← Chapters

ပြိုင်ဘက် ပေါ်လာပြီ။

Vol. 82 Ch. 1139

ပြိုင်ဘက် ပေါ်လာပြီ။

Vol. 82 Ch. 1139

“ အဲဒါက အဖြေ ရှာရ လွယ်တဲ့ ပဟေဋ္ဌိ မဟုတ်ဘူး ။ ”

လင်းယွန်မှ ပြုံးကာ ဆိုသည်။

“ ငါ ... မင်းကို ပဟေဠိ ပေးနေတာ မဟုတ်ဘူး၊ ကျန် တစ်ဝက်ကို မင်း သိချင်ရင် သိမယ်၊ မသိ ချင်ရင် မသိဘူး၊ မင်းရဲ့ ပလွေသံ လိုပဲ၊ ပြတ်သားဖို့ လိုတယ်။ ”

လောဟွာမှ ခံစားချက် မဲ့သော လေသံဖြင့်၊ ရှင်းပြသည်။ ထိုစကားကြောင့် လင်းယွန် ခမျာ ထုံကျင် သွား၏။

နောက်ဆုံး အကြိမ်က၊ သူ အရက်မူး သွားကာ၊ ကောင်မလေး (၃)ဦး အကြား၊ ဝေဝါး နေသော ခံစားချက် များကို၊ ထုတ်ပြော ခဲ့မိ၏။

ယင်းကို လောဟွာမှ သတိ ပေးခြင်း ဖြစ်သည်။ သူမ အကြောင်းကို စုံစမ်းနေ ခြင်းမှ ရပ်စေလို ပုံရ၏။

“ မင်း ... ခရီး စဉ်ရဲ့ အတွေ့ အကြုံ အကြောင်း၊ ဘာလို့ မပြော တာလဲ၊ နတ်မိစ္ဆာ မိုးကြိုးဓားကို မင်းသတ် လိုက်တာ ငါ ကြားတယ်၊ ...

... ဒါပေမယ့် မင်း သူ့ကို ဘယ်လို သတ်လိုက်လဲ ငါ မသိဘူး၊ ဒါက စိတ်ဝင်စား စရာ ဖြစ်မယ်လို့ ငါ ယုံတယ်။ ”

“ ဒင် ... ။ ”

လောဟွာမှ ဗျပ်စောင်းကို၊ စတင် တီးခတ် လျက်မှ မေးလိုက်သည်။ ထို့နောက် ထောင်စုနှစ် မီးလျှံကို သောက်သုံးကာ၊ သူ့ တိုက်ပွဲများ အကြောင်း၊ လင်းယွန်မှ ပြန်၍ ဝေမျှ မိ၏။

မကြာ ခဏ ဆိုသလို လောဟွာမှ၊ အသေးစိတ် အချက် အလက် များကို၊ အာရုံစိုက် မေးမြန်း လာလေသည်။

လင်းယွန်၏ အရိယာ တေးသွားကို၊ အတူ တီးခတ်ရန် အကြံ ပြုသည်။ ထို့နောက် စကား စမြည် ပြောလျက်၊ အတူတူ တီးမှုတ် တော့၏။

သီချင်းများ တီးမှုတ် ပြီးနောက်၊ ထောင်စုနှစ် မီးလျှံ အစွမ်းဖြင့်၊ လင်းယွန် ခမျာ အိပ်ပျော် သွားရ ပြန်သည်။

အိပ်ရာမှ နိုးချိန်၌၊ နောက် တစ်နေ့ မနက်လင်း နေပြီ ဖြစ်၏။ နှစ်ခြိုက်စွာ အိပ်လိုက် ရသဖြင့်၊ စိတ်လက် ကြည်လင် နေသည်။

ကျင့်ကြံမှု မှာလည်း၊ ကောင်းကင် ဝိညာဉ် နယ်ပယ် အထွတ် အထိပ်သို့ ရောက်ရှိ လာပြီး၊ အလို ရှိပါက ချက်ချင်း ချိုးဖြတ် နိုင်ပေမည်။

“ ငါ ... ထပ်မှောက် သွားပြန် တာလား။ ”

ရှက်ရွံ့ စွာဖြင့် မျက်လုံးများ ပွတ်သပ်ကာ၊ ပြုံးလိုက် မိသည်။ ခါးကြော ဆန့်လိုက်စဉ် စားပွဲ ပေါ်၌၊ ထောင်စုနှစ် မီးလျှံ ရှိနေ သည်ကို၊ သတိ ပြုမိ လာ၏။

“ ဝှစ် ... ။ ”

ချက်ချင်းပင် ခုန်ထပြီး၊ သိမ်းယူ လိုက်သည်။

“ ဟား ... ဟား ... ဟား ... ။ ”

လောဟွာမှ သူ့အတွက် နောက်ထပ် ထားပေး ခဲ့ခြင်း ဖြစ်လေသည်။ ထိုကြောင့် ဓား သူတော်စင် တောင်ထံသို့၊ လှမ်းကြည့်ကာ အတွေးများ သွား၏။

ဤမိန်းကလေးသည် တိမ်လွှာဓား ဂိုဏ်း၌ အဘယ့်ကြောင့် အချိန်ဖြုန်း နေသည်ကို၊ မတွေး တက်တော့ချေ။

ဓား သူတော်စင် တောင်သည် အမှန်ပင်၊ လျှို့ဝှက် ဆန်းကြယ်၍ ပင်လော။ တောင်ထိပ်မှ အစသာ ဆိုသော်၊ မည်သည့် အရာများ ဖြစ်နိုင် မည်နည်း။

အင်ပါရီယန် နယ်ပယ်သို့ ရောက်ပါက သူ့အား နောက်တစ်ကြိမ် တက်ခွင့်ပေး မည်ဟု ဂိုဏ်းချုပ်မှ ဆိုထားသည်။

ယင်းကြောင့် ၎င်းအခွင့် အရေးကို၊ အမှန် အလေး အနက် ထားရပေ တော့မည်။ သည့်စဉ် မျက်ခုံး နှစ်ခု အလယ်မှ၊ ပူနွေးသော စီးကြောင်း တစ်ခုကို၊ ခံစား လာရ၏။

နဖူးကို လက်ဖြင့် ထိလိုက်ရာ၊ ထက်ရှသော ခံစား ချက်များ ရရှိ လိုက်သည်။ ဤ ပိုးအိမ်မှာ မပွင့်နိုင် သေးချေ။

၎င်းပွင့် သွားသော်၊ စတုတ္ထတန်း ဓား ရည်ရွယ် ချက်ကို၊ ရရှိမည် ဖြစ်သည်။ ရှည်ကြာ သော လုပ်ငန်းစဉ် ဖြစ်မည်ကို သိသော်လည်း၊ စိတ်စော လာမိ၏။

ယခု အချိန်၌ ဓားပိုးအိမ်တွင်၊ မည်သည့် အတား အဆီးမျှ မရှိ တော့ချေ။ ယမန် နေ့က ဖြစ်စဉ် အချို့ကို ပြန်၍ သတိရ သွားကာ၊ အနည်းငယ် တုန်ယင် သွားသည်။

ဓားသမား တစ်ယောက် အနေနှင့်၊ သူ့ နှလုံးသားမှာ သည်မျှ၊ အသည်းငယ် လိမ့်မည်ဟု မထင်ထား မိချေ။ ပြိုလဲလု နီးပါး ပေပင်။

ကောင်းကင် ဓားတွင် ၊ အဘယ့်ကြောင့် ဤမျှ ကြာကြာ ပိတ်ဆို့ နေရ သည်ကို စဉ်းစား မိလာ ၏။

လူအချို့က တောင်ပေါ် တက်ရန်၊ ဆန္ဒ မရှိ ကြချေ။ ဆန္ဒ ရှိသူ များပင်၊ တောင်ထိပ် ရောက် ပြီးနောက်၊ ထိုထပ် ပို၍ မြင့်မားသော တောင် တစ်လုံး ရှိနေ ကြောင်းကို၊ ဝန်မခံ ချင်ကြချေ။

ယင်းကြောင့် ကောင်းကင် ဓားကို ဖြတ်ကျော်ရန် မဆိုနှင့်၊ ကောင်းကင် ဓားအား ရရှိ ရန်ပင်၊ ခက်ခဲ နေခြင်း ဖြစ်သည်။

“ ကလု ... ။ ”

“ ဝှစ် ... ။ ”

ထို့နောက် ထောင်စုနှစ် မီးလျှံအား တစ်ငုံ မော့သောက်ကာ၊ တိမ် ပင်လယ် ထဲသို့ ခုန်ဆင်း လိုက်တော့သည်။

ကောင်းကင်ဓား ပြဿနာကို၊ ဖြေရှင်း နိုင်ပြီဖြစ် သဖြင့်၊ နဂါး သွေးရည်ကြည် များအား သန့်စင်ကာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၏ ကန့်သတ် ချက်သို့၊ ရယူ ရပေမည်။

သူ့တွင် ကြီးမားသော အကြံ အစည် ရှိသည်။ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက်သို့ တက်လှမ်းကာ၊ အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင်လျက်၊ အင်ပါရီယန် တစ်ပါး ဖြစ် လိုခြင်း ဖြစ်သည်။

ထို့နောက် ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေရှိ၊ အတော် ဆုံးသော ပါရမီရှင် များနှင့် ယှဉ်ပြိုင်ရန်၊ ခြေဆန့် ရနိုင်ပြီ ဖြစ်၏။

သူ့အိမ်သို့ မဝင်မီ ကပင်၊ ခြံဝင်း ထဲမှ ရယ်မော သံများ ပျံ့လွင့် လာသည်။ လင်းယွန် ပြန်ရောက် နေကြောင်း၊ ကြားသိထား သဖြင့်၊ ဝမ်ယုဝါမှ လာစောင့် နေခြင်း ဖြစ်၏။

“ ခစ် ... ခစ် ... ခစ် ... ။ ”

ခရမ်းငယ်နှင့် စကား စမြည် ပြောလျက် ရယ်မော ပျော်ရွှင် နေလေသည်။ လင်းယွန်အား မြင်သည်နှင့်၊ မျက်ဝန်းများ တောက်ပ လာပြီး၊

“ အိုး မွှေးလိုက်တာ ... ၊ အစ်ကို ယွန် မင်း မနေ့ ညက၊ ပန်းသွားကောက် နေတာလား၊ ခစ် ခစ် ခစ် ... ။ ”

-ဟု ရယ်မောကာ စနောက် လာသည်။

“ ဟမ့် ... ။ ”

ဝမ်ယုဝါ စကားကြောင့်၊ နှာခေါင်းအား တရှုပ်ရှုပ် လုပ်ကာ၊ ခရမ်းငယ်မှ သံသယဖြင့် လင်းယွန်ထံ ပြန်ကြည့်သည်။

“ ဘယ် ပြောလို့ ရမလဲ ... ၊ သူ့ ကောင်မလေး တွေနဲ့၊ သွားချိန်း တွေ့ နေတာ နေတာ နေမှာပေါ့၊ ရွံ့စရာ ကောင်း လိုက်တာ။ ”

“ စကားကို ... သတိ ထားပြောပါ။ ”

လင်းယွန် တစ်ယောက် မျက်လုံးပြူး သွားပြီး၊ ခရမ်းငယ် နဖူးကို နောက်သို့ လှန်ထုတ် လိုက်သည်။

“ ဟုတ် တယ် ... ၊ ဒါက ... မိန်းမ တစ်ယောက်ရဲ့၊ ကိုယ်သင်း ရနံ့လို့ ထင်ရတယ်၊ အစ်ကိုကြီး ယွန်၊ မင်း ... ကောင်မ လေးနဲ့ တကယ် သွားတွေ့ နေတာလား။ ”

ဝမ်ယုဝါမှ သတိထား မိသွားပြီး၊ မျက်မှောင် ကြုတ်လျက်၊ ပြန်ကြည့် လာသည်။

“ သူ့ စကား တွေကို၊ နားယောင် မနေနဲ့ ... ၊ မိန်းကလေး လောဟွာနဲ့၊ သွားသောက် နေတာ ပါ။ ”

“ စီနီယာ အစ်မ လောလား။ ”

လင်းယွန် အဖြေကြောင့်၊ ဝမ်ယုဝါမှ အံ့ဩ သွားပြီး၊

“ အစ်မလော ဆိုတာက ... ၊ အေးစက် လွန်းပြီး၊ ဖော်ရွေမှု မရှိသူ အဖြစ်၊ လူတိုင်းက သတ်မှတ် ထားတယ်၊ ...

... ဂိုဏ်းချုပ်က လွဲလို့၊ ဘယ်သူမှ သူ့နား ကပ်လို့ မရဘူး၊ အစ်ကိုကြီး ... မင်းက တကယ် မြာစွံ တာပဲ။ ”

“ ကောင်မလေး မဟုတ်တာ မပြောနဲ့ ... ။ ”

လင်းယွန်မှ မျက်စိ တစ်ဖက် မှိတ်ပြပြီး ငြင်းဆို သဖြင့်၊ ဝမ်ယုဝါ တစ်ယောက် ရှက်ရွံ့ သွားကာ၊ ချက်ချင်း ခေါင်းငုံ့ လိုက်မိသည်။

“ ဟွန့် ... ။ ”

ခရမ်းငယ်က အထင် အမြင် သေးစွာဖြင့် နှာခေါင်းရှုံ့ လိုက်၏။ ထိုစဉ် ဝမ်ယုဝါမှ တစ်စုံ တစ်ရာကို၊ တွေးမိ လာပြီး၊

“ အစ်ကိုကြီး ယွန် ... ၊ မင်းကို အရေး တကြီး ပြောစရာ ရှိတယ်၊ မင်းမှာ ရည်စား လုဘက်ပေါ် လာပြီ။ ”

“ ဘယ်သူလဲ၊ အဲဒီကောင် ဘယ်သူလဲ ... ။ ”

လင်းယွန်က ဒေါသ ထွက်ဟန် ပြုလျက် ပြုံးကာ ပြန်မေးသည်။ ထိုအမူ အရာ ကြောင့်၊ ခရမ်းငယ်မှာ တစ်ဖက် လှည့်သွားပြီး၊

“ ယောက်ျား တွေများ ... ၊ ရွံ့စရာ ကောင်း လိုက်တာ။ ”

-ဟု ရေရွတ် တော့သည်။

“ ခရီးက ပြန်ရောက် လာပြီး ကတည်းက၊ အစ်မယဲ့ ပြောင်းလဲ သွားတယ်၊ တစ်ခါ တစ်လေ သူ တစ်ယောက်ထဲ၊ စကားတွေ ပြော နေတယ်၊ ...

... ပန်းသင်္ချိုင်း ဆိုတဲ့ လူကို ... ၊ အစ်ကိုကြီး ယွန် သိလား၊ အဲဒီ လူယုတ်မာ ဘယ်သူလဲ မသိ ပေမယ့်၊ ငါ သူ့ကို အရမ်း မုန်းတယ်၊ အစ်မ ယဲ့က သူ့ အပေါ် စိတ်ဝင်စား နေပုံပဲ။ ”

ဝမ်ယုဝါမှ အံကြိတ်လျက်၊ ဒေါသဖြင့် ပြောလာ သောကြောင့်၊ လင်းယွန် တစ်ယောက် နေရခက် သွားသည်။

ခရမ်းငယ်မှာ တစ်ဖက် လှည့် နေရာမှ၊ အံ့ဩဟန်နှင့်၊ ပြုံးစိစိ ဖြစ်သွား၏။ ထို့နောက် မနေနိုင် တော့ဘဲ၊

“ ဟုတ်တယ် ... ၊ ပန်းသင်္ချိုင်း ဆိုတဲ့ ကောက်က၊ ရွံ့စရာ ကောင်းတဲ့ အကောင်ပဲ။ ”

-ဟု ဝင်ပြော လာတော့သည်။

( ငါက ... ငါ့ ရည်စားကို၊ ငါ ပြန်လုမိ နေတာလား၊ ဟမ် ... နေပါဦး၊ ယဲ့ဇီလင် ... ၊ သူ ဘယ်လိုလုပ်၊ ငါ့ ကောင်မလေး ဖြစ်သွား ရတာလဲ။ )

လင်းယွန်မှာ စိတ်ရှုပ် သွားပြီး၊

“ ကောင်မလေး ... ၊ မင်း အစ်မကို ငါ စိတ်မဝင် စားဘူး၊ လူတွေ အထင် လွဲအောင် လိုက်ပြော မနေနဲ့။ ”

“ ဟဲ ဟဲ ... ၊ ယုဝါ နားလည် ပါပြီ။ ”

ဝမ်ယုဝါက မျက်စောင်း ထိုးလျက်၊ ခေါင်းညိတ် လိုက်သည်။ ထိုအမူ အရာ အရ၊ သူ့ စကားကို မယုံကြောင်း၊ လင်းယွန် သိ၏။

အဆုံးတွင် တစ်ဖက် သားကို၊ ရှင်းပြရန် အားထုတ် ရာ၌၊ သူ့တွင် ညံ့ဖျင်းသော အရည် အသွေး ရှိကြောင်း၊ သိလိုက် ရလေသည်။

“ အဟီး ... ၊ အလေး အနက် စကားပြော ရအောင်၊ အစ်ကိုကြီး ယွန်၊ အဲ့ဒီ ပန်းသင်္ချိုင်းကို တကယ် မသိ ဖူးလား၊ ဂိုဏ်း ပေါင်းစုံက ...

... သူ့ အကြောင်းပဲ ပြောနေ ကြတယ်၊ ကြယ်ခန်းမမှာ သီချင်း တစ်ပုဒ်နဲ့ ... ၊ နတ်မိစ္ဆာ မိုးကြိုးဓား ခေါင်းကို ဖြတ်သွား တယ်တဲ့။ ”

မိုးကြိုးဓားနှင့် တိမ်လွှာဓား ဂိုဏ်းမှာ၊ ရန်ငြိုးရှိ သောကြောင့်၊ ဝမ်ယုဝါ အနေဖြင့်၊ ရွှင်မြူး နေခဲ့သည်။

မည်သို့ ပြန်ဖြေ ရမည်မှန်း မသိသော လင်းယွန်က၊ နဖူးအား လက်ညှိုးနှင့် ကုတ်ခြစ် လျက် စဉ်းစား လိုက်မိသည်။

သူကိုယ်သူ ပြန်၍ ချီးကျူး နေရ လောက်အောင်၊ အရူး မဟုတ်ချေ။ အနည်းငယ် စဉ်းစား ပြီးနောက်၊ နိမ့်ချသော ပုံရိပ်ကို ဆက်ထိန်း ထားရန် ဆုံးဖြတ် လိုက်၏။

“ ငါ သူ့ အကြောင်းကို၊ နည်းနည်းတော့ ကြားဖူး ပါတယ်၊ သူက ငါ့ထက်တော့ အားနည်း ပုံ ရတယ်။ ”

“ ဟုတ်လား ... ၊ နင်က တော်တော် ကြွားဝါ တက်တာပဲ၊ ဟမ့် ... ။ ”

ဤအခိုက်တွင် အိမ်အပြင် ဘက်မှ နေ၍၊ အေးစက်သော နှာခေါင်းရှုံ့သံ ထွက်ပေါ် လာပြီး၊ လူရိပ် တစ်ရိပ် လှမ်းဝင် လာသည်။

“ ဝှစ် ... ။ ”

သူမ ထံမှ အေးစက်စက် ရောင်ဝါကို ခံစားရ သည်နှင့်၊ ခရမ်းငယ် ခမျာ ဓားသေတ္တာ အတွင်း အမြန် ဝင်ပုန်း လေသည်။

ဤမြင်ကွင်းကြောင့် လင်းယွန်မှာ မျက်လုံးပြူး သွားသည်။ ခရမ်းငယ် အနေဖြင့်၊ ယဲ့ဇီလင် အပေါ်၊ အမှန်ပင် ကြောက်လန့် သွားပုံ ရ၏။

“ အစ်မယဲ့ ... ။ ”

ဝမ်ယုဝါက ပြုံးကာ နှုတ်ဆက် လိုက်သည်။

“ မင်းနဲ့ နောက်မှ ရှင်းမယ် ... ။ ”

ယဲ့ဇီလင်မှ စိုက်ကြည့်ကာ ပြောလာ သဖြင့်၊ ဝမ်ယုဝါ ခမျာ ချက်ချင်း ခေါင်းငုံ့ ချလိုက်မိ လေ သည်။

“ စီနီယာ အစ်မ၊ ကျန်းမာ ပါရဲ့လား။ ”

လင်းယွန်က နှုတ်ဆက် လိုက်၏။ အမှန် အတိုင်း ဝန်ခံ ရပါမူ၊ ယဲ့ဇီလင် တစ်ယောက် အဆင်ပြေ နေကြောင်း သူ သိသည်။

မကြာသေး မီကပင် သူတို့ နှစ်ဦး ကောင်းကင်ဘုံ ကြယ် ခန်းမ၌ ဆုံဖြစ် ထားဖူး ပေ၏။ ထိုစဉ်က ပန်းသင်္ချိုင်း အသွင်နှင့် ဖြစ်သဖြင့်၊ မနှုတ်ဆက် မိချေ။

“ မင်း အကြောင်း ... ၊ ငါ အကုန် သိလာပြီ။ ”

ယဲ့ဇီလင်က ဖော်ရွေမှု ကင်းမဲ့စွာ၊ လင်းယွန်ထံ စိုက်ကြည့်ပြီး စကား စလာသည်။ သူမ စကား များကြောင့်၊ လင်းယွန် ထိတ်လန့် သွား၏။

သို့သော် ငွေလမင်း မျက်နှာ ဖုံးသည်၊ ရောင်ဝါ ကိုသာ မက၊ အသံ ကိုပင် ပြောင်းလဲ နိုင်သောကြောင့် ယင်းမှာ အဓိပ္ပါယ် မရှိခေျ။

“ နဝမမြောက် ကောင်းကင် လမ်းရဲ့ ... ချန်ပီယံ၊ စစ်မက် နယ်မြေက သခင်ငယ် ငါးပါး ကို သတ်ပြီး၊ ကျန် ငါးပါးကို ဒုက္ခိတ ဖြစ်စေ ခဲ့တဲ့ ဓားသမား လင်းယွန်။ ”

ယင်းက ဝမ်ယုဝါကို၊ ပါးစပ် အဟောင်းသား ဖြစ်စေ၏။ အစ်ကိုကြီး ယွန်မှာ ချန်ပီယံ ဖြစ်လိမ့် မည်ဟု၊ တစ်ကြိမ် မျှပင် မတွေးထား ဖူးခေျ။

အခြားသော လမ်းများရှိ၊ ချန်ပီယံ များမှာ၊ ပြိုင်ဘက် ကင်းသော ပါရမီရှင်များ ဖြစ်ကြောင်း၊ ကြားသိ ထားသည်။ နောက်ဆုံးတွင်၊ ၎င်းတို့၏ အမည် များမှာ၊ ခွန်လွန်ဘုံ၌ မော်ကြွားစွာ တောက်ပ နေခဲ့၏။

“ တောင်းပန် ပါတယ် ... ၊ ဟိုတုန်းက မင်းအပေါ် လျှော့တွက် မိခဲ့လို့ ... ၊ ငါကိုယ်တိုင် လာ တောင်းပန် တာပါ။ ”

လင်းယွန်မှာ အံ့သြ သွားသည်။ သူမ၏ အကျင့်စရိုက် အရ၊ ဤသို့ တောင်းပန် လာလိမ့် မည်ဟု၊ မထင် ထားချေ။

ယင်းက သူမသည် ထိုမျှလောက် လူမှု ဆက်ဆံရေး ခေါင်းပါးလွန်း သူ တစ်ဦး မဟုတ် ကြောင်း၊ ပြသရာ ရောက်လေ၏။

သို့သော် လင်းယွန်မှ စိတ်ထဲ ရှိပုံ မပြဘဲ၊

“ ဒါက စီနီယာ အစ်မနဲ့ ... ၊ ဘာမှ မဆိုင် ပါဘူး၊ ကောင်းကင် လမ်းမှာ၊ ရန်သူတွေ များခဲ့ တဲ့ အတွက်၊ အခုလို ကိုယ့်ကိုယ်ကို၊ ဖုံးကွယ် ထားမိ တာပါ။ ”

လင်းယွန်မှာ သူ့ အောင်မြင်မှုကြောင့်၊ ဝင့်ကြွားစွာ တုန့်ပြန် လာလိမ့် မည်ဟု ထင်ထား သော်လည်း၊ ထိုသို့ မဟုတ်ချေ။ ယင်းအစား ပေါ့ပေါ့ ပါးပါးပင် ပြောလာ ခဲ့သည်။

“ တကယ်တော့ မောက်မာ တက်တာက လွဲရင်၊ မင်းနဲ့က ပြောဆို ဆက်ဆံရ အဆင်ပြေ ပါတယ်၊ ဒါပေမယ့် ပန်းသင်္ချိုင်း အကြောင်း ...

... မကောင်း မပြော ပါနဲ့၊ သူက ငါ့ ကျေးဇူးရှင်ပဲ၊ နောက် တစ်ခါဆို ငါ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”

လင်းယွန်မှ တုန့်ပြန်ရန် ပြင်လိုက် သော်လည်း၊ ယဲ့ဇီလင်တွင် စကား မဆုံးသေး သည်ကို၊ သိလိုက် သဖြင့်၊ ပြန်၍ ငြိမ်သက် သွားမိသည်။

“ မင်းက သန်မာပြီး၊ အနာဂတ်မှာ သေချာပေါက် ငါ့ကို ကျော်တက် သွား နိုင်ပါ လိမ့်မယ်၊ အခုချိန် မှာတော့ ... အားနည်း နေတာကို လက်ခံ ရမယ်။ ”

လင်းယွန် နှလုံးသားကို မထိ မခိုက် စေလို သောကြောင့်၊ ကောင်းကင်နှင့် မြေကြီး ကွာဝေး သကဲ့သို့၊ ကွာခြားချက် ကြီးမား သည်ဟု မပြော ခဲ့ပေ။

ထို့နောက်တွင် သူမ စကားမှာ၊ အမှား အယွင်း တစ်စုံ တစ်ရာ မရှိမှန်း၊ လင်းယွန်မှ သိပုံ ရပြီး၊ နှုတ်ဆိတ် သွားသည်။

“ ပြီးတော့ ... ခရမ်းငယ်နဲ့ ပတ်သတ်ပြီး ... ၊ မင်းအပေါ် နားလည်မှု လွဲခဲ့တာ ကိုလည်း ... ၊ ငါ တောင်းပန် ပါတယ်။ ”

“ အဲဒီ အတွက်တော့ အားမနာ ပါနဲ့၊ ဒီကောင်မ လေးက အရမ်း ဆိုးတယ်၊ ခုလို ဆုံးမ ပေးတာ မှန်ပါတယ်၊ မကြာ မကြာ စီနီယာ အစ်မ ဆီကို၊ ပို့ပေး ပါ့မယ်။ ”

လင်းယွန်မှ ပြုံးလျက် ချက်ချင်း တုန့်ပြန် လိုက်သည်။

“ မင်း ... လုပ်ဝံ့လား။ ”

ခရမ်းငယ်က အံကြိတ်လျက်၊ ဓားသေတ္တာ ထဲမှ နေ၍ ကြိတ်အော် လိုက်သည်။ ယဲ့ဇီလင်က လင်းယွန်အား အလေး အနက် ပြန်ကြည့်ကာ၊

“ မင်းကို ပါးစပ် နဲ့တင် တောင်းပန်ဖို့ ... ၊ ငါစိတ် မလုံ ပါဘူး၊ ဒါက နတ်မိစ္ဆာ မိုးကြိုးဓားရဲ့ သိုလှောင် အိတ်ပါ၊ ဒီအတွက် တိုက်ပွဲ ဝင်တဲ့၊ လူတွေ အများကြီး ရှိခဲ့ ပေမယ့် ...

... ငါ ရအောင် ယူနိုင် ခဲ့တယ်၊ စိတ်ချ ငါလုံးဝ ဖွင့် မကြည့်ရ သေးဘူး၊ မင်း အတွက် အသုံးဝင် မယ်လို့၊ ငါ ထင်တယ်၊ လက်ခံ ပေးပါ။ ”

နတ်မိစ္ဆာ မိုးကြိုးဓား လင်အောင်းရန်၏ သိုလှောင် အိတ်ကို၊ ယဲ့ဇီလင်မှ ရယူ နိုင်လိမ့် မည်ဟု၊ မထင်ထား သဖြင့်၊ အံ့ဩ သွားသည်။

“ ဒါဆို ... ငါ မငြင်းတော့ ပါဘူး။ ”

လင်းယွန်က သိုလှောင် အိတ်ကို လှမ်းယူ လိုက်၏။ ယဲ့ဇီလင်မှ သွားရန် အချိန် ကျပြီဟု၊ ဝမ်ယုဝါအား အချက် ပြလေသည်။

သို့သော် ရုတ်တရက် တစ်စုံ တစ်ရာကို သတိရသွား ဟန်ဖြင့်၊ လင်းယွန်ထံ လှည့်ကြည့် ကာ၊

“ မင်း မှန်တယ် ... ၊ ဒီကောင်မလေး စကားကို နား မယောင်နဲ့၊ မင်းက လူကောင်း တစ်ယောက် ဆိုပေမယ့်၊ ငါလည်း မင်းကို စိတ်မဝင် စားဘူး၊ ဒါကြောင့် အထင် မှားတာ မျိုးလည်း၊ အဖြစ် မခံ နိုင်ဘူး။ ”

-ဟု ဆိုပြီး လှည့်ထွက် သွားတော့သည်။

ထိုစကားကြောင့် လင်းယွန် ခမျာ၊ ပါးစပ် ဟောင်းလောင်း ဖြစ်သွားသည်။ ယဲ့ဇီလင် အနေ နှင့် သူ့ စကားကို၊ အထင်လွဲ သွားပုံ ရသည်။

“ ခစ် ... ၊ ခစ် ... ၊ ခစ် ... ။ ”

ဓားသေတ္တာ ထဲရှိ ခရမ်းငယ်မှာ၊ ကြမ်းပြင်ပေါ် ရုတ်တရက် ထိုင်ချ လိုက်ပြီး၊ မြေပြင်ကို တဘုန်းဘုန်း ရိုက်လျက်၊ ရယ်မော လိုက် တော့သည်။

***

All Chapters