ဂိုဏ်းသို့ ပြန်ခြင်း။
Vol. 82 Ch. 1137
နတ်မိစ္ဆာ နယ်မြေမှ လွတ် သည်နှင့်၊ တိမ်လွှာဓား ဂိုဏ်းဆီသို့၊ ဦးတည် လိုက်သည်။ ခရမ်းငယ်မှာ ခရီး ထွက်ရခြင်း အပေါ် နှစ်ခြိုက် နေသဖြင့်၊ အပြန် ခရီးမှာ နှောင့်နှေး နေ၏။
ထို့ကြောင့် လဝက် ကြာအောင် အချိန် ပေးခဲ့ရသည်။ ခမ်းလှမ်းလှမ်း ဆီမှ တောင်တန်း များထံ၊ ကြည့်ကာ ပြုံးလိုက်သည်။
“ ပြန် ရောက် ပြီ ... ။ ”
ယင်းက သူ့အား အိမ်ပြန်ရောက် လာ သကဲ့သို့၊ ခံစား ရစေသည်။ တောင်ကြီး (၁၀၈) လုံးဖြင့်၊ ခင်းကျင်း ထားသော ပတ်ဝန်းကျင်မှာ၊ သူ့အား လုံခြုံမှု ခံစား ရစေ၏။
မလိုလား အပ်သော အာရုံ များကို မဆွဲဆောင်ချင် သောကြောင့်၊ မျက်နှာဖုံးအား မဝတ်ထား တော့ချေ။
ထို့အပြင် ငွေရောင် ပန်းသင်္ချိုင်းထက်၊ လင်းယွန်၏ ပုံရိပ်ကို ပို၍ နှစ်သက် လေသည်။ လွန်ခဲ့သည့် နှစ်လ အတွင်း၊ ပန်းသင်္ချိုင်း အဖြစ်၊ အပြာရောင် စံအိမ်ကို ကိုင်လှုပ် နိုင်ခဲ့သည်။
ယင်းက လုံလောက်ပြီ ဖြစ်၏။ တစ်ချိန် တည်း မှာပင်၊ ခရီးစဉ် တစ်လျှောက် တိုးတက် မှုများ အားလုံးကို ပြန်၍ သုံးသပ် မိသည်။
အထူး သဖြင့် ပိတ်ဆို့ နေသော ဓား ရည်ရွယ်ချက် ဖြစ်၏။ အောင်မြင်မှု တစ်ခုကို ရယူနိုင် ပါက၊ အံဩ တုန်လှုပ်ဖွယ် ကောင်း ပေမည်။
မဟုတ်သော် သူကိုယ်တိုင် ဖန်တီး ထားသော လှောင်အိမ် ထဲ၌၊ တစ်သက်လုံး ပိတ်မိ နေနိုင်၏။
ဤသို့ ဆိုပါက အင်ပါ ရီယန် များနှင့် တိုက်ခိုက် ရသော်၊ ကြီးစွာသော ဆုံးရှုံးမှုကို ခံစား ရမည် ဖြစ်သည်။
ရုတ်တရုတ် ထောင်စုနှစ် မီးလျှံ ပေးအပ် မည်ဟု၊ ကတိပြု ထားသော လောဟွာကို သတိ ရလာကာ၊ ပြုံးလိုက် မိ၏။
ထိုအပြုံးကို မြင်သည်နှင့်၊ ခရမ်းငယ်မှ ဒေါသ ထွက်လာပြီး၊
“ ဟမ့် ... ၊ နင့် အပြုံးက ဘာလို့ ရွံ့စရာ ကောင်းနေ ရတာလဲ၊ ယွဲ့ဝေဝေ အစား၊ နင့်ကို ငါ စောင့်ကြည့် နေတယ် ဆိုတာ သတိ ရပါ။ ”
-ဟု ပြော လာတော့သည်။
ခရမ်းငယ်မှာ ယွဲ့ဝေဝေအား အလွန် အထင်ကြီး ပုံရပြီး၊ လင်းယွန် အပေါ် အထင် အမြင် သေး လေသည်။
“ ယွဲ့ဝေဝေမှာ ... ဘာများ လိုအပ်ချက် ရှိနေလို့လဲ၊ ဒီဧကရီက ပွင့်လင်းပြီး၊ ရဲဝံ့တဲ့ သူ့လို လူမျိုးကို၊ အရမ်း သဘော ကျတယ်။ ”
“ ဒါက ... လူကြီးတွေ ကိစ္စပါ၊ ဝင်ပါနဲ့ ... ။ ”
လင်းယွန်က ခရမ်းငယ် ခေါင်းကို ခေါက် လိုက်ပြီး၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ ပိုက်နက် အတွင်းသို့၊ လှမ်းဝင် လိုက်သည်။
ရုတ်တရက် လင်းယွန် နားထဲသို့၊ ‘ငါနဲ့ လာတွေ့၊’ -ဟူသော အသံ ဝင်ရောက် လာ၏။ အဘိုးကြီး အသံ၌ကြောင့် အတွေး ပေါက် သွားသည်။
အထူး သဖြင့် နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူ၏ အာရုံကို စွဲဆောင်မိ ခဲ့သော သူ့ ခရီးမှာ၊ အသက် ဆုံးရှုံး လုနီးပါး ပေပင်။
ထို့ကြောင့် နဂါးသွေး ရည်ကြည်ကို ထပ်တိုးတောင်း သင့်သည် လောဟု၊ တွေးလာ မိခြင်း ဖြစ်သည်။
များမကြာမီ ပင်မ ခန်းဆောင်သို့ ရောက်ရှိပြီး၊ ဂိုဏ်းချုပ်နှင့် နောက်တစ်ကြိမ် တွေ့ဆုံ လိုက်ရ၏။
ဂိုဏ်းချုပ်က သူ့ ဆံပင်၊ မုတ်ဆိတ်နှင့် လိုက်ဖက်သော မီးခိုးရောင် အဝတ် အစားကို ၀တ်ဆင် ထားသည်။
အဆုံး မရှိသော တွင်းနက်ကြီး ကဲ့သို့၊ နားမလည် နိုင်သည့် အရိပ် အယောင် ပေးစွမ်း လေသည်။ သူ့အား မြင်သည်နှင့် ပြုံးကာ၊
“ နတ်မိစ္တာ မိုးကြိုးဓားက၊ ကောင်းကင်ဘုံ ကြယ်ခန်းမမှာ၊ အသတ်ခံ လိုက်ရတယ် ဆိုတာ ငါ ကြားပါတယ်၊ ကြည့်ရတာ မင်း အစား ...
... တစ်ယောက် ယောက်က အပြီး သတ်သွားခဲ့ ပုံပဲ၊ ဒါဆို ရင်တော့ ... ငါ ပြောခဲ့ သလို၊ နဂါး သွေးရည်ကြည်ကို၊ မင်း ရမှာ မဟုတ် တော့ဘူး။ ”
လင်းယွန်က စကား တစ်ခွန်းမှ မပြောဘဲ မိုးကြိုးဓား၏ ခေါင်းပြတ် ကြီးကို ထုတ်ယူလိုက် လေသည်။
“ အိုး ... ၊ ဒါဆို ... ပန်းသင်္ချိုင်းက မင်း ပဲပေါ့။ ”
“ ဆက်လုပ်ပါ အဖိုးကြီး၊ အရမ်း ကြည့် ကောင်းတယ်။ ”
“ ဟား ... ဟား ... ဟား ... ။ ”
တိမ်လွှာဓား ဂိုဏ်းချုပ်က၊ လင်းယွန်၏ အမူအရာကြောင့်၊ ကျယ်လောင်စွာ ရယ်မော လိုက်သည်။
“ တကယ်ပါ၊ ငါ ... သရုပ်ဆောင် နေတာ မဟုတ်ဘူး၊ မင်းမှာ ဂီတ စွမ်းရည် ရှိလိမ့် မယ်လို့ တကယ် ထင် မထား မိတာပါ၊ ဟား ဟား ဟား ... ။ ”
“ လုံလောက်ပြီ ... ၊ ဘယ်မှာလဲ နဂါး သွေးရည်ကြည်။ ”
လင်းယွန်က လက်ဖဝါး ဖြန့်ကာ တောင်း လိုက်သည်။
“ ဒီမှာ ... ၊ စုစုပေါင်း (၁၃၅) စက် ပါတယ်။ ”
တိမ်လွှာဓား ဂိုဏ်းချုပ်က သိုလှောင်အိတ် တစ်လုံး ထုတ်ပေး လာပြီး၊ နတ်မိစ္ဆာ မိုးကြိုးဓား ဦးခေါင်းကို လှမ်းယူ လိုက်သည်။
နဂါး သွေး ရည်ကြည်ကို၊ မြင်သော အခါတွင်၊ လင်းယွန်၏ မျက်ဝန်းများ လင်းလက် သွားသည်။
ဤအရာသည် ခွန်လွန် ဘုံမှ၊ ပါရမီရှင် များအတွက်ပင်၊ များပြား လှသော ပမာဏ ဖြစ်၏။
မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များကို သတ်ရုံဖြင့်၊ ဤမျှ ရရှိ နိုင်မည် မဟုတ်ကြောင်း သူ သိသည်။
အဘိုးကြီး၌ အခြားသော အစီ အစဉ်များ ရှိမည်မှာ၊ သေချာသည်။ သို့သော် ယင်းကို စိတ် မဝင်စား နိုင်ချေ။
“ ကျေးဇူး တင်ပါတယ်။ ”
“ ကျေးဇူးတင် နေစရာ မလို ပါဘူး ... ၊ မင်းလည်း ငါ့ကို ကူညီခဲ့ တာပဲ။ ”
ဂိုဏ်းချုပ်က လင်းယွန်၏ ရုတ်တရက် ယဉ်ကျေး သွားသော ထိုအမူ အရာကြောင့်၊ အံ့အား သင့် သွားပြီး၊
“ မင်း ... အားနာ နေရင်လည်း ... ၊ ငါ့ဆီ ပြန်ပေးလို့ ရပါတယ်။ ”
“ ဟား ဟား ဟား ... ၊ မ နာ ပါ ဘူး။ ”
လင်းယွန်မှ ချက်ချင်း သိမ်းဆည်း လိုက်၏။
“ ဒါတွေက ... ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကန့်သတ် ချက်ကို ရောက်ချင်တဲ့၊ ငါ့ အတွက် မလုံလောက် သေးဘူး၊ အဖိုးကြီး မင်းမှာ ဝှက်ထား သေးလား။ ”
သူတော်စင် နဂါး နည်းစနစ်ကြောင့်၊ နဂါးသွေး ရည်ကြည်အား လူ တကာထက် ပို၍ လျင်မြန်စွာ သန့်စင် နိုင်သည်။
သူတော်စင် နဂါး ခန္ဓာ ကိုယ်အား၊ ဆဋ္ဌမ အဆင့်သို့ ရောက်ရှိသွား ပါက၊ နောက်ဆုံးသော ဒုက္ခကို ခံနိုင်ရည် ရှိမည် ဖြစ်သည်။
ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ ရောက်ရှိ လိုပါက၊ ကြံ့ခိုင်သော ကိုယ်ခန္ဓာ ရှိရန် လိုအပ်သည်။
သို့မှသာ အင်ပါ ရီယန် ရောက်ချိန်၌၊ သူ့ကြယ် စွမ်းအင်မှာ အခြားသော အင်ပါ ရီယန် များထက်၊ အဆပေါင်း များစွာ သာလွန် နိုင်ပေ လိမ့်မည်။
၎င်းသည် ကြယ်စင်စု အဆင့် သို့မဟုတ် နက္ခတ် အဆင့် ထိတိုင်၊ ရင်ဆိုင် နိုင်မည် ဖြစ်၏။ နက္ခတ် အဆင့် ကြယ် စွမ်းအင်မှာ၊ လူ တစ်ဦး၏ ခန္ဓာ ကိုယ်ကို၊ အလွယ် တကူ ခွဲထုတ် နိုင်သည်။
ထို့ကြောင့် ကောင်းကင် ဝိညာဉ်၏ ကန့်သတ် ချက်သို့ ရောက်ရှိရန်၊ မည်မျှ ခက်ခဲ မည်ကို၊ စိတ်ကူး ကြည့်နိုင်သည်။
“ ငါ တကယ် မဝှက်ထား ပါဘူး၊ ငါ့မှာ တကယ် မရှိ တော့တာပါ၊ တကယ်လို့ မင်းသာ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ...
... ရောက်သွားရင်၊ ဒါက ... ငါ့ အတွက် သတင်း ကောင်းပါ၊ ဘာလို့လဲ ဆိုတော့ မင်းရဲ့ အကူ အညီကို၊ ငါ လိုသေး လို့ပဲ၊ ဟား ဟား ဟား ... ။ ”
ဂိုဏ်းချုပ်က ရယ်ကာ မောကာဖြင့်၊ ပြန်ဖြေ လာသည်။ ဤအဖိုးကြီးသည် အစ်ကို ဖုန်းကျွယ် ထက်ပင်၊ အားကောင်း နေသောကြောင့် သတိ နှင့်၊ ပြန်ကြည့် လိုက်မိ၏။
အစ်ကို ဖုန်းကျွယ် သည်ပင်၊ သူ့အား သူတော်စင် လက်ရာကို၊ အလွယ် တကူ ပေးခဲ့ သည်။ ယင်းက အဖိုး ကြီး၏ မရှိ ဟူသော စကားကို မယုံခေျ။
“ ဘယ်လို အကူအညီ မျိုးလဲ ... ။ ”
လင်းယွန်က သိချင် သွားသည်။
“ မင်း ကောင်းကင် ဝိညာဉ် နယ်ပယ်ရဲ့၊ ကန့်သတ် ချက်ကို ရောက်ပြီးရင်၊ ငါ ပြောပြ ပါမယ်၊ အခု ပြောလိုက်ရင် ...
... ကောင်းကျိုးထက် ဆိုးကျိုးက ပိုသွား လိမ့်မယ်၊ နောက်ထပ် လ အနည်းငယ် ကြာတဲ့ အထိ၊ နိမ့်ကျတဲ့ မင်းရဲ့ ပုံရိပ်ကို ထိန်းထားပါ။ ”
ဂိုဏ်းချုပ်က လင်းယွန်အား သတိပေး လိုက်သည်။ နောက်ဆုံးတွင် နတ်မိစ္ဆာ နယ်မြေ တစ်ခုလုံး၊ အကြီး အကျယ် ရုတ်ရုတ် သဲသဲ ဖြစ်ပွား ခဲ့သည်။
“ အဖိုးကြီး ... ၊ တကယ်ပဲ မင်းမှာ၊ နဂါး သွေးရည်ကြည် မရှိတော့ ဖူးလား၊ ကြည့်ရတာ နိမ့်ကျတဲ့ ပုံရိပ်နဲ့ ဆက်နေဖို့၊ မဖြစ်နိုင် တော့ဖူး ထင်တယ်။ ”
“ ဟား ဟား ဟား ... ။ ”
သည်အဖိုးကြီးမှာ တစ်ချိန်လုံး ရယ်မောနေ သဖြင့်၊ ငယ်ရွယ် လွန်းသော ဓားသမား တစ်ဦး အဖြစ်၊ လင်းယွန်မှ ထင်မြင် လာမိသည်။
“ မင်း ... လက်မလျော့ သေးဖူးလား၊ ကောင်းပြီ ... ၊ မင်းလက် ထဲမှာ ရှိတဲ့ နဂါးသွေး ရည်ကြည် ကိုသာ၊ အရင် သန့်စင်ပါ၊ ပြီးရင် ငါ့ဆီ ထပ်လာခဲ့။ ”
ဂိုဏ်းချုပ်မှ ပြုံးလျက် ဆိုလာသည်။
“ ကတိ ... ။ ”
လင်းယွန်က ကျေနပ်စွာ ပြုံးလိုက်ပြီး၊ ကတိဟု ဆိုလျက်၊ ထွက်ခွာသွား တော့၏။ သူ ထွက်သွားပြီး မကြာမီ၊ ယဲ့ဇီလင် ဝင်ရောက် လာသည်။
“ ဖေဖေ၊ နတ်မိစ္ဆာ နယ်မြေမှာ ပြဿနာကြီး တစ်ခု ဖြစ်သွားပြီ။ ”
ကောင်းကင်ဘုံ ကြယ်ခန်းမနှင့်၊ ပန်းသင်္ချိုင်း တို့၏ တိုက်ပွဲကို ပြန်လည် မျှဝေ လိုက်ပြီး၊ ဖခင် ဖြစ်သူကို သံသယနှင့် ကြည့် မိသည်။
“ ပန်းသင်္ချိုင်းက လျှပ်စီး တိမ်လွှာဓား ဂိုဏ်းရဲ့၊ အမာခံ တပည့် ဆိုတာ အမှန်လား ဖေဖေ ... ။ ”
ယင်းကို သူမ မယုံချေ။ သို့သော် မျှော်လင့် မိပြန်သည်။ ပန်းသင်္ချိုင်း သည်သာ ဂိုဏ်းမှ ဖြစ် ပါက၊ သေချာပေါက် သူမ အဖေ သိရ ပေမည်။
ထိုသို့ ဆိုသော် ပန်းသင်္ချိုင်းကို ကျေးဇူးတင် စကား ပြောရ ပေဦးမည်။ ၎င်း၏ တေးသွားတွင် အထီး ကျန်သော ခံစားချက်များ ရှိနေ သဖြင့်၊ စာနာ ပေးချင်သည်။
“ လင်းယွန် အခုပဲ ပြန်သွားပြီ၊ နတ်မိစ္ဆာ နယ်မြေထဲက အဖြစ် အပျက် တွေကို၊ အဖေ့ဆီ သူလာ ပြောပြ ထားတယ်။ ”
ဂိုဏ်းချုပ်က ပြုံးလျက် ပြန်ပြောသည် ။ ထိုစကားကြောင့် ယဲ့ဇီလင်ခမျာ စိတ်ပျက် မိ၏။ ဤသို့ စကား လမ်းကြောင်း လွှဲ ခြင်းသည်၊ အဖြေ ဖြစ်သည်။
ယင်းက ပန်းသင်္ချိုင်းသည် တိမ်လွှာဓား ဂိုဏ်း၏၊ အမာခံ တပည့် မဟုတ်ဟု ငြင်းဆိုရာ ကျလေသည်။
တစ်ဖက်တွင် နတ်မိစ္ဆာ နယ်မြေသို့ လင်းယွန် သည်လည်း ရောက်ရှိ လာမှန်း၊ သတိ ပြုမိ လိုက်၏။
ဤလူငယ်သည် သတ္တမ ကောင်းကင် ဝိညာဉ် ၌သာ ရှိနေ သဖြင့်၊ အဆိုပါ နယ်မြေထဲ ဝင်ရောက် လာခြင်းမှာ၊ စိတ်စောရာ ကျပေသည်။
သည်မျှ မောက်မာ ထောင်လွှား နေသော အကျင့် စရိုက်ကြောင့်၊ ပန်းသင်္ချိုင်းအား တုယှဉ် နိုင်ခြင်း မရှိဘဲ၊ ရေနှင့် ဆီကဲ့သို့ ကွာခြား ချေ၏။ ခြေဖျား ကိုပင် မမီချေ။
“ သမီးက လင်းယွန် အပေါ်၊ အဆိုးမြင် နေပုံပဲ။ ”
“ မဟုတ် ပါဘူး၊ သူ ... ဒီလို မောက်မာ တာကို မကြိုက် တာပါ၊ သူ့မှာ နောက်ခံ ရှိတာ က ရှိတာပဲ၊ အနာဂတ်မှာ ...
... သူက သမီးထက်၊ ပိုပြီး သန်မာ နိုင်ပေမယ့် အခုချိန် မှာတော့၊ အရူး လိုပါပဲ၊ အင်ပါ ရီယန် အဆင့် မှာတောင် မရှိဘဲ၊ ...
... နတ်မိစ္ဆာ နယ်မြေကို သွားထဲက၊ သူ ဘယ်လောက် အထိ၊ ဦးနှောက် မဲ့လည်း ဆိုတာ သိသာ နေတယ်။ ”
ယဲ့ဇီလင်မှ မျက်မှောင် ကြုတ်လျက် ပြန်ဖြေသည်။
“ ဟား ... ဟား ... ဟား ... ။ ”
ဂိုဏ်းချုပ် သဘော ကျစွာ ရယ်မော လိုက် လေသည်။
“ ဒါဆို ... ၊ သမီးက ပန်းသင်္ချိုင်းကို မာနကြီး တယ်လို့ မြင်ပြီး၊ လင်းယွန်ကိုတော့ အောက်ခြေ လွတ်နေ တယ်လို့၊ ဆိုလိုချင် တယ်ပေါ့။
သူမ၏ ခံစားချက် များကို ဖခင် ဖြစ်သူမှ၊ ရုတ်တရက် ဖော်ထုတ်လိုက် ရသဖြင့်၊ ယဲ့ဇီလင် ခမျာမှာ ရှက်ရွံ့ သွားသည်။
“ သမီးက လင်းယွန် အပေါ်၊ တမင် ပစ်မှတ်ထား နေတာမျိုး၊ မဟုတ် ပါဘူး၊ သူတို့ နှစ်ဦးရဲ့ ခွန်အား ကွာခြား ချက်က၊ အရမ်း ကြီးမား ပါတယ်၊ ပြီးတော့ ... လင်းယွန် စရိုက်ကို သမီး မကြိုက်ဘူး။ ”
“ မောက်မာ တယ်လား၊ နဝမမြောက် ကောင်းကင် လမ်းရဲ့ ချန်ပီယံက တိမ်လွှာဓား ဂိုဏ်း လေးမှာ၊ ဘာ အတွက်များ ...
... ရိုရို ကျိုးကျိုးနဲ့ နေနေ ရဦး မှာလဲ၊ အရည်အချင်းနဲ့ ခွန်အား အရ၊ လင်းယွန်က မာန ကြီးဖို့၊ တကယ် ထိုက်တန် ပါတယ်။ ”
ဂိုဏ်းချုပ်က ပြုံးကာ လျှို့ဝှက် ချက်အား ထုတ်ပြော လိုက်၏။ ထိုစကားကို ကြားလိုက် ရသော အခါတွင်၊ ယဲ့ဇီလင် တစ်ယောက် မျက်လုံး ပြူး သွားသည်။
နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ။ ယင်းမှာ ဖြစ်နိုင် ချေရှိ၏။ သို့သော် လင်းယွန်၏ ကျင့်ကြံမှု အရ မည်သို့မျှ မယုံ နိုင်ချေ။
သူမ အနေဖြင့် အထင်လွဲ ခဲ့ပုံ ရသည်။ သို့သော် ရုတ်တရက် ခရမ်းငယ်ကို သတိရ သွားသည်။
( ဒါဆို သူက ဘာလို့ ... ဒီလို ချစ်စရာ ကောင်းတဲ့ ကောင်မလေး တစ်ယောက်ကို မွေးထား ရတာလဲ။ )
မုတ်ဆိတ်မွေးကို ပွတ်လျက်၊ ဂိုဏ်းချုပ်က သူ့သမီး၏ အပြောင်း အလဲကို စောင့်ကြည့်နေ မိသည်။
“ အဲဒါက ... ၊ ရှေးဟောင်း ဝိညာဉ် ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ဓား ဝိညာဉ်ပဲ၊ သမီး တွေးနေ သလိုမျိုး မဟုတ်ပါဘူး။ ”
-ဟု ဖခင်မှ ရှင်းပြလာ သဖြင့်၊ ယဲ့ဇီလင် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွား လေသည်။
ထိုကလေး မလေးသည် အမှန်ပင် ရှေးဟောင်း ဝိညာဉ်တော် ဖြစ်မည်လော။ ဤသို့ဆိုသော် ...။
“ တကယ်ပဲ ... ဒီလို ချောမောတဲ့ မိန်းကလေး ဝိညာဉ် ဆိုတာ၊ တကယ် ရှိနေ တာလား။ ”
မိတ်ကပ် လိမ်းနည်းကို၊ သင်ပေး မိသော သူမကိုယ် သူမ ရှက်ရွံ့ လာမိ၏။ ထိုကလေးမ လေးနှင့် လင်းယွန်မှာ၊ သူမအား ဟားတိုက် ရယ်မော နေကြပေ တော့မည်။
***