← Chapters

ပန်းတွေ ဘယ်မှာ ပွင့်သလဲ။

Vol. 81 Ch. 1133

ပန်းတွေ ဘယ်မှာ ပွင့်သလဲ။

Vol. 81 Ch. 1133

လူအုပ်ကြီး ခမျာ ထိတ်လန့် တုန်လှုပ် နေရာမှ ပြန်လည် ကောင်းမွန် လာရန် အချိန် အနည်းငယ် ကြာခဲ့သည်။

ဤပန်း သင်္ချိုင်းသည်၊ ကြယ်ခန်းမ သခင် ရှေ့၌ပင်၊ နတ်မိစ္ဆာ မိုးကြိုး ဓားအား သတ်သွား ခဲ့၏။

“ သူ့ ကို သတ် ... ။ ”

သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ကွဲ လာပြီး၊ ခန်းမ သခင်မှ အော်ဟစ် အမိန့်ပေး လိုက်သည်။

၎င်းအသံက နံရံများ အတွင်း၊ မြှုပ်နှံ ထားသော ဝိညာဉ် ရေးရာ အစီရင် များကို ပေါက်ကွဲ ကုန်စေ၏။ အားနည်းသူ အချို့မှာ၊ သွေးအန်လျက် မူးမေ့ လဲကျ သွားသည်။

ကြယ်ခန်းမ သခင်က၊ ဧကရာဇ် ချိတ်အား ကောက်ကိုင်လျက် ဒေါသ တကြီးနှင့် ခေါင်မိုးရှိ အပေါက်ကို မော့ကြည့် သည်။

“ ဝှစ် ... ။ ”

တစ်ချိန်တည်း မှာပင်၊ လူရိပ်များ ကောင်းကင်ပေါ် ခုန်တက်ကုန် သဖြင့်၊ ခေါင်မိုး အနှံ့ အပေါက်များ ဖြစ်ပေါ် လာ တော့၏။

သူတို့ အားလုံး၏ ပစ်မှတ်မှာ၊ ပန်းသင်္ချိုင်း ဟူသော လူ ဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံ မှုမှာ၊ ကြယ် အဆင့်၌ အနိမ့်ဆုံး ရှိပေ၏။

ဤသို့ ကြယ်ခန်းမ တစ်ခုလုံး လှုပ်ရှား လာသည်မှာ၊ ရှားရှား ပါးပါး ဖြစ်ရပ် ဖြစ်သော ကြောင့်၊ သည်နေ့ ပြီးနောက် သမိုင်းတွင် တော့မည် ဖြစ်သည်။

“ ကာကွယ် သူတွေ ချည်ပဲ ဒီမှာ နေခဲ့ပါ ... ၊ ကျန်တဲ့ လူတွေ အားလုံး၊ ငါ့ နောက်ကို လိုက်ခဲ့ ... ။ ”

ကြယ် ခန်းမ သခင်က၊ ဧကရာဇ် ချိတ်ကို ဝေှ့ယမ်းလျက်၊ အမိန့် ပေးလိုက်၏။ ထို့နောက် ထွက်ခွာရန် ပြင်သည်။

“ ခန်းမ သခင် ... ခဏ နေပါဦး ... ။ ”

ချူထျန်းဟောင်က လေလွင့် နန်းတော် အကြီး အကဲများ ခြံရံလျက်၊ လျှောက်လှမ်း လာ ၏။

“ သခင်လေး ချူ၊ ငါ မင်းကို ဘယ်လို ကူညီ ရမလဲ။ ”

ကြယ်ခန်းမ သခင်က၊ လက်ဝှေ့ ယမ်းကာ သူ့လူ များကို၊ လင်းယွန်နောက် ဆက်လိုက်ရန် အချက် ပြပြီး၊ ချူထျန်းဟောင်အား ပြန် ကြည့်ကာ မေး၏။

ကြယ်ခန်းမ သခင် လက်ရှိ၊ သူတော်စင် လက်ရာထံ အကြည့် အရောက်တွင်၊ ချူထျန်းဟောင် တစ်ယောက် မပျော် မရွှင် ဖြစ်လာသည်။

“ ကောင်းကင်ဘုံ ကြယ် ခန်းမ ဆိုတာက၊ အရောင်း အ၀ယ် ပြုလုပ်တဲ့ နေရာ မဟုတ်လား၊ ဒါကြောင့် စည်းမျဉ်း တွေက အရေးပါ တယ်လို့ ငါ ထင်တယ်၊ မင်းရော ဘယ်လို ထင်လဲ။ ”

“ မှန်တယ် ... ၊ မင်းပြော သလို၊ ကောင်းကင်ဘုံ ကြယ် ခန်းမက အရောင်း အ၀ယ် ပြုလုပ်တဲ့ နေရာပါ။ ”

“ ဒါဆို ... အခု ငါက လေလံ ဆွဲဖို့ ဒီကို ရောက်နေ တာပါ၊ ဒီက စည်းမျဉ်း စည်းကမ်း တွေ ကိုလည်း၊ မချိုးဖောက် ထားပါဘူး။ ”

“ ဟုတ်တယ် ... ၊ မင်းက လေလံအောင် သွားတဲ့ အတွက်၊ စည်းမျဉ်း အတိုင်း မင်းဆီကို ငါ ပို့ပေး မှာပါ။ ”

ကြယ်ခန်းမ သခင်က ပြုံးလျက် ပြန်ဖြေ ပေး၏။ သို့သော် ချူထျန်းဟောင်မှာ ယင်းကို ဆိုလို ပုံ မရချေ။

“ ကောင်းတယ် ... ၊ ဒါပေမယ့် ငါ တို့က စည်းမျဉ်း တွေကို၊ ဆက်ပြီး ဆွေးနွေး ရဦးမယ်၊ နတ်မိစ္ဆာ မိုးကြိုးဓားက သေသွား တာကြောင့်၊ ဒီဧကရာဇ် ချိတ်မှာ၊ ပိုင်ရှင် မရှိ တော့ဘူး၊ ...

... ကြယ်ခန်းမ ကလည်း၊ ဒါကို မပိုင်တဲ့ အတွက် လေလံပွဲ ဆိုတာ၊ အကျုံး မဝင်တော့ ပါဘူး၊ ဒါကြောင့် သူ့ရဲ့ မူလ ပိုင်ရှင်ကို၊ ပြန်ပေး သင့်တယ်လို့၊ မင်း မထင် ဖူးလား။ ”

ချူထျန်းဟောင် အနေဖြင့်၊ အဖိုး အခ မပေးဘဲ၊ သူတော်စင် ပစ္စည်းကို ပြန်ရယူ ချင်နေ သည်။ ထို့ပြင် သူ့စကား များမှာ အဓိပ္ပါယ် များစွာ ရှိပြန်၏။

နတ်မိစ္ဆာ မိုးကြိုးဓား သေဆုံး ပြီးနောက်၊ ဧကရာဇ် ချိတ်နှင့် ပတ်သတ်၍ ကြယ် ခန်းမမှာ ဆုံးဖြတ် ပိုင်ခွင့် မရှိချေ။

သို့ မဟုတ် ပါက၊ နောင်တွင် လူတိုင်း ကောင်းကင်ဘုံ ကြယ် ခန်းမအား ပတ်သတ်ရဲ တော့မည် မဟုတ်ကြောင်း၊ အဓိပ္ပါယ် သက်ရောက် ပေမည်။

“ သခင်လေး ချူ ... ၊ ငါ့ရဲ့ ကြယ်ခန်းမကို၊ တစ်ယောက် ယောက်က စော်ကား နိုင်တယ်လို့၊ ထင်လား။ ”

“ မထင် ပါဘူး ... ၊ ဒါပေမယ့် ငါက မင်းနဲ့ စည်းမျဉ်းတွေ အကြောင်း ကိုပဲ ... ၊ ဆွေးနွေးနေ တာပါ။ ”

“ ထွက် သွား စမ်း ... ၊ စည်းကမ်းတွေ အကြောင်း၊ မင်းက ငါနဲ့ ပြောချင် နေ တာလား၊ ကောင်းပြီ ... ၊ အခု ငါ မင်းကို ပြောမယ်၊ ...

... ပန်းသင်္ချိုင်း ဆိုတဲ့ လူကို၊ သတ်နိုင်တဲ့ ဘယ်သူ မဆို၊ ဒီဧကရာဇ် ချိတ်ကို ပိုင်ဆိုင်ခွင့် ရလိမ့်မယ်။ ”

ကြယ်ခန်းမသခင်က တကယ် ဒေါသ ထွက်လာသည်။ လင်းယွန်မှ သူ့အား အရူး လုပ်သွား ရုံတင် မကဘဲ၊ သည်ချူထျန်းဟောင် မှပင်၊ ဆွေးနွေးရန် သတ္တိ ရှိလာ ခဲ့၏။

“ ဝှစ် ... ။ ”

သူ့ ကြေငြာ ချက်ကြောင့် ကောင်းကင်ဘုံ ကြယ် ခန်းမရှိ၊ အခန်းများ အားလုံး ပွင့်ကုန်ကာ၊ လူတိုင်း ခေါင်းမိုးကို ဖောက်လျက်၊ ပျံတက် ကုန် ကြသည်။

“ ပန်းသင်္ချိုင်းကို သတ်နိုင်တဲ့ ... လူက၊ ဧကရာဇ် ချိတ်ကို ရမှာ သေချာလား။ ”

တစ်ယောက် ယောက်က ထပ်မံ အတည် ပြုချက် တောင်းခံ လာ၏။

“ သေချာတယ် ... ၊ မင်း သတ်နိုင်ရင် မင်း ရမယ်။ ”

ကြယ်ခန်းမ သခင်က ချူထျန်းဟောင်အား စိုက်ကြည့်ကာ၊

“ နတ်ကြယ် ပုလဲ တွေကို၊ မင်း မပေးချင် ဖူးလား၊ လွယ်လွယ် လေးပါ၊ သူ့ကို သွားသတ် လိုက်၊ မင်းက ငါနဲ့ စည်းမျဉ်းတွေ အကြောင်း ပြောရအောင်၊ ငယ်ပါ သေးတယ်။ ”

-ဟု ဆိုလိုက် တော့သည်။

ခေါင်မိုးပေါ် ပျံတက် ပျောက်ကွယ် သွားသော၊ ကြယ်ခန်းမ သခင် နောက်ကျောကို ငေးကြည့်ကာ၊ ချူထျန်းဟောင်၏ အပြုံးများ အေးစက် သွားသည်။ ဒေါသကို ထိန်းလျက် သူ့ ဘေးရှိ၊ အကြီး အကဲထံ လှည့်ကြည့်၏။

“ ထျန်းဟောင် ... ၊ အခု ငါတို့ ဘာဆက် လုပ်သင့်လဲ။ ”

အကြည့် ခံရသည့် အကြီး အကဲမှ ပြန်၍ မေးလာသည်။

“ သွား ရ အောင် ... ၊ ဘာပဲ ဖြစ်ဖြစ် ပန်းသင်္ချိုင်းကို အသက် ရှင်လျက်၊ ဒီနတ်မိစ္ဆာ နယ်မြေ ထဲကနေ ထွက်ခွင့် ပေးလို့ မရဘူး၊ ငါတို့ သတ်ရမယ်။ ”

ထိုအချိန်တွင် လျှပ်စီး တိမ်လွှာဓား ဂိုဏ်း ရှိရာ အခန်း ထဲသို့၊ ယဲ့ဇီလင် တစ်ယောက် ပြန် ရောက်လာသည်။

“ အစ်မ ယဲ့ ... ၊ မိုးကြိုးဓား သေပြီ။ ”

“ ငါ သိ တယ်။ ”

ယဲ့ဇီလင်က ခေါင်းညိတ် ပြသည်။ လင်အောင်းရန်၏ ခေါင်းပြတ် ကြီးကို၊ သူမ ကိုယ်တိုင်ပင် မြင်တွေ့ ခဲ့ရခြင်း ဖြစ်၏။

“ အစ်မ ယဲ့ ... ၊ ပန်းသင်္ချိုင်းကို ငါတို့ ဂိုဏ်းကလို့ ထင်လား၊ ငါတို့ သူ့ကို ကူညီ ပေး သင့်လား။ ”

နောက်ထပ် အမာခံ တပည့် တစ်ဦးမှ မေးသည်။

“ ငါတို့ ဂိုဏ်းမှ ဒီလို လူမျိုး မရှိဘူး၊ ဒါပေမယ့် ... ငါတို့က သူ့ကို တတ်နိုင် သမျှ အကောင်းဆုံး ကူညီပေး ရအောင်။ ”

စကား ဆုံး သည်နှင့် ခေါင်းမိုးအား ဖောက်ကာ ပန်းသင်္ချိုင်း နောက် လိုက်လာခဲ့ ကြသည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင် စည်ကား နေသော ခန်းမ ကြီးသည် သုသ္သာန်ပြင် ကဲ့သို့ တိတ်ဆိတ် သွား တော့၏။

“ ဟို မှာ ... ။ ”

ပန်းသင်္ချိုင်း ဆိုသူသည် ထူးခြားသော ရွေ့လျားမှု နည်းစနစ်ကို ထုတ်ဖော်လျက် ပြေး လွှား နေ၏။

သို့သော် ကောင်းကင်ဘုံ ကြယ် ခန်းမရှိ အစောင့် များတွင်၊ ပင်မ နတ်ဘုရား နယ်ပယ် အဆင့်၊ ကျွမ်းကျင် သူများ ပါရှိ သဖြင့်၊ အကွာ အဝေးကို မတိုးမြှင့် နိုင်ခဲ့ချေ။

ယင်းက ယဲ့ဇီလင်ကို၊ ခေါင်းယမ်း မိစေ၏။ ပန်းသင်္ချိုင်းသည် ပင်မ နတ်ဘုရား နယ်ပယ်၌ မဟုတ် ပါက၊ လွတ်မြောက်ရန် လမ်းမရှိ တော့ချေ။

“ ဝှစ် ... ။ ”

ရုတ်တရက် ရှေ့မှ ပြေးလွှား နေသော ပန်းသင်္ချိုင်းက မြင့်မားသော ခေါင်မိုး တစ်ခု ပေါ်တွင် ရပ်နား လိုက်သဖြင့်၊ လူအုပ် ကြီးက ဝိုင်းမိ သွားသည်။

“ ဘာလို့ ... ဆက် မပြေးတော့ တာလဲ၊ ကြယ်ခန်းမ ထဲက ပြေးနိုင် ရုံနဲ့ ... ၊ ငါ့ လက်က လွတ်မယ်များ၊ မင်းက ထင်နေ တာလား။ ”

ကြယ်ခန်းမ သခင်က၊ ခေါင်မိုး တစ်ခုပေါ် ဆင်းသက်ပြီး၊ ပြောလာသည်။ ဦးခေါင်း ပြတ်ကို သိမ်းလျက်၊ လင်းယွန်မှ ပြုံးပြ လိုက်၏။

“ ငါတို့ အရောင်း အဝယ်က ပြီးသွားပြီ မဟုတ်လား ... ၊ မင်းက ဘာအတွက် လိုက်လာ တာလဲ။ ”

“ ဦးခေါင်း အတွက် ... သီချင်း တစ်ပုဒ်လား၊ မလုံလောက် သေးဘူး … ။ ”

ကြယ်ခန်းမ သခင်က သူ့ လူများကို အချက်ပြ လိုက်၏။ အမျိုး မျိုးသော ဖြစ်စဉ်များ ထွက်ပေါ် လာပြီး၊ လင်းယွန်၏ ဆုတ်ခွာရာ လမ်းတိုင်းကို၊ ပိတ်ဆို့ပစ် လေသည်။

ပင်မ နတ်ဘုရား တစ်ပါးပင်၊ ဖိအားဖြစ် စေနိုင်သော ပိတ်ဆို့ မှုမျိုး ဖြစ်၏။ သူတော်စင် ပစ္စည်းကို ရယူ လိုသော လူအုပ်ကြီး ခမျာ စိတ်ပျက် သွားကုန်သည်။

ကြယ်ခန်းမ အနေဖြင့် သူတို့အား အခွင့် အရေး မပေး လိုဘဲ၊ ၎င်းတို့က ဂုဏ် သိက္ခာကို ပြန်၍ ထူထောင် လိုကြောင်း၊ ပြသ နေသည်။

ပင်မ နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ များက၊ တိုက်ပွဲ အတွင်း မလှုပ်ရှား သော်လည်း၊ သူတို့အား ခြိမ်းခြောက် သတိ ပေးနေ သည်မှာ ထင်ရှားသည်။

“ မလုံလောက် ဖူးလား ... ၊ ကောင်းပြီ မင်း အတွက် သီချင်း တစ်ပုဒ် ရှိတယ်။ ”

လင်းယွန်က ပလွေကို နှုတ်ခမ်းတွင် တေ့လိုက်၏။ ထူးဆန်းသော ငြိမ်သက်မှုကို ခံစား လိုက်ရ သောကြောင့်၊ ကြယ်ခန်းမ သခင်မှာ၊ မျက်မှောင်ကြုတ် မိသည်။

ကမ္ဘာ တစ်ခုလုံး အသံများ၊ ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက်၊ မြင့်မြတ်သော တေးသံ ထွက်ပေါ် လာတော့သည်။

“ နောက်ဆုတ် မြန်မြန် ... ။ ”

ဤအခြေ အနေနှင့် ပတ်သက်၍ ခံစားချက် မကောင်း သဖြင့်၊ ချက်ချင်း အမိန့်ပေး လိုက်၏။ သို့သော် အချိန်နှောင်း သွား လေပြီ။

မြင့်မြတ်သော တေးသွားက တောင်တန်းကြီး တစ်ခု ကဲ့သို့၊ လူတိုင်း၏ ရင်ဘတ်ကို ထိုးဖောက် သွားသည်။

အသံ တစ်ချက် မျှပင် မထွက်နိုင် တော့ဘဲ၊ လင်းယွန်အား ပိတ်ဆို့ ထားသည့် ကြယ် အဆင့် အင်ပါ ရီယန် များမှာ ကောင်းကင်မှ ပြုတ်ကျ သေဆုံး ကုန်သည်။

ဤလူများမှာ အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်တွင်၊ မပါ ဝင်နိုင် သော်လည်း၊ နက်ရှိုင်းသော အခြေခံ အုတ်မြစ် အရ၊ ပင်မ နတ်ဘုရား နယ်ပယ်သို့၊ ဝင်ရောက်ရန် အခွင့် အလမ်း မြင့်မား သူများ ဖြစ်သည်။

ကြောက်စရာ ကောင်းသော အငွေ့ အသက် များကို ရှူရှိုက်မိ သဖြင့်၊ လူတိုင်းက ပန်းသင်္ချိုင်း ထံ မော့ကြည့် လာကုန်သည်။

လရောင် အောက်တွင် မျက်လုံးများ မှိတ်လျက်၊ အေးအေး လူလူ ပလွေ မှုတ်နေ ပေ၏။ သူ့ ထံမှ မြင့်မြတ်သော ရောင်ဝါများ ထွက်ပေါ် နေချေပြီ။

( ပန်းတွေ ဘယ်မှာ ပွင့်နေလဲ။ )

အရိယာ အဆင့် တေးသွားသည် ပန်းပင်လယ်ကြီး အဖြစ် ထွက်ပေါ် လာပြီး၊ လူတိုင်း၏ နားထဲသို့၊ တဝဲ လည်လည် ဝင်ရောက် လာလေသည်။

လင်းယွန်၏ သံစဉ်ကို ရပ်တန့်ရ မည်မှန်း သူတို့ သိသော်လည်း၊ မည်သူမျှ ဦးစွာ မလှုပ်ရှား ဝံ့ခဲ့ချေ။

***

All Chapters