အနောက် အရပ်မှ လာသော ဓား။
Vol. 82 Ch. 1136
လူတိုင်းက ခွန်လွန် ဘုံတွင် ရှန်ရှင်း နယ်ပယ်ဖြင့် မွေးဖွား ခဲ့ပြီး၊ အရည် အချင်း ရှိသူ အချို့သည်၊ အသက် (၁၅) နှစ်၌ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ ရောက်ရှိကြ ပေ၏။
အင်ပါ ရီယန် နယ်ပယ်သို့၊ ရောက်မှ သာလျှင်၊ ပထမ ဆုံးသော အတား အဆီးကို ကြုံတွေ့ ရမည် ဖြစ်သည်။ ၎င်းကို ဖြတ်ကျော် နိုင်မှသာ ပင်မ နတ်ဘုရားများ ဖြစ်လာ နိုင်၏။
သည့်နောက် အများ စုမှာ၊ ထပ်မံ ပိတ်မိ ကုန်ကြပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ မရောက် နိုင်တော့ချေ။
ထိုနယ်ပယ် ရောက်ရန် ဇွဲ၊ အခွင့် အလမ်း၊ အမွေ အနှစ် များနှင့်၊ အရည် အချင်းပေါ် မူတည် လေသည်။
အပြာရောင် စံအိမ်၌၊ ထိုသို့သော ပညာရှင် များသည်၊ ထိပ်တန်း အဆင့် ကျွမ်းကျင် သူများ ဖြစ်လာပြီး၊ ဂိုဏ်း၏ အဆင့်ကို တိုက်ရိုက် သက်ရောက်မည် ဖြစ်သည်။
နဂါး သေွးလွှတ်ကြော နယ်ပယ်သို့ ရောက် သည်နှင့်၊ ခွန်လွန်ဘုံ အနှံ့ လျှောက်သွား နိုင်မည် ဖြစ်၏။
ထို့ကြောင့် ကောင်းကင်ဘုံ ကြယ်ခန်းမ တွင်လည်း၊ နဂါး သေွးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ရှိနေ ခြင်း ဖြစ်သည်။
ထိုကျွမ်းကျင်သူမှာ ပန်းသင်္ချိုင်း ကြောင့် ဤသို့၊ ထွက်ပေါ် လာလိမ့် မည်ဟု၊ မည်သူမျှ မထင် ထားချေ။
“ ဝှစ် ... ။ ”
ကောင်းကင်ပေါ် ပျံတက် လာသော အနက်ဝတ် အဖိုးအိုကို ကြည့်ပြီး၊ လူတိုင်း အံသြ ကုန်သည်။
၎င်းက ကောင်းကင်ကို အုပ်စိုးသော နဂါးကြီး တစ်ကောင် ရွေ့လျား နေခြင်းနှင့် တူ၏။
“ နဂါး သွေးလွှတ်ကြော နယ်ပယ်။ ”
ယဲ့ဇီလင် နှလုံး သားများ တဆတ်ဆတ် တုန်ခါ လာသည်။ ပန်းသင်္ချိုင်း တစ်ယောက် မည်မျှ သန်မာ စေကာမူ၊ ဤစွမ်းအားကို ရင်ဆိုင်ရန် မဖြစ် နိုင်ချေ။
မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များမှာ၊ အထိန်းအကွပ် မရှိ သော်လည်း၊ စည်းကမ်း များကို ဂရု စိုက်ဆဲ ဖြစ်သည်။
ထို့ကြောင့် ကြယ်ခန်းမ၏ အနက်ဝတ် အဖိုးအို၊ ကောင်းကင်ပေါ် ပျံတက် လာချိန်၌၊ အခြားသော ဂိုဏ်းများမှ၊ ကျွမ်းကျင် သူများ ကလည်း၊ ကြောက်မက်ဖွယ် ကောင်းသော သူတို့ ရောင်ဝါကို ထုတ်ဖော် လိုက်သည်။
၎င်းတို့ တည်ရှိမှုကို သတိပေး လိုခြင်း ဖြစ်၏။ ချက်ချင်း နဂါး ဟောက်သံများ ညံလာ ကုန်ပြီး၊ နတ်မိစ္ဆာ နယ်မြေ တစ်ခုလုံး တုန်လှုပ် သွားသည်။
ကောင်းကင်ဘုံ ကြယ်ခန်းမ သခင် မျက်နှာမှာ၊ ပျက်ယွင်း သွားသည်။ အနက်ဝတ် အဖိုးအို လှုပ်ရှားလာ ခြင်းဖြင့်၊ သူ့ အရည် အချင်း နိမ့်ကျကြောင်း၊ အဓိပ္ပါယ် သက်ရောက် ပေ၏။
အနက်ဝတ် အဖိုးအိုက၊ အခြား ရောင်ဝါ များကို၊ လျစ်လျူရှုလျက် လင်းယွန် ဦးတည်ရာ ဆီသို့၊ မျှော်ကြည့် လိုက်သည်။
“ ဝှစ် ... ။ ”
တည်နေရာကို အတည်ပြု နေခြင်း ဖြစ်သည်။ ပြီးနောက် သတ်ပစ်ချင် စိတ်များ တောက်လောင်လျက်၊ ချက်ချင်း လှုပ်ရှား လာ၏။ တစ်ချက် လှုပ်ရုံဖြင့်၊ မိုင် ရာဂဏန်း အကွာသို့၊ ရောက်ရှိ သွားသည်။
ပန်းသင်္ချိုင်း တစ်ယောက် အဆုံးသတ် သွားပြီဟု လူတိုင်း ယူဆ မိကုန်သည်။ သို့သော် ဤအခိုက်တွင် မရေ မတွက် နိုင်သော ဝိညာဉ် ရေးရာ ရူရ် များ ပေါ်လာပြီး၊ လှောင်အိမ် အဖြစ် ဖွဲ့တည် လာ၏။
၎င်း လှောင်အိမ်မှာ၊ သလင်းရောင် တောက်ပသော လှောင်အိမ် ဖြစ်ပြီး၊ ခရမ်းရောင် ရေခဲ ဖီးနစ်ပုံ သဏ္ဍာန်၊ တံဆိပ် တစ်ခု ပါရှိ၏။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
တံဆိပ်သည် လက်သီးဆုပ် မျှသာ ဖြစ် သော်လည်း၊ အနက်ဝတ် အဖိုးအို၏ နှစ်ကြိမ် တိုင်တိုင်၊ တိုက်ခိုက် ခြင်းကို ခုခံနိုင် ခဲ့သည်။
နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ကိုပင်၊ ပိတ်လေှာင်ထား နိုင်သည့်၊ အစီရင်ကို ကြည့်ကာ၊ လူတိုင်း တုန်လှုပ် သွားသည်။
ဤမျှ အစွမ်း ထက်သော အစီရင်ကို ဘဝ တစ်လျှောက်၊ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ချေ၏။ ထို့ကြောင့် အနက်ဝတ် အဖိုးအိုမှ၊ ဒေါသများ တောက်လောင် လာခဲ့သည်။
“ ဟိတ် ... ။ ”
သူ၏ စွမ်းအင်များ အားလုံးကို၊ လက်သီး အတွင်း လောင်းထည့်ကာ၊ နောက် တစ်ကြိမ် ထိုးချ လိုက်ပြန်၏။
“ ခရစ် ... ။ ”
သလင်း အကျဉ်းထောင် ပျက်စီးသွား သည်နှင့်၊ လင်းယွန်၏ တည်နေရာကို ထပ်မံ အတည် ပြုရန်၊ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။
ပတ်ဝန်းကျင်၌ လှောင်အိမ် ဖွဲ့စည်းရန် ခင်းကျင်း ထားသော ကိရိယာ တန်ဆာ ပလာ များကို၊ ထပ်မံ တွေ့ရှိ လိုက်၏။
သည်တစ်ကြိမ် လှောင်အိမ်မှာ၊ နဂါး အရိုး များဖြင့် တည်ဆောက် ထားသော လှောင်အိမ် ဖြစ် လေသည်။
လှောင်အိမ်မှာ အသက်ရှိ နေ သကဲ့သို့၊ တဖြည်းဖြည်း ကျဉ်းမြောင်း လာ၏။ တိုင်များ ကို သတ္ထုရောင် အရိုး များဖြင့်၊ ပြုလုပ် ထားသည်။
နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူက လှောင်အိမ်တိုင် များကို ချိုးဖြတ်ရန် ကြိုးစား လိုက်သည်။
“ ထန် ... ၊ ထန် ... ။ ”
သတ္တု အချင်းချင်း ရိုက်သံများ ထွက်ပေါ် လာပြီး၊ လှောင်အိမ် ကွဲသွား သည်နှင့် ချက်ချင်း လင်းယွန်နောက်၊ ဆက်လိုက် မိ၏။
သို့သော် လမ်း တစ်လျှောက် အစီရင်များ ထွက်ပေါ် လာကာ၊ အလားတူ လှောင်အိမ် ဖြင့် ဟန့်တား လာပြန်၏။
ဤဖြစ်စဉ်များ အရ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၌ မရှိ ပါက၊ မည်သူ မဆို လင်းယွန်ကို၊ လိုက်၍ ဖမ်းနိုင်မည် မဟုတ်ကြောင်း သတိ ထားမိ စေသည်။
ထို့ကြောင့် ပန်းသင်္ချိုင်းကို တိုက်ခိုက်ခဲ့ သူများမှာ၊ ခြေဖျား လက်ဖျားများ အေးစက်ကုန် တော့၏။
လင်းယွန် မှာမူ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူကို ရင်ဆိုင်ရန်၊ အသင့် မဖြစ် သေးချေ။
လတ်တလော လွတ်မြောက် နေသေး သော်လည်း၊ စိုက်ပျိုးမှု ကွာခြားချက်မှာ၊ အလွန် ကြီးမားလှ သဖြင့်၊ အဆုံးတွင် လိုက်မီလာ နိုင်သည်။
“ လင်းယွန် ... မြန်မြန် ... ၊ သူ လိုက်မီ တော့မယ်။ ”
ခရမ်းငယ်မှာ လင်းယွန်၏ ပွေ့ချီ ထားခြင်း ခံရ သောကြောင့်၊ နောက်ကျောမှ အနက်ဝတ် အဖိုးအိုကို မြင်နိုင်သည်။
“ ဝှစ် ... ။ ”
လင်းယွန်မှ တုန့်ပြန်ခြင်း မပြုဘဲ၊ ခွန်အား များကို ထွက်ပြေးခြင်း အပေါ် ၌သာ အာရုံစိုက် ထားချေ၏။
ဤလူ သည်သာ သူ့ကို သတ်ရန် စိတ်ပိုင်း ဖြတ်ထား ပါက၊ ဘေးကင်းရန် နည်းလမ်း မရှိ နိုင်ပေ။
အကယ် ၍သာ နတ်မိစ္ဆာ နယ်မြေ အပြင်ဘက်၌ ဆိုသော်၊ ကောင်းကင် ချပ်ဝတ် အား စမ်းသပ် နိုင်မည် ဖြစ်သည်။
၎င်းသည် နဂါး သခင်၏ ဂုဏ် သိက္ခာကို ကိုယ်စားပြု သောကြောင့်၊ မည်မျှ အစွမ်းထက် မည်အား သူ မသိ သေးချေ။
မည်သူ မဆို ကျင့်ကြံမှု အပေါ်၊ အခွင့်ကောင်း ယူကာ၊ အနိုင်ကျင့် ခဲ့သော် သင်ခန်းစာ တစ်ခု သင်ပေး လိမ့်မည်ဟု နဂါး သခင်မှ၊ ကတိပြု ထား၏။
တစ်နည်း အားဖြင့် ဆိုရသော်၊ သည်ကောင်းကင် ချပ်ဝတ်သည် ဤသို့သော ခွေးအိုကြီး များကို၊ ဖယ်ရှားရန် ရည်ရွယ်သည်။
“ ဒါ ... ။ ”
ရုတ်တရက် အဆုံး မရှိသော ရေမျက်နှာ ပြင်ကြီးကို မြင်လိုက်ရ သဖြင့်၊ လင်းယွန်၏ မျက်လုံးများ ဝင်းလက် သွားသည်။
ညစ်နွမ်းသော ရောင်ဝါများ အောက်မှ လွတ်မြောက် နေသော၊ သမုဒ္ဒရာ ရေပြင်သည်၊ လရောင် အောက်၌ လင်းလက် နေချေပြီ။
“ ဝှစ် ... ။ ”
အဆုံးတွင် နတ်မိစ္ဆာ နယ်မြေမှ ထွက်ခွာ လာနိုင်ပြီ ဖြစ်၏။ သို့သော် လှည့် မကြည့်အား သေးချေ။
ရွှေတောင်ပံ တစ်စုံအား ထုတ်ဖော်လျက်၊ ကောင်းကင်ပေါ် ပျံတက် ပစ်လိုက်သည်။ ထိုစဉ် အနက်ဝတ် အဖိုးအိုမှာ၊ လှောင်အိမ်ကို ချိုးဖြတ် အပြီးသတ် ချိုးဖြတ် နိုင်ခဲ့သည်။
ထို့ကြောင့် နတ်မိစ္ဆာ နယ်မြေကို ဖြတ် ကျော်ကာ၊ လင်းယွန်နောက် ဆက် လိုက်ရန် ကြံရွယ် လာ၏။
“ ရွှပ် ... ။ ”
သို့သော် မိုးကုတ် စက်ဝိုင်းမှ ဓား အလင်းတန်း တစ်ခု၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ သူ့ကို ထိမှန် သွားသည်။
“ ဝေါ့ ... ။ ”
ရှောင်တိမ်း နိုင်ခြင်း မရှိဘဲ၊ သွေး အန်လျက် နတ်မိစ္ဆာ နယ်မြေ အတွင်းသို့၊ ပြန်လည် လွင့်စဉ် သွားရ၏။
“ ..... ။ ”
ဓား ရောင်ခြည်မှာ၊ သည်နေရာ၌ ရပ်တန့် သွားခြင်း မရှိဘဲ၊ ကောင်းကင်ဘုံ ကြယ်ခန်းမ ထံသို့၊ သူ့အား ဆက်၍ ဆုတ်ခွာ စေခဲ့သည်။
နယ်မြေ တစ်ခုလုံး ဓား ရောင်ခြည်များ၊ လင်းထိန် လာ၏။ ရောင်ဝါကို ထုတ်ဖော်လျက်၊ သူတို့ တည်ရှိကြောင်း၊ သတိပေး နေသူ များမှာ၊ ထိုဓားကြောင့် ချက်ချင်း ပြန်ရုတ် ကုန်သည်။
“ ဝုန်း ... ။ ”
“ အွတ် ... ။ ”
ခဏ အကြာတွင်၊ အနက်ဝတ် နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူမှာ၊ ကြယ်ခန်းမ ဟူသော ကမ္ဗည်း ပြား၌၊ ထိုဓား အလင်းဖြင့် ထိုးစိုက်ခြင်း ခံလိုက် ရ၏။
“ မင်း ... မင်းလား ... ။ ”
ဓားဖြင့် ချိတ်ဆွဲ ခံထား ရသော ကြယ် ခန်းမ၏ ကာကွယ် သူက၊ အနောက် ဘက်သို့ လှမ်းကြည့်ပြီး၊ ရေရွတ် လိုက်သည်။
နှုတ်ခမ်း ထောင့်မှ စီးကျ လာသော သွေးစများကို၊ လျစ်လျူရှု လျက် ထိတ်လန့်စွာ ကြည့်နေ လေသည်။
ဤအရပ်တွင် လျှပ်စီး တိမ်လွှာဓား ဂိုဏ်းတည်ရှိ သည်ကို၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ ဖြစ်သည့်၊ သူ သိ၏။
ကြယ်ခန်းမ သခင်၊ လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ ဒူးများ တဆက်ဆက် တုန်ယင် လာသည်။
ကာကွယ်သူ ထွက်ပေါ် လာ ပြီးနောက် တွင်ပင်၊ ရလာဒ်မှာ မကောင်း ခဲ့ချေ။ အဝေးမှ နေ၍ ဓားဖြင့်၊ ပြန်ပို့ခြင်း ခံလိုက် ရသည်။
တစ်ဖက် လူ၏ နောက်ခံမှာ၊ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ စိတ်ပျက် လက်ပျက်ဖြင့်၊ ခေါင်းငုံ့ လိုက်မိသည်။
ပြဿနာ အရင်း ခံမှာ သူပင် ဖြစ်၏။ ကောင်းကင်ဘုံ ကြယ်ခန်းမနှင့် အတူ၊ နတ်မိစ္ဆာ နယ်မြေ တစ်ခု လုံးကို၊ အကြီး မားဆုံး အရှက် ရမှု ပေပင်။
ဤအခိုက်တွင် ကမ္ဗည်းပြား ပေါ်တွင်၊ ချိတ်ဆွဲခံ ထားရသော အနက်ဝတ် အဖိုးအိုနှင့်၊ ကမ္ဗည်း ပြားအား၊ မည်သူမျှ မတွေ့မိ သကဲ့သို့၊ ပြုမူ ကုန်ကြသည်။
“ ဒုန်း ... ။ ”
သို့သော် လူလတ်ပိုင်း အရွယ် ကြယ်ခန်းမ သခင် အမျိုးသားက ချက်ချင်း ဒူးထောက်ကျ သွားပြီး၊ နှုတ်ခမ်းများ လှုပ်ရမ်း လာကာ၊
“ အ ... အခု၊ ငါ ဘယ်သူ့ကို စော်ကား မိသွား တာလဲ ... ။ ”
-ဟု ညည်းတွား လိုက်တော့သည်။
သူသည် သာမက ချူထျန်းဟောင်၊ ရွှမ်ဖိန်နှင့်၊ ရှန်းတောင်းလျှို တို့ သည်လည်း ထိတ်လန့် သွားခဲ့သည်။
ပန်းသင်္ချိုင်း နောက်၌၊ မည်သူ ရှိနေခဲ့ သည်နည်း။ ဤဓား ပိုင်ရှင် သည်သာ ဆန္ဒရှိ ပါက၊ ကြယ်ခန်းမ၏ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူကို၊ သတ်နိုင်ကြောင်း သူတို့ သိသည်။
ယင်းအစား ကောင်းကင်ဘုံ ကြယ်ခန်းမ အနေဖြင့်၊ စည်းကမ်း လိုက်နာ သင့်ကြောင်းသာ သတိပေး လာခြင်း ဖြစ်သည်။
ထိုအချိန်တွင် သူ့နောက်ရှိ သိပ်သည်းသော သတ်ဖြတ်ခြင်း ရောင်ဝါများ၊ ပျောက်ကွယ် သွား သည်ကို၊ လင်းယွန် သိ လိုက်၏။
အံ့သြ စွာဖြင့် ပြန်လှည့် ကြည့် လိုက်ရာ၊ အနက်ဝတ် အဘိုးကြီးကို အရိပ် အယောင်မျှပင် မတွေ့ရ တော့ချေ။
“ ဘာ ဖြစ် သွား တာ လဲ ... ။ ”
လင်းယွန်က ခရမ်းငယ်ကို၊ မြေပြင်ပေါ် ချပေး လိုက်ပြီး၊ ခေါင်းကုတ် မိ၏။ ရုတ်တရက် သူ့ မျက်ခုံး အလယ်၌ ပြင်းပျသော ပူလောင် မှုကို၊ ခံစား လာရသည်။
ယင်းမှာ သူစိုက်ထား မိသော ဓားပိုးအိမ် ဖြစ်သည်။ မည်မျှပင် ကြိုးစားစေ ကာမူ ၎င်းကို၊ ဖြတ်ကျော် နိုင်ခြင်း မရှိ သေးချေ။
“ ဘာဖြစ် ရမှာလဲ၊ ငါ ခင်းထားတဲ့ အစီရင်ကြောင့်၊ ဒီအဘိုးကြီး ဒဏ်ရာ ရသွား တာပဲ ဖြစ်မှာပေါ့။ ”
ခရမ်းငယ်မှ ဂုဏ်ယူ ဝင့်ကြွား စွာဖြင့် ပြောသည်။ ထို့ကြောင့် လင်းယွန်က ပြုံးလိုက် မိပြီး၊
“ ဒါဆို ... ငါ့ လည်ပင်းကို ကျစ်ကျစ် ပါအောင်၊ ဖက်တွယ် ထားတာ ဘယ်သူလဲ။ ”
“ ဟမ့် ... ၊ ငါ နင့်ကို ကူညီ နေတာ၊ မြင်း တွေကို မြန်မြန် ပြေးစေ ချင်ရင်၊ အော်ဟစ် ပေး ရတယ် မဟုတ်လား၊ နင်က ငါ့ရဲ့ မြင်းပဲ၊ ငါသာ ဒီလို မလုပ်ရင်၊ နင် သေပြီ။ ”
-ဟု တုန့်ပြန် လာသဖြင့်၊ လင်းယွန်က ခရမ်းငယ်အား လေထဲ ရုတ်တရက် မြှောက်တင် လိုက်၏။
“ နင် ... နင် လွှတ်စမ်း ... ၊ လင်းယွန် ငါတကယ် စိတ်ဆိုး လာပြီနော်၊ ဒီဧကရီကို အခု ချက်ချင်း၊ ပြန်ချ စမ်း ... ။ ”
လင်းယွန်က သူမအား လျစ်လျူ ရှုကာ၊ မြူများ ဖုံးလွှမ်း နေသည့်၊ နတ်မိစ္ဆာ နယ်မြေထံ လည်ပြန် လှည့်ကြည့် လိုက်သည်။
မည်သည့် အရာများ ဖြစ်ပျက် သွားခဲ့ သည်ကို၊ သူ တကယ် သိချင် ပေ၏။ သို့သော် နည်းလမ်း မရှိချေ။
***