သွေ့ရော် နက်ရှိုင်းသော ပင်လယ်နှင့်၊ သွေ့ရော် မဟာ သူတော်စင်။
Vol. 82 Ch. 1142
လင်းယွန် သဘောတူ လိုက်သည်နှင့် ဖုန်ကျန်းမှာ စိတ်ပျက် သွားသည်။ သို့သော် ၎င်းကို မျက်နှာတွင် ထင်ဟပ် စေခြင်း မရှိဘဲ၊ ဆုံရပ် ဆီသို့ ချက်ချင်း ခေါ်ဆောင် လာမိ၏။
ခရမ်းရောင် ၀တ်စုံကို သေသပ်စွာ ဝတ်ဆင်လျက်၊ သွယ်လျသော အသွင်ဖြင့် ယဲ့ဇီလင်မှ ရပ်စောင့် နေသည်။
ခါတိုင်း ကဲ့သို့ လှပ နေပြီး၊ မျက်နှာ ပေါ်ရှိ အေးစက်မှုကို ထုတ်ဖော် ထားဆဲ ဖြစ်သည်။ သူရဲကောင်း ဆန်သော ထိုအသွင်က၊ အနားရှိ လူတိုင်းကို၊ လုံခြုံမှု ခံစားရ စေ၏။
အေးစက် နေသော သူမ နှင့် ယှဉ်ပါက၊ တက်ကြွ နေသည့် ဝမ်ယုဝါ အသွင်မှာ ပို၍ ချစ်စရာ ကောင်းလေသည်။ လင်းယွန်ကို မြင်သော အခါ ပြုံးရွှင် သွား၏။
သူမတို့ နှစ်ဦး ဘေးတွင်၊ အခြားသော အမာခံ တပည့် နှစ်ဦး ရှိနေသည်။ လင်းယွန်နှင့် ဖုန်ကျန်း ကိုပါ ထပ်မံ ပေါင်းထည့် လိုက်ပါက အထင် သေး၍ မရနိုင်သော အဖွဲ့ တစ်ဖွဲ့ ဖြစ်လာ၏။
ထိုအမာခံ တပည့် နှစ်ယောက်သည် ဖုန်ကျန်း နီးနီး သန်မာ သဖြင့်၊ ဝမ်ယုဝါ မည်မျှ စွဲဆောင်မှု ရှိကြောင်း၊ ပြသရာ ရောက် ချေပြီ။
အဆုံးတွင် ကြယ်စင်စု အဆင့်ရှိ အမာခံ တပည့် များကို၊ ဂိုဏ်း၏ အထက်တန်း စားများ အဖြစ်၊ သတ်မှတ် ထားလေသည်။
“ မင်း ငြင်းမယ်လို့ ငါထင် နေတာ၊ သူကို ဒီလောက် အာရုံ စိုက်ပေး နေစရာ မလို ပါဘူး။ ”
လင်းယွန်မှာ ကောင်းကင် ဝိညာဉ် နယ်ပယ်၏၊ ကန့်သတ် ချက်သို့ ရောက်ရှိရန် ကြိုးစား နေကြောင်း၊ အခြား လူများ မသိ သော်လည်း၊ သူမ သိသည်။
ထိုကြောင့် အချိန်သည် လင်းယွန် အတွက် အလွန် ဖိုးတန် ပေ၏။
“ အဆင်ပြေ ပါတယ် ... ။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိတ် ပြသည်။ ဝမ်ယုဝါကို တိမ်လွှာဓား (၁၀)ကွက် အထိ သူ သင်ပေးထား သဖြင့်၊ ပထမ ဆုံးသော တပည့် အဖြစ် ယူဆ နိုင်သည်။
ထို့ကြောင့် သူမ၏ ခရီးစဉ်တွင် မည်သို့ စွမ်းဆောင်ရည် ရှိမည်ကို မြင်လို လေသည်။ ဓားသမား တစ်ယောက် အနေနှင့်၊ ဝမ်ယုဝါ တစ်ယောက် တစ်ချိန်လုံး ယဲ့ဇီလင် နောက်၌၊ ပုန်းအောင်း နေ၍၊ ရမည် မဟုတ်ချေ။
“ သွား စို့ ... ။ ”
ယဲ့ဇီလင်က လက်ကို ဝှေ့ယမ်းကာ လင်းယုန်နက် တစ်ကောင်ကို ဆင့်ခေါ်၏။ ထို့နောက် လူတိုင်းက လင်းယုန် နက်ပေါ် ခုန်တက် လိုက်ကြ၏။
လင်းယုန်နက်၏ အဟုန်မှာ၊ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း (၉) မျိုးထက်၊ များစွာ လျင်မြန် လေသည်။ ထို့ကြောင့် လင်းယွန်မှာ တိတ်တဆိတ် လိုက်ပါ လာမိ၏။
ယဲ့ဇီလင်က အဖွဲ့ကို မှာကြား နေသည်။ သူမသည် တိမ်လွှာဓား ဂိုဏ်း၏ ထောက်တိုင် ဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းရှိ အမာခံ တပည့်များ အားလုံးက၊ သူမ စကားကို လေးလေး စားစား နားထောင် ကြပေမည်။
သူမ အရည် အချင်းဖြင့်၊ ဓား ဂိုဏ်းသို့ ဝင်ရန်မှာ ပြဿနာ မရှိ နိုင်ချေ။ တိမ်လွှာဓား ဂိုဏ်း၌ အဘယ့်ကြောင့် နေနေ ရသည်ကို သိချင် လာသည်။
ဓားဂိုဏ်း ၌ပင်၊ ကောင်းကင် ဓားကို ဆုပ်ကိုင် ထား နိုင်သူ၊ အများ အပြား ရှိနေမည် မဟုတ်မှန်း၊ ခန့်မှန်း နိုင်သည်။
ယဲ့ဇီလင်မှာ လူကောင်း တစ်ယောက် ဖြစ်သဖြင့်၊ သူ့ အနေနှင့် သူမအား ဆန့်ကျင် မည် မဟုတ်ကြောင်း၊ ကတိပေး နိုင်သည်။
ဤသို့ ချောမောသော၊ စီနီယာ အစ်မ တစ်ယောက် ရှိခြင်း သည်လည်း မဆိုး လှပေ။
“ လင်း ယွန် ... ။ ”
ယဲ့ဇီလင်က ရုတ်တရက် သူ့နာမည်အား ခေါ်ကာ လှည့်ကြည့် လာ၏။ သို့သော် လင်းယွန် မျက်နှာ ပေါ်ရှိ အပြုံးကို မြင်ချိန်၌၊ မျက်မှောင်ကြုတ် သွားသည်။
“ အမ် ... ဘာ ဖြစ် လိုလဲ။ ”
လင်းယွန်က ပြန်မေး သည်။
“ ဒီခရီးက တိမ်လွှာဂိုဏ်းကို ရောက်ပြီး တဲ့နောက်၊ မင်းရဲ့ ပထမဆုံး ခရီး မဟုတ်လား၊ အရည် အချင်းကို သံသယ မရှိ ပေမယ့်၊ မင်းက ကောင်းကင် ဝိညာဉ် မှာပဲ ရှိနေ သေးတယ်၊ ...
... ဒါကြောင့် နိမ့်ကျတဲ့ ပုံရိပ်ကို ... ၊ ထိန်းထားတာ အကောင်း ဆုံးပဲ၊ အလွန် အကျွံ ပေါ်လွင် လာရင်၊ ငါတောင် မင်းကို ကာကွယ် မပေး နိုင်တဲ့၊ ဒုက္ခတွေ ရောက်လာ နိုင်တယ်။ ”
သတိပေး စကားကြောင့် သူမ သူ့အား မခေါ်ချင် ရသည့် အကြောင်းရင်းကို သိလိုက် ရသည်။ ဝမ်ယုဝါ အပြင် သူအား ကာကွယ် ရမည်ဟု၊ ထင်နေပုံ ရ၏။
“ စီနီယာ အစ်မကြောင့်၊ ဒီခရီးမှာ ... ငါဘေးကင်း မယ်လို့၊ ယုံကြည် ပါတယ်။ ”
လင်းယွန်မှ ခေါင်းညိတ် ပြလိုက်သည်။
“ ဟုတ် ပါ တယ် ... ။ ”
ဖုန်ကျန်း ဘေးရှိ အမာခံ တပည့်က ဝင်ရောက် ပြောဆိုရန် ပြင်လာသည်။
“ စီနီယာ အစ်မက၊ ကောင်းကင်ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားနိုင်တဲ့၊ အင်ပါ ရီယန် အဆင့် သတ်မှတ်ချက် ဝင်၊ ပါရမီရှင် တစ်ပါး ပါ၊ ...
... စီနီယာ အစ်မသာ ရှိနေရင်၊ ငါတို့ တကယ့်ကို လုံခြုံ ပါတယ်၊ နောက်ခံကို အားကိုး ပြီး၊ ကောင်းကင် အဆင့် ရာထူးကို၊ ရယူ စရာ မလိုအောင်၊ ထူးချွန် လှပါတယ်။ ”
ထိုအမာခံ တပည့်၏ စကားကြောင့်၊ လင်းယွန် ခမျာ အံ့ဩ သွားသည်။ သည့်နောက် ကူကယ်ရာ မဲ့စွာ ပြုံးလိုက် မိ၏။
သူ သည်လည်း ကောင်းကင် အဆင့် ရာထူးကို ရယူ လိုသူ မဟုတ်ချေ။ အဖိုးကြီးမှ သူ့အား ချည်နှောင် လိုက်ခြင်းသာ ဖြစ်သည်။
“ ဘယ်သူက ဒီလို မြင်ချင် တာလဲ၊ အစ်ကိုကြီး ယွန်က တိမ်လွှာဓားကို ဒသမ အဆင့်ထိ နားလည် နေပြီ။ ”
ဝမ်ယုဝါမှ မခံချင် စိတ်ဖြင့် ထအော် လိုက်သည်။ ထိုစကားက လူတိုင်းကို မျက်လုံး ပြူးသွား စေ၏။
အားလုံးက မယုံကြည် နိုင်စွာဖြင့် ပြန်ကြည့်လာ ကြသည်။ တိမ်လွှာဓား ဟူသည် ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေ ၌ပင် ကျော်ကြား လှသော ဓားရေး တစ်ရပ် ဖြစ်၏။
တစ်စုံ တစ်ဦးသည် ဓား(၃) ကွက်ကို ဆုပ်ကိုင် နိုင်လျှင်ပင်၊ အထင် ကြီးစရာ ဖြစ်ချေေ ၏။ ဓား ဆယ်ကွက်ကို ဆုပ်ကိုင် နိုင်သည် ဟူသော သတင်းမှာ၊ လွန်ကဲလွန်း ခေျပြီ။
“ သူ ပြောတာ အမှန်လား။ ”
ယဲ့ဇီလင်က လင်းယွန်အား လှည့်မေး လိုက်သည်။
“ ကံကောင်း သွားလို့ပါ။ ”
လင်းယွန်မှ ပြုံးလျက် ပြန်ဖြေ၏။ ယခု အချိန်၌၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ ထုတ်ပြော လိုက်ပါက၊ လူတိုင်း မေ့လဲသွား နိုင်မည်။
“ အဲဒါက ကံကောင်းလို့ မဟုတ် ပါဘူး၊ စီနီယာ အစ်ကို ယွန်က တကယ်ကို အရည် အချင်း ရှိတာပါ။ ”
ဝမ်ယုဝါမှ ဂုဏ်ယူစွာ ကြေငြာလာ သဖြင့်၊ ဆက်မပြော တော့ရန်၊ လင်းယွန်မှ ပြုံးလျက် အချက်ပြ လိုက် ရသည်။
“ ဓားတာအိုမှာ မင်းရဲ့ နားလည် နိုင်မှုက၊ ငါထင်ထား တာထက် ... ၊ ပိုပြီး အားကောင်းနေ ပုံပဲ ... ။ ”
ယဲ့ဇီလင်မှ အမှန်ပင် ဝန်ခံ လိုက်ခြင်း ဖြစ်သည်။ နဝမမြောက် ကောင်းကင် လမ်း၌ ချန်ပီယံ ဖြစ်လာ ရသည့်၊ အကြောင်း အရင်းကို သူမ နားလည် လိုက်၏။
“ အဲ့ဒီ လောက်လည်း မဟုတ် ပါဘူး၊ ငါက ဒီဂျူနီယာ ညီလေးထက်၊ နည်းနည်းလေး ပို သန်မာ နေရုံပါ။ ”
သူ့အပေါ် နှိမ့်ချ ရှုမြင် ခဲ့သော အမာခံ တပည့်ထံ လှည့်ကြည့်ကာ၊ လင်းယွန်မှ ပြော လိုက်သည်။
ထိုကြောင့် အမာခံ တပည့်မှာ၊ ချက်ချင်း ခေါင်းငုံ့ သွားသည်။ ထိုစကားကို ကျေနပ်ခြင်း မရှိ သော်လည်း၊ ယင်းမှာ အမှန် ပေပင်။
ဤလင်းယွန်သည် ဓားတာအို၌၊ အနည်းငယ် မယုံ နိုင်စရာ စွမ်းရည် ရှိနေ ကြောင်း၊ ဝန်ခံရ ပေမည်။
သူတို့ အတွက် ကံကောင်း စေသည်မှာ၊ လွန်ခဲ့သည့် ခြောက်လ လုံးလုံး တစ်ဖက် လူမှ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ပိတ်မိ သွားခြင်း ဖြစ်သည်။
ယဲ့ဇီလင်က လင်းယွန်ကို ပြန်ကြည့်သည်။ ဤလူငယ်သည် လက်တုန့်ပြန်ခြင်းကို နှစ်ခြိုက် ပုံရသည်။
“ အခု ငါတို့ သွားမယ့် နေရာကို ... ၊ သွေ့ရော် နက်ရှိုင်းသော ပင်လယ်လို့ ခေါ်တယ်၊ မင်းတို့ အားလုံး ဒါကို သိလိမ့် မယ်လို့ ယုံကြည်တယ်၊ ...
... သွေ့ရော် နက်ရှိုင်းသော ပင်လယ်က၊ အပြာရောင် စံအိမ် နယ်နိမိတ် အစပ်မှာ ရှိပြီး၊ မိစ္ဆာ ကျင့်ကြံ သူတွေ ကျင်လည် ကျက်စားတဲ့ နေရာပဲ၊ ဒါကြောင့် အားလုံး သတိ ထားပါ။ ”
ဤသတိ ပေးချက်မှာ အဓိက အားဖြင့် လင်းယွန် အတွက် ရည်ရွယ် လေသည်။ အခြား သူများသည် သွေ့ရော် နက်ရှိုင်းသော ပင်လယ် မှာ၊ မည်သို့သော နေရာမျိုး ဖြစ်မည်ကို သိရှိ ထား၏။
သွေ့ရော် နက်ရှိုင်းသော ပင်လယ် အကြောင်း ကြားချိန်၌ လင်းယွန်က နတ်မိစ္ဆာ မိုးကြိုး ဓား၏ သစ်သား သော့ကို သတိရ လာသည်။
သွေ့ရော် နက်ရှိုင်းခြင်း။ ၎င်း စကားစုမှာ မည်သို့သော အဓိပ္ပါယ် ဖြစ်မည်ကို၊ အကြမ်းဖျင်း တွေးတော နေ မိ၏။
ဝေးလံ ခေါင်သီသော အရပ် ဒေသ ဖြစ်သဖြင့်၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ အများ အပြား၊ စတည်းချ နေထိုင် လေသည်။
ရှင်းရှင်း ဆိုရသော် တရား ဥပဒေ ကင်းမဲ့သော ပင်လယ် ပြင်ကြီး ပေပင်။ ဥပဒေမဲ့ သော်လည်း၊ ၎င်းမှ အဖိုးတန် ရတနာ များစွာ ထွက်ရှိ ချေ၏။
ကျွန်းများ ပေါ်တွင် မိုင်းတွင်းများ တည်ရှိ သောကြောင့်၊ ကျွန်း တစ်ကျွန်း စီ၏ တန်ဖိုးမှာ၊ စိတ်ကူး မယဉ် နိုင်ပေ။
အကြီးဆုံး ကျွန်းကြီးလေး ကျွန်း ကိုသာ၊ ဂိုဏ်းကြီး လေးဂိုဏ်းမှ ခွဲဝေ အုပ်ချုပ်သည်။ ကျန်ကျွန်း များမှာ ပိုင်ရှင်မဲ့ ဖြစ်၏။
ယင်းက အခြားသော ကျွန်းငယ် များတွင်၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များဖြင့်၊ ပြည့်နှက်စေ ပေသည်။
လက်ရှိ အချိန်၌ ယဲ့ဇီလင်မှာ၊ လျှပ်စီး တိမ်လွှာဂိုဏ်းမှ ပိုင်ဆိုင်သော ကောင်းကင်ဘုံ ရေပေါ်ကျွန်း ဆီသို့ ဦးတည် နေခြင်း ဖြစ်သည်။ အဆိုပါ ကျွန်း၌ သဘာဝ သတ္တုတွင်း များစွာ ရှိ၏။
၎င်းတို့အား သူတော်စင် ရှေးဟောင်း ပစ္စည်းများ ပြုလုပ် ရာတွင်၊ အသုံးပြု နိုင်သည့် အတွက်၊ အလွန် အဖိုးတန် လှ၏။
ရံဖန် ရံခါတွင်၊ ရှေးဟောင်း သူတော်စင် ရူရ်များ ပါရှိသည့် သတ္ထု အပိုင်း အစ များကို၊ တွေ့ရှိ နိုင်သည်။
ဝမ်ယုဝါ၏ တာဝန်မှာ၊ ထိုကျွန်းကို ခြိမ်းခြောက် လာသော ရန်သူများ လက်မှ၊ အချိန် အတိုင်း အတာ တစ်ခု အထိ၊ ကာကွယ် ပေးရန် ဖြစ်သည်။
ယင်းက လွယ်ကူသော တာဝန် တစ်ရပ် ဖြစ်၏။ အဓိက ဂိုဏ်း လေးဂိုဏ်းကို ရန်စရန်၊ မည်သူမျှ ရူးမိုက် ကြမည် မဟုတ်ချေ။
ယင်းက အပန်းဖြေ ခရီးထွက် ခြင်းနှင့် တူနေ သဖြင့်၊ လင်းယွန်မှာ ခေါင်းယမ်းလျက် ပြုံးလိုက် မိသည်။
တစ်ဖက်တွင် သူ့အား စိတ်သက် သာရာ ရပေသည်။ သွေ့ရော် နက်ရှိုင်းသော ပင်လယ် နှင့်၊ သစ်သား သော့ကို အဖြေ ရှာရန် အချိန်ရ နိုင်၏။
ငါးရက်ကြာ ပြီးနောက်၊ သွေ့ရော် နက်ရှိုင်းသော ပင်လယ်ပြင်ကို ရောက်ရှိ လာသည်။
မိန်းမော နေသော လင်းယွန်က၊ သူ့ရှေ့ရှိ ကြက်သွေးရောင် ပင်လယ် ပြင်ထံ တစ်ချက် လှမ်းကြည့် မိ၏။
ပင်လယ် ပြင်မှ သိပ်သည်းသော သွေးညှီ ရနံ့ကို သူ ရသည်။ သို့သော် ယင်းသွေး ရနံ့က သူ ကြည့်မိသည့်၊ အကြောင်းရင်း မဟုတ်ချေ။
ပင်လယ်ပြင် အလယ် ဗဟို ဒေသ၌၊ မျောနေသော အနက်ရောင် အငွေ့တန်း ကြီး သာလျှင်၊ အကြောင်းရင်း မှန် ဖြစ်သည်။
လက်ရှိ နေရာနှင့် ဝေးကွာ လွန်း သဖြင့်၊ မမြင်နိုင် သော်လည်း၊ ထိုအနက်ရောင် မြူများ ထဲတွင် ပါရှိသော၊ ကြောက်မက်ဖွယ် စွမ်းအင် အား၊ ခံစား နိုင်သည်။
လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၏ အဖိုးကြီး သည်ပင်၊ ခံနိုင်မည် မဟုတ်သော စွမ်းအားမျိုး ဖြစ်သည်။
“ အဲဒါ ဘာလဲ ... ။ ”
ဆက်၍ သည်းမခံနိုင် တော့ဘဲ၊ ၎င်းထံ လက်ညှိုး ထိုးကာ မေးလိုက် မိ၏။ ယဲ့ဇီလင်မှ သူ ညွှန်ပြ ရာသို့ မျှော်ကြည့်ပြီး၊
“ အဲဒါက သွေ့ရော် နက်ရှိုင်းသော ပင်လယ်ရဲ့ တားမြစ် နယ်မြေပဲ၊ သွေ့ရော် ကျွန်း၊ သွေ့ရော် မဟာ သူတော်စင် သင်္ချိုင်းပါ။ ”
-ဟု လေးနက်စွာ ပြန်ဖြေ ပေးလာ လေသည်။
***