အရိယာ၊ သူတော်စင်နှင့် ဧကရာဇ်။
Vol. 81 Ch. 1129
လပြည့်ရန် ခုနစ်ရက် လိုပေ သေး၏။ ထို့ကြောင့် ပြင်ဆင်မှု အချို့၊ ပြုလုပ် နိုင်ပေမည်။ အထူး သဖြင့် တိုက်ပွဲမှာ အလွန် အန္တရာယ်များ ခဲ့လေသည်။
လင်အောင်းရန် သည်သာ၊ သည့်ထက် အနည်းငယ် ပို၍ သန်မာ ပါက၊ သူ သေဆုံး သွားမည် ဖြစ်သည်။
လက်ရှိ အချိန်၌ မျက်နှာ ဖုံး၏ လျှို့ဝှက် ချက်ကို သိသွားပြီ ဖြစ်သဖြင့်၊ ဒုတိယ အကြိမ် တွင်၊ ကံကောင်း နိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် ဖီးနစ် ကကြိုး၏ ဟာကွက် များကို ခရမ်းငယ်အား ပြောပြ မိသည်။
“ ဒါက မဆန်း ပါဘူး၊ ရေခဲပြင် ပေါ်က နှင်းမုန်တိုင်းကို ကြည့်ပြီး ... ၊ အဲ့ဒီ ကောင်က ဖန်တီး ခဲ့တာ၊ ပြီးတော့ ဖီးနစ် ကကြိုး ဆိုတာ၊ ဖီးနစ် ချီးမွန်း ခန်းနဲ့၊ ဆက်စပ် နေတယ်။ ”
“ ဖီးနစ် ဓားကို ပြောတာလား ။ ”
ဂီတ တာအိုနှင့် ဓားတာအိုမှာ၊ သက်ဆိုင်မှု မရှိဟု ထင်မိ သော်လည်း၊ မယုံနိုင်စရာ ကောင်း အောင်ပင်၊ ကောင်းကင် ဓားကို ပြီးပြည့်စုံ စေ ခဲ့သည်။
သူ၏ သိမြင်မှုမှာ ဓားတာ အိုတွင် နက်ရှိုင်း လွန်းသဖြင့်၊ ဤသို့ အချိန် အတော်ကြာ ရပ်တန့် နေခြင်းအား၊ မကျေနပ် နိုင်ချေ။
“ နည်းလမ်း နှစ်ခုပဲ ရှိတယ်၊ တစ်ခုက အင်ပါရီယန် နယ်ပယ်ထဲ ရောက်အောင် လုပ်ပါ၊ မင်းရဲ့ အုတ်မြစ် အရ၊ ကြယ် အဆင့် အထွတ် အထိပ်ကို တန်းရောက် လိမ့်မယ်၊ ...
... ဒါဆို တိမ်လွှာဓား သုတ္တန်နဲ့ တိမ်လွှာ ဓားကို အားကိုပြီး၊ လင်အောင်းရန်ကို သတ်နိုင် ပြီ။ ”
ဤသည်မှာ လွယ်ကူသော နည်းလမ်း ဖြစ်၏။ သူသာ ဆန္ဒ ရှိသော် နတ်ကြယ် ပုလဲ များကို၊ အသုံးပြု လိုက်ရုံ ပေပင်။
သုံးရက်သာ ကြာမည် ဖြစ်ပြီး အခြေခံ အုတ်မြစ် အရ၊ ကြောက်မက်ဖွယ် ကောင်းသော အင်ပါ ရီယန် တစ်ပါး ဖြစ်လာ နိုင်၏။
ယဲ့ဇီလင်ပင် သနား စရာ၊ ကောင်းသွား ပေလိမ့်မည်။ သို့သော် သူ့အနေဖြင့် ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကန့်သတ် ချက်သို့ ရောက်လို သေး၏။
“ ဒုတိယ နည်းလမ်း ကရော ... ။ ”
“ ဒါက နည်းနည်း ခက်မယ် ... ၊ ဂီတ တာအိုနဲ့ တိုက်ခိုက် နေပေမယ့်၊ နင်က လုံးလုံး မယုံ သေးဘူး၊ ဓားကို သုံးဖို့ ဆန္ဒ ရှိနေ တုန်းပဲ၊ ပြီး ...
... နင့်ရဲ့ ဓားက ရပ်တန့် သွားပြီ၊ ဒါက ဂီတ ရည်ရွယ်ချက် မှာလည်း၊ ပိတ်မိ နေပြီ ဆိုတဲ့ အဓိပ္ပါယ် ပါ။ ”
“ ဒါဆို ... ၊ ဘာ ဆက်လုပ် ရမလဲ။ ”
“ တကယ်တော့ ... ဂီတ ရည်ရွယ်ချက် ဆိုတာ ကလည်း၊ သိုင်း ရည်ရွယ်ချက် ထဲမှာ ပါ ပါတယ်၊ ဓားရည်ရွယ် ချက်ကို နားလည်ထား သလို၊ သူ့ကိုလည်း နား လည်အောင် လုပ်ရမယ်။ ”
ခရမ်းငယ်က ဟန်ပါ ပါဖြင့် လက် နှစ်ဖက်အား နောက်ပစ်ကာ၊
“ ဂီတ တာအိုမှာ ... ဒို၊ ရေ၊ မီ၊ ဆို၊ လာ၊ လို့ခေါ်တဲ့ အသံ (၅)ပါး ရှိပါတယ်၊ ပြီးတော့ နုတ် (၁၂) မျိုးလည်း ရှိတယ် ...
... သူတို့က (A)၊ (A#)၊ (B)၊ (C)၊ (C#)၊ (D)၊ (D#)၊ (E)၊ (F)၊ (F#)၊ (G) နဲ့ (G#) တွေပဲ ...၊ အခု နင်က အသံ ငါးပါးကို နားလည်တဲ့ အဆင့်မှာ၊ ရောက်နေပြီ၊ ...
... အဲဒီ အသံ ငါးပါးက၊ ဒြပ် သဘာဝ အရသာ ဆိုရင်၊ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး တို့နဲ့၊ ဆက်စပ် နေတယ်၊ နုတ် (၁၂) မျိုး ကတော့ ယင်နဲ့ ယန်ပဲ၊ ...
... နုတ် တစ်ခု စီမှာ၊ အချိန်နဲ့ အာကာသ ပါတယ်၊ ဒါကြောင့် ဂီတ တာအိုကို နားလည် ချင်ရင်၊ ယင်၊ ယန်၊ နေ၊ လ၊ အချိန်နဲ့ အာကာ သကို ဟန်ချက် ညီအောင် လေ့လာ ရမယ်။ ”
ခရမ်းငယ် စကားကို နားထောင်ပြီး၊ လင်းယွန် ခမျာ မူးနောက် သွား၏။ ဂီတ တာအို လေးနက် မည်ကို သိ သော်လည်း၊ ဤမျှ ရှုပ် ထွေးနေ လိမ့် မည်ဟု၊ မထင် ထားချေ။
အတန်ကြာ တိတ်ဆိတ် သွား ပြီးနောက်၊
“ ငါက ... ဂီတကို နားလည် နေပြီလို့၊ ထင်နေ မိတဲ့ ... လူမိုက်လေး ပါလား။ ”
-ဟု သက်ပြင်း ချလျက်၊ ညည်းတွား လိုက်မိ တော့သည်။
“ ဒါတင် မကဘူး ... ၊ သင်ယူ စရာတွေ အများကြီး ရှိသေးတယ်၊ ဒီလမ်းကို မလျှောက် နိုင်ရင်၊ နင့်ရဲ့ ဂီတဟာ ဝိညာဉ် မပါဘဲ၊ ရုပ်သေး ရုပ်လို အသက်မဲ့ နေလိမ့်မယ်၊ ...
... ဒါပေမယ့်၊ နင် ဒါကို လုပ်နိုင် ရင်တော့ သဘာဝ တရား ကြီးရဲ့၊ အသံ တွေကို ကြားလာ နိုင်ပြီး၊ အရိယာ အသံတွေ အပေါ်၊ ...
... လက်လှမ်းမီ လာလိမ့်မယ်၊ ပြီး သူတော်စင် အသံ၊ ဧကရာဇ် အသံနဲ့၊ နတ်နဂါး အသံ တွေကို ရောပဲ။ ”
(အရိယာ အသံ= မြင့်မြတ်သော တေးသွား)
ဂီတ တာအိုမှာ ခက်ခဲ သော်လည်း၊ တစ်ဆင့်မျှ သူ ထပ်၍ တက်လှမ်း နိုင်ရုံဖြင့်၊ တိုက်ပွဲဝင် စွမ်းအားများ၊ အဆင့် သစ်သို့ ရောက်ရှိ လာမည် ဖြစ်သည်။
“ နတ်နဂါး တေးသွား အဆင့် အထက်မှာ၊ ဒဏ္ဍာရီလာ ကောင်းကင် တေးသံ ဆိုတာလည်း ရှိတယ်၊ ... ”
“ ... အဲ့ဒီ အဆင့်ကို ရောက်သွားရင် ... ၊ နတ်နဂါး တေးသွား ဆိုတာက၊ အဓိပ္ပါယ် မရှိ တော့ဘူး၊ ...
... ဒီဧကရီကို နတ်နဂါး တေးသွားနဲ့ ... ၊ မွေးဖွား လာတာပဲ၊ ဒါကြောင့် ငါ့ တေးသွားက၊ နင့် တေးသွားထက် ပိုအားကောင်း နေတာ၊ ...
... ဒါက ငါ့ရဲ့ မွေးရာပါ စွမ်းရည်မို့၊ ငါက ခွန်အားမဲ့ နေရင်တောင် တေးသွားက လေးနက် နေဦး မှာပဲ။ ”
“ မင်း ... ငါ့ကို ... ၊ တစ်ခါမှ မပြော ပြဖူး ပါဘူး။ ”
“ ရူးနေလား ... ၊ နင့်မှာ လုံလောက်တဲ့ အခြေခံ မရှိဘဲ၊ ငါ ပြောတော့ရော နင် နားလည် နိုင်မှာ မို့လား၊ အမှန်တော့ နင်က ငါ့ကျွန် ဆိုရင် ဒီထက် ပိုသင်ပေး မိမှာပါ။ ”
ခရမ်းငယ်က လင်းယွန် တစ်ယောက် သူမအား၊ အကူ အညီ တောင်းလာမည် အထင် နှင့်၊ ပြန်ကြည့် သည်။ သို့သော် ... ။
“ ယဲ့ဇီလင် ရိုက်ထားတဲ့ ... ၊ မင်းရဲ့ လက် လေးတွေ နာနေ သေးလား။ ”
လင်းယွန်က ပြုံးလျက် သူမ လက်အား ကြည့်လာ သဖြင့် ခရမ်းငယ် ခမျာ၊ ချက်ချင်း ရှုံ့မဲ့ သွား၏။
“ ကောင်းပြီ ... ကောင်းပြီ ... ၊ ငါ သင်ပေးမယ်၊ နောက် တစ်ခါ အဲ့ဒီ မိစ္ဆာမကို ထည့် မပြောနဲ့။ ”
“ ကဲ ... ဒါဆို၊ ငါတို့ အခု စကြ မလား။ ”
ခရမ်းငယ်က စိတ်လက် မအီ မသာဖြင့်၊ မည်သို့ ကျင့်ကြံ ရမည်ကို လင်းယွန်အား ရှင်းပြ ပေးလာသည်။
အချက် အလက်များ ပြောပြ နေစဉ်၊ ခရမ်းငယ်၏ အမူ အရာမှာ ပြောင်းလဲ သွားပြီး၊ မကြုံ ဖူးသော ရောင်ဝါများ တောက်ပ လာ၏။
“ ကောင်းကင် တေးသံကို၊ သူတော်စင် အဆင့် ကျင့်ကြံ သူတွေ ကသာ၊ ဆုပ်ကိုင် နိုင် တယ်။ ”
ထို့ကြောင့် သူတော်စင် တစ်ပါးသည် နတ်ဘုရား သားရဲ များကို ဤကောင်းကင် လေသံဖြင့် ထိန်းချုပ် နိုင်ခြင်း ဖြစ်ပေ၏။
သည့်နောက် နုတ် (၁၂)ပါး၊ ယင်၊ ယန်နှင့် ဓာတ်ကြီး ငါးပါး တို့၏ ဆက်စပ်မှုကို သင်ကြား ပေးသည်။
နတ်နဂါး အဆင့်ဖြင့်၊ မွေးဖွား လာသော ခရမ်းငယ် အတွက်၊ လူပြိန်း တစ်ဦးပင် သိမြင် နားလည် လာအောင်၊ ရှင်းပြ နိုင်စွမ်း ရှိ၏။
ဓားအစား ပလွေကို အားကိုးခြင်းမှာ၊ ဤမျှ ခက်ခဲ လိမ့်မည်ဟု လင်းယွန် မထင် ထားချေ။ ဂီတ တာအိုသည် များစွာ လေးနက် ပေ၏။
***
ထိုအချိန်တွင် လင်အောင်းရန် ခမျာ၊ နောက်ဆုံး ထွက်သက်ကို ရှူထုတ် လုနီးပါး ဒဏ်ရာ ပြင်းထန်စွာ ရရှိ ထားသည်။
“ ဝေါ့ ... ။ ”
လမ်း တစ်လျှောက် သူတော်စင် ဆေးလုံးပေါင်း များစွာ၊ သောက်သော်လည်း မသက်သာ လှချေ။
ခန္ဓာကိုယ် ထဲတွင် ကျန်ခဲ့သော ဓား ရည်ရွယ်ချက်မှာ သူ့ နားလည် မှုထက်၊ အဆ ပေါင်း များစွာ ကျော်လွန် နေပြီ ဖြစ်သည်။
နဂါး ရောင်ဝါ မဆိုနှင့်၊ ကောင်းကင်ဓား သည်ပင် စတုတ္ထ တန်းသို့၊ ရောက်လု နီးနီး ဖြစ် နေ၏။
ထို့ပြင် သူတော်စင် ပစ္စည်းမှ ရရှိသော ဒဏ်ရာများ မှာလည်း၊ အနည်းဆုံး နှစ်လခန့် အနား ယူရ ပေမည်။
“ သေ စမ်း ... ။ ”
လင်းယွန်၏ ဓားကို မကိုင်တွယ် နိုင်မှန်း သိလိုက် သဖြင့်၊ စိတ်ပျက် သွားသည်။ ယဲ့ဇီလင် ထံမှ ကောင်းကင် ဓားကို၊ ခံစား ဖူး၏။
သို့သော် ဤကောင်းကင် ဓားမှာ၊ အကန့် အသတ် မရှိသော သမုဒ္ဒရာ တစ်စင်း ကဲ့သို့၊ သူမ ဓားထက် ပို၍ ကြောက်စရာ ကောင်းလေသည်။
နတ်မိစ္ဆာ နယ်မြေ ထဲသို့၊ မဝင်မီ နှစ်ရက် ကြာ ပုန်းအောင်းလျက်၊ ဒဏ်ရာ များကို ကုသ နေမိ သည်။
ဤအချိန်၌ မည်သူ နှင့်မျှ အတွေ့ မခံ နိုင်ချေ။ လူများ စွာကို စော်ကား ထားပြီး ဖြစ် သဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ ရရှိလာ နိုင်သည်။
မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တစ်ဦးပင် ဖြစ်သော်လည်း၊ ရွေးချယ်ခွင့် ရှိပါက၊ နတ်မိစ္ဆာ နယ်မြေ အတွင်း မဝင် ချင်ချေ။
ယင်းမှာ အနက်ရောင် နယ်မြေမျိုး ဖြစ်သဖြင့်၊ တိုက်ပွဲများ အချိန် အပြည့် ရှိနေ တက်သည်။
ထို့ကြောင့် အသက် အတွက် အာမခံချက် မရှိချေ။ သေလု မျောပါး ဒဏ်ရာရ နေသည့် သူ့ သတင်းက၊ နှစ်ရက် အတွင်း နတ်မိစ္ဆာ နယ်မြေ တစ်လျှောက်၊ ပျံ့နှံ့ သွား မည်မှာ သေချာသည်။
သန်မာသော အင်အားစု တစ်စုနှင့်၊ မိတ်ဆွေ မဖွဲ့ထား နိုင်ပါက သည်နယ်မြေ သည်လည်း သူ့ အတွက်၊ လုံခြုံ ဦးမည် မဟုတ်ချေ။
နတ်မိစ္ဆာ နယ်မြေ အတွင်း၌၊ အမှောင်များ အချိန်ပြည့် ဖုံးလွှမ်း နေပြီး၊ မြူ များက ထူထပ် စွာ ရစ်သိုင်း နေ လေသည်။
လင်အောင်းရန်က မျက်နှာဖုံး တပ်လျက်၊ နယ်မြေ အတွင်း လှမ်းဝင် လိုက်၏။ တစ်နာရီ ခန့် ကြာပြီးနောက်၊ သွေးညှီ ရနံ့များ စွန်းထင်း နေသည့်၊ ကမ္ဗည်းပြား တစ်ချပ်ပါ၊ နန်းဆောင် တစ်ခုကို တွေ့မြင် လိုက် ရသည်။
ကမ္ဗည်း ပြားတွင်၊ ကောင်းကင်ဘုံ ကြယ် ခန်းမဟု ရေးထိုး ထားပြီး၊ ခမ်းနား တောက်ပ နေသော၊ ရောင်ဝါများ ယိုစိမ့် ကျနေ၏။
ဤကမ္ပည်း ပြားသည် ကောင်းကင်ဘုံ ကြယ်ခန်းမအား၊ ဆိုးရွားစွာ ကြည့်ကောင်း စေသည်။
တစ်နာရီ အကြာ စောင့်ဆိုင်း ပြီးနောက်၊ ကောင်းကင်ဘုံ ကြယ်ခန်းမ၏ ခန်းမ သခင်နှင့် တွေ့ခွင့် ရသည်။
စူးရှသော မျက်ဝန်း တစ်စုံကို ပိုင်ဆိုင် ထားသည့်၊ လူလတ်ပိုင်း အရွယ် ပိန်ပိန် ပါးပါး အမျိုးသား တစ်ယောက်က ဧည့်ခန်းထဲ လှမ်းဝင် လာသည်။
ဤခန်းမ၏ ဆောင်ပုဒ်မှာ၊ မည်သူ မဆို ကောင်းကင်မှ ကြယ် များကို၊ ခူးဆွတ်ရန် အခွင့် အရေး ရှိသည် ဟူ၍ ဖြစ်သည်။
မိစ္ဆာ ကျင့်ကြံ သူများ အချင်းချင်း၊ ရတနာများ ရောင်းဝယ် ဖောက်ကား နေသည့်၊ ကြားနေ အရပ် တစ်ခု ဖြစ်သည်။
ခန်းမ သခင်က မျက်လုံးများ မှေးစင်းလျက်၊
“ နတ်မိစ္ဆာ မိုးကြိုးဓား ... ၊ ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု မဟုတ် ပါဘူး၊ မင်း ဘာလို့ မျက်နှာဖုံး တပ်ထား ရတာလဲ၊ ငါ မင်းကို မမှတ် မိဖူး ထင်နေလား။ ”
-ဟု နှုတ်ဆက် လာတော့သည်။
“ မင်းရဲ့ မျက်လုံးတွေ အောက်ကနေ ဘယ်သူက ပုန်းကွယ်နိုင် မှလဲ၊ ငါ ဒဏ်ရာ ရနေ တာကို၊ လူတွေ မသိ စေချင် ရုံပါ။ ”
လင်အောင်းရန်က မျက်နှာ ဖုံးအား ဖြုတ်လျက် ပြန်ဖြေ၏။
“ မင်း အသက်ကို လိုချင်တဲ့၊ လူတွေ အများကြီး ရှိတယ် ... ၊ ငါ တို့က သူငယ်ချင်း ဆိုပေမယ့် လည်း၊ ကောင်းကင်ဘုံ ကြယ် ခန်းမရဲ့၊ ဆောင်ပုဒ်ကို မင်း သိတယ် မဟုတ်လား၊ ...
... ဒါ့ကြောင့် မင်းကို ခေါ်ထားဖို့ ငါ့မှာ စိတ်ကူး မရှိဘူး၊ ဒါပေမယ့် ခင်မင် ရင်းနှီးတဲ့ ငါတို့ နှစ်ဦးရဲ့ ပတ်သတ် မှုကြောင့်၊ မင်းကို ထွက်သွား ခွင့်တော့ ပေးနိုင် ပါတယ်။ ”
သက်လတ်ပိုင်း အရွယ် အမျိုးသားက ပြုံးကာ သတိ ပေးသည်။ လင်အောင်းရန် ခမျာ၊ ဒေါသ ထွက်သွား သော်လည်း၊ သည်းခံ၏။
သူတို့ နှစ်ဦးကြား ပတ်သတ်မှုမှာ၊ မိတ်ဆွေ အဆင့်၌ မရှိဘဲ၊ ဤနေရာမှ ခြေတစ်လှမ်း လှမ်း လိုက် သည်နှင့်၊ သူ့ အသက်အား ရောင်းထုတ် မည်မှာ သေချာသည်။
“ ငါ့မှာ လေလံ တင်ဖို့၊ ရတနာ တစ်ခု ရှိပါတယ်၊ ဒီအတွက် မင်းရဲ့ ခန်းမမှာ၊ နှစ်လ လောက် နေခွင့် ရမလား။ ”
ဧကရာဇ် ချိတ်အား ထုတ်လျက် လင်းအောင်းရန်က တောင်းဆိုသည်။ ဧကရာဇ် ချိတ်ထံ တစ်ချက် ကြည့်ပြီး၊ လူလတ်ပိုင်း အရွယ် အမျိုး သားမှာ ပြုံးလိုက်၏။
“ ဒါဆို ... မင်း သူတော်စင် ရှေးဟောင်း ပစ္စည်းကို ရခဲ့တယ် ဆိုတဲ့၊ သတင်း တွေက အမှန် ပေါ့။ ”
“ ဒါကို ... ဘယ်လို သဘော ရလဲ။ ”
ဧကရာဇ် ချိတ်အား ဆွဲယူ သွားကာ၊ စော့ကစား နေသော လူလတ်ပိုင်း အရွယ် အမျိုး သားထံ ကြည့်လျက်၊ လင်အောင်းရန်မှ မေးလိုက်၏။
“ ဘာတွေ စိုးရိမ် နေတာလဲ၊ ငါတို့ရဲ့ ပတ်သတ်မှု အရ၊ မင်းရဲ့ အခက် အခဲ ဆိုတာ၊ ငါရဲ့ အခက် အခဲ ပါပဲ၊ မျက်နှာ လွှဲ စရာလား၊ သုံးရက် အတွင်း လေလံပွဲ ကျင်းပ ပေးမယ် ဘယ်လိုလဲ။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက ပြုံးလျက် တုန့်ပြန် မေးခွန်း ထုတ်လာသည်။
“ မင်း ... ၊ ဘယ်လောက် ယူမလဲ။ ”
လင်အောင်းရန် မေးခွန်းကို၊ လူ လတ်ပိုင်း အရွယ် အမျိုးသားက လက်ညှိုး တစ်ချောင်း ထောင်ပြ ၏။
“ တစ်ဆယ် ... လား။ ”
ထိုရာခိုင်နှုန်းမှာ လင်အောင်းရန်ကို၊ ဒေါသ ထွက် စေသည်။ သို့သော် သူ့တွင် ငြင်းဆန်ရန် အခွင့် အရေး မရှိချေ။
မည်သူ မဆို သူတော်စင် ပစ္စည်းကို လေလံတင် မိမည် ဆိုပါက၊ အပြာရောင် စံအိမ် တစ်ခုလုံး အုတ်အော် သောင်းနင်း ဖြစ်မည်မှာ သေချာသည်။
“ မဟုတ်ဖူး ... တစ်ဝက်။ ”
လူလတ်ပိုင်း အရွယ် အမျိုးသားက လက်ညှိုးအား လှဲချ လိုက်ပြီး၊
“ မင်း ... ရွေးချယ် နိုင် ပါတယ်၊ နတ်မိစ္ဆာ နယ်မြေမှာ ကောင်းကင်ဘုံ ကြယ်ခန်းမ တစ်ခုပဲ ရောင်းဝယ် စရာ၊ နေရာ မဟုတ် ပါဘူး။ ”
-ဟု ပြုံးလျက် ဆိုလာ လေသည်။ လင်အောင်းရန် သည်သာ ထိုနည်းလမ်းကို၊ ရွေးချယ် ခဲ့ပါက၊ သေမည်မှာ သေချာ၏။
ထို့ကြောင့် အချိန် အတော်ကြာ စဉ်းစား ပြီးနောက်၊ လင်းအောင်းရန် ခမျာ ခေါင်းညိတ် လိုက်ရ၏။
“ ကောင်းပြီ ... ”
ကမ်းလှမ်း ချက်ကို သဘော တူကြောင်း မြင်လိုက် ရသဖြင့်၊ လူလတ်ပိုင်း အရွယ် အမျိုး သားမှ အပြုံး သည်။
“ မင်းက ထက်မြက်တဲ့ လူပါ၊ ဒီလို အကြာကြီး စဉ်စား နေစရာ လိုလို့လား၊ အခု အချိန်က စပြီး၊ မင်း အသက်ကို ကောင်းကင်ဘုံ ကြယ် ခန်းမက၊ အကာ အကွယ် ပေးမယ်။ ”
ထိုအသံမှာ အေးစက် နေသော်လည်း၊ လင်အောင်းရန်အား အနည်းငယ် စိတ်သက် သာရာ ရစေသည်။
ကောင်းကင်ဘုံ ကြယ် ခန်းမကို စော်ကား ပါက၊ မည်သူ မဆို ခြွင်းချက် မရှိ အသတ်ခံ ခဲ့ရ သော၊ သာဓကများ ရှိပေသည်။
***