← Chapters

သွေ့ရော် နက်ရှိုင်းခြင်း။

Vol. 82 Ch. 1140

သွေ့ရော် နက်ရှိုင်းခြင်း။

Vol. 82 Ch. 1140

ယဲ့ဇီလင် ပုံရိပ် ပျောက်ကွယ် သွားမှသာ ဓားသေတ္တာ အတွင်းမှ ခရမ်းငယ် ထွက်လာ သည်။ သူမ တစ်ကိုယ်လုံး တုန်ယင် နေပြီး၊ မဝံ့မရဲနှင့် ပတ်ဝန်း ကျင်ကို ဝေ့ကြည့်၏။

“ အဲ့ဒီ မိစ္ဆာမ ပြန်သွား ပြီလား။ ”

“ ဒါနဲ့ ... ငါရော ဓားသေတ္တာ ထဲကို ဝင်လို့ ရမလား။ ”

လင်းယွန်က မေးသည်။ ခရမ်းငယ် တစ်ယောက် ဤသို့ စွတ်ကယ် စွတ်ကယ်နှင့် ဓားသေတ္တာ အတွင်း၊ ဝင်ထွက် သွားလာ သည်ကို မနာလို ဖြစ်မိသည်။

“ နင်က ဓားသူတော်စင်ရဲ့ ... ၊ အမွေကို လိုချင် လို့လား၊ ဒါဆို အင်ပါ ရီယန် နယ်ပယ် ရောက်အောင် လုပ်ပါ၊ အဲဒီ အခု ကျမှ ဆက် ပြော ရအောင်၊ ...

... ခရမ်းရောင် ရေခဲ မီးတောက်ကို မထိန်းချုပ် နိုင်သေးရင်၊ ဒီဓား သေတ္တာကို သန့်စင် လို့ မရဘူး၊ ဒီဓား သေတ္တာမှာ ...

ခိုင်မာတဲ့ သမိုင်းကြောင်း ရှိတယ်၊ နင်က အားနည်း နေသေးတဲ့ အတွက်၊ ဒါကို မသိချင် ပါနဲ့ဦး။ ”

ခရမ်းငယ်မှ ပြန်ဖြေသည်။

“ ဓားသူတော်စင် တောင် ကိုရော ဘယ်လို မြင်လဲ၊ သူ့မှာ လျှို့ဝှက်ချက် ရှိနေ တယ်လို့ရော မထင် ဖူးလား။ ”

တောင်ထိပ်သို့ ရောက် ပြီးနောက် တွင်ပင်၊ သံသယ ဖြစ်စရာ မည်သည့် အရာ ကိုမျှ မတွေ့ ခဲ့သဖြင့်၊ လင်းယွန်မှ မယုံ နိုင်ချေ။

“ ငါ မမှား ပါဘူး ... ၊ အဲ့ဒီ တောင်က သမိုင်းကြောင်း ကောင်းကောင်း ရှိတယ် ဆိုတာ က လွဲလို့၊ ဘာ လျှို့ဝှက်ချက် ကိုမှ၊ ငါ မမြင် မိဘူး။ ”

ထို့ကြောင့် လင်းယွန်က ၎င်းကို ခေါင်းထဲမှ ထုတ်ကာ၊ သိုလှောင်အိတ်ထံ အာရုံ ရောက်သွား ၏။ နဂါးလေး အတွက် အသုံး ဝင်သော တစ်စုံ တစ်ရာကို မျှော်လင့် မိသည်။

နဂါးလေး၏ ကျင့်ကြံမှုမှာ၊ ပိတ်ဆို့ သွားပုံ ရသည်။ မဟုတ် ပါက၊ အင်ပါရီယန် နယ်ပယ်သို့ ရောက်ရှိပြီး ဖြစ်ပေမည်။

ယွဲ့ဝေဝေ ပေးခဲ့သော ရှေးဟောင်း နဂါး မျောက်ဝံ အသွင် ပြောင်းခြင်း နည်းစနစ်ကို သူ နားမလည် သဖြင့်၊ မကူညီ နိုင်ချေ။

ယင်းကြောင့် ပြုံးလျက် ခရမ်းငယ်ထံ ကြည့်မိသည်။

“ ဧကရီ၊ ရှေးဟောင်း နဂါး မျောက်ဝံ အသွင်ပြောင်း လဲခြင်း နည်းစနစ်ကို၊ မင်း ကြား ဖူးလား။ ”

“ ငါ မသိတာ ဘာမှ မရှိဘူး၊ ဟမ့် ... တစ်ယောက် ယောက်က၊ ငါ့ကို ယဲ့ဇီလင်ဆီ ပေးချင် နေတာ ကြား လိုက်တယ်၊ ဘာကိစ္စ ငါက ရှေးဟောင်း မျောက်ဝံ အသွင် ပြောင်းခြင်း နည်းစနစ်ကို သင်ပေး ရမှာလဲ။ ”

ချက်ချင်း လက်စားခေျ လာသော၊ ခရမ်းငယ်၏ အသွင်က ချစ်စရာ ကောင်းလှ၏။ သည့်နောက် ထောင်စုနှစ် မီးလျှံအား လင်းယွန်မှ ထုတ်ယူ လိုက်သည်။

“ ဧကရီ ... ၊ ဒီမှာ ကြည့်စမ်း ... ။ ”

“ ထောင် စု နှစ် မီးလျှံ ... ။ ”

နှုတ်ခမ်း စူလျက်မှ ခရမ်းငယ် တစ်ယောက် မျက်လုံးများ ဝင်းလက် သွားပြီး၊

“ ဟွန့် ... အထင် ကြီးစရာ မရှိ ပါဘူး၊ ဟိုတုန်းက သူတော်စင် ဘုရင်သာ သောက်တဲ့ ကောင်းကင် ဝိုင်နဲ့၊ ကျောက်စိမ်း နှင်းရည် ကိုပဲ သောက် ခဲ့တာ၊ ထောင်စုနှစ် မီးလျှံ လောက်တော့ စိတ်မဝင် စားဘူး။ ”

စိတ်မဝင် စားဟု ဆိုလာ သော်လည်း၊ ခရမ်းငယ်၏ မျက်ဝန်း များက ထောင်စုနှစ် မီးလျှံ ထံမှ မခွာ နိုင်ချေ။ မျက်လုံး ထောင့် ကပ်ကာ၊ ခိုးကြည့် လေသည်။

“ ဒါ ... မင်း အတွက်ပဲ။ ”

လင်းယွန်က ပုလင်းကို ပေးတော့မည့် အချိန်မှာပင်၊ ခရမ်းငယ်မှ လှစ်ခနဲ ဆွဲယူ သွား ၏။ ထို့ကြောင့် ပြုံးလိုက်ပြီး၊

“ နဂါးလေးက ... ၊ ရှေးဟောင်း နဂါး မျောက်ဝံ အသွင် ပြောင်းလဲခြင်း နည်းစနစ်ကို ကျင့်ကြံ နေတာ၊ အခု သူ ပိတ်ဆို့ သွားပြီ၊ မင်းမှာ အဖြေ ရှိလား။ ”

-ဟု မေးလိုက် တော့သည်။

နဂါးလေးက စားပွဲပေါ် ခုန်တက်ပြီး၊ ခရမ်းငယ်ထံ သနား ခံသည့် အသွင်ဖြင့် မော့ ကြည့် လိုက်သည်။ ၎င်း အမူအရာ အရ မည်မျှ၊ စိတ်ပျက် နေ မည်ကို၊ မြင်သာ စေ၏။

“ နဂါးလေး အတွက် ဆိုရင်တော့ ... ပြဿနာ မရှိ ပါဘူး၊ ငါ ပြောပြ နိုင်တယ်၊ သူက တတိယ အဆင့်မှာ ပိတ်မိ နေတာ၊ သူတော်စင် အဆင့် နှစ်ငါးရာ သက်တမ်း ရှိတဲ့၊ နဂါးသွေး သစ်သီး လိုတယ်။ ”

ရှေးဟောင်း နဂါး မျောက်ဝံ အသွင် ပြောင်းလဲခြင်း နည်းစနစ်သည်၊ ရွှေခေတ် ၌ပင် ကျော်ကြားသော ပညာရပ် တစ်ရပ် ဖြစ်၏။

ထို့ကြောင့် ထိုသစ်သီးမျိုး ပေါ်လာ ချိန်တိုင်း၌၊ နတ်မိစ္ဆာ မိသားစု၏ စွမ်းအားရှင် များမှ၊ လှုပ်ရှား လာပေ၏။

သူ၏ နဂါး သွေးရည်ကြည် များတွင်၊ အစစ် အမှန် နဂါးသွေး မပါ ဝင်ချေ။ နဂါးသွေး ပါသော သားရဲ များမှ ပြန်၍ သန့်စင် ထားခြင်း ဖြစ်သည်။

ခရမ်းငယ် စကားကို ကြားသော အခါတွင်၊ နဂါးလေး ခမျာ ခေါင်းငိုက်စိုက် ကျသွားပြီး၊ သူ့ လက်သည်း များထံ၊ အဓိပ္ပါယ်မဲ့ ကြည့်နေ တော့၏။

ကောင်းကင်လမ်း တစ်လျှောက်၊ သန်မာ အားကောင်း ခဲ့သော်လည်း၊ ယခု တွင်မူ ဝန်ထုပ် ဝန်ပိုး ဖြစ်လာ ပေ တော့မည်။

“ ဒါနဲ့ နဂါးသွေး ပါတဲ့ သစ်သီး အစား၊ နတ်ဘုရား အသေွးတော် သစ်သီး ဆိုရင်ရော အဆင်ပြေ မလား ... ။ ”

လင်းယွန်က မျှော်လင့်ချက် ကြီးစွာဖြင့် မေးမိသည်။

“ နတ်ဘုရား အသွေးတော် သစ်သီးလား။ ”

လင်းယွန်တွင် အရွက် ရှစ်ရွက် ပါသော နတ်ဘုရား အသွေးတော် သစ်သီး ရှိသည်ကို မသိ သောကြောင့်၊ ခရမ်းငယ်မှာ အံ့အားသင့် သွားသည်။

ဤသတင်းသာ ပျံ့သွား ပါက၊ မရေ မတွက် နိုင်သော သူတော်စင်များနှင့်၊ သူတော်စင် ဘုရင် များပင်၊ အာရုံစိုက် လာနိုင်သည်။

အသွေးတော် သစ်သီး မဆိုနှင့်၊ အရွက် တစ်ရွက် သည်ပင်၊ လျှပ်စီး တိမ်လွှာဓား ဂိုဏ်း ထက်၊ ပို၍ တန်ဖိုး ရှိ၏။

“ နတ်ဘုရား အသွေးတော် သစ်သီး ဆိုရင်တော့၊ အရွက် တစ်ရွက်နဲ့တင် လုံလောက် ပါတယ်၊ ဒါပေမယ့် ဒါကို သုံးမှာ သေချာလား။ ”

ခရမ်းငယ်မှ သေချာအောင် ထပ်မေးသည်။

“ လက်ရှိ ခေတ်က ရွှေခေတ်နဲ့ မယှဉ်နိုင် ပေမယ့်၊ နဂါးသွေး ပါတဲ့ အသီး တွေကို ရှာတွေ့ နိုင်ပါ သေးတယ်၊ ...

... အသွေးတော် သစ်သီး ကတော့ အရမ်း တန်ဖိုး ရှိပြီး၊ အရွက် တစ်ရွက် ချင်းစီ ကတောင် နဂါးသွေး သစ်သီး တွေထက် သာတယ်။ ”

ဤသစ်သီး မှာမူ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ပညာရှင် များပင်၊ မသန့်စင် နိုင်သော တန်ဖိုးကြီး ရတနာ ဖြစ်၏။

ထို့ကြောင့် အချို့သော အကြီး အကဲ များသည်၊ ၎င်းတို့၏ သားစဉ် မြေးဆက် များကို ပြုစု ပျိုးထောင်ရန် အတွက်၊ အရွက်များ အပေါ်၊ တန်ဖိုး ကြီးကြီး ပေးဝယ် ကြသည်။

“ ဘာလို့ ... မသေချာ ရမှာလဲ။ ”

နဂါး လေးမှာ သူနှင့် ညီအစ်ကို ဖြစ် သောကြောင့်၊ လင်းယွန်က တွန့်တို နေစရာ အကြောင်း မရှိချေ။

မဆိုင်း မတွဘဲ အိတ်ထဲမှ ကျောက်စိမ်း ပုလင်းကို ထုတ်ကာ၊ ခရမ်းငယ်ထံ ကမ်းပေး လိုက်သည်။

“ အခြား ... လူတွေ မသိ စေနဲ့။ ”

ယင်းက ဂိုဏ်းချုပ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဂိုဏ်းချုပ်၏ စွမ်းအားမှာ၊ နားမလည် နိုင်အောင် ဖြစ်နေ သောကြောင့်၊ အရိယာ ကောင်းကင်ဓား ရှိရ မည်ဟု ထင်၏။

“ ဝှစ် ... ။ ”

ခရမ်းငယ်က စကား တစ်ခွန်မျှ မဆို တော့ဘဲ၊ သူမ၏ ရှည်လျားသော ဆံပင် များကို လေထဲ ဖြန့်ကျက် စေလိုက်သည်။

နဖူးရှိ ရွှေရောင်နှင့် ခရမ်းရောင် ရူရ် နှစ်လုံး ပွင့်လာပြီး၊ လက်ကို လေထဲ ဟန်ပါပါ ဝှေ့ယမ်း တော့၏။

ရူရ် ပေါင်း များစွာ လင်းလက် နေစဉ်၊ နဖူးပေါ်ရှိ နတ်ရူရ် နှစ်လုံးက လွတ်ထွက်ကာ အစီရင်ကို ဖွဲ့တည် လေသည်။

“ တွမ် ... ။ ”

သည့်နောက်တွင် အိမ် တစ်အိမ် လုံးကို ဖုံးအုပ် ထားသော၊ အလွှာ တစ်ထပ် ချက်ချင်း ဖြစ်တည် လာ၏။

ပြီးသည်နှင့် မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာပြီး၊ မျက်လုံး ထဲရှိ တက်ကြွ မှုများ၊ မှေးမှိန် သွား လေသည်။

“ ဒါက နည်းနည်းတော့ ... ၊ အစိုးရိမ် လွန်နေပြီ မဟုတ်လား။ ”

လင်းယွန်က အစီရင်ကို ကြည့်ကာ ပြောလိုက်သည်။

“ နတ်ဘုရား အသွေးတော်က ... ၊ ဘယ်လောက် တန်ဖိုး ရှိလဲ၊ နင် မသိဘူး၊ ဒါကို အဖိုးကြီး ဆီကနေ ဖုံးကွယ်ဖို့၊ လုပ်နေတာ လို့များ၊ နင် ထင်နေ တာလား၊ ...

... ခွန်လွန်မှာ မြေခွေးအို ကြီးတွေ များလွန်းတယ်၊ သူတို့ ထဲက တစ်ယောက် ယောက်သာ ဒါကို သိရင်၊ အသက် ဆယ်သက် ရှိနေ ရင်တောင်၊ နင် သေရ လိမ့်မယ်။ ”

ခရမ်းငယ်က ကျောက်စိမ်း ပုလင်းကို ဖွင့်ကာ ပြန်ဖြေသည်။ ပုလင်း ပွင့် သည်နှင့် နတ်ဘုရား အသွေးတော် ထွက်လာ လေရာ၊ အရွက် တစ်ရွက်အား ခူးယူ လိုက်သည်။

အရွက်သည် ရေ ကဲ့သို့ နူးညံ့ နေပြီး၊ ကြည်လင် တောက်ပသော အလင်း ရောင်ကို ထုတ်လွှတ် ပေးလာသည်။

ရေ ရည်ရွယ်ချက်။ ၎င်းကို ကျင့်သုံးသော ကျင့်ကြံ သူအား ပေးပါလျှင်၊ ထိုလူ၏ ရေ ဆန္ဒ မှာ၊ ချက်ချင်း အသွင်ပြောင်း သွားပေ၏။

သစ်ရွက်ကို ကြည့်ကာ ခရမ်းငယ်က နှုတ်ခမ်းကို လျှာဖြင့် သပ်မိသည်။ တောင်းဆို ချင် သော်လည်း၊ သိက္ခာ ကျမည်ကို စိုးရိမ် နေခဲ့၏။

ယင်းကို မြင်ချိန်၌ လင်းယွန်မှာ ပြုံးပြီး၊

“ ဧကရီ ... မင်း ဟိုတုန်းက နတ်ဘုရား အရွက်တွေ ဆီကနေ၊ နှင်းဦးရည်ကို သောက်ဖူး မှာပေါ့။ ”

-ဟု မေးလိုက်သည်။

“ ဟွန့် ... ၊ ဒီလို တစ်စက် လောက် မပြောနဲ့၊ ခွက်နဲ့ကို ခတ်သောက် လာတာ။ ”

ခရမ်းငယ်က ဂုဏ်ယူ ဝံ့ကြွား စွာနှင့်၊ ပြန်ဖြေ၏။

“ အင်း ... ၊ အခုတော့ ... ၊ ငါ့မှာ ဒါပဲ ရှိလို့၊ ကျေနပ် လိုက်ပါ။ ”

“ ကောင်းပြီ ... ၊ ငါ လက်ခံ လိုက်မယ်။ ”

ခရမ်းငယ်က အရွက်ရှိ၊ နှင်းဦးရည် များကို ပါးစပ်ထဲ လောင်းထည့် လိုက်၏။ အေးမြသော အရသာများ ဝင်ရောက် လာသည်နှင့်၊ မျက်နှာ မှာ ပြန်၍ သွေးရောင် လွှမ်း လာသည်။

ထို့နောက် ခရမ်းငယ်က ချီတုံ ချတုံ ဖြစ်နေသော နဂါးလေးထံ သစ်ရွက်အား လွှဲပေး လိုက်သည်။

“ မင်းက ကြောင်မိုက် လေးပဲ။ ”

ပြုံးလျက် နဂါးလေးအား ပွေ့ဖက်ကာ၊

“ အဲဒါကို သန့်စင်နည်း ငါ သင်ပေးမယ်၊ လင်းယွန် နင် အသွေးတော် အသီးကို ပြန်သိမ်း ထားပြီး၊ တံဆိပ် ပြား ငါ့ပေး ... ။ ”

-ဟု ကောင်းကင် တံဆိပ်အား တောင်းယူ လိုက်သည်။

သို့မှသာ တိမ်လွှာဓား ဂိုဏ်း အတွင်း၊ နဂါးလေး ကျင့်ကြံရန် အတွက်၊ ဆိတ်ငြိမ်သော နေရာကို အသုံးပြု နိုင်မည် ဖြစ်၏။

“ဝှစ် ... ။ ”

နှစ်ကောင်သား ထွက်ခွာ သွားသည်နှင့်၊ လင်းယွန်က နတ်မိစ္ဆာ မိုးကြိုးဓား၏ အိတ်ကို သတိ ရလာသည်။

သူ့တွင် နတ်ကြယ် ပုလဲနှင့် သူတော်စင် ရှေးဟောင်း ပစ္စည်းပင် ရှိနေပြီ ဖြစ်သောကြောင့် ၎င်းအပေါ် များစွာ စိတ်မဝင်စား လှပေ။

မျှောလင့်ထား သလိုပင်၊ သိုလှောင်အိတ် အတွင်း၌၊ အမျိုး မျိုးသော ပစ္စည်းများ နှင့်အတူ၊ နတ်ကြယ် ပုလဲ အနည်း ငယ်သာ ရှိလေသည်။

သူ စိတ်ဝင် စားသော၊ ‘မဟာ ချပ်ဝတ်’ကို မတွေ့ရချေ။ ယင်းက ကောင်းကင်ယံ ဂိုဏ်းနှင့် ပတ်သက် သဖြင့်၊ ပြင်ပသို့ ပေါက်ကြားခြင်း မရှိအောင် စီမံထား ပုံ ရသည်။

အမှန် အတိုင်း ဆိုရ ပါမူ၊ သိုလှောင်အိတ် အတွင်းရှိ၊ ရတနာ များမှာ ယဲ့ဇီလင် ကဲ့သို့သော လူမျိုး အတွက်ပင်၊ များပြားသော ပမာဏ ဖြစ်၏။

ရုတ်တရက် သိုလှောင်အိတ် အတွင်းမှ အလင်းတန်း တောက်ပ နေသည့်၊ သစ်သား တံဆိပ်ပြား တစ်ခုကို၊ တွေ့မြင် လိုက်သည်။

၎င်းမှာ ရှေးကျသော အသွင် အပြင်နှင့် လက်ရာ မြောက်သော သော့ တစ်ချောင်း ဖြစ် လေသည်။

“ သွေ့ရော် နက်ရှိုင်းခြင်း။ ”

သော့ ပေါ်တွင် ရေးထွင်း ထားသော စကားလုံး များကို ရွတ်ဖတ် မိ၏။ ယင်းသောက ရှေးကျသော သမိုင်းကြောင်း ရှိပုံ ရသည်။

သည့်ထက် ပို၍ မသိ နိုင်တော့ သော်လည်း၊ ဤသော့မှာ မရိုး ရှင်းမှန်း နားလည် လိုက်သည်။ ကောင်းကင်ယံ ဂိုဏ်းမှ တပည့် တစ်ဦး အနေ ဖြင့်၊ အဘယ့်ကြောင့် အပြာရောင် စံအိမ်၌ ရှိနေရ သည်ကို၊ ဆက်၍ စဉ်းစား နေမိ၏။

“ ထားတော့ အချိန် ရရင်၊ ငါ မင်းကို ထပ် ကြည့်မယ်။ ”

သစ်သား သော့အား သူ့ သိုလှောင်အိတ် အတွင်းသို့၊ ပြောင်းလဲ သိမ်းဆည်း လိုက်တော့ သည်။

***

All Chapters