ဧည့်သည်။
Vol. 81 Ch. 1131
လပြည့်ည။
ကောင်းကင်တွင် လမင်းကြီး ထွန်လင်း နေသဖြင့်၊ ခရမ်းရောင် မြူ များမှာ အနည်းငယ် လင်းကျင်း လာလေသည်။
လရောင် အောက်တွင် ကျင်းပသော လေလံပွဲမှာ၊ လူတိုင်းကို စိတ်လှုပ်ရှား လာစေ ၏။
ကြယ်ခန်းမ အတွင်းရှိ ထိုင်ခုံများ အားလုံးနှင့်၊ အထူး အခန်းများ အပါ အဝင် အခန်းများ အားလုံး၌၊ လူများဖြင့် ပြည့်နှက် နေသည်။
နတ်မိစ္ဆာ နယ်မြေ အတွင်း၊ လှုပ်လှုပ် ရှားရှား မဖြစ် သည်မှာ၊ ကြာပြီ ဖြစ်သည်။ နှစ် တစ်ရာ အတွင်း၊ သူတော်စင် အဆင့် ရတနာကို ပထမဆုံး အကြိမ်၊ လေလံ တင်ခြင်း ဖြစ်၏။
လေလံ ပွဲသို့ လာရောက် ကြ သူများမှာ၊ နတ်မိစ္ဆာ နယ်မြေ အတွင်းရှိ မိစ္ဆာ ကျင့်ကြံသူ များသာ မက၊ ဂိုဏ်း ပေါင်းစုံမှ အကြီးအကဲ များလည်း ပါဝင်သည်။
ထို့ကြောင့် သူတော်စင် ရှေးဟောင်း ပစ္စည်း၏ စျေးနှုန်းမှာ၊ နတ်ကြယ် ပုလဲပေါင်း (၂၀၀၀၀) သို့ ရောက်ရှိ သွားပြီး၊ ရပ်တန့် ဦးမည့် အရိပ် အယောင် မျှပင် မပြ ချေ။
တစ်ယောက် ယောက်မှ၊ စေျးပေး လိုက်ချိန်တိုင်း၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက် က၊ ထိုလူထံ တိုက်ရိုက် ရောက်ရှိ လာ၏။
ယင်းကို ထုတ်ဖော် သူမှာ၊ ပိုင်ရှင်ဟောင်း လေလွင့် နန်းတော်၏ တပည့် ချူထျန်းဟောင် ဖြစ်သည်။
ချူထျန်းဟောင် ဆိုသူမှာ၊ မျိုးဆက်သစ် လူငယ်များ ကြားတွင်၊ ဒဏ္ဍာရီ ဆန်ဆန် ပုဂ္ဂိုလ် တစ်ပါး ဖြစ်ပြီ၊ လေလွင့် ဘုရင် နည်းစနစ်ကို၊ နှစ် အနည်း ငယ်ကြာ၊ တံခါးပိတ် ကျင့်ကြံ နေသူ ဖြစ်သည်။
ဤပွဲသို့ တက်ရောက် ခြင်းဖြင့်၊ မည်မျှ ဒေါသ ထွက်နေ မည်ကို၊ လူတိုင်း နားလည် နိုင် ၏။
သို့သော် သည်နေရာသည် နတ်မိစ္ဆာ နယ်မြေဖြစ် သဖြင့်၊ မည်သူမျှ သူ့ ခံစားချက်ကို ဂရုစိုက် နေစရာ မလိုချေ။ ကမ်းလှမ်း မှုများ ဆက်၍ ဖြစ်ပွား နေခဲ့သည်။
အထူး အခန်း တစ်ခန်း ထဲ၌၊ လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၏ အမာခံ တပည့် များစွာ ရှိနေသည်။
၎င်းတို့အား ဦးဆောင်လာ သူမှာ၊ သွယ်လျသော ခန္ဓာနှင့် ပုလဲနှစ် ကဲ့သို့၊ ဖြူဖွေး လွန်းသည့် ခြေတံကို ပိုင်ဆိုင် ထားသူ အမျိုး သမီး တစ်ဦး ဖြစ်၏။
ယင်းမှာ ယဲ့ဇီလင် ဖြစ်သည်။ မိုးကြိုးဓား သတင်းကို ကြား ပြီးနောက်၊ ဂိုဏ်း သို့ပင် မဝင် တော့ဘဲ၊ နတ်မိစ္ဆာ နယ်မြေထံ၊ ချက်ချင်း ရောက်လာခြင်း ဖြစ်သည်။
“ အစ်မ ယဲ့ ... ၊ ငါ တွေ့ပြီ၊ မိုးကြိုးဓားက လေလံပွဲ ထဲမှာ ရှိတယ်။ ”
အမာခံ တပည့် တစ်ဦးက အခန်း အတွင်း လှမ်းဝင် လာပြီး၊ သူသိလာ သမျှကို ယဲ့ဇီလင်ထံ တင်ပြ လိုက်၏။
“ တကယ် ရဲရင့် တာပဲ ... ၊ အခု ဘယ် အခန်းမှာ နေလဲ။ ”
“ အမြင့်ဆုံး ထပ်မှာ ရှိနေတယ်၊ ဒါပေမယ့် အစ်မယဲ့ ဒါက ကောင်းကင်ဘုံ ကြယ် ခန်းမပါ၊ ကြယ် ခန်းမက သူ့ကို ကာကွယ် မယ်လို့ ကြေငြာ ထားတယ်။ ”
သတင်း ယူ လာသော တပည့်က ယဲ့ဇီလင်အား ဖျောင်းဖျ လိုက်သည်။ သူမသည် ဂိုဏ်း ချုပ်၏ သမီးဖြစ် သောကြောင့်၊ လုံခြုံ ရေးသည်သာ အဓိက ဖြစ်၏။
ကြယ် ခန်းမတွင် အားကောင်းပြီး လျှို့ဝှက်သော နောက်ခံ ရှိလေသည်။ ထို့ကြောင့် တိမ်လွှာဓား ဂိုဏ်းကို မကြောက်ချေ။
နတ်မိစ္ဆာ နယ်မြေတွင်၊ ဆိုရိုး စကား တစ်ခွန်း ရှိသည်။ ကြယ် ခန်းမမှ တာဝန် မယူ ရဲသည့် အကြောင်း အရာ မရှိ သကဲ့သို့၊ ၎င်းမှ မသတ် ဝံ့သည့်၊ လူ ဟူ၍လည်း မရှိချေ။
ယဲ့ဇီလင် မျက်လုံး များက အေးစက် သွားသည်။ တစ်ချိန်က တိမ်လွှာဓား ဂိုဏ်း၏ အမာခံ တပည့် (၄) ဦးကို၊ ဤမိုးကြိုးဓားမှ သူမ ရှေ့တွင် သတ်ပစ် ခဲ့ဖူးသည်။
ထို့ကြောင့် နှလုံးသား၌ ဆူး ဖြစ်လာ၏။ မျက်လုံးမှိတ် လိုက်တိုင်း၊ အဆိုပါ မြင်ကွင်းမျိုး ထွက်ပေါ် လာလေသည်။
ဤလူအား သူမ လက်ဖြင့် အသက်ချွေ ပေးမည်ဟု၊ သေဆုံး သွားသော တပည့် များ၏ သင်္ချိုင်းတွင် ကျိန်ဆို ခဲ့သည်။
ယခု ထိုအခွင့် အရေး မျိုးကို ရပြီ ဖြစ် သော်လည်း၊ ကြယ် ခန်းမမှ သူမအား ဟန့်တား နေပေ သည်။
အမုန်း တရား များဖြင့်၊ ပြည့်နှက် နေ သောကြောင့်၊ သွေးများ စီးကျ လာသည် အထိ၊ နှုတ်ခမ်းကို ကိုက် မိ၏။
“ ဟား ဟား ဟား ... ဒါက၊ နှစ် တစ်ရာ အတွင်း ပထမဆုံး လေလံတင် ရောင်းချတဲ့ သူတော်စင် လက်ရာပါ။ ”
လူလတ်ပိုင်း အရွယ် ပိန်ပိန် ပါးပါး အမျိုးသား တစ်ဦးက၊ သူတော်စင် ရှေးဟောင်း ပစ္စည်း စျေးနှုန်းမှာ၊ (၃၀၀၀၀) အထိ ဖြစ်လာ သောကြောင့် ပြုံးနေ မိသည်။
ဤလူသည် ကောင်ကင်ဘုံ ကြယ်ခန်းမ သခင် ဖြစ်လေသည်။
“ ၅၀,၀၀၀ ... ။ ”
သို့သော် ရုတ်တရက် စျေးပေး သံက၊ သူ့အတွေးကို ရပ်တန့် စေကာ၊ ခန်းမ အတွင်းရှိ လေထုအား ပွက်လော ရိုက်သွား စေသည်။
သူတော်စင် ရူရ် (၁၀၀) သာ ပါရှိသည့် လက်ရာ တစ်ခု အတွက်၊ အမြင့်မား ဆုံးသော စျေးနှုန်း ဖြစ်သည်။
ဤစျေးကို ပေးသူမှာ ကြွယ်ဝသော နောက်ခံမျိုး ပိုင်ဆိုင် ထားမည်မှန်း သေချာ၏။ မဟုတ်သော် ယင်းသို့ မဖြုန်းတီး နိုင်ချေ။
ယဲ့ဇီလင် မျက်နှာမှာ၊ အေးစက် နေသည်။ သည်မျှ များပြား လှသော အရင်း အမြစ် အရ၊ မည်သူ မဆို ကျင့်ကြံမှု လျင်မြန်စွာ တိုးလာ မည်မှာ သေချာသည်။
ယင်း ပမာဏကို လင်အောင်းရန်သာ ရရှိသွား ပါက၊ သူမပင် ၎င်းနောက် လိုက်ရန် အခွင့် အရေး ရှိတော့မည် မဟုတ်ချေ။
ဤကမ်းလှမ်းချက်က ချူထျန်းဟောင်ကို၊ သွေးအန် မတက် အမုန်း တရားများ ဖြစ်ပေါ် လာ စေသည်။
လင်အောင်းရန် မျက်နှာမှာ ဖြူဖျော့နေ သော်လည်း၊ ရွှင်လန်းသော မျက်နှာဖြင့် အခန်း အတွင်း၊ ထိုင်နေသည်။
လေလံကြေး တစ်ဝက် ပေးပြီး လျှင်ပင်၊ ရရှိ နိုင်မည့် ပမာဏမှာ၊ များပြား လှသည်။ ဤပွဲသို့ ချူထျန်းဟောင် လာ သည်ကို သူ သိ၏။
သို့သော် မကြောက်ချေ။ ကောင်းကင်ဘုံ ကြယ် ခန်းမတွင်၊ သူ့အား မည်သည့် အရာမျှ မလုပ် ဝံ့ကြောင်း၊ ယုံကြည်သည်။
ချူထျန်းဟောင် နောက်တွင် လေလွင့် နန်းတော်ရှိ သဖြင့်၊ ဧကရာဇ် ချိတ်ကို သေချာ ပေါက်၊ ပြန်ဝယ် ကြပေ လိမ့်မည်။
“ ခု နစ် သောင်း ... ။ ”
လင်အောင်းရန် မျှော်လင့်ထား သလိုပင်။ အမုန်း တရား များဖြင့် ပြည့်နှက် နေသော အသံ တစ်သံ ထွက်ပေါ် လာသည်။
“ ဝေါ့ ... ။ ”
အဆုံးတွင် ပျှော်ရွှင် မှုကြောင့်၊ ပြုံးလိုက် မိစဉ်၊ မျက်နှာ တစ်ပြင်လုံး ရှုံ့မဲ့ကာ ပါးစပ်မှ သွေးများ စီးကျ လာသည်။
ခန္ဓာကိုယ် ထဲရှိ၊ ဓား ရည်ရွယ် ချက်က ဒုက္ခပေး နိုင်လွန်း လှသည်။ ခုနစ်ရက် အတွင်း အားနည်း လာပြီ ဖြစ် သော်လည်း၊ ၎င်းက အစွမ်းထက် နေဆဲ ဖြစ်သည်။
“ ငါ မင်းကို ... ၊ သေချာပေါက် လက်စား ချေမယ်။ ”
ဝိုင်ခွက်ကို မော့ချ လိုက်ကာ၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း ရည်ရွယ် ချက်အား၊ ထုတ်ဖော် မိသည်။
(၇၀၀၀၀) ဟူသော ပမာဏသည်၊ ကောင်းကင်ဘုံ ကြယ်ခန်းမ တစ်ခု လုံးကို ချက်ချင်း တိတ်ဆိတ် သွားစေ၏။
လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ သူမျှော်လင့်ထား သည်ထက် ကျော်လွန်နေ သောကြောင့်၊ မျက်နှာ နီရဲ လာသည်။
ထို့ကြောင့် လေလံ စင်မြင့် ပေါ်သို့၊ ဆင်းသက်ခါ နီးတွင်၊ ပလွေ သံများ ထွက်ပေါ် လာသည်။
“ ..... ။ ”
တေးသွားမှာ လူတိုင်းကို ချက်ချင်း ဖမ်းစား နိုင်ပေ၏။ ၎င်းတေးသွား ရပ်သွားမှ သာလျှင်၊ ပြန်၍ သတိ ဝင်လာ ကုန်သည်။
ထိုအချိန်တွင် ကြယ် ခန်းမ၏ သခင် ဖြစ်သော လူလတ်ပိုင်း အရွယ် အမျိုး သားက၊ တင်းမာသော မျက်နှာ ထားဖြင့် ဝေ့ကြည့်ကာ၊
“ ဒီမှာ ... ၊ ဘယ်သူက ဒုက္ခပေး ဝံ့တာလဲ။ ”
-ဟု အံ့ဩစွာ မေးမြန်း လိုက်သည်။
သို့သော် လွမ်းမောဖွယ် ကောင်းသော တေးသွား သည်သာ၊ ထပ်၍ ထွက်ပေါ် လာပြန် ၏။
“ ဟား ဟား ဟား ... ကောင်းပြီ၊ ဘယ်သူများ ငါ့ရဲ့ ကြယ် ခန်းမကို၊ လာလည် တာလဲ၊ ရောက်လာ မှတော့ ပုန်းမနေ ပါနဲ့၊ ...
... ထွက်လာပါ၊ ကောင်းကင်ဘုံ ကြယ် ခန်းမက ဧည့်သည် တွေကို ကြိုဆိုတဲ့ နေရာမှာ၊ နာမည်ကောင်း ရှိပါတယ်။ ”
ကြယ်ခန်းမ သခင် အသံက လေထုကို၊ အေးစက် သွား စေ၏။ ထို့စဉ် လေလံ ခေါင်မိုးမှ တဆင့်၊ ငွေရောင် ရေတံခွန် တစင်း ပြိုကျ လာသည်။
“ ဝှစ် ... ။ ”
ငွေရောင် ဝတ်စုံနှင့်၊ ငွေရောင် ဆံပင် ရှည်ရှည် များကို ပိုင်ဆိုင် ထားသည့်၊ လူ တစ်ဦး ထိုရေတံခွန် အတွင်းမှ၊ ဖြည်းညှင်းစွာ ဆင်းသက် လာ၏။
လ ရောင်ခြည်က ဘယ်လက်တွင်၊ နတ် ကျောက်စိမ်း ဝါးပုလွေကို ကိုင်ထားသော သူ့ အသွင်အား၊ ထင်ရှား လာ စေသည်။
***