ငါ့ကို စောင့်နေပါ။
Vol. 81 Ch. 1130
လပြည့်ရန် တစ်ရက်သာ လိုပေ တော့သည်။ လွန်ခဲ့သည့် ခြောက်ရက် လုံးလုံး ပလွေ တီးမှုတ် ခြင်းအား၊ လင်းယွန် မနား ခဲ့ချေ။
အသံ (၅) ပါးနှင့်၊ နှုတ် (၁၂) မျိုးကို ကျွမ်းကျင်အောင် အားထုတ် နေမိသည်။ ဂီတ တာအိုမှာ၊ ထင်ထား သည်ထက် များစွာ ခက်ခဲ လှပြီး၊ မလွယ်ကူ ချေ။
အထက် အဆင့် များကို၊ မျှော်တွေး မိချိန်၌ အဆုံးအား မမြင်နိုင် သလို ခံစား လိုက်ရသည်။ သို့သော် သူ၏ ဂီတ အပေါ် နားလည် နိုင်စွမ်းမှာ၊ ဓားတာအို နီးနီး လိုက် ချေ၏။
ခရမ်းငယ် အနေဖြင့်၊ ကျင့်ကြံ၍ မရတော့ သော်လည်း၊ ဂီတ တာအိုတွင် နတ်နဂါး အဆင့် ၌ ရှိသဖြင့်၊ သူ့အား လမ်းပြရန် လုံလောက် လေသည်။
ထို့ကြောင့် ခြောက်ရက် အတွင်း၊ သူမ သည်ပင်၊ မနာလို ဖြစ်စေသော အဟုန် မျိုးဖြင့်၊ လင်းယွန် ခမျာ တိုးတက် လာသည်။
လင်းယွန် ပလွေ မှုတ် နေစဉ်၊ ပတ်ဝန်း ကျင်၌ အမျိုး မျိုးသော ဖြစ်စဉ်များ နှင့်အတူ၊ နေရောင်၊ လရောင်တို့ ရောယှက် နေသော သမုဒ္ဒရာ တစ်စင်း ဖြစ်ပေါ် လာ၏။
ထို့နောက်တွင် ဓား တစ်လက်က ကောင်းကင်သို့ လွင့်ပျံ သွားပြီး၊ ရေ တံခွန်ကြီး တစ်စင်း အလား၊ ပြန်၍ ပြိုကျ လာသည်။
များမကြာခင် ဓား အလင်းများ တဖွားဖွား ပေါက်ကွဲလျက် ဥက္ကာခဲ များ အဖြစ်၊ လျှံကျလာ လေသည်။
ကောင်းကင်ကြီး တစ်ခုလုံး မီးပင်လယ် အဖြစ် ပြောင်းလဲ သွားကာ၊ တောင်တန်း များရှိ မက်မွန် ပင်များ ပွင့်လာ၏။
ဓား ရောင်ခြည်သည် ရွှေအား ကိုယ်စား ပြုပြီး၊ မက်မွန်သီး များမှာ၊ သစ်သား သဘာဝကို ကိုယ်စား ပြု၏။
ရေတံခွန်သည် ရေ ဖြစ်ကာ၊ ဥက္ကာခဲ များသည် မီး ဖြစ်၏။ တောင် များမှာ မြေကြီး ဖြစ်လေသည်။
ဂီတ သံများ တဖြည်းဖြည်း တိုးလျ ပျောက်ကွယ် သွားသော အခါတွင်၊ လင်းယွန်၏ မြင့်မြတ်သော အငွေ့ အသက်မှာ၊ ရုတ်တရက် ပေါက်ကွဲ လာပြီး၊ ဖြစ်စဉ် အားလုံးကို ချက်ချင်း ချေဖျက်ပစ် လိုက်သည်။
သမုဒ္ဒရာ ပေါက်ကွဲ သွားကာ၊ ရေများ ကောင်းကင်သို့ ပျံတက် သွားပြီး၊ ရေနဂါးများ အဖြစ်သို့ ပြောင်းလဲ သွား၏။ ဤသည်မှာ အရိယာ တေးသွား ဖြစ်သည်။
“ တေးသွားက နည်းနည်းလေး ... ကျွမ်းကျင်မှု နည်းနေ သေး ပေမယ့်၊ တကယ့်ကို ချီးကျူး စရာပါ၊ ခြောက်ရက် အတွင်း အရိယာ တေးသွားကို၊ ဆုပ်ကိုင် နိုင်ဖို့ ဆိုတာက မလွယ် ပါဘူး။ ”
ခရမ်းငယ်မှာ မျက်မှောင်ကြုတ် ထား သော်လည်း၊ လင်းယွန်မှာ သူမ၏ တပည့် ဖြစ် သဖြင့်၊ ပြုံးလိုက် မိသည်။
အဆုံးတွင် ပလွေသံ ပျောက်သွားပြီး၊ ရေနဂါး များမှာ မိုး အဖြစ်သို့၊ ပြောင်းလဲ ရွာချ လာ၏။
အရိယာ တေးသွား ဟူသည်၊ ကောင်းကင် ဓား၏ အဖျက် စွမ်းအားနှင့် တူညီသော အဆင့် တွင် ရှိသဖြင့်၊ ပျော်ရွှင်မှုမှာ အတိုင်း အဆ မရှိချေ။
ထို့ကြောင့် ပလွေအား သိမ်းလျက်၊ ကျေနပ်စွာ လျှောက်လှမ်း လိုက်ရာ၊ ခန္ဓာကိုယ် တစ်ခုလုံး၊ ယိမ်းထိုး လာသည်။
အရိယာ တေးသွားကို ဆုပ်ကိုင် နိုင်ရန်၊ ခြောက်ရက် အတွင်း ကြိုးစား ခဲ့ရ သောကြောင့်၊ စိတ် စွမ်းအင်များ ကုန်ဆုံး သွားခြင်း ဖြစ်၏။
ထို့ကြောင့် အသက် ပြင်းပြင်း ရှူလျက်၊ မျက်လုံး မှိတ်ပြီး၊ ကြမ်းပြင်ပေါ် လှဲချ မိသည်။ မကြာခင် အိပ်မောကျ သွား၏။
တစ်ရက်နှင့် တစ်ည အိပ်ပျော်သွား ပြီးနောက်၊ ပြန်၍ နိုးထလာ ချိန်တွင်၊ တက်ကြွ လန်းဆန်း နေပေသည်။
“ ဟွား ... ။ ”
လက်နှစ်ဖက်အား ဆန့်လျက်၊ အကြော အချဉ်များ ပြေလျော့ စေလိုက်သည်။
“ ခစ် ခစ် ခစ် ... ၊ တစ်နေ့နဲ့ တစ်ည လုံးလုံး အိပ်နေတဲ့ ငပျင်းကောင် ... နိုးလာပြီ။ ”
ခရမ်းငယ်က နဂါးလေးအား ပွေ့လျက် ရောက်ရှိ လာသည်။ ထို့ကြောင့် လင်းယွန်က နေဝင် တော့ မည်ကို၊ သတိ ထားမိ သွား၏။
“ ဒီည လမင်း ကြီးက အရမ်း လှလိမ့်မယ်။ ”
“ ဒါပေမယ့် ... မမှောင် သေးဘူး။ ”
“ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ၊ ဒီနေ့ နတ်မိစ္ဆာ နယ်မြေ ထဲကို သွားမှာမို့၊ မင်းကို အားကိုး ပါရစေ။ ”
“ စိတ်မပူ ပါနဲ့ ... ၊ ငါ့ ခွန်အားက အထွတ် အထိပ်မှာ မရှိဖူး ဆိုရင်တောင်၊ ငါ့ရဲ့ နတ်ဘုရား ရူရ် တေွက၊ သာမန် လူတွေ၊ ခုခံ နိုင်တဲ့ အရာ မဟုတ် ပါဘူး။ ”
လက်ရှိ ခွန်အား အရ၊ နတ်မိစ္ဆာ မိုးကြိုးဓားကို သတ်ရန်၊ မခက်ခဲ သော်လည်း၊ ဝင်ရောက် ရမည့် နယ်မြေမှာ၊ စိန်ခေါ်မှု အဖြစ် ရှိနေ သေးသည်။
ငွေလမင်း မျက်နှာ ဖုံးဖြင့်၊ မလုံလောက် သကဲ့သို့၊ ခရမ်းငယ် သည်လည်း၊ သိပ် အားကိုး မရ သေးချေ။
“ ဒါဆို သွား ရ အောင်။ ”
လင်းယွန်က အသက် ပြင်းပြင်း ရှူလျက်၊ နတ်မိစ္ဆာ နယ်မြေထံ မျှော်ကြည့် လိုက်သည်။ သည့်နောက် သုံးဦးသား ဉီးတည် ခရီးအား စတင် လိုက်တော့၏။
နတ်မိစ္ဆာ နယ်မြေသည် ခရမ်းရောင် ဖျော့ဖျော့ အခိုး အငွေ့ များဖြင့် ဖုံးလွှမ်း နေပြီး၊ အမြဲတမ်း နေရောင် မမြင် ရချေ။ ထို့ကြောင့် နေ့ဘက် တွင်လည်း၊ အချိန်ပြည့် အမှောင် ထုသာ ကြီးစိုး လေသည်။
နေ ရောင်ခြည်မှာ၊ ထိုခရမ်းရောင် အခိုး အငွေ့ များကို မဖြတ်ကျော် နိုင်သော်လည်း၊ လရောင်မှ ကျော်ဖြတ် နိုင်သည်။
ယင်းက လင်းယွန် တစ်ယောက် လပြည့် ညကို ရွေးချယ် ရသည့် အကြောင်း ရင်းလည်း ဖြစ်ချေ၏။ လပြည့် ညတွင် အလင်းရောင် အနည်း ငယ်ကို ရရှိ စေသည်။
အနားတွင် ခရမ်းငယ်နှင့်၊ နဂါးလေးအား မတွေ့ ရချေ။ လရောင် အောက်၌ တရွေ့ရွေ့ လျှောက်လှမ်း လာသော၊ သူ့အား ဖြတ်သွား ဖြတ်လာ အချို့မှ၊ စူးစမ်းသော အကြည့်ဖြင့်၊ လှည့်ကြည့် လာကြသည်။
ဤနယ်မြေ အတွင်းသို့၊ ဂိုဏ်း၏ သား တပည့်များ ဝင်ရောက် လာကြ သည်မှာ၊ အထူး အဆန်း မဟုတ်ချေ။ ထို့ကြောင့် လင်းယွန်အား အထူး တလည်၊ အာရုံ မစိုက် တော့ခြင်း ဖြစ်၏။
“ ဒီနေရာက ... ၊ ငါ့ စိတ်ကူးနဲ့ မတူ ပါလား။ ”
တည်းခိုခန်း တစ်ခု ဆီသို့၊ လှမ်းဝင် လျက်မှ လင်းယွန်က ရေရွတ်လိုက် မိသည်။ တည်ခိုခန်း အောက်ထပ်၌၊ မိစ္ဆာ ကျင့်ကြံ သူများ အများ အပြား၊ အရက် သောက် နေ၏။
“ ညီအစ်ကို ... ၊ ကျေးဇူး ပြုပြီး ခဏ စောင့်ပါ။ ”
လင်းယွန် လှမ်းဝင် လိုက်ချိန်တွင်၊ ကြမ်းပြင်ရှိ အလောင်း တစ်လောင်းမှာ၊ ဆက်၍ သွား မရအောင်၊ ပိတ်နေသည်။
ထို့ကြောင့် တည်းခိုခန်း၊ တာဝန် ခံက အလောင်းကို ကြမ်းပြင်မှ ဆွဲထုတ် စေကာ၊ သွေးများ သုတ်ရန် အမိန့် ပေးလာ၏။
စားသောက်ခန်း အတွင်း၊ လူတိုင်းက ကောင်းကင်ဘုံ ကြယ် ခန်းမမှ၊ လေလံတင် ရောင်း ချမည့် ရတနာ အကြောင်း၊ ဆွေးနွေး နေကြသည်။
“ ဟီးဟီး ... ၊ နတ်မိစ္ဆာ မိုးကြိုး ဓားက သူတော်စင် ရှေးဟောင်း ပစ္စည်း ကိုတောင် လုယူ လာနိုင်တယ်၊ မယုံနိုင် စရာပဲ။ ”
“ ဒီလူက ... ငါးကြီးကြီး တစ်ကောင်ကို ဖမ်းနိုင်ခဲ့ ပုံရတယ်၊ ဘယ်လို တောင် မနာလို စရာ၊ ကောင်း လိုက်လဲ။ ”
“ ဘာများ မနာလို စရာ ရှိလို့လဲ ... ၊ ပန်းသင်္ချိုင်း လက်မှာ၊ သေလု မျောပါး ခံလိုက် ရ တယ် မဟုတ်လား၊ အခုတောင် ကောင်းကင်ဘုံ ကြယ် ခန်းမ ကနေ၊ မထွက်ရဲ တော့ဘူး။ ”
ပတ်ဝန်းကျင်မှု အသံများ လေထု အတွင်း ဆူညံ နေသည်။
“ လွန်ခဲ့တဲ့ လက ခွေးရူး တစ်ကောင်လို၊ မိစ္ဆာ ကျင့်ကြံသူ တွေကို လိုက်သတ် နေတဲ့၊ အဲ့ဒီ လူ ဘယ်က လာလဲ သိချင် မိတယ်။ ”
“ သူမှာ ... ၊ အရည် အချင်း ရှိတယ်လို့ ပြောရမယ်၊ သူသာ မကြောက်ဖူး ဆိုရင်၊ ကြယ် ခန်းမကို သွားပြီး၊ မိုးကြိုး ဓားကို သတ် လိမ့်မယ်။ ”
လင်းယွန်က သူ့ ခွက်ကို ညင်သာစွာ မြှောက်လိုက်သည်။ လင်အောင်းရန်ကို ရှာဖွေ ရန် ခက်ခဲ မည်ဟု ထင်မြင် နေမှုမှာ၊ မှားယွင်း နေပေ၏။
သို့သော် ကောင်းကင်ဘုံ ကြယ် ခန်းမ ဟူသည် လည်း၊ လွယ်ကူသော နေရာမျိုး မဟုတ် ချေ။
“ ဂိုဏ်းကြီး လေးဂိုဏ်းက၊ ဒီလေလံပွဲ အတွက်၊ သူတို့ရဲ့ အမာခံ တပည့် တွေကို၊ လွှတ် လိုက်တယ်လို့ ကြားမိတယ်၊ ...
... တကယ်တော့ ဧကရာဇ် ချိတ် ဆိုတာ လေလွင့် နန်းတော်က ချူထျန်းဟောင် ပိုင်တဲ့ လက်နက်ပဲ မဟုတ်လား။ ”
“ နတ်မိစ္ဆာ မိုးကြိုးဓား တစ်ယောက် ... ဒဏ်ရာ အပြင်း အထန် ရလာတယ်၊ ဒါကြောင့် သူ့ကို သတ်ဖို့၊ လာကြ လိမ့်မယ်။ ”
“ ဒါပေမယ့် ... ချူထျန်းဟောင် နဲ့၊ ယဲ့ဇီလင်မှ မဟုတ်ရင်၊ ဘယ်သူ ကများ ကြယ် ခန်းမကို ရန်စ ဝံ့မှာလဲ။ ”
“ အမှန်ဘဲ ... ၊ ကောင်းကင်ဘုံ ကြယ် ခန်းမက ကာကွယ်ပေး နေတဲ့၊ လူ တစ်ယောက် ကို၊ ဘယ်သူမှ မသတ် နိုင်ဘူး၊ ဒီည လေလံပွဲ အတွက် ငါ စိတ်လှုပ်ရှား နေပြီ၊ ပန်းသင်္ချိုင်း ကိုလည်း မမေ့နဲ့၊ သူ လာနိုင်တယ်။ ”
လူအုပ်ကြီး၏ ဟိုဟို သည်သည် စကား များက၊ လင်းယွန်ကို ပြုံးမိ စေသည်။ တစ်နာရီ ကုန်လွန် ပြီးနောက် လူရှင်းသော နေရာ၌၊ လင်းယွန် ထွက်ပေါ် လာပြီး၊ ခရမ်း ငယ်နှင့် တိုင်ပင် လိုက်သည်။
“ ကြည့်ရတာ ကောင်းကင်ဘုံ ကြယ် ခန်းမက တကယ်ကို၊ ကြောက်စရာ ကောင်းတဲ့ နေရာ ဖြစ်မယ်၊ ဒါကြောင့်လည်း ...
... ဒီကောင်က ပုန်းအောင်းဖို့ ရွေးချယ် လိုက်တာ၊ နင့် အစီစဉ်ကို စွန့်လွှတ်ဖို့၊ ငါ အကြံ ပြု ချင်တယ်။ ”
ခရမ်းငယ် လေးလေး နက်နက် သတိပေး လာသည်။
“ မတတ် နိုင်ဘူး ... ၊ အဲ့ဒီ အဖိုး ကြီးက အကြောင်း ပြချက်ကို လက်ခံမယ့်၊ လူ စားမျိုး မဟုတ်တာ သေချာတယ်၊ ပြီးတော့ နဂါး သွေး ရည်ကြည်ကို၊ ငါ လိုတယ်။ ”
ယင်းက ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ် ချက်ကို၊ ရောက်ရှိ စေမည့် အဓိက သော့ချက် ဖြစ်သည်။ ထို့ကြောင့် သဘာဝ အတိုင်း အရှုံး မပေး နိုင်ချေ။
ယနေ့ ညတွင် လင်အောင်းရန် ခေါင်းအား၊ ရအောင် ယူရ ပေမည်။ သည့်နောက် ငွေလမင်း မျက်နှာ ဖုံးအား တပ်လိုက်ရာ၊ ဆံပင် ဖြူဖြူများ ရှည်ထွက် လာ၏။
“ ဒီည လမင်းက တကယ့်ကို ဝိုင်းစက် နေတာ ပါလား၊ ဒီနေရာမှာ အစီရင် ခင်းကျင်း ပြီး၊ ငါ့ကို စောင့်ပါ။ ”
သည့်နောက် ငွေရောင် အလင်းတန်း အသွင်ပြောင်းကာ၊ ကောင်းကင်ပေါ် ခုန်တက် သွား တော့သည်။
***