မင်း ... ပါးစပ်က သစ္စာ မရှိဘူး။
Vol. 82 Ch. 1135
“ အင်း ... ။ ”
“ အ ... ။ ”
လင်းယွန် ပျောက်ကွယ် သွားသည်နှင့်၊ လူအုပ်ကြီး ထံမှ ညည်းညူ သံများ ထွက်ပေါ် လာသည်။
ငွေရောင် မြေပြင်၌ အလင်း အိုင်ကြီး ဖြစ်တည် နေပြီး၊ သူတို့၏ ခြေထောက် များကို၊ စုပ်ယူ ထားချေ၏။
“ ဘာ ဖြစ် တာ လဲ၊ ငါတို့ လှုပ်လို့ မရ ပါလား။ ”
“ ဒါက ဘာတွေလဲ ... ။ ”
“ ပန်းသင်္ချိုင်း ဘယ်ရောက် သွားတာလဲ။ ”
“ ဒီငွေရောင် အလင်းအိုင် ကြီးက ဘယ်တုန်းက ဖြစ်လာ တာလဲ။ ”
ကြိုးစား အဖြေရှာ ကြ သော်လည်း၊ အလင်းအိုင် အတွင်း ပိတ်မိ နေဆဲ ဖြစ်ကာ၊ မျက်နှာ ပြင်၌ လှိုင်းဂယက် များသာ ဖြစ်လာ တော့သည်။
“ သေ စမ်း ... ။ ”
မည်မျှပင် ကြိုးစား အားထုတ် စေကာမူ၊ ဤနယ်မြေမှ မလွတ်မြောက် နိုင်ကြောင်း သတိ ပြုမိ လာကြသည်။
တစ်ချိန်တည်း မှာပင်၊ ‘သူတော်စင် ရှေးဟောင်း လက်ရာ’ ဟူသော ဝေါဟာရက လူတိုင်း၏ စိတ်ထဲ ပေါ်လာ၏။
ပန်းသင်္ချိုင်း၏ ပလွေသည် သူတော်စင် လက်ရာ တစ်ခု ဖြစ်နိုင် ပေသည်။ မဟုတ်သော် ကြယ်အဆင့် အင်ပါ ရီယန် ကျွမ်းကျင် သူများ ကို၊ ရင်ဆိုင် နိုင်စရာ အကြောင်း မရှိချေ။
ထို့အပြင် ချူထျန်းဟောင်၏ ဧကရာဇ် ချိတ်ကိုလည်း၊ သိမ်းယူသွား ခဲ့သည်။ ထို့ကြောင့် လူအုပ် ကြီးက၊ ပန်းသင်္ချိုင်း၏ မူလကို သိချင် လာတော့၏။
နောက်ဆုံးတွင် ဤသို့သော ပါရမီရှင် တစ်ဦးသည် အရှေ့ဘက် ပျက်သုဉ်းခြင်း ကဲ့သို့ နယ်စပ် ဒေသ အစား၊ ရှေးဟောင်း ပျက်သုဉ်း ခြင်း ဗဟို ဒေသ တွင်သာ ရှိသင့် လေပြီ။
ထို့ကြောင့် ပန်းသင်္ချိုင်း သည် တိမ်လွှာ ဓားဂိုဏ်း၏ အမာခံ တပည့် ဟူသော၊ ကောလ ဟာလ များကို ချက်ချင်း ပယ်ချ မိ၏။
သည်မျှ အစွမ်း ထက်သော ဘီလူး တစ်ကောင်ကို၊ တိမ်လွှာ ဂိုဏ်းမှ မမွေးထုတ် နိုင်ချေ။
ကောင်းကင်ဘုံ ကြယ်ခန်းမ အတွက်မူ၊ သူတော်စင် ပစ္စည်း ဆုံးရှုံးမှု အတွက်၊ စီမံ စရာ များ၊ ပြည့်နှက် လာသည်။
“ သွားပြီ ... အားလုံး သွားပြီ ... ။ ”
နတ်မိစ္ဆာ မိုးကြိုးဓားကို ကာကွယ်ရန် ပျက်ကွက်ရုံ သာမက၊ သူတော်စင် ရှေးဟောင်း ပစ္စည်း ကိုလည်း လက်လွှတ် လိုက်ရ သဖြင့်၊ ကြယ်ခန်းမ ခမျာ စိတ်ပျက် သွားသည်။
ယင်းက သူ့ကို၊ မျက်ရည်ကျ လုလု နာကျင် စေ၏။ ပန်းသင်္ချိုင်း ရှေ့၌ အသုံး မဝင်သူ တစ်ဦး အဖြစ်၊ ခံစားလာ မိသည်။
( ခေါင်း အတွက် သီချင်း တစ်ပုဒ်နဲ့၊ သူတော်စင် ပစ္စည်း အတွက်၊ သီချင်း တစ်ပုဒ် တဲ့လား။ )
ထိုစကားသည် ကောင်းကင်ဘုံ ကြယ်ခန်းမ သမိုင်း တစ်လျှောက်၊ အကြီးမားဆုံး စော်ကားခံ ရခြင်း ပေပင်။ ယင်းကို ပို၍ တွေးလေလေ၊ ပို၍ မျက်ရည် ကျချင် လေလေ ဖြစ်၏။
“ လူ ယုတ် မာ ... ။ ”
ကြယ်ခန်းမ သခင်က မြေပြင်အား ထိုးချ လိုက်သည်။ စွမ်းအင် လှိုင်းများ အဘက်ဘက်သို့ ပျံ့နှံ့သွား သော်လည်း၊ အလင်းအိုင် နယ်မြေမှာ၊ ပျက်စီးခြင်း မဖြစ် ခဲ့ချေ။
ကြယ်ခန်းမ သခင်၏ ပေါက်ကွဲ သံမှာ၊ လူအုပ်ကို သနား ကရုဏာ သက်စေ တော့၏။ သည်နေ့ ပြီးနောက် ကြယ်ခန်းမ ဟူသည်၊ ဆိတ်သုဉ်း သွားမည် ဖြစ်သည်။
တစ်ချိန်က နာမည် ဂုဏ် သတင်းမျိုး၊ ပြန်လည် ရယူရန်၊ အချိန် မည်မျှ ကြာဦး မည်ကို မသိ နိုင်ချေ။
သို့သော် ကောင်းကင်ဘုံ ကြယ်ခန်းမ၏ မောက်မာမှု အပေါ်၊ သင်ခန်းစာ သင်ကြား ပေး လိုကြ သည်မှာ၊ လူတိုင်း၏ ဆန္ဒ ဖြစ်သည်။
ထို့ကြောင့် လူတိုင်း ရင်ထဲရှိ ကိုယ်ချင်းစာ တရားများ၊ ချက်ချင်း ပျောက်ကွယ် ကုန်တော့ သည်။
အထူး သဖြင့် ကြယ်ခန်းမ သခင်သည်၊ ဤနေရာရှိ လူတိုင်း အပေါ်၊ ဝိသမ လောဘ နည်းဖြင့်၊ အကျိုး အမြတ် ရယူထား ဖူးသူ တစ်ဦး ဖြစ်သည်။
“ သူ ဒီလို ထွက်ပြေး သွားတာလား။ ”
ယဲ့ဇီလင်မှာ ခေတ္တ အံ့အားသင့် သွား ပြီးနောက်၊ ကျေနပ်စွာ ပြုံးလိုက် မိသည်။ တေးသွား ထဲရှိ အထီးကျန် နေသော ခံစား ချက်ကို၊ သတိ ရမိ၏။
ပန်းသင်္ချိုင်း မည်သူပင် ဖြစ်စေ၊ မိုးကြိုးဓားကို သတ်ပစ် လိုက်ခြင်းပေါ်၊ သူမ ကျေနပ် သည်။
ယင်းက ကိုယ်တိုင် သတ်ရခြင်း မဟုတ် သော်လည်း၊ ကြိုးထုံးကို ထူးဆန်းစွာ ပြေလျော့ လာစေ၏။
စိတ်ရှုပ် စရာ ပေပင်။ ပုံမှန် အတိုင်းသာ ဆိုပါက၊ လင်အောင်းရန်ကို သူမ လက်နှင့် သတ် နိုင်မှ သာလျှင်၊ ထိုကြိုးထုံး ပြေမည် ဖြစ်သည်။
( ဒါဆို ... ၊ ပန်းသင်္ချိုင်း ကြောင့်လား၊ ဒါပေမယ့် သူ ထွက်သွားပြီ၊ ငါက ကျေးဇူးတင် စကားတောင် မပြော လိုက် ရဘူး။ )
“ အစ်မ ယဲ့ ... ၊ အခု ငါတို့ ဘာလုပ် သင့်လဲ။ ”
အမာခံ တပည့် တစ်ဦးမှ၊ နဖူးအား လက်ညှိုးဖြင့် ကုပ်ခြစ်ကာ မေးလာ တော့ သည်။
“ ဒီအလင်းအိုင်က၊ သူတော်စင် ပစ္စည်းနဲ့ ဖန်တီးထား တာမို့၊ သိပ် ကြာကြာ မခံ နိုင်ဘူး၊ ရက် အနည်းငယ် အတွင်း၊ အလိုလို ပျောက်သွား လိမ့်မယ်။ ”
ယဲ့ဇီလင်က မြေပြင်အား ငုံ့ကြည့်ကာ၊ ပြန်ဖြေသည်။ ဤနယ်မြေ ပိုင်ရှင်သည် ထွက်ခွာ သွားပြီ ဖြစ်သောကြောင့်၊ ထိုမျှ ကြာနိုင်မည် မဟုတ်ခေျ။
“ ဝှစ် ... ။ ”
ထို့စဉ် ချူထျန်းဟောင်က လူငယ် နှစ်ဦး ခြံရံလျက်၊ ယဲ့ဇီလင်ထံ ပျံသန်း လာလေသည်။ ၎င်း၏ စိတ်ဆင်းရဲ မှုမှာ အားလုံးထက် ပို၏။
သူ့ဘေးရှိ လူငယ် နှစ်ဦးမှာ၊ မိုးကြိုး ကျောင်းတိုက်မှ တပည့် တစ်ဦးနှင့်၊ ကြိုးကြာ တစ်ထောင် မျှော်စဉ်မှ တပည့် တစ်ဦးတို့ ဖြစ်သည်။
ရွှမ်ဖိန်နှင့် ရှန်းတောင်းလျှို။ ပုံမှန် အချိန် များတွင် ၎င်းတို့ သုံးဦးသာ ထွက်ပေါ် လာပါက၊ လူတိုင်း အာရုံစိုက် ကြပေ လိမ့်မည်။
သည်နေ့ အတွက်မူ၊ အာရုံစိုက် ခံရဖို့ မဆိုနှင့်၊ ဝင်ရောက် စွက်ဖက် ရန်ပင် အခွင့် အရေး မရ ခဲ့ချေ။
“ ယဲ့ဇီလင် ... ၊ မင်းရဲ့ တိမ်လွှာ ဂိုဏ်းမှာ၊ ကောင်းကင်ကို အံတု နိုင်တဲ့ ပါရမီရှင် တစ်ပါး ရှိနေတာ ဂုဏ်ယူ ပါတယ်။ ”
ကြိုးကြာ တစ်ထောင် မျှော်စဉ်၏ ပထမ တပည့်၊ ရှန်းတောင်းလျှိုက ပြုံးကာ ပြောလာ ၏။
ပန်းသင်္ချိုင်းမှာ လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၏၊ အမာခံ တပည့် ဟုတ်-မဟုတ်၊ သိလို သောကြောင့်၊ ယဲ့ဇီလင်အား လာရောက် အစ်အောက် လိုက်ခြင်း ဖြစ်သည်။
“ သူက ငါ့တို့ ဂိုဏ်းက မဟုတ်ဘူး၊ ဒီလို ပါရမီရှင် မျိုးကိုသာ မွေးဖွား နိုင်ရင် ... ၊ နင်တို့ အားလုံး အပြာရောင် စံအိမ်မှာ၊ ဆက်နေခွင့် ရဦးမယ် ထင်လား။ ”
သို့သော် ယဲ့ဇီလင်မှာ တုန်လှုပ်ခြင်း မရှိဘဲ၊ တည်ငြိမ်စွာ တုံ့ပြန်လာ သောကြောင့် စိတ်ပျက် သွားမိသည်။
ချူထျန်းဟောင်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး၊
“ မကြာသေး မီက ... ၊ တိမ်လွှာ ဂိုဏ်းမှာ၊ ပါရမီရှင် တစ်ပါး ထွက်ပေါ်လာ တယ်လို့ ... ၊ ငါ ကြား မိတယ်၊ သူက ...
... ကောင်းကင် ဝိညာဉ် နယ်ပယ် လေနဲ့၊ ဓားသူတော်စင် တောင်ပေါ်ကို တက်နိုင် ခဲ့တယ်၊ သူ့ နာမည်က လင်းယွန် မဟုတ်လား။ ”
-ဟု မေးလိုက် တော့သည်။
“ ငါ့ ဂိုဏ်းက ပါရမီရှင်နဲ့၊ ပတ်သက်တဲ့ အချက် အလက် တွေကို၊ နင်က ဘာအတွက် စုံစမ်း နေရ တာလဲ၊ ...
... ရပ်တန်းက ရပ်ဖို့ သတိ ပေးပါ ရစေ၊ မဟုတ်ရင် ငါ့ကို မယဉ် ကျေးဖူးလို့ မပြောနဲ့။ ”
ယဲ့ဇီလင်က အေးစက်စွာ တုန့်ပြန် လိုက်သည်။ ချူထျန်းဟောင် စကား များက သူမအား စိတ်မသက် မသာ ဖြစ်စေ၏။
လင်းယွန်ကို သဘော မကျ သော်လည်း၊ ၎င်းတွင် စိတ်ကူး မယဉ် နိုင်သော အလားလာ ကောင်းများ ရှိလေသည်။
ထို့ကြောင့် ချူထျန်းဟောင် သည်သာ လင်းယွန်ကို ပစ်မှတ် ထား ပါက၊ သူမ အနေဖြင့် မျက်နှာလွှဲ နိုင်မည် မဟုတ်ချေ။
“ စိတ်လျော့ပါ ... ၊ အပြာရောင် စံအိမ်ရဲ့ အဆင့် ပြိုင်ပွဲက၊ ခြောက်လပဲ လိုပါ တော့တယ်၊ ဓားသူတော်စင် တောင်ကို မင်းတို့ ဆက်ပြီး ...
... ရလိမ့် မယ်လို့ အာမခံ မခံနိုင် ပါဘူး၊ ဒါကို ငါက ဘာလို့ ... ကောင်းကင် ဝိညာဉ်က ကလေး တစ်ယောက်နဲ့ အချိန်ဖြုန်း ရမှာလဲ။ ”
“ ဟုတ်လား ... ၊ ပြောဖို့ စောပါ သေးတယ်၊ ငါတို့ တွေ့မယ် ... ”
-ဟု ယဲ့ဇီလင်မှ တုန့်ပြန် လိုက်ပြီး၊ ချူထျန်းဟောင်ကို အေးစက်စွာ စိုက်ကြည့် လျက်၊
“ ငါ ... နင့်ကို ပြောစရာ ရှိတယ် ... ၊ ဒီတစ်ကြိမ် အင်ပါ ရီယန် အဆင့်မှာ၊ ငါက အဆင့် (၁၂,၀၀၀) အထိ ရောက်ခဲ့တယ်၊ ဒါကြောင့် ...
... အပြာရောင် စံအိမ် နယ်မြေမှာ၊ နင် တစ်ယောက်တည်း၊ ထိပ်ဆုံး အဆင့် (၂)သောင်း ထဲကို၊ ဝင်နိုင်တဲ့ လူ မဟုတ် တော့ဖူး ဆိုတာ၊ သတိ ရပါ။ ”
သူမ၏ စကားကြောင့်၊ လူတိုင်း အံ့အားသင့် ကုန်သည်။ အထူး သဖြင့် ရှန်းတောင်းလျှို နှင့် ရွှမ်ဖိန် တို့ ဖြစ်သည်။
ယဲ့ဇီလင်တွင် အရည် အချင်း ရှိရုံသာ မက၊ ကြောက်စရာ ကောင်းသော ဓား စွမ်းရည်လည်း ရှိလေသည်။
သည့်အပြင် ကောင်းကင်ဓား ရည်ရွယ် ချက်အား ပို၍ ကျွမ်းကျင်လာ သည်ဟု သတင်း ပြေးနေ ခဲ့၏။
စကား ပြောနေ ကြစဉ် မြေပြင်ရှိ အလင်းအိုင်မှာ အက်ကြောင်းများ ဖြစ်ပေါ် လာသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် ယဲ့ဇီလင်က ချူထျန်းဟောင်တို့ သုံဦးအား ဥပက္ခာ ပြုကာ အမြန် ထွက်ခွာသွား တော့၏။
“ ကြည့်ရတာ သူကိုယ်သူ တော်တော်လေးယုံကြည်မှု ရှိနေပုံ ရတယ်၊ အစ်ကို ချူ ...၊ မင်း စိတ်မပူ ဖူးလား။ ”
ရွှမ်ဖိန်က ချူထျန်းဟောင်ဘက် လှည့်ကာ မေးသည်။
“ ဘာလို့ စိတ်ပူ ရမှာလဲ၊ ငါက တံခါးပိတ် ကျင့်ကြံ နေတဲ့ အတွက်၊ အင်ပါရီယန် အဆင့်ကို အချိန် မပေးနိုင် တာပါ။ ”
ချူထျန်းဟောင်မှ ပြန်ဖြေ ပြီးနောက် ဆက်မနေ ချင်တော့ ဟန်ဖြင့်၊ ထွက်ခွာ သွား တော့သည်။
“ သူတော်စင် ပစ္စည်းကို ...၊ လက်လွှတ် လိုက်ရ ပေမယ့်၊ သူက စိုးရိမ်ပုံ မရဘူး၊ လူတွေ ပြောနေ သလို၊ တကယ်များ ဖြစ်နေ မလား။ ”
ရွှမ်ဖိန်က လေးနက်သော အမူ အရာဖြင့် ဆိုလိုက်သည်။ ချူထန်းဟောင်သည် လေလွင့် ဘုရင် နည်း စနစ်ကို အမြင့်ဆုံး အဆင့်ထိ၊ တက်လှမ်း နိုင်ခဲ့ကြောင်း၊ ကောလာ ဟလများ ထွက်ပေါ် နေခြင်း ဖြစ်လေသည်။
အလင်းအိုင် ပြိုကွဲ သွားချိန်၌ လင်းယွန်မှာ အဝေးသို့ ရောက်နေပြီ ဖြစ်သည်။ ခရမ်းငယ်ကို စောင့်ခိုင်း ထားသည့် နေရာသို့ အရောက်တွင်၊ အစီရင်ခင်း ကျင်းထားပြီ ဖြစ်ကြောင်း သတိ ထားမိ လိုက်၏။
“ ဝိညာဉ် ရေးရာ အစီရင်၊ ခင်းကျင်း ပြီးသွား ပြီလား။ ”
ကောင်းကင်ဘုံ ကြယ် ခန်းမကို၊ ရင်ဆိုင် ရာ၌ နတ်ကျောက်စိမ်း ပလွေ၊ ကောင်းကင်ဓား၊ အရိယာ သံစဉ်နှင့်၊ ငွေလမင်း မျက်နှာဖုံးမှ ငေွလ နယ်မြေကို အသုံးပြု ခဲ့ရသည်။
သို့သော် ပင်မ နတ်ဘုရား နယ်ပယ်၊ ကျွမ်းကျင်သူ များကို ခုခံ နိုင်စွမ်း ကင်းမဲ့ နေ သေးသည်။ ကောင်းကင်ဘုံ ကြယ် ခန်းမ၏ အုတ်မြစ်မှာ မရိုး ရှင်းချေ။
ထို့ကြောင့် ဤနယ်မြေမှ ထွက်ခွာရန်၊ ခရမ်းငယ်၏ ဝိညာဉ် ရေးရာ အခင်း အကျင်းကို အားကိုး ရပေမည်။
“ ဒီဧကရီရဲ့ ... ဝိညာဉ် ရေးရာ အစီရင်က၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ သာ မဟုတ်ရင်၊ ဘယ်သူမှ မထိ နိုင်ပါဘူး။ ”
ခရမ်းငယ် စကားကြောင့်၊ လင်းယွန် တစ်ယောက် ကျေနပ်စွာ ပြုံးလိုက် မိလေသည်။ သို့သော် ဤအခိုက်တွင် လူ တစ်ဦး ကောင်းကင် ပေါ် ပျံတက် လာသည့်၊ ရောင်ဝါကို ခံစား လာရ၏။
ကြောက်မက်ဖွယ် ကောင်းသော ထိုရောင်ဝါမှာ၊ ကောင်းကင်ဘုံ ကြယ်ခန်းမ ရှိရာ အရပ်မှ၊ ထွက်ပေါ် လာခြင်း ဖြစ်သည်။
ထိုလူက သူနှင့် ခရမ်းငယ် ရှိရာ အရပ်ထံ၊ တိုက်ရိုက် လှမ်းကြည့်ပြီး၊ သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ ပျံသန်း လာတော့၏။
“ မင်း ... ပါးစပ်က သစ္စာ မရှိဘူး။ ”
လင်းယွန်က ခရမ်းငယ်အား ပွေ့ချီကာ၊ တဟုန်ထိုး ထပြေး တော့သည်။ ဤရောင်ဝါ အရ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ရှိ၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း၊ ပြောနိုင်၏။
***