← Chapters

ကောင်းကင် ထက်က ဓား။

Vol. 82 Ch. 1138

ကောင်းကင် ထက်က ဓား။

Vol. 82 Ch. 1138

လင်းယွန်က ပင်မ ခန်းဆောင်မှ ထွက်ခွာ ပြီးနောက်၊ လောဟွာကို ရှာဖွေရန် ကောင်းကင် ပေါ် ပျံတက် လာခဲ့သည်။

“ တင်း ... တောင် တင် ... ။ ”

“ သူ ပဲ ... ။ ”

ဗျပ်စောင်း သံအား အဝေးမှ ခပ်သဲ့သဲ့ ကြားလိုက် ရသည်။ ထောင်စုနှစ် မီးလျှံ၏ အရ သာကို ပြန်၍ သတိရ လာပြီး၊ နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက် မိ၏။

ဓား သူတော်စင် တောင် တစ်ဝိုက်တွင်၊ မရေတွက် နိုင်သော တောင်တန်း များစွာ ရှိပြီး၊ ဂိုဏ်း၏ တားမြစ် နယ်မြေ ဖြစ်ခဲ့သည်။

ပတ်ဝန်းကျင်၌ တောင်ခိုးများ ဝေကာ၊ တိမ်လွှာများ ရစ်သိုင်း နေသော ကြောင့်၊ ၎င်းကို ကောင်းကင်ဘုံ အလား၊ ထင်မှား မိစေ၏။

တိမ်လွှာ အတွင်း လွင့်ဝဲ နေသော၊ ဗျပ်စောင်း သံက၊ တမူကွဲ ပြားသော ခံစား ချက်ကို ပေးစွမ်း လေသည်။

လူတိုင်းက ထိုတိမ်လွှာ များကို၊ မိုးကောင်းကင် အဖြစ် ယူဆ ကြပြီး၊ ပါရမီရှင် အနည်းစု သည်သာ၊ ထိုတိမ်လွှာ အောက်မှ ရုန်းထွက် နိုင်ပေ၏။

( ဒီတိမ်တိုက် တွေရဲ့ ... ၊ အထက်မှာ ဘာများ ရှိ မလဲ ... ။ )

ကောင်းကင်ကို မော့ကြည့်ပြီး၊ အတေွး များသွား၏။ ထိုတိမ်တိုက်များ အထက်တွင် ကောင်းကင် ရှိမည်လော။

ဤသို့ ဆိုသော် .... ၊ ထိုမိုးကောင်းကင် အထက်၌၊ ကောင်းကင်ဘုံ ရှိရ ပေမည်။ ဓားဖြင့် ကောင်းကင်ထံ၊ စူးစူး စိုက်စိုက် မော့ကြည့် မိရာ၊ ရင်ဘတ် တစ်ခုလုံး စူးရှ နာကျင် လာသည်။

ခိုင်မြဲစွာ ဆုပ်ကိုင် ထားသော ဓားမှာ ရုတ်တရက် ပြိုကျ သွားသည်။ မိုးကောင်းကင် အထက်၌ ကောင်းကင်ဘုံ ရှိနေ ပါက၊ ကျင့်ကြံ ခြင်း ဟူသည်၊ အဓိပ္ပါယ် မရှိ တော့ချေ။

လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းသည် ကောင်းကင် အောက်၌ ရှိနေပြီး၊ ၎င်းတွင် မှီခို နေသော သူ့ ကောင်းကင် ဓားမှာ၊ ဟာသ မျှသာ ဖြစ်နေ လေသည်။

“ ..... ။ ”

ရုတ်တရက် ခံစားချက် အပြောင်း အလဲကြောင့်၊ သူ့မျက်နှာ ဖြူဖျော့ သွားပြီး၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။

ထိုအခိုက်တွင် ကြောက်စိတ်များ ဝင်ရောက်ကာ၊ ကောင်းကင်ဓားက အဆောက် အဦး တစ်ခု ကဲ့သို့၊ ထူးဆန်းစွာ ပြိုကျ လာ၏။

ယခုပင် သူ သေရ ပေ တော့မည်။ ယင်းကြောင့် ပြုံးလိုက် မိ၏။ သူ့ဓားမှာ မမြဲချေ။ နှလုံးသား အတွင်း၊ စိတ်ပျက် အားငယ် မှုများ ပြည့်နှက် လာသည်။

“ ဒင် ... ။ ”

ထိုအချိန်တွင် ဗျပ်စောင်း သံ၊ ပြောင်းလဲ လာပြီး၊ အရိယာ အဆင့်သို့ ရောက်ရှိ သွား၏။ ယင်းက သူ တီးမှုတ် ခဲ့စဉ် ကထက်၊ ပို၍ သာယာ ချေပြီ။

ခန္ဓာ ကိုယ်ကို နူးညံစွာ ထွေးပွေ့ ခံလိုက်ရ သကဲ့သို့၊ အကြောက် တရားများ ပြေလျော့ ကာ ပြိုကျ နေသော ဓားမှာ ရပ်တန့် သွားသည်။

များမကြာမီ တည်ငြိမ် စူးရှသော အကြည့် တစ်စုံကို ပြန်၍ ရရှိ လာ၏။ ထို့နောက် မိုးကုတ် စက်ဝိုင်းထံ အကြည့်ကို ပို့လွှတ်ကာ၊ သက်ပြင်း ရှည် ကြီးအား၊ မှုတ်ထုတ် လိုက်သည်။

“ ဟူး ... ၊ ဒါက တကယ့်ကို အန္တရာယ်များ ခဲ့တာပဲ။ ”

ခဏ အကြာတွင် လောဟွာ အနားသို့ ဆင်းသက် လိုက်၏။ အလင်းမြူ အချို့က သူမ မျက်နှာအား၊ မျက်နှာဖုံး တစ်ခု သဖွယ်၊ ကွယ် ထားသည်။

ထိုမြူများ ကင်းစင်သွား ပါက လမင်းကြီး တစ်စင်း ကဲ့သို့၊ လောဟွာ တစ်ယောက် လှပနေ မည်ကို၊ သူ သိ၏။

“ ဒီရှုခင်းက ... ကျန့်နန်နဲ့ ယှဉ်နိုင်တယ်။ ”

“ ကျန့်နန် ... ဒါက ဘယ်နေရာလဲ။ ”

( တရုတ် နိုင်ငံ ယန်ဇီမြစ် အောက်ပိုင်းရှိ မြစ်ဝ ကျွန်းပေါ် ဒေသ များကို ရည်ညွှန်း ချေ၏။ ရေနှင့် ကုန်းမြေ ဆက်စပ် နေသော ဒေသမျိုး ဖြစ်သည်။

ယင်းကို မြေပြင် ကောင်းကင်ဘုံ အဖြစ်၊ တင်စားခြင်း ဖြစ်သည်။ )

လောဟွာမှ စူးစမ်းလို စိတ်ဖြင့် ခေါင်းမော့ လာပြီး၊ သူ့ကို ပြန် ကြည့်၏။ ကျန့်နန် ဟူသော အရပ်ကို မကြား ဖူးချေ။

“ ကျန့်နန် ဆိုတာ ... ၊ ငါ့ အိပ်မက် ထဲက နယ်မြေပဲ၊ ငါ မင်းကို တွေ့လိုက်တော့ ... ၊ အဲ့ဒီ အိပ်မက် ကနေ နိုးလာ ရတယ်။ ”

ငှဲ့ထား ပေးသော ဝိုင်ခွက်ကို မြင်သော အခါတွင်၊ စိတ်လှုပ်ရှား စွာဖြင့် လင်းယွန်က ထိုင်ချ လိုက်သည်။

ဝိုင်ခွက်အား ကောက်ကိုင်ကာ၊ လှည့်၍ ကစား နေမိ၏။ ခွက်အောက် ခြေရှိ၊ ရွှေရောင် မီးပွား များကို ကြည့်ပြီး၊ ထောင်စုနှစ် မီးလျှံ ဖြစ်မှန်း သိလိုက် ရသည်။

“ ဝုန်း ... ။ ”

အပြုံးဖြင့် ဝိုင်ခွက်ကို လှုပ်ခါ လိုက်ရာ၊ ခွက်မျက်နှာ ပြင်၌ မီးလျှံများ ထတောက်လျက် ရွှေကျီးကန်း တစ်ကောင် ပျံထွက် လာ၏။

ထိုရွှေကျီးကန်းက သူတို့ နှစ်ဦးအား လှည့်ပတ် ပျံသန်း နေစဉ်၊ အသက် ပြင်းပြင်း ရှူလျှက်၊ မော့သောက် လိုက်သည်။

“ အား ... ကောင်းလိုက်တဲ့ ဝိုင်။ ”

နီရဲ လာသော မျက်နှာဖြင့်၊ ချီးကျူး မိသည်။

“ နတ်မိစ္ဆာ မိုးကြိုးဓားကို သတ်ပြီး တာတောင်၊ ဘာလို့ ဒီလောက်ထိ စိတ်ညစ် နေရ တာလဲ၊ မင်းရဲ့ ဓားတောင် ပြိုကျ တော့မယ်။ ”

လောဟွာမှ စိုးရိမ် စိတ်ဖြင့် မေးလာသည်။

“ စတုတ္ထတန်း ဓား ရည်ရွယ်ချက် ... ။ ”

လင်းယွန်မှ ပြန်ဖြေ၏။ ကောင်းကင် အထက်တွင်၊ ကောင်းကင်ဘုံ ရှိမည်ကို သူ ယုံကြည် လာမိသည်။

ထို့ကြောင့် ကောင်းကင် အောက်မှ လွတ်မြောက် လိုသော သူ့ဆန္ဒမှာ၊ မဖြစ် နိုင်မှန်း သိသွားခြင်း ဖြစ်သည်။ ကောင်းကင် ဓားသည် ဟာသ မျှသာ ဖြစ် နေ၏။

အထက်ပါ အချင်း အရာကို နားလည် ပြီးနောက်၊ တစ်စုံ တစ်ရာမှ သူ့အား မျက်ချေ မပြတ်၊ စောင့်ကြည့် နေ သည်ဟု ခံစားလာ ရကာ၊ ကြောက်ရွံ့ သွားခြင်း ဖြစ်သည်။

( လူဖြစ် ရသည့် ဒုက္ခကို ဆိုလိုခြင်း ဖြစ် ပေမည်။ )

လောဟွာနှင့် ထိုအမြင် များကို ဝေမျှ မိ၏။ လူတိုင်းက မိုးကောင်းကင် အောက်၌ ပိတ်မိနေကြပြီး၊ ထိုပြဿနာ အပေါ်၊ မည်သည့် အခါမျှ တေွးမည် မဟုတ်ကြောင်း၊ လောဟွာမှ ပြန်၍ ဆိုလာသည်။

အမြင့်ဆုံး တောင်ထိပ်ကို ရောက်ချင် ကြသည်မှာ သဘာဝ ဖြစ်၏။ တောင်ထိပ်သို့ ရောက်ချိန်၌၊ ထို့ထက် ပို၍ မြင့်သော တောင်ကို ထပ်မံ တွေ့ရှိ ကြပေမည်။

တောင်ပေါ် တက်ခြင်းသည် ရှင်ခြင်းနှင့် သေခြင်းကို၊ ဖြတ်ကျော်ရ သဖြင့်၊ ထိုထက် ပို၍ မြင့်သော တောင်ကို၊ ထပ် မတက်လို တော့ချေ။

“ စတုတ္ထတန်း ဓား ရည်ရွယ်ချက်ကို ရောက်ဖို့က၊ တကယ်ပဲ ခက်လွန်း ပါတယ်။ ”

လင်းယွန်က သက်ပြင်း ချလျက် နတ် ကျောက်စိမ်း ဝါးပလွေကို ထုတ်ယူ မိသည်။ ထို့နောက် တေးသွား တစ်ပုဒ်ကို တီးမှုတ် လိုက်၏။ တေးသွား ပြီးဆုံး မှသာလျှင်၊ အလို မကျ မှုများ ပြေလျော့ သွားသည်။

“ ဒီလောက ကြီးမှာ၊ ယင်နဲ့ ယန် ဆိုတာ အတူ ယှဉ်တွဲပြီး အမြဲရှိတယ်၊ တာအိုတွေ ထဲမှာ ဆေဘာဓားနဲ့ ဓားတာအိုက အခြား တာအို တွေထက်၊ ပိုမို အားကောင်းတယ်၊ ...

... ဒါကြောင့် သူက နားလည်ရ အခက်ဆုံး ဖြစ်နေ တာပဲ၊ စတုတ္ထတန်း ဓား ရည်ရွယ်ချက် ကို၊ အရိယာ ကောင်းကင် ဓားလို့ ခေါ်တယ်၊ ...

... ကောင်းကင်က ဘုံ (၉)ထပ် ရှိပြီး၊ စုစုပေါင်း အလွှာ (၃၆) လွှာ ပါရှိတယ်၊ အရိယာ ကောင်းကင်ဓား ဆိုတာက၊ အမြင့်ဆုံး အလွှာကို ရည်ညွှန်း တာပဲ။ ”

လောဟွာက ထိုင်ခုံမှ ရုတ်တရက် ထရပ် လိုက်ပြီး၊ မျောနေသော လင်းယွန်ကို သတိဝင် လာစေ၏။

“ ဒါပေမယ့် ... အဲဒါက အရေး ကြီးလား ... ။ ”

“ အ ရေး ကြီး လား ... ။ ”

လောဟွာ စကား များကို လင်းယွန်က သံယောင်လိုက် မိစဉ်၊ နှလုံးသားများ တုန်ခါ လာသည်။

သည့်နောက် တွင် တင်းကျပ် နေသော ခံစားချက်များ လေျာ့ပါး လာပြီး၊ ခေါင်းယမ်း လိုက်မိ၏။

“ မ ကြီး ဘူး ... ။ ”

သည်စဉ် ဓားပိုးအိမ်မှ၊ အလင်း တန်းများ လင်းလက် လာသည်။ ပြီးပြည့် စုံသော ပိုးအိမ် အဖြစ်၊ အသွင် ပြောင်းလဲခြင်း ဖြစ်၏။

ကောင်းကင်ဓားသည် ကောင်းကင်ဘုံ အထက်၌ မရှိဘဲ၊ ကောင်းကင် အဆင့် တွင်သာ တည်ရှိ သည်ဟု၊ အဓိပ္ပါယ် ရ၏။

ထို့ကြောင့် စတုတ္ထတန်း ဓား ရည်ရွယ် ချက်အား ရယူ လိုသော်၊ အရိယာ ကောင်းကင် ဘုံကို၊ ဖန်တီး ရပေမည်။

( ဆိုလို သည်မှာ အရိယာ ကောင်းကင်ဘုံ ကဲ့သို့၊ တည်ငြိမ် ခိုင်မြဲသော ရည်ရွယ်ချက် ရှိရ မည်ဟု အဓိပ္ပါယ် ရ၏။ )

ထို့ကြောင့် ကောင်းကင် ဘုံအား၊ ဓားနှင့် ဖြတ်ကျော်ကာ စစ်မှန်သော လွတ်လပ်မှု ရှာရ မည်ဟု ထင်ထားသော သူ့အား၊ လောဟွာမှ မြင်ကာ ကယ်တင် ပေးခဲ့ခြင်း ဖြစ်သည်။

“ ကျေးဇူး တင်ပါတယ် ... ။ ”

ကျေးဇူးတင် စကားကြောင့် လောဟွာမှ ပြုံးသည်။

“ မင်းက တောင်ပေါ် တက်နေ တုန်းမှာ၊ တိမ်တွေကို ငေးမိသွား တာပါ၊ ဒါကြောင့် ငါက နည်းနည်းလေး ပုတ်နှိုး ပေးလိုက်တာ၊ ...

... ငါ မကူညီ ရင်တောင်၊ ဓားသမား တစ်ယောက် ဖြစ်တဲ့၊ မင်းရဲ့ နှလုံးသားက ခိုင်မြဲ နေပြီး သားပါ၊ မကြာခင် ဒါတွေကို သူ့ အလိုလို မင်း ... သိမြင် လာပါ လိမ့်မယ်။ ”

နှစ်သိမ့် စကားကြောင့်၊ လင်းယွန်မှာ ပြုံးရုံသာ ပြုံးပြ မိသည်။ ရုတ်တရက် လောဟွာ နောက်ခံ အပေါ်၊ စိတ်ဝင်စား လာ၏။

သူတော်စင် မျိုးနွယ်စုဝင် များမှာ၊ ဤလောဟွာ ကဲ့သို့ ဉာဏ်ပညာ ကြီးရင့် ကြ သည်လော။

စတုတ္ထတန်း ဓား ရည်ရွယ်ချက် အပေါ်၊ သူမ၏ သုံးသပ်ချက် များမှာ၊ သူ့အား များစွာ အကျိုးရှိ စေသည်။

ဆိုလို သည်မှာ သူမ၌ သန်မာသော ဓားရည်ရွယ်ချက် ရှိသည်ဟု အဓိပ္ပါယ် ရ၏။ လမ်းဟောင်းကို မလိုက် စေဘဲ၊ ကိုယ်ပိုင်ဓား ရှာနိုင်ရန်၊ အလင်းပေး ခဲ့သည်။

ဥပမာ အားဖြင့် ယဲ့ဇီလင်သာ ဆိုပါက၊ လောဟွာ၏ စကားများကို နားလည် ဦးမည် မဟုတ်ချေ။

ကောင်ကင်ဓား အဆင့် ၌သာ ရှိသဖြင့်၊ ကောင်းကင်ဘုံကို ဓားနှင့် ဖြတ်ကျော်၍ မရနိုင် ဟူသော၊ ဤစကား များက တိုးတက်မှု အစား ဆုတ်ယုတ် မှုသာ ဖြစ်စေ ပေမည်။

သူ့ အနေ ဖြင့်မူ၊ စတုတ္ထတန်း ဓား ရည်ရွယ်ချက်ကို၊ အတော် အတန် တီးမိခေါက်မိ နေပြီ ဖြစ်သော ကြောင့်သာ၊ နားလည် လိုက်ခြင်း ဖြစ်သည်။

မိုးကောင်းကင်ကို လှီးဖြတ် နေသူ တစ်ယောက်အား၊ ထိုအထက်တွင် ကောင်းကင် ဘုံ၊ ရှိနေ သည်ဟု ဆိုပါက၊ စိတ်ပျက် သွားပေ လိမ့်မည်။

ထို့ပြင် စစ်မှန်သော လွတ်မြောက်ခြင်း ရရှိရန်၊ ကောင်းကင်ဘုံကို ဓားနှင့် ဖျက်ခြင်းဖြင့်၊ နည်းလမ်း အမှန် မဟုတ်မှန်း သိခဲ့သော်၊ ထိုလူမှာ ရူးသွား နိုင်၏။

ထို့ကြောင့် ကောင်းကင် ဘုံအား ချိုးဖြတ် ခြင်းသည်၊ သူတို့ ကဲ့သို့သော ဓား သမားများ အတွက်၊ အရေး မကြီး တော့ချေ။

လွတ်မြောက်ခြင်း အစစ် အမှန်မှာ၊ လက်ထဲမှ ဓား ဖြစ်သည်။ လူသတ် လိုသော် မည်သူ မဆို သေရ ပေမည်။

“ ဒါနဲ့ ... မိန်းကလေး လော၊ မင်းက ဓားသူတော်စင် တောင် အတွက် ... ၊ ဒီကို ရောက်နေ တာလို့၊ ငါ ကြားမိတယ်။ ”

“ မင်း ... ကြားတာ တစ်ဝက် မှန်တယ်။ ”

လင်းယွန် မေးခွန်းကို၊ ဓား သူတော်စင် တောင်ထံ လှည့်ကြည့်ကာ၊ လောဟွာမှ ပြန်ဖြေ လေသည်။

“ ဒီတောင်က မရိုး ရှင်းဘူး ... ၊ တောင်ထိပ်ကို တက်နိုင်တယ် ဆိုတာ ... ၊ ခရီးရဲ့ အစပဲ ရှိသေးတယ်၊ ...

... ဒီတောင် ပိုင်ရှင် ပေးတဲ့ အရာကို၊ သခင်လေး လင်းသာ အမှန် တကယ် ဆုပ်ကိုင် နိုင်လာရင်၊ အတား အဆီးကို ချိုးဖြတ် နိုင်ပါ လိမ့်မယ်။ ”

လောဟွာ ထံမှ၊ ထိုစကားကို ကြားလိုက် ရသော အခါတွင်၊ လင်းယွန်က အံ့သြ သွားပြီး၊

“ မိန်းကလေး လော ... ၊ မင်း တောင်ထိပ်ကို ရောက်ပြီး ပြီလား။ ”

“ ငါ မရောက်ဘူး၊ ဒါပေမယ့် ... မင်း ရောက်တယ်၊ ဒါကြောင့် မင်း မြင်ခဲ့တာ တွေကို ငါ မြင် နိုင်တယ်။ ”

လောဟွာက လျှို့ဝှက်သော အပြုံးဖြင့် ပြန်ဖြေ လာသည်။ ထိုစကား၏ ဆိုလို ရင်းကို လင်းယွန် နား မလည်ချေ။

သူ တောင်ပေါ် တက်နေစဉ်၊ သူမ လာရောက် စောင့်ကြည့် နေခြင်းကို၊ ပြောချင် လာပုံ ရသည်။

“ ဒါဆို ... ကျန်တဲ့ တစ်ဝက် ကရော။ ”

လင်းယွန်က မေးခွန်းကို ရေှ့ဆက် မိသည်။ ရုတ်တရက် ဤမိန်းကလေး အကြောင်းကို ပို၍ သိချင် လာ၏။

“ ကျန် တစ်ဝက်က ... ၊ ကျန် တစ်ဝက် ပဲပေါ့။ ”

လောဟွာမှ အဆိုပါ အကြောင်း အရာအား၊ ထုတ်ဖော်ပြော လိုခြင်း ရှိပုံ မရချေ။ ထို့ကြောင့် စကား ဝိုင်းမှာ တိတ်ဆိတ် သွား၏။

***

All Chapters