင်း ဒဏ်ရာ ရသွား သည်ကို၊ မြင်ပြီးနောက်၊ ပထမဆုံး လိုက်ပါ သွားသူမှာ၊ ယန်ထန့်နှင့် အဖွဲ့ ဖြစ်သည်။
ထို့ကြောင့် တစ်စုံ တစ်ရာ လွဲမှား နေ သည်ကို၊ သတိပြု မိသွားပြီး၊ ချက်ချင်း ပြေး လိုက်လာ ခဲ့ခြင်း ဖြစ်၏။
အဆုံးတွင် ဤပန်းသင်္ချိုင်းမှာ၊ သူတို့ အသက်အား ကယ်တင်ပေး သူ ဖြစ်လေသည်။ သည်ယန်ထန့် သည်သာ သူတို့ကို၊ သတ်ရန် ကြိုးစား လာသူ ဖြစ်၏။
သို့သော် ရလဒ်မှာ၊ စိတ်ကူး များနှင့် ကွဲပြားနေ ချေပြီ။ အလောင်း အပေါ် အခြေ ခံကာ၊ ယန်ထန့် တစ်ယောက် သေသည် အထိ၊ ညှဉ်းပန်း နှိပ်စက်ခံ ခဲ့ရ မည်ကို၊ နားလည် လိုက်၏။
သို့သော် မည်သူမျှ ၎င်းအား သနားစိတ် မဝင်မိချေ။ ဆန့်ကျင်ဘက် အားဖြင့် ရွှင်မြူးကုန် ကြ၏။
ဤယန်ထန့်မှာ လင်အောင်းရန်၏ ခွေး အဖြစ်၊ သူတို့ အားလုံးကို သတ်ပစ်ရန်၊ ကြံရွယ် ခဲ့ဖူး လေသည်။
ထို့ကြောင့် ဘိုးဘေး ချိုက၊ တေးသွား တစ်ပုဒ်ကို တီးမှုတ် နေသည့်၊ ပန်းသင်္ချိုင်းထံ မော့ကြည့် လိုက်သည်။
“ ဝှစ် ... ။ ”
ဝမ်းနည်းပြီး အထီးကျန် နေသော သီချင်း တစ်ပုဒ် ဖြစ်၏။ သည့်နောက် ပန်းသင်္ချိုင်း က ပလွေကို သိမ်းကာ၊ မိုးကုပ် စက်ဝိုင်း ဆီသို့ ပျံသန်း သွားတော့သည်။
အချိန် အနည်းငယ် ကြာပြီးနောက်၊ လင်းယွန်က ကျောက်ဆောင်ပေါ် ဆင်းသက် ကာ၊ သမုဒ္ဒရာကို ငေးကြည့် လိုက်သည်။
အမွှေးတိုင် လောင်းကျွမ်းချိန် တစ်ဝက်မျှ အကြာတွင်၊ ရင်ခွင် ထဲ၌ နဂါလေးအား ပိုက် လျက်၊ ခရမ်းငယ် ပြန်ရောက် လာ၏။
“ ငါ ... သူ့ကို လွတ်သွားတယ်။ ”
“ ဘယ်လို ဖြစ်တာလဲ။ ”
လင်အောင်းရန် တစ်ယောက်၊ ဒဏ်ရာ အပြင်း အထန်ရ သွားသဖြင့်၊ အသက်အား အလွယ် တကူ ရယူနိုင် လိမ့်မည်ဟု၊ သူ ထင်ထား မိသည်။
ခရမ်းငယ် အတွက်၊ နဂါးလေး ပါသွား သောကြောင့်၊ ၎င်းအား မလုပ် နိုင်စရာ အကြောင်း မရှိချေ။
“ သူ့ ဒဏ်ရာက ပြင်းထန် ပေမယ့် ...၊ လေထု တစ်ခုလုံး အနက်ရောင် မြူတွေနဲ့ ပြည့် နေတဲ့၊ နေရာ တစ်ခုထဲ ပြေးဝင် သွားတယ်။ ”
ခရမ်းငယ်က တွေးတွေး ဆဆဖြင့် ပြန်ဖြေသည်။
“ နတ်မိစ္ဆာ နယ်မြေ ... ။ ”
မည်သည့် နေရာ ဖြစ် မည်ကို၊ လင်းယွန်မှ ချက်ချင်း သိသည်။ ဤနေရာသာ ဆိုပါက ဆက် လိုက်ရန်၊ ခက်ခဲ သွားပေ လိမ့်မည်။
ရွှေခေတ် ကုန်ဆုံး သွားသော အခါတွင်၊ ခွန်လွန်ဘုံအား အမှောင် ထုမှ ဝါးမြို သွားကာ၊ ကာလ အတန် ကြာသည် အထိ၊ ပရမ်း ပတာ ဖြစ်စေ ခဲ့၏။
ဘေးဥပဒ်နှင့် ပြည့်နှက် နေသော အမှောင်ခေတ် ဖြစ်သည်။ ထိုအခြေ အနေအား ထိန်းချုပ်ရန်၊ သူတော်စင် မျိုးနွယ်စု ပေါင်း ထောင်ဂဏန်း ခန့်မှ၊ ကြိုးစား ခဲ့သည်။
သို့သော် အမှောင် ခေတ်အား မထိန်းချုပ် နိုင်ခဲ့ချေ။ လွန်ခဲ့သော နှစ် (၃) ထောင်ခန့် မှသာ၊ ဧကရာဇ် ကိုးပါး ထွက်ပေါ် လာပြီး၊ နတ်နဂါး အင်ပါယာ အဖြစ်၊ ပြန်၍ ထူထောင် နိုင်၏။
ထိုဧကရာဇ် (၉) ပါးမှ၊ ခွန်လွန်အား ခွဲဝေ အုပ်ချုပ်ကာ၊ အမှောင်ခေတ်ကို ဆိတ်သုဉ်း စေခဲ့ သည်။
သို့သော် အပြာရောင် စံအိမ် ကဲ့သို့၊ အစွန်အဖျား ဒေသ များတွင်၊ နဂါး အင်ပါယာ လက်တံမှ လွတ်ကင်း နေသော နယ်မြေ များလည်း၊ ကျန်ရှိ နေသေးသည်။
အိမ်တော် သခင် များနှင့် ခရိုင် မှူးများ ရှိသော်လည်း၊ ထိုနယ်မြေ များကို မထိန်းချုပ် နိုင်ချေ။
ဤနတ်မိစ္ဆာ နယ်မြေ ဟူသည်၊ နှလုံးသား မဲ့ နတ်မိစ္ဆာ ဧကရာဇ်မှ အုပ်ချုပ်သော နယ်မြေ တစ်ရပ် ဖြစ်၏။
နှလုံးမဲ့ ဧကရာဇ်မှာ မိစ္ဆာ များကို အုပ်ချုပ်သော ဧကရာဇ် ဖြစ်သည်။ ထိုနတ်မိစ္ဆာ နယ်မြေမှာ၊ ခွန်လွန် ဘုံ၏ (၉)ပုံ (၁) ပုံခန့်၊ ကျယ်ပြန့် ချေ၏။
နတ်မိစ္ဆာများ အခြေချ နေထိုင်ရာ အရပ် ဖြစ်သောကြောင့်၊ သဘာဝ အတိုင်း နတ်မိစ္ဆာ ဟူသော အမည်ကို ရရှိ ခဲ့သည်။
ထိုနယ်မြေ အတွင်း၊ နတ်မိစ္ဆာ ဧကရာဇ်က နန်းစိုက်၏။ သည့်အပြင် အခြားသော နယ်မြေ အချို့လည်း၊ ရှိ နေသေးသည်။
အဆိုပါ နယ်မြေ များမှာ၊ သေးငယ်လှ သဖြင့်၊ မိစ္ဆာ ခရိုင်ငယ်များ အဖြစ်သာ သတ်မှတ် ခေါ်ဝေါ် ကြသည်။
၎င်းတို့အား မိစ္ဆာ ကျင့်ကြံသူ များက၊ သိမ်းပိုက် ထားပြီး၊ အနက်ရောင် နယ်မြေ အဖြစ်၊ သတ်မှတ် လေသည်။
အလင်းနှင့် အမှောင် ဟူသည်မှာ၊ ထာဝရ ယှဉ်တွဲ နေတက်သော သဘာဝ တရား ဖြစ်၏။ အဆိုပါ နယ်မြေ များ၌၊ မှောင်ခို ဈေးကွက်များ ရှိသည်။
၎င်းစျေးကွက် များမှာ၊ ဂိုဏ်းသား တပည့်များ အတွက်၊ မရှိ မဖြစ် လိုအပ်လှ သော ကြောင့်၊ မိစ္ဆာ ခရိုင်များ တည်ရှိ နေရခြင်း လည်း ဖြစ်၏။
ယင်းကို လောဟွာမှ ဝေမျှ ပေးခဲ့ခြင်း ဖြစ်သည်။ ဤအချက် အလက် များမှာ၊ လျှို့ဝှက် ချက်များ မဟုတ်ချေ။
“ သူတော်စင် မိသားစု တစ်ထောင်နဲ့ ဧကရာဇ် ကိုးပါး ဟုတ်လား၊ ငါ အိပ်ပျော် တုန်း အချိန်တို လေးမှာ၊ ဒီလို ဖြစ်ရပ်တွေ အများကြီး ဖြစ်သွားခဲ့ တာလား။ ”
ခရမ်းငယ်က ရှုပ်ထွေးသော အမူ အရာဖြင့်၊ တစ်စုံ တစ်ရာကို သတိရ သွားပြီး၊
“ ဟမ့် ... ၊ ဧကရာဇ် ဆိုတဲ့ ဘွဲ့ကို ဘယ်အချိန် တည်းက ဒီလို လွယ်လွယ် သုံးစွဲ ဝံ့တာလဲ၊ ငါ့ ခွန်အားတွေ ပြန်ရ လာတဲ့ အခါ ကျရင်၊ ဧကရာဇ် ဆိုတာ ဘာလဲ ငါ ပြမယ်။ ”
“ မင်း ... ၊ ငါ့ အတွက် ခက်ခဲအောင် လုပ်ချင်နေ တာလား။ ”
လေပေါ လွန်းသော ခရမ်းငယ်အား ပြုံးလျက်၊ လင်းယွန်မှ ပြောမိသည်။ ဧကရာဇ် ကိုးပါးမှာ၊ ဗုဒ္ဓ ဧကရာဇ်၊ နတ်မိစ္ဆာ ဧကရာဇ်၊ ငရဲ ဧကရာဇ်၊ ဓား ဧကရာဇ်၊ ဧကရီ၊ အပင် ဧကရာဇ်၊ လျှပ်စီး ဧကရာဇ်၊ ဧကရာဇ် ဖြူနှင့် တောင်ပိုင်း ဧကရာဇ်တို့ ဖြစ်သည်။
၎င်းတို့မှာ လူ မြင်ကွင်းသို့၊ မထွက်တော့ သည်မှာ ကြာပြီ ဖြစ်၏။ သေဆုံး ကုန်ပြီ ဟုပင်၊ ကောလ ဟာလများ ထွက်နေ ခဲ့သည်။
ခရမ်းငယ်တွင် လုံလောက်သော ခွန်အား ရှိလျှင် သော်မှ၊ ထိုဧကရာဇ် များကို ရှာတွေ့ နိုင်မည် မဟုတ်ချေ။
“ ဟမ့် ... ၊ နင်က ငါ့ အရည် အချင်းကို၊ မယုံ ဖူးလား။ ”
ထိုစကားကြောင့် လင်းယွန်မှ ပြုံးလျက် ပြန်ပြောရန် ပြင်လိုက်ရာ၊ ပါးစပ်မှ သွေးများ ပျို့ တက်လာ လေသည်။
“ ဝေါ့ ... ။ ”
“ ဟေ့ ... နင် တကယ်ပဲ၊ မသေ ပါဖူးနော်။ ”
ခရမ်းငယ်မှ စိုးရိမ်စွာ အော်ဟစ် လာ၏။ လက်ခုံဖြင့် သွေးကို သုတ်ယူလျက်၊ လင်းယွန် က ခေါင်းယမ်း ပြမိသည်။
အဆုံးတွင် မျက်နှာဖုံး မပါသော်၊ ဧကရာဇ် ချိတ်သည် သူ့ နှလုံးအား နှိုက်ထုတ် သွားမိ ပေ လိမ့်မည်။
ထိုစဉ်က ဒဏ်ရာ မပြင်းထန် သော်လည်း၊ ဂိုဏ်းသုံး ဂိုဏ်လုံးအား သုတ်သင် ခြင်းဖြင့် ပို၍၊ ဆိုးသွားခြင်း ဖြစ်သည်။
“ ငြိမ်းအေးခြင်း ဆေးလုံးတွေ မရှိတော့ ဖူးလား။ ”
“ အ ... ဒါက နတ်ဆေးလုံးပဲ ... ၊ အဲဒီ လောက် မလို ပါဘူး။ ”
အင်ပါ ရီယန် နယ်ပယ် အတွက်ပင်၊ ထိရောက်မှု ရှိသဖြင့်၊ လင်းယွန်မှ သဘာဝ အတိုင်း မဖြုန်း တီးချင်ချေ။
လွန်ခဲ့သည့် နှစ်ရက် ကပင်၊ တစ်လုံးကို သောက်သုံးထား သဖြင့်၊ (၆) လုံးသာ ကျန်ရှိ ပေ တော့၏။
“ ကျွတ် ... ၊ နင်က ဒါကိုများ ရတနာလို့ သတ်မှတ် နေတာလား၊ တစ်ချိန် တုန်းက ငါ့ရဲ့ ဝင်သက် ထွက်သက် ကတင်၊ ဒီဆေးလုံး တွေထက်၊ အဆ တစ်ရာ သာတယ်။ ”
လင်းယွန်က ပြုံးလျက် သွေး မီးတောက် ဆေးလုံး အများ အပြား ထုတ်ယူပြီး၊ သောက်ချ လိုက်သည်။
“ ဟဲ ဟဲ ... ခဏလောက် ငှားစမ်းပါ။ ”
သွေးမီးတောက် ဆေးလုံးကို ချေြဖတ်ရန် ပြင်နေသော လင်းယွန် ထံမှ၊ မျက်နှာ ဖုံးအား ခရမ်းငယ်က လှမ်းယူ၏။
သည်နောက် မျက်နှာဖုံးကို တက်လျက်၊ ကျောက်စိမ်း ပလေွကို ထပ်၍ လက်လှမ်း မိ ပြန်သည်။ လင်းယွန်မှ ဟန့်တား လိမ့်မည်ဟု ထင်ထား သော်လည်း၊ မလုပ် ခဲ့ချေ။
“ ဟဲ ဟဲ ... ၊ အခုတော့ ... ငါ့ အပိုင် ဖြစ်လာပြီ၊ နဂါးလေး သွားစို့ နည်းနည်းလောက် ကစား ရအောင်။ ”
ထို့နောက် နဂါးလေးမှာ စစ်မြင်း ပုံစံသို့၊ ပြောင်းလဲ လိုက်ပြီး၊ ခရမ်းငယ်အား တင်လျက် သမုဒ္ဒရာပေါ်၊ ခုန်လွှား လိုက်တော့သည်။
“ ဟီး ... ဟစ် ... ဟစ် ... ။ ”
မျက်နှာ ဖုံးကြောင့်၊ ခရမ်းငယ် အသွင်မှာ၊ ချစ်စဖွယ် ငွေရောင် ကလေးမ လေး အဖြစ် ပြောင်းလဲ လာပြီး၊ ပလွေကို စတင် တီးမှုတ် တော့သည်။
“ ဒီကောင်မလေး … ။ ”
လင်းယွန်က ပြုံးလိုက်သည်။ တစ်လကြာ မိစ္ဆာ ကျင့်ကြံသူ များကို အမဲလိုက် နေရ သဖြင့်၊ သူမ သည်လည်း၊ စိတ်ပင်ပန်း နေချေပြီ။
ထို့ကြောင့် ပြုံးရယ်ရန် လို၏။ သို့သော် နဂါးလေးနှင့် ပေါင်းကာ၊ လုယက်ခြင်း အမှုအား သူက ကျူးလွန် တော့ပေမည်။
များမကြာခင် ချစ်စရာ ကောင်းသော နာမည်ကျော် ငတက်ပြား မလေး ဖြစ်လာ နိုင်ပေ မည်။
လင်းယွန်က ပြုံးပြီး ပေါက်ကွဲ လာပြီ ဖြစ်သော၊ သွေး မီးတောက် ဆေးလုံး များ၏ အာနိသင် အပေါ်၊ အာရုံစိုက် လိုက်လေသည်။
ဒဏ်ရာ များမှ ကောင်းမွန် လာ ချိန်၌၊ နတ်မိစ္ဆာ မိုးကြိုး ဓားနှင့် သူ၏ တိုက်ပွဲကို ပြန်၍ အမှတ်ရ မိသည်။
သူ့ ကျင့်ကြံမှုမှာ၊ အမှန်ပင် အားနည်း လှလေသည်။ ဂီတတာ အိုသာ နား မလည်ထား ပါက၊ ကြယ်စင်စု နယ်ပယ် ကျွမ်းကျင် သူကို ဆယ်ကြိမ် အတွင်း ရှုံးနိမ့် နိုင်ပေမည်။
သို့သော် နားလည် ထားသော ဂီတ သည်လည်း၊ ရပ်တန့် နေပြီ ဖြစ်သည်။ ဆိုလို သည်မှာ လင်အောင်းရန်ကို အနိုင် ယူရန် မဖြစ်နိုင် တော့ချေ။
ဖီးနစ် ကကြိုးတွင် ဟာကွက်များ ပြည်နှက်နေ သည်ကို မြင်လာ ရသည်။ မဟုတ် ပါက လင်အောင်းရန်မှာ၊ သူ့ အနားပင် ကပ် နိုင်မည် မဟုတ်ချေ။
ဤဖီးနစ် ကကြိုးမှာ သူနှင့်၊ အပ်စပ်ပုံ မရချေ။ ဆည်ဆာ အလင်းဓား သည်သာ၊ သင့် လျော်ပုံ ရသည်။
ယင်းက ထိုနည်းစနစ် အပေါ် လုံးလုံး လျားလျား နားလည် နေခြင်း ကြောင့်လည်း ဖြစ်သည်။
ဤသည်မှာ တိုက်ပွဲမှ ရလာသော သိမြင်နိုင်မှု များ ဖြစ်လေသည်။ အထွတ် အထိပ် ခွန်အားကို ပြန်၍ ရလု နီးချိန်၌၊ မျက်လုံး ပြန်ဖွင့် မိ၏။
ထိုစဉ် ပလွေသံ နှင့်အတူ၊ နဂါးလေးအား စီးနင်းလျက်၊ ခရမ်းငယ် ပြန်ရောက် လာသည်။ သူမ တီးမှုတ် နေသော တေးသွားမှာ နတ်ဘုရား သံစဉ် ကဲ့သို့၊ အလွန် သန့်ရှင်း ချေ၏။
“ ခစ် ခစ် ... ၊ နင် နိုးပြီလား၊ ဘယ်လိုလဲ ငါ လှတယ် မဟုတ်လား။ ”
“ ပြန် ပေး ... ။ ”
ငွေရောင် မျက်နှာ ဖုံးဖြင့်၊ မင်းသမီးငယ် တပါး အလား ထင်မှား စေသည်။
“ ဟမ့် ... ၊ စိတ်ညစ် စရာ ... ။ ”
လင်းယွန်မှ သူမအား ချီးကျူး စကား မဆိုမှန်း၊ နားလည် လိုက်သဖြင့် နှုတ်ခမ်း စူလျက် ပြန်ပေး သည်။
“ ခရမ်းငယ် ... ၊ အရင်က မင်း ငါ့ကို အစီရင်တွေ ချိုးဖြတ် ရာမှာ၊ ကူညီခဲ့ ဖူးတယ် မဟုတ်လား၊ မင်းက ရူရ်တွေ အပေါ် ကျွမ်းကျင်လား။ ”
“ ဒါပေါ့ ... ၊ သူတော်စင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် တွေကို၊ အဆင့် ကိုးဆင့်ခွဲ ထားတယ်၊ သူ့ အထက်မှာ၊ မြင့်မြတ်သော ဆရာ သခင်တွေ ရှိတယ်၊ ...
ဒီအဆင့် ကိုတော့၊ သုံးဆင့်ပဲ ထပ်ခွဲ ထားတယ်၊ ဒါပေမယ့် အဆင့် တစ်ခုစီ ကြား ကွာခြား ချက်က၊ သူတော်စင် အဆင့်ထက် အများကြီး ကြီးမားတယ်၊ ...
... ငါက အဲ့ဒီ ကောင်းကင် အဆင့်၊ ဆရာ သခင် တွေထက်၊ ပိုမြင့်တဲ့ နတ်ဘုရား အဆင့်က ကျွမ်းကျင်သူ တစ်ပါးပဲ၊ နင် သင်ချင်လား။ ”
“ စိတ်ဝင်စား စရာပဲ ... ၊ မင်းက ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ဖြစ်တာ မဆန်းတော့ ပါဘူး။ ”
“ ဟမ့် ... ငါ မသိဖူး မထင်နဲ့ ... ၊ နင်က အကူအညီ လိုတဲ့ အခါဆို၊ ငါ့ကို ချီးကျူးတယ်၊ မလိုအပ် တော့ရင် ခရမ်းငယ်လို့ ခေါ်တယ်၊ နင့်လို လူတွေကို ငါ အမုန်း ဆုံးပဲ၊ ငါ့ကို စကားလာ မပြောနဲ့။ ”
“ မဟုတ်တာ မပြောနဲ့ ... ။ ”
“ ဘာ မဟုတ် တာလဲ ... ၊ သူတော်စင် တောင်မှာ တုန်းက၊ ပန်းချီကားကို တွေ့အောင် ကူညီ ပေးတော့ ... ၊ နင် ငါ့ကို ချီးကျူးတယ်၊ တောင်ထိပ် ပေါ်လည်း ရောက်ရော ခရမ်းငယ် ပြန်ခေါ်တယ်။ ”
ထိုစကားကြောင့် လင်းယွန် ခမျာ အဆင်မပြေ ဖြစ်လာသည်။ ယင်းက အမှန်ပင် ဖြစ်၏။ ရှက်စရာ ပေပင်။
“ နောက် တစ်ခါ ... ၊ ငါ့ဆီက အကူ အညီ လိုရင်၊ သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး၊ ကောင်းကင် သုံးဆယ့်ခြောက် စင်းနဲ့၊ မြေကမ္ဘာ ခုနစ်ဆယ့်-နှစ် ထပ်ကို ပိုင်စိုးတဲ့၊ ကောင်းကင် တရား စီရင်ရေး၊ ဧကရီ အဖြစ် ခေါ်ရမယ်။ ”
“ အမှန်တော့ ... မင်းက မျက်နှာဖုံး လေးနဲ့ ပိုလှ ပါတယ်။ ”
“ ဟွန့် ... ငါ သိတယ် ။ ”
ခရမ်းငယ်မှာ ပျော်ရွှင်မှုကို ထိန်း မရတော့ သဖြင့် တစ်ဖက် လှည့်ကာ ပြုံး၏။ မျက်နှာပေါ်ရှိ မကျေ နပ်သော အမူအရာ များ ပျောက်ကွယ် သွားပြီ ဖြစ်သည်။
“ ဒါဆို ... ရူရ် တွေ အကြောင်း၊ ဘယ်လောက် နားလည် ထားလဲ။ ”
လင်းယွန်က လိုရင်းကို ဆက်သွား၏။ သူ့မေးခွန်း ကြောင့် ခရမ်းငယ် ခမျာ၊ မျက်နှာ ပြောင်းလဲ သွားပြီး၊ လက်ညှိုးနှင့် လက်မကို ထိကပ်ကာ ဝိုင်းပြ လိုက်သည်။
“ အိုး ... လေးစား စရာပဲ။ ”
ယင်း သင်္ကေတ အရ၊ ခရမ်းငယ်မှာ ယခင် ခွန်အား၏ ဆယ်ပုံ တစ်ပုံကို အသုံး ချ၍ ရမည် ဖြစ်ကြောင်း၊ လင်ယွန် သိ၏။
“ အမှန်တော့ ... အဲ့ထက် နည်းနည်း ပို နည်းတယ်။ ”
ခရမ်းငယ်က လက်ညှိုးနှင့် လက်မ အဝိုင်းကို၊ ပို၍ ကျုံ့ကာ ပြောင်းပြ လာသည်။ ယင်းက လင်းယွန်အား မျက်ခုံးပင့် မိစေ၏။
“ သေချာ ပြီလား။ ”
“ အင်း ... သေချာတယ် ဒီလောက် ... ။ ”
အဆုံးတွင် လက်ညှိုး၊ လက်မ ထိကပ်မှုကို အဆုံးထိ တိုးလိုက် သဖြင့်၊ စက်ဝိုင်း နေရာမှာ မရှိ သလောက် ဖြစ်သွားသည်။
သူ့ကိုယ်သူ ရှက်ရွံ့စွာ ပြုံးလျက်၊ လင်းယွန်၏ အကြည့်ကို ရှောင်ဖယ် သွားသော ခရမ်းငယ်ထံ ပြန်ကြည့် မိပြီး၊ လင်းယွန်မှာ ရယ်မော လိုက်တော့သည်။
“ ဟား ဟား ဟား ... ၊ ငါ့ဧကရီလေး ... ၊ မင်းက တကယ့်ကို ချစ်စရာ ကောင်းတာပဲ။ ”
“ ဘာ ... ငါ ချစ်စရာ ကောင်းတာက၊ ဘာကိစ္စ ... နင့်ရဲ့ ဧကရီ ဖြစ်ရ မှာလဲ၊ ဟမ့် ... ။ ”
ခရမ်းငယ် မျက်နှာမှာ ရဲရဲနီ သွားသည်။ သူမတွင် နတ်ဘုရား ရူရ် နှစ်လုံးနှင့်၊ နဂါး ဘုရင် အရိုးအား ပိုင်ဆိုင်ထား သောကြောင့်၊ အဆင် ပြေနိုင် မည်ဟု၊ လင်းယွန် ထင်သည်။
“ ငါနဲ့ အတူ၊ နတ်မိစ္ဆာ နယ်မြေထဲ လိုက်မလား။
“ ဟမ် ... ၊ နင် ... နတ်မိစ္ဆာ မိုးကြိုးဓား နောက်ကို လိုက်မို့လား။ ”
“ ဟုတ်တယ် ... ၊ သူ့ ခေါင်းကို မရရင်၊ အဖိုးကြီးက ငါ့ကို နဂါး သွေးရည်ကြည် ပေးမှာ၊ မဟုတ်ဘူး၊ ပြီးတော့ လင်အောင်းရန်က ...
... ကောင်းကင်ယံ ဂိုဏ်းရဲ့၊ တပည့် တစ်ယောက် ဆိုတော့၊ အချို့သော အချက် အလက်တွေ ရနိုင်မယ် ထင်တယ်။ ”
“ ကောင်းပြီ သွား ရ အောင် ... ။ ”
လင်းယွန်က ကောင်းကင်ပေါ် မော့ကြည့်ပြီး၊
“ နေဦး ... ခု မဟုတ်ဘူး၊ လပြည့် နေ့မှ သွား ကြ မယ်။ ”
-ဟု ရက် သတ်မှတ် လိုက်တော့သည်။
***