← Chapters

ဝမ်ယုဝါ၏ တာဝန်။

Vol. 82 Ch. 1141

ဝမ်ယုဝါ၏ တာဝန်။

Vol. 82 Ch. 1141

သော့အား ခေါင်းထဲမှ ထုတ်ပစ် လိုက်ပြီး၊ အခြားသော အရာများ အပေါ် အာရုံပြောင်း မိ လေသည်။

ယခု အချိန်၌ ကောင်းကင် ဝိညာဉ် နယ်ပယ်၏ ကန့်သတ်ချက် ရောက်ရန်၊ လိုအပ် နေပြီး၊ တတ်နိုင် သမျှ အင်ပါရီယန် အဆင့်ကို ရောက်လို ချေသည်

နောက်ဆုံးတွင် ပုလွေကို ဓား အဖြစ် အသုံးပြု ခြင်းသည် ခွန်အား အတွက်၊ အမြဲတမ်း အဖြေ မဟုတ်ပေ။ ကျင့်ကြံခြင်း သည်သာ အမှန် တကယ် ခွန်အား ဖြစ်သည်။

ခိုင်မာသော အုတ်မြစ်သာ မရှိ ပါက၊ အင်ပါရီယန် အဆင့်ရှိ အစစ် အမှန် ပါရမီရှင် များနှင့်၊ ယှဉ်ပြိုင်ရန် မဖြစ် နိုင်ပေ။

အရိယာ တေးသွားမှာ၊ လက်ရှိ အချိန်၌၊ အထောက် အကူ ဖြစ်နေ သော်လည်း၊ အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်ရှိ၊ ဉာဏ်ကြီး ရှင်များ အပေါ်၊ သက်ရောက်မှု မရှိ နိုင်မှန်း၊ နားလည် ထားသည်။

နေရက်များ ကုန်လွန် လာသည် နှင့်အမျှ ပန်းသင်္ချိုင်း ဟူသော အမည်အား တိမ်လွှာဓား ဂိုဏ်းမှ၊ တဖြည်းဖြည်း မေ့ပျောက် သွားသည်။

တစ်ချိန်တည်း မှာပင် ဓား သူတော်စင် တောင်ပေါ် ရောက်ခဲ့သော လင်းယွန်၏ အမည် သည်လည်း၊ မှေးမှိန်လာ ပေသည်။

သူတော်စင် နဂါး ခန္ဓာကို နေ့တိုင်း လေ့ကျင့်ကာ၊ ည အချိန်၌ တိမ်လွှာဓား (၁၃) ချက်အား သုံးသပ် နေမိသည်။

တစ်ခါ တစ်ရံတွင် လောဟွာနှင့်၊ ဂီတကို အတူတူ တီးမှုတ်လျက် စကား ပြောလေ့ ရှိ၏။ ထို့ကြောင့် ဤရက်ပိုင်း အတွင်း လင်းယွန် တစ်ယောက် အေးချမ်း နေခဲ့သည်။

နဂါး သွေးရည် ကြည်များ ကုန်ဆုံး သွားသည်နှင့် အပြင် ထွက်ကာ၊ မိစ္ဆာ ကျင့်ကြံ သူများကို သတ်၍ ဂိုဏ်းချုပ် ထံမှ ထပ်မံ တောင်းယူ မိသည်။

ထို့ကြောင့် ပန်းသင်္ချိုင်း ဟူသော အမည်မှာ၊ ပြန်၍ ကျော်ကြား လာပြီး၊ မိစ္ဆာ ကျင့်ကြံ သူများ အတွက် သေမင်း တစ်ပါး ဖြစ်လာ ခဲ့သည်။

ယင်းက ၎င်းတို့ကို အမဲလိုက် ရာ၌ သူ့အတွက် ပို၍ ခက်ခဲ လာစေ၏။ ပစ်မှတ် တိုင်းက မြင်သည်နှင့် ထွက်ပြေး ကြသည်။

သူ့၌ သူတော်စင် ရှေးဟောင်း ပစ္စည်း ရှိကြောင်း သိရှိထား သောကြောင့်၊ အချို့က လုယူ ရန်ပင် အုပ်စုဖွဲ့ ကြိုးစား လာသည်။

ဤနည်းဖြင့် အချိန် သုံးလ ကုန်ဆုံး သွား၏။ ယခုတွင် တိမ်လွှာဓား ဂိုဏ်းသို့၊ သူရောက် ရှိနေ သည်မှာ၊ ခြောက်လ ကြာ ခဲ့ပြီး ဖြစ်သည်။

တိုက်ပွဲဝင် စွမ်းအားကို အများကြီး မြှင့်တင် နိုင်သော နေ့ရက်များ ပေပင်။ တိမ်လွှာ ဓားအား ဒသမ အဆင့် အထိ နားလည်ပြီး၊ သူတော်စင် နဂါး ခန္ဓာကို၊ ပဉ္စမ အဆင့် ထိတိုင် တက်လှမ်း လာနိုင်သည်။

နဂါး သွေးရည်ကြည်၊ နှစ်ရာ ကျော်ခန့် အသုံးပြု ထားသည်။ သူတော်စင် နဂါး ခန္ဓာမှာ၊ သူ့အား အင်ပါရီယန် များနှင့် ယှဉ်ပြိုင် နိုင် စေမည့်၊ နည်းပညာ တစ်ရပ် ဖြစ်၏။

သူတော်စင် နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်မျိုး၊ ရရှိရန်၊ အဆင့် တစ်ဆင့်သာ ကျန်ရှိ တော့သည်။ ထိုအဆင့်၌ သူ့ ခန္ဓာအား သူတော်စင် ခန္ဓာ အဖြစ်၊ ပြောင်းလဲ ပေး နိုင်၏။

သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်ဖြင့် မွေးဖွား လာသော ဘီလူး များထက်၊ နိမ့်ကျ သော်လည်း၊ အကျိုး ကျေးဇူးများ ရှိဆဲ ဖြစ်သည်။

ခွန်လွန်တွင် သူတို့ကိုယ် သူတို့ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် အဖြစ်၊ ပြောင်းလဲ နိုင်သူ များများ စားစား မရှိချေ။

ထို့ကြောင့် ဤအဆင့် ရောက်ပါက နောက်ဆုံးသော ကောင်းကင် ဒုက္ခကို ခံယူ နိုင်မည် ဖြစ်သည်။

အဆုံးတွင် သူတော်စင် နဂါး ခန္ဓာ ကိုယ်ကြောင့်၊ ကြီးမားသော အသွင် ကူးပြောင်း မှုကို ရရှိရန်၊ ကြောက်စရာ ဒုက္ခအား ရင်ဆိုင်ရ ပေလိမ့်မည်။

နဂါး အရိုး မရှိ တော့သည့် အတွက်၊ သနားစရာ ကောင်းနိုင်၏။ နဂါး အရိုးသည် ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ရောက် ရှိရန်၊ အထောက် အကူပြု လေသည်။

သူ့အား ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့ လုံးဝ ရောက်ရှိ စေလို သောကြောင့်၊ နဂါး သခင်မှ ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူက ခရမ်းငယ်အား လွှဲပေး မိခဲ့သည်။ ယင်းအပေါ် နောင်တ မရချေ။ စိတ် မကောင်း ခြင်းသာ ပိုလေသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ နှစ် (၁) သိန်း အကြာ၊ မငိုက်မျဉ်း ခင်က သူမ၏၊ အတွေ့အကြုံ များကို သိလို သေးသည်။ သို့မှသာ ခရမ်းငယ် တစ်ယောက် ချဲ့ကားခြင်း ရှိ၊ မရှိ သိနိုင်မည် ဖြစ်၏။

လက်ရှိ အချိန်၌ သူ့တွင် ပြဿနာ အနည်းငယ် ရှိနေသည်။ ကောင်းကင် ဝိညာဉ် နယ်ပယ်တွင်၊ ပိတ်မိ နေခြင်း ကြောင့်၊ အငြင်း ပွားမှု အချို့ ဖြစ်ပေါ် နေ၏။

ခြောက်လ ကြာ ပြီးနောက် တွင်ပင်၊ တိုးတက်ခြင်း မရှိ သဖြင့်၊ သူ့ အပေါ် သံသယ ဝင်ကာ၊ သွားပုတ် လေလွင့် ပြောဆို လာ တော့၏။

သို့သော် လင်းယွန်မှ ဂရု မစိုက်ချေ။ ကျင့်ကြံခြင်း၌ အောင်မြင်မှု မရရှိ သော်လည်း၊ တိုက်ပွဲဝင် စွမ်းအားများ တိုးတက် နေသည်ကို သူ သာလျှင် သိသည်။

ပလွေ မသုံးဘဲ အမာခံ တပည့် များကို တိမ်လွှာဓားနှင့် အနိုင်ယူ နိုင်၏၊။ ကောင်းကင် ဓား သည်သာ ထပ်မံ ပေါင်းစပ် ရပါက၊ ယဲ့ဇီလင်မှ လွဲ၍ မည်သူမျှ သူ့ ပြိုင်ဘက် ဖြစ်လာ တော့မည် မဟုတ်ချေ။

“ ပထမ ဓား - တိမ်ဖုံး နေသော နေမင်း။ ”

“ ဒုတိယ ဓား - တိမ်နှင့် လေမုန်တိုင်း။ ”

“ တတိယ ဓား - တိမ်တွေ ရွေ့လျား နေသော ကောင်းကင်ကြီး။ ”

“ ..... ။ ”

“ ..... ။ ”

“ ဒသမ ဓား- ဖယ်ရှား ခံရသော တိမ်။ ”

ရွှေကျီးကန်း ကိုးကောင် အသွင် ပြောင်းခြင်းနှင့်၊ တိမ်လွှာဓား (၁၃) လက် တို့ကို ပေါင်းစပ်ထား သောကြောင့်၊ ရွှေရောင် ဓားရိပ်များ ကျန်ရစ် ခဲ့သည်။

“ ဝှစ် ... ။ ”

ဓား တစ်ချက် ထုတ်လိုက်တိုင်း၊ ငှက်ပြာလေး တစ်ကောင် ထွက်ပေါ် လာ၏။

“ ကျ လိ ... ။ ”

ဒသမ ဓား ပြီးနောက်၊ ငှက်ဆယ်ကောင် တောင်ကို ပတ်ကာ၊ စူးရှသော အော်သံများ ပြုလာ တော့သည်။

တစ်ချိန် တည်းမှာပင် ထိုဝိညာဉ်တော် ဆယ်ပါးကြောင့်၊ လင်းယွန်၏ ဓား ရောင်ဝါမှာ မထင်မှတ် ထားသော အဆင့်သို့၊ ရောက်ရှိ သွားသည်။

ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်ကာ၊ ဓားက ကောင်းကင်နှင့် မြေကြီး၏ နယ်နိမိတ်မှ လွတ်မြောက် တော့မည့် အသွင်၊ ရုန်းကြွ လာ၏။

“ ဖျစ် ... ဖျစ် ဖျစ်။ ”

မိုးကုပ် စက်ဝိုင်း အစပ်မှ လျှပ်စီး ကြောင်းများ လင်းလက် လာချိန်၌၊ ပန်းသင်္ချိုင်း ဓားမှ ကြောက်မက်ဖွယ် အေးစက်မှု တစ်ခု ထုတ်လွှတ် တော့၏။

“ ဟိတ် ... ။ ”

ဓားအား ခုတ်ချ လိုက်ရာ၊ ပတ်ဝန်းကျင်ရှိ အချိန် အတော်ကြာ ရစ်သိုင်း နေသော အငွေ့ အသက် များက၊ လွတ်ထွက် သွားသည်။

လက်ရှိ အချိန်၌ သူ့ ရောင်ဝါမှာ၊ ကြီးမားသော တောင်ကြီး တစ်လုံးနှင့် တူနေ၏။ အတိ အကျ ဆိုရ ပါမူ၊ ဓား သူတော်စင် တောင်ကြီး ပေပင်။

“ ငါက ဓား သူတော်စင် တောင်ပဲ။ ”

တိမ်လွှာဓား (၁၀) လက်ကို၊ သရုပ်ဖော် အဆင့်ထိ၊ နားလည် နေပြီ ဖြစ်သော ကြောင့်၊ သူ့ဓား ရောင်ဝါကို သူတော်စင် တောင်ကြီး ကဲ့သို့၊ ချက်ချင်း ဖွဲ့တည်နိုင် လေပြီ။

ခိုင်မာ နက်ရှိုင်း လွန်းသဖြင့်၊ သူမှ လွဲ၍ အခြား မည်သူမျှ၊ ထိုတောင် ရည်ရွယ် ချက်ကို ဆုပ်ကိုင် နိုင်ခြင်း မရှိချေ။

ထိုးထွင်း နားလည် မှုမှာ၊ တစ်ပိုင်း စတုတ္ထတန်း သိုင်း ရည်ရွယ်ချက် အဆင့်၌၊ ရှိနေ ရမည် ဖြစ်ပြီး၊ ကြံခိုင်မှု အရ၊ အင်ပါ ရီယန် တစ်ပါး၏ ခန္ဓာနှင့် ယှဉ်နိုင်သော ကိုယ်လုံး ကိုယ်ပေါက် ရှိနေ ရမည် ဖြစ်သည်။

“ ငါ့ရဲ့ ရွေ့လျားမှု နည်းစနစ်က၊ သူတော်စင် နဂါး ခန္ဓာနဲ့ ပေါင်းစပ်ပြီး၊ ဓားရေးကို အထောက် အကူ ပြုနိုင် တာပဲ၊ ...

... ငါ့ကိုယ်ငါ ကောင်းကင် ဝိညာဉ် နယ်ပယ်မှာ အကြာကြီး ဖိနှိမ်ထား တာက၊ အကျိုးတော့ မယုတ် ပါဘူး။ ”

လင်းယွန်က ပြုံးလျက် သူကိုယ်သူ ပြန်၍ သုံးသပ် လိုက်သည်။ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း မှ၊ ထွက်ခွာ ရတော့မည့် အချိန်ကို၊ စတင် တွေးတော လာမိ၏။

နောက်ထပ် (၆) လ ဟူသော အချိန်မှာ၊ ကြာမြင့် လှမည် မဟုတ်ချေ။ ထို့ကြောင့် အမှတ် တရ များကို ပြန်၍ တွေးနေ မိ၏။

မိန်းကလေး လောဟွာ၏ ဝိုင်မှာ၊ တုနှိုင်းမဲ့ ခေျ၏။ ဝမ်ယုဝါ ဟူသော ကလေး မလေး သည်၊ တစ်ချိန်လုံး အလွဲလွဲ အချော်ချော် ပေပင်။

ယဲ့ဇီလင် မှာမူ အလို မကျ ဟန်ဖြင့်၊ ရှောင်ဖယ် နေကာ တစ်လုံး ကျင့်ကြံ နေသည်။ နက္ခတ် အဆင့်သို့ ရောက်ရှိရန် ကြိုးစားနေ ကြောင်း ကိုလည်း၊ ကြားသိ ရ၏။

တစ်စုံ တစ်ယောက အနေဖြင့်၊ နက္ခတ် အဆင့်သို့ ရောက်ရှိသော အခါတွင်၊ ၎င်းတို့၏ ကြယ်စွမ်အင် များကို၊ ကြယ်ပန်းချီ ဖွဲ့တည် နိုင်မည် ဖြစ်သည်။

( ကြယ်များ ပါဝင်သော ပုံသဏ္ဍာန် ကောက်ကြောင်း တစ်ခု၊ သို့မဟုတ် ကြယ်ပန်းချီ အဖြစ်၊ သတ်မှတ် နိုင်သည်။ )

ထိုစဉ် ဖြန့်ကျက် ထားသော သူ၏ ဓား နယ်မြေ ထဲသို့၊ လှိုင်းတစ်ခု ရိုက်ခတ် လာသည်။ ရင်းနှီး နေသော အရှိန် အဝါ အရ၊ အမာခံ တပည့် ဖုန်ကျန်း ဖြစ်၏။

ဤလူ အနေဖြင့် အတိတ်၌၊ သူ့ အပေါ် မျက်နှာပြောင် တိုက်ခြင်း မရှိ ပါက၊ အရှက်ခွဲ မိမည် မဟုတ်ချေ။ ဖုန်ကျန့်က တလေး တစား ချဉ်းကပ် ဝင်ရောက် လာပြီး၊

“ စီနီယာ အစ်ကို ယွန် ... ၊ မင်းရဲ့ ဓားက အမြဲတမ်း ထက်ရှ နေတာ ပါပဲ။ ”

-ဟု ချီးကျူး စကားဆို လိုက်သည်။

လင်းယွန်၏ အရည် အချင်းမှာ အလယ် အလတ် မျှသာ ဖြစ်ပြီး၊ ဓား သူတော်စင် တောင် ထိပ်သို့ ရောက်ခဲ့ ခြင်းမှာ၊ တိုက်ဆိုင်မှု မျှသာ ဖြစ်ကြောင်း၊ ဂိုဏ်း အတွင်း သတင်းများ ထွက်ပေါ် နေခဲ့သည်။

မဟုတ်သော် ဤသို့ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ပိတ်မိ နေစရာ အကြောင်း မရှိချေ။ အတိတ်မှ ဖုန်ကျန်းသာ ဆိုပါက၊ လင်းယွန်ကို နင်းခေျရန် စဉ်းစား မိမည် ဖြစ်သည်။

ယခုမူ ရင်ထဲရှိ ဒဏ်ရာမှာ မပျောက် သေးချေ။ ထိုခံစားချက် ကပင် သူ့ကို ကံကောင်း သွားစေသည်။

တစ်ဖက် လူ၏ ဓား ရောင်ဝါမှာ၊ မည်မျှ ကြောက်မက်ဖွယ် ကောင်းနေ သည်ကို၊ ဝေဖန် နေသူများ မသိ နိုင်ချေ။

“ မင်း ... ကြယ်စင်စု အဆင့်ကို ရောက်သွား ပြီလား။ ”

ဖုန်ကျန်း တစ်ယောက်၊ နှစ်ဝက် အတွင်း အောင်မြင်မှု တစ်ခုကို ရယူထား နိုင်ပုံ ရသည်။ ရောင်ဝါမှာ အနည်းငယ် တည်ငြိမ် နေပေ၏။

“ ဒါက ကံကောင်း လို့ပါ၊ အဲဒီ တုန်းက စီနီယာ အစ်ကိုရဲ့ ခေါင်းလောင်း သံကြောင့်၊အများကြီး အကျိုး ရှိခဲ့ ပါတယ်။ ”

ဖုန်ကျန်းမှ ရိုကျိုးစွာ ပြန်ဖြေသည်။ ယင်းက လင်းယွန်ကို ပြုံးမိ စေ၏။၊

“ မင်းမှာ ... ပြောစရာ တစ်ခုခု ရှိလား။ ”

“ ဟုတ်ပါတယ် ... ၊ ဂျူနီယာ ညီမလေး ယုဝါကို၊ ဂိုဏ်းက တာဝန် ပေးအပ် တာကြောင့် ခရီးထွက် ရပါ လိမ့်မယ်၊ ဒီခရီးမှာ စီနီယာ အစ်ကို ယွန်ကို ...

... သူက လိုက်လာ စေချင် နေတယ်၊ ဒါကြောင့် အစ်မ ယဲ့က စီနီယာ အစ်ကို ယွန်ရဲ့ ဆန္ဒကို၊ လာ မေးခိုင်း လိုက်တာပါ။ ”

ဝမ်ယုဝါ ဟူသည် လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၏ အလှမယ် တစ်ဦး ဖြစ်သည်။ အထူး သဖြင့် အပြစ် ကင်းစင်ပြီး၊ ရွှင်လန်း တက်ကြွ နေသော အမူ အရာ များက၊ စွဲမက်ဖွယ် ကောင်းပေ၏။

ယင်းကြောင့် ယဲ့ဇီလင် ထက်ပင် ပို၍၊ ဆွဲဆောင်မှု ရှိနေ သည်ဟု တပည့် အများ စုမှ ယူဆ ကုန်သည်။

ဖုန်ကျန်းမှာ ထိုထဲမှ တစ်ဦး ဖြစ်၏။ ဝမ်ယုဝါမှ တာဝန် ထမ်းဆောင် ရမည် ဟူသော စကားက လင်းယွန်ကို ပြုံးမိ စေသည်။

“ တကယ်လို့ ... စီနီယာ အစ်ကို ကသာ၊ မအားဖူး ဆိုရင်လည်း၊ မလိုက်ပါ နဲ့လို့၊ အစ်မ ယဲ့က မှာလိုက် ပါတယ်။ ”

ဖုန်ကျန်းမှာ မရဲတရဲဖြင့် မျှော်လင့်ချက် ကြီးစွာ ဆက်ပြောသည်။ ယဲ့ဇီလင်ပင် ကျင့်ကြံ ရာမှ ရပ်ကာ၊ ဤခရီးကို လိုက်ပါ သည်အား၊ လင်းယွန် သတိထား မိသည်။

ထို့ကြောင့် သူ့တွင် ငြင်းဆန် နေစရာ အကြောင်း ပြချက် မရှိ တော့ချေ။ တစ်ဖက်တွင် တိမ်လွှာဓား ဂိုဏ်း၏ အမာခံ တပည့်၊ လင်းယွန် ဟူသော ပုံရိပ်ဖြင့်၊ အပြာရောင် စံအိမ်အား လှုပ်ခါ ကြည့်ချင် သေးသည်။

***

All Chapters