← Chapters

တန်ရာ တန်ကြေး။

Vol. 81 Ch. 1134

တန်ရာ တန်ကြေး။

Vol. 81 Ch. 1134

လင်းယွန် ပလွေ သံက လေထု အတွင်း ပျံ့လွင့် နေသည်။ ၎င်းကို တားရ မည်မှန်း သိ သော်လည်း၊ မည်သူမျှ မလှုပ်ရှား ရဲချေ။

အရိယာ တေးသွားနှင့် ပြီးပြည့် စုံသော ကောင်းကင် ဓားကြောင့်၊ ခမ်းနားသည့် တေးသံ တစ်ပုဒ် ဖြစ်လာသည်။

ဓားရည်ရွယ် ချက်ဖြင့်၊ ဖုံးလွှမ်းခံ ထားရသော အင်ပါ ရီယန်များ၏ မျက်နှာမှာ၊ သိသိ သာသာ ပျက်ယွင်း ကုန်သည်။

သူတို့အား မည်သည့် အချိန်မှ စပြီး၊ ကန့်သတ် ခံလိုက် ရ သည်ကို၊ တွေးမရ ခဲ့ချေ။ ဧကရာဇ် တစ်ပါးရှေ့ ရောက်နေသော ပြည်သူ များ ကဲ့သို့ ပေပင်။

ကြီးမားသော ဖိအားကြောင့်၊ နောက် တစ်လှမ်းပင် မတိုးကပ် နိုင်။ ဓားသွားက နေရာ တိုင်းတွင် ရှိနေ ချေ၏။

ဤအခိုက်တွင် ပလွေမှုတ် ရုံဖြင့်၊ ကြယ် အဆင့် အင်ပါ ရီယန် များကို၊ ချုပ်နှောင်ထား နိုင်သော ပန်းသင်္ချိုင်း၏ စွမ်းရည် အပေါ်၊ အသိ အမှတ် ပြုလာ မိသည်။

ပင်မ နတ်ဘုရား တစ်ပါး ပင်လျှင်၊ ဤမျှသော လူစု လူဝေးကို တစ်ချိန် တည်း၌၊ ကန့်သတ် ထားရန် ခက်ခဲ လေသည်။ အထွတ် အထိပ် ပင်မ နတ်ဘုရား တစ်ပါး မှသာလျှင် ဖြစ်နိုင်၏။

“ ဒါ … ။ ”

ယဲ့ဇီလင်မှာ ထိုမြင်ကွင်းကြောင့်၊ အံ့သြ သွားသည်။ ပန်းသင်္ချိုင်း ပြသ ထားသော အစွမ်း သည်၊ ရင်သပ် ရှုမောဖွယ် ပေပင်။

ထို့ကြောင့် ကောင်းကင်ကို အံတု နိုင်သည့်၊ ဤပန်းသင်္ချိုင်း အသွင်မှာ၊ မည်သို့သော ရုပ်ရည် မျိုး ရှိနေ မည်ကို၊ သိချင် စိတ်များ တဖွားဖွား၊ ပေါက်ပွား လာ၏။

လင်းယွန် တီးမှုတ် နေသော တေးသွား၏ အနှစ် သာရမှာ၊ မေးခွန်း တစ်ခု ဖြစ်ပြီး၊ ၎င်းကို မည်သူမျှ အဖြေ မရှာ နိုင်ချေ။

ဂရုစိုက် နားထောင် ပါက၊ အထီးကျန် နေသော ခံစား ချက်များ ဝင်ရောက် လာသည်။ ထို့နောက် တေးသွားက ပုံရိပ်ယောင် ကမ္ဘာ အတွင်း၊ ဆွဲခေါ် တော့၏။

ဆည်းဆာ အလင်း ဓားမှာ၊ ပို၍ ခမ်းနား လာပြီး၊ သီချင်း နုတ်များ ပြောင်းလဲ ကုန်သည်။ တောင်တန်း ကြီးကို နဂါး တစ်ကောင် ရစ်ခွေ နေခြင်းနှင့်၊ တူ၏။

ယင်းက ဆည်းဆာ အလင်း ဓားကို၊ နဂါး ရောင်ဝါဖြင့် ပေါင်းစပ် လိုက်ခြင်း ဖြစ်လေသည်။ များမကြာမီ ကြယ်အဆင့် ကျွမ်းကျင်သူ များမှာ၊ ဓား အလင်းကြောင့် သွေးများ ဖုံးလွှမ်း သွား၏။

“ အား ... ။ ”

ဂီတ သံနှင့် အတူ၊ လူ အုပ်ကြား တုန်လှုပ် ခြောက်ခြား နေသော အော်ဟစ် သံများ ဆူညံ ကုန်သည်။

“ အား ... ။ ”

ထိုချိန်တွင် တေးသွား၊ ပြောင်းလဲ သွားပြီး ပန်းများ နေရာ တိုင်း၌ ပွင့်လာ တော့၏။ ယင်း မှာ ပန်း အစစ် မဟုတ်ဘဲ၊ သွေး မြူများ ပွင့်ကာ လွင့်စင် ကုန်သည့် လူများ ဖြစ်လေသည်။

ကြယ်အဆင့် အင်ပါ ရီယန်များ အနေဖြင့် ခုခံရန် နည်းလမ်း မရှိ သည်မှာ၊ မယုံ နိုင်စရာ ပေပင်။

ဤမြင်ကွင်းက အမှိုက် များကို၊ အမှိုက်ပုံး ထဲသို့ ပစ်ချနေ သည်နှင့် တူသည်။ ကြယ်ခန်းမ သခင်မှာ မျက်နှာ မည်းမှောင် နေ၏။

“ အတူတူ သွား ကြ ... ။ ”

ထို့ကြောင့် ၎င်းက ပင်မ နတ်ဘုရား နယ်ပယ်၊ ကျွမ်းကျင်သူ များကို၊ တိုက်ပွဲ အတွင်း ဝင်ရောက်ရန်၊ အချက် ပြ လိုက်သည်။

သို့သော် တေးသွားမှာ၊ အထွတ် အထိပ် ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ များစွာ နောက်ကျ သွား တော့၏။

နေရာ တိုင်း၌ ငွေရောင် အလင်းများ၊ ပြည့်နှက် နေပြီး၊ လူတိုင်းကို အသက် ရှူရ ကြပ် လာစေသည်။

လရောင် အောက်တွင်၊ လင်းယွန် ခန္ဓာ ကိုယ်မှ မရေ မတွက် နိုင်သော ငွေရောင် ပန်း များ၊ လွင့်ထွက် လာ၏။

ထိုပန်း များက၊ ကျန်ရှိ နေသော ကြယ်အဆင့် အင်ပါ ရီယန် ကျွမ်းကျင်သူ များကို အစိတ်စိတ် အမွှာမွှာ ချေမွပစ် လိုက်သည်။

ထို့ကြောင့် ပင်မ နတ်ဘုရား နယ်ပယ်၊ ကျွမ်းကျင်သူ များက၊ တေးသွားကို ရပ်တန့်ရန် လျင်မြန်စွာ တိုးကပ် လာကုန်၏။

“ ဝှစ် ... ။ ”

သို့သော် အနား မကပ် နိုင်ချေ။ သူတို့ ကဲ့သို့သော ကျွမ်းကျင်သူ များကိုပင်၊ အသံလှိုင်း များက ပြန်၍ တွန်းထုတ် တော့သည်။

တေးသွား ပြီးဆုံး သည်နှင့်၊ ပလွေ ကိုင်လျက် ပန်းသင်္ချိုင်းက နတ်ဘုရား တစ်ပါး အလား၊ ခေါင်းမော့ ကြည့်၏။

ထိုအချိန်တွင် သူ့ နောက်၌ လမင်းကြီး တစ်စင်း လင်းနေ သကဲ့သို့၊ ကြည်လင်သော ပန်း ပွင့်များ ဖြစ်တည် နေသည်။

“ ဝှစ် ... ။ ”

အဝေး တွန်းထုတ် ခံလိုက် ရသည့်၊ ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များက၊ မြေပြင်ပေါ် ဖြည်းညှင်းစွာ ဆင်းသက် လိုက်သည်။

“ ခန်းမ သခင် ... ၊ ငါ ... မင်းကို သီချင်း နှစ်ပုဒ် ပေးပြီး ပြီနော်၊ မလုံလောက် သေးဖူး လား။ ”

လင်းယွန်က ပြုံးလျက် မေး လိုက်၏။ ခရမ်းငယ်မှ ဝိညာဉ် ရေးရာ အစီရင် ခင်းကျင်း မှုကို၊ အပြီးသတ် နိုင်သင့် ချေပြီ။ ထို့ကြောင့် ထွက်သွားရန် အချိန် ကျပြီ ဖြစ်သည်။

ကြယ်ခန်းမ သခင်မှာ၊ လုံးဝ အရှက်ကွဲ နေပြီဖြစ် သောကြောင့်၊ လင်းယွန်ကို မည်သို့ တုံ့ပြန်ရ မည်အား၊ မသိ တော့ချေ။

ဤ ပန်းသင်္ချိုင်းတွင်၊ ကောင်းကင် ဘုံကို အံတု နိုင်သော စွမ်းရည်မျိုး ရှိကြောင်း၊ ဝန်ခံရ ပေမည်။

ထိုကြောင့် ဆင်ခြင်တုံ တရားများ ဆုံးရှုံး သွားပြီး ဒေါသ တကြီးနှင့်၊ သူတော်စင် ပစ္စည်း အား၊ အသက်သွင်း လိုက်သည်။

ယင်းနောက် ကြောက်စရာ ကောင်းသည့်၊ ဖြစ်စဉ် တစ်ခု ထွက်ပေါ် လာပြီး၊ ပတ်ဝန်းကျင်ရှိ လူအုပ်ကို အဝေးသို့ တွန်းထုတ် ပစ်၏။

“ ဝှစ် ... ။ ”

တစ်ချိန်တည်း မှာပင်၊ သူတော်စင် ရူရ်များ တောက်ပ လာပြီး၊ ဧကရာဇ် ချိတ်ကို လင်းယွန် ထံ၊ ပစ်ထုတ် လိုက်သည်။

ဧကရာဇ် ချိတ်က၊ ငွေရောင် အလင်းတန်း အသွင် ပြောင်းလဲ သွားကာ၊ လေဟာနယ်အား ပုံပျက် စေသည်။

ယင်းမှာ ကြယ် ခန်းမ သခင်တွင်၊ ကျိုးကြောင်း ဆီလျော်မှု အားလုံး ဆုံးရှုံး သွားပြီ ဖြစ်ကြောင်း ထင်ရှား ချေ၏။

ဤတိုက်ခိုက် မှုတွင် အင်အား အလုံ အလောက် မပါ ရှိသော်၊ သူတော်စင် လက်ရာကို လင်းယွန်ထံ၊ ပေးအပ် လိုက်ခြင်း မည်ပေမည်။

ထို့ကြောင့် အံ့အားသင့် ကုန်ကြ၏။ ကြယ်ခန်းမ သခင် သန်မာကြောင်း သူတို့သိ ထား သော်လည်း၊ စိတ်လှုပ်ရှား စေဆဲ ဖြစ်သည်။

ပန်းသင်္ချိုင်းကို မသေစေ ချင်သော ယဲ့ဇီလင်၏ နှလုံးသားမှာ၊ တဆတ်ဆတ် တုန်ယင် လာသည်။

ထို့ကြောင့် ကူညီရန် ပြင်လိုက်စဉ်၊ ကောင်းကင်မှ လမင်းကြီး ပြုတ်ကျ လာ သကဲ့သို့၊ ရူရ်များ ရုတ်တရက် တောက်ပါ လာ၏။

ယင်းက ငွေရောင် အလင်း တန်းများ ထုတ်လွှတ်လျက်၊ လင်းယွန်ကို ဗဟို ပြုကာ၊ မိုင်

(၁၀၀၀) ပတ်လည် တိုင်အောင်၊ ချက်ချင်း ပျံ့နှံ့ သွားသည်။

ဤသည်မှာ လပြည့်နေ့ ည တွင်သာ၊ အသုံးပြု နိုင်သော၊ ‘လရောင် ကျဆင်းခြင်း’ ဖြစ်၏။

ဧကရာဇ် ချိတ်မှာ၊ အဆိုပါ နယ်မြေ အတွင်းသို့ ဝင်ရောက် လိုက်သော အခါတွင်၊ နှေးကွေး သွားပြီး၊ အလွန် အားနည်း လိုက် လာသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် အနား ရောက်လာသည့်၊ ဧကရာဇ် ချိတ်ကို၊ လင်းယွန်မှ အသာ အယာ ဖမ်းယူလျက်၊ ဝေ့ယမ်း ကစား လိုက်၏။

“ ဝှီး ... ဝှီး ဝှီး ... ။ ”

သည့်နောက် သိုလှောင်အိတ် အတွင်း၊ သိမ်းဆည်း လိုက်သည်။ အဝေးမှ ကြည့်ပါက ကြယ် ခန်းမ သခင်မှ၊ သူ့အား ရတနာ တစ်ပါး အား၊ ပေးကမ်း လိုက် သကဲ့သို့ ပေပင်။

“ ဟား ဟား ဟား ... ။ ”

လင်းယွန်၏ ရယ်မောသံ များက၊ ကောင်းကင်ဘုံ ကြယ်ခန်းမ သခင်ကို၊ သတိဝင် ထိတ်လန့် လာစေ၏။

“ အရမ်း ကောင်းတယ် ... ၊ ခေါင်း တစ်လုံး အတွက် သီချင်း တစ်ပုဒ်နဲ့ သူတော်စင် လက်ရာ အတွက်လည်း၊ သီချင်း တစ်ပုဒ်၊ ...

... ဒါက တကယ့်ကို၊ အရောင်း အဝယ် လုပ်လို့ ကောင်းတဲ့ နေရာ တစ်ခု ပါပဲ၊ နောင်မှာ ကြယ် ခန်းမကို အလည်လာ ပါဦးမယ်၊ ဟား ဟား ဟား ... ။ ”

စကားဆုံး သည်နှင့် ကောင်းကင်ပေါ်၊ ပျံတက် ပျောက်ကွယ် သွားတော့သည်။ ရယ်သံ သည်သာ လေထု အတွင်း စွဲထင် ရစ်ခဲ့ ပေ၏။

***

All Chapters