ကြက်သွေးရောင် ကျောက်တုံး လွင်ပြင်။
Vol. 82 Ch. 1143
သူတော်စင် များကြား၌၊ ဘုရင် အဖြစ် သတ်မှတ် ခံရသူ များမှာ၊ ကြောက်စရာ တည်ရှိ မှုများ ဖြစ်ရ ပေမည်။
တစ်ချိန်တည်း မှာပင်၊ နတ်မိစ္ဆာ မိုးကြိုးဓား သည်၊ သွေ့ရော် မဟာ သူတော်စင် နောက်သို့ လိုက်နေသူ ဖြစ်မည်ဟု ယူဆ မိ၏။
“ သူတော်စင် တွေရဲ့ သင်္ချိုင်းက ... ၊ တားမြစ် နယ်မြေပဲ၊ တံဆိပ် တစ်ခု ပွင့်လာ ရုံနဲ့ လူတိုင်းကို သတ်နိုင်တယ်။ ”
“ စိတ်မပူ ပါနဲ့ ... ၊ နည်းနည်းလေး သိထားချင် ရုံပါ၊ ဒီမဟာ သူတော်စင်ရဲ့ မူလကို ပြောပြလို့ ရမလား၊ သူတော်စင် တွေကို သက်တမ်းက အဆုံး မရှိ ပါဘူး၊ ...
... လူ တစ်ယောက်က၊ သူ့ သက်တမ်း တစ်လျှောက် သူတော်စင် တစ်ပါးကို တွေ့ခွင့် ရဖို့ ဆိုတာ မလွယ်ဘူး၊ တကယ်ပဲ သူ့ကို သတ်နိုင် တာလား။ ”
အပြာရောင် စံအိမ် နယ်မြေရှိ ကျင့်ကြံ သူတိုင်းက သွေ့ရော် နက်ရှိုင်းသော ကျွန်း အကြောင်း၊ အကြိမ် ကြိမ် ကြားထား ဖူး လေသည်။
“ သွေ့ရော် သူတော်စင် ဆိုတာ ... ၊ ဧကရာဇ် ကိုးပါး ထဲက တစ်ပါး ဖြစ်တဲ့၊ တောင်ပိုင်း ဧကရာဇ်ရဲ့၊ အမွေ ဆက်ခံ သူပဲ။ ”
ဧကရာဇ် ကိုးပါး တို့သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်သဖြင့်၊ ယင်းက လင်းယွန်ကို အံသြ စေသည်။
သူ့ မျက်နှာတွင် ပြောင်းလဲခြင်း မရှိ သော်လည်း၊ ဤသစ်သား သော့ ကလေးသည် ထိုတောင်ပိုင်း ဧကရာဇ်နှင့်၊ ဆက်စပ်မှု ရှိလိမ့် မည်ဟု၊ ခံစား လာရ၏။
သွေ့ရော် နက်ရှိုင်းသော ပင်လယ်တွင် သုံးရက်ကြာ ပျံသန်း ပြီးနောက် အဝါရောင် မြူ ခိုးများ ဖုံးလွှမ်း နေသည့်၊ ကျွန်း တစ်ကျွန်းကို မြင်လိုက် ရသည်။
ကျွန်းတစ်ခု လုံးသည် ဓားသမားများ အတွက်၊ ရတနာကျွန်း ဖြစ်ကြောင်း သက်သေပြ နေသည့် သတ္တု ရည်ရွယ်ချက် များဖြင့် ပြည့်နှက် နေချေ၏။
ဤနေရာ၌ အချိန် ကြာကြာ လေ့ကျင့် နိုင်သော် ဓားတာအိုသည် အရှိန် အဟုန်ဖြင့် တိုးတက် လာမည်ကို သံသယ ဖြစ်စရာ မလိုချေ။
ကောင်းကင်ဘုံ ရေပေါ် ကျွန်းသည်၊ ကြီးမား ကျယ်ပြန့် လှပြီး၊ တိမ်လွှာဓား ဂိုဏ်း၏ တပည့် များကို၊ စောင့်ကြပ် နေစေသည်။
မိုင်းတွင်းများ အပေါ်၊ အထူး အလေးပေး စောင့်ကြပ်ရန်၊ ထိပ်တန်း အဆင့် တပည့်များ စွာကို ထားရှိ လေသည်။ အခြား နေရာများ ၌မူ အနည်းငယ် မျှသာ စောင့်ကြပ် စေ၏။
ရေပေါ် ကျွန်းမှာ ကျယ်ပြောလှ သဖြင့် တစ်ခုလုံးကို ပိတ်ဆို့ရန် မလွယ်ချေ။ ပြီးခဲ့သော နှစ် အနည်းငယ် အတွင်း၊ ဂိုဏ်းသား များ၏ စွမ်းရည်မှာ ကျဆင်းလာ သဖြင့်၊ ကျွန်းကို စောင့်ထိန်းရန် ပို၍ ခက်ခဲ လာ၏။
လင်းယုန်နက် ပေါ်မှ ဆင်းသက် လိုက်ချိန်တွင် လူ (၁၀)ယောက် ရောက်ရှိ လာ၏။ ၎င်းတို့ အားလုံးမှာ ဂိုဏ်း၏ သင်းထောက်များ ဖြစ်သည်။
ဂိုဏ်း၌ အအမာခံ တပည့်များမှာ၊ လုံလောက်သော စွမ်းရည်နှင့် အောင်မြင်မှု မရှိ တော့ ပါက၊ သင်းထောက် ရာထူးကို လျှောက်ထား နိုင်သည်။
ဤလူ များမှာ ထိုသို့သော အမာခံ တပည့်များ ဖြစ်ချေ၏။ အများ စုမှာ နက္ခတ် အဆင့်၌ ရှိပြီး၊ ပင်မ နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိ ပါက၊ အကြီး အကဲ အဖြစ် ရာထူး တိုးမြှင့်ခြင်း၊ ခံရမည် ဖြစ်သည်။
“ စီနီယာ အစ်မ ... ။ ”
ယဲ့ဇီလင်အား မြင်သည်နှင့် ဆယ်ယောက် လုံးက၊ ရိုကျိုးသော အမူ အရာများ ထုတ်ဖော် လာ ကြသည်။
အဆိုပါ အဖွဲ့ကို အသက် (၃၀) အရွယ် အပြာဝတ် သင်းထောက် တစ်ဦးမှ ဦးဆောင် ချေ၏။
“ စီနီယာ အစ်ကို လျူ ... ။ ”
ယဲ့ဇီလင် အမူ အရာမှာ ဖော်ရွေ လာ၏။ သင်းထောင် ခေါင်းဆောင် လူရွယ်နှင့် အဖွဲ့ကို မိတ်ဆက် ပေးသည်။
“ သူတို့က ငါနဲ့ အတူ ပါလာတဲ့ အမာခံ တပည့် တွေပဲ၊ လူတိုင်းကို အစ်ကိုလျူ သိမှာပါ၊ ဒါက ယုဝါ၊ သူက ဂိုဏ်းကနေ ပထမဆုံး ထွက်လာ ဖူးတာ ...
... သူကတော့ ဂိုဏ်းကို ရောက်လာတဲ့ ကောင်းကင် အဆင့် အမာခံ တပည့် လင်းယွန် ပါပဲ။ ”
“ ကောင်းကင် အဆင့်က တပည့်လား၊ ကောင်းကင် ဝိညာဉ် နယ်ပယ် လေးနဲ့ ... ။ ”
ကျင့်ကြံမှုမှာ နိမ့်ကျ သော်လည်း၊ သူ၏ ရာထူးမှာ မြင့်မားလွန်း သောကြောင့်၊ လူတိုင်း တလေး တစား ဆက်ဆံ လာကြသည်။
“ သူ့ကို အထင် မသေးနဲ့ ... ၊ သူက ဓားသူတော်စင် တောင်ထိပ်ကို တက်နိုင် ခဲ့တယ်။ ”
ယဲ့ဇီလင်၏ ထပ်မံ ပြောဆို လိုက်သဖြင့်၊ သူတို့ အားလုံးကို ထိတ်လန့် သွားစေ ခဲ့သည်။
“ ဒီလျူယွမ်က ... ၊ စီနီယာ အစ်ကို လင်းကို နှုတ်ဆက် ပါတယ်။ ”
သင်းထောက် ခေါင်းဆောင် လူရွယ်မှ၊ ပြုံးကာ လက်ဝှေ့ ယမ်းလျက် အသိ အမှတ်ပြု လာသည်။
“ ဓားသူတော်စင် တောင်ပေါ်ကို တက်နိုင်တယ် ဆို ကတည်းက၊ ငါတို့ ထဲက ဘယ်သူမှ အစ်ကို လင်းကို ယှဉ်နိုင် ကြမှာ မဟုတ် ပါဘူး။ ”
“ တောင်ပေါ် တက်နိုင် တာက ... ၊ ဒီလောက်လည်း လေးစား စရာ မရှိ ပါဘူး။ ”
လင်းယွန်မှ ပြုံးကာ တုန့်ပြန်သည်။
“ စီနီယာ အစ်ကို လျူ ... ၊ ဒီမှာ တစ်ခုခု ဖြစ်သွားတယ် ဆိုတာ ကြားမိတယ်။ ”
ယဲ့ဇီလင်က လိုရင်းကို ဆက်သွား၏။
“ ဟုတ်ပါတယ် ... ၊ နတ်ဆိုး သားရဲတွေ ရောက်လာ လို့ပါ၊ တနေ့တခြား ပိုပိုများလာ ပါတယ်၊ ဒါကြောင့် ဂိုဏ်း ကနေ အကူ အညီတောင်း ရတာပါ။ ”
လျူယွမ်မှ ပြန်ဖြေသည်။
“ ငါတို့ကို ခေါ်သွား။ ”
ယဲ့ဇီလင် နောက်မှ လိုက်ကာ၊ ဝမ်ယုဝါ တစ်ယောက် စိတ်လှုပ်ရှား လာသည်။ လက်ရှိ အချိန်ထိ သေွးကို သူမ မမြင်ဖူး ခဲ့ချေ။
တစ်ဖက်တွင် လင်းယွန်က ပြုံး မိ၏။ ရက်အနည်းငယ် ကြာပြီးနောက်၊ ဝမ်ယုဝါ၏ စိတ်ဝင်စား မှုများ ပျောက်ဆုံး သွားတော့ မည်ကို သူ သိသည်။
အခြား တပည့်များမှာ တိုက်ပွဲထက် ကျွန်းပေါ်ရှိ၊ ကျောက်မျက် ရတနာ များကိုသာ ပို၍ စိတ်ဝင်စား ကြသည်။
ထို့အပြင် ဤတာဝန်၏ ဆုလာဘ်မှာ သဘာဝ သတ္ထု တစ်မျိုး မျိုးနှင့် သက်ဆိုင် လေသည်။
“ ငါတို့ သွားရမယ့် နေရာက၊ မိုင်းတွင်းနဲ့ နည်းနည်း ဝေးတယ်၊ အဲ့ဒီမှာ ရတနာ တစ်ပါး ရှိလိမ့် မယ်လို့၊ အစက သံသယ ဝင်မိ သေးတယ်၊ ဒါပေမယ့် ...
... ဘာကိုမှ ရှာမတွေ့ဘူး ... ၊ ကျွန်းပေါ်မှာ နတ်ဆိုး သားရဲတွေ စုဝေး နေကြ တာက အရမ်း ထူးဆန်း နေသလိုပဲ၊ ငါ့ အမြင် အရတော့ ပင်လယ် ထဲမှာ တစ်ခုခု ဖြစ်နေတယ် ...
“ .. ဒါက လက်ရှိ ပိုင်နက် ဘုရင်ကို ... ၊ အခြား သားရဲ တစ်ကောင် ကောင်က၊ စိန်ခေါ် နေတာလို့ ထင်တယ်၊ အရင်တုန်း ကလည်း အလားတူ ဖြစ်ရပ် မျိုးတွေ၊ တော်တော် များများ ကြုံဖူးတယ်။ ”
နတ်ဆိုး သားရဲများ စုဝေးရာ အရပ်သည် မနီးလှ သောကြောင့်၊ လေးနာရီကြာ ခရီးဆက် ခဲ့ရသည်။ သည့်နောက် လျူယွွမ်က တောင်ထိပ် ပေါ်မှ နေ၍၊ လက်ညိုး လှမ်းထိုး ပြ၏။
“ ဟိုမှာ ... ။ ”
အဆုံး မရှိသော ကြက်သွေးရောင် ကျောက်တုံး လွင်ပြင် ကြီးက၊ စောင့်ကြိုနေ ပေ၏။
လူတိုင်း စိတ်မသက် မသာ ဖြစ်လာသည်။ သားရဲ များကို မမြင်နိုင် သော်လည်း၊ အော်ဟစ် သံများ ကြားနေ ရသည်။
အကောင်ရေ နည်းမည့်ပုံ မရှိချေ။ ၎င်းတို့အားလုံးမှာ ရေသတ္တဝါ နတ်ဆိုး သားရဲ များ ဖြစ်သော ကြောင့်၊ ထူးခြားသော အသွင် အပြင်များ ရှိလေသည်။
ပတ်ဝန်းကျင် အသွင် အပြင် အရ ဤနေရာ၌၊ ရတနာ တစ်ပါးပါး မွေးဖွားရန် မဖြစ် နိုင်ကြောင်း၊ လင်းယွန် ထင်သည်။
“ ဟိုမှာ ... တစ်ယောက် ယောက် ရှိနေတယ်။ ”
ကျောက်တုံးကြီး တစ်တုံး ပေါ်တွင်၊ ခေါင်းစွပ်ဖြင့့် ဖုံးအုပ် ထားသော လူ တစ်ဦး ထိုင်နေ၏။
“ ဒီမှာ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူတွေ ရှိတယ်၊ သူတို့က ငါတို့ကို စခန်းကို မကျူးကျော် သလို၊ ငါတို့ ကလည်း သူတို့ကို တိုက်ခိုက်ဖို့ ဆန္ဒ မရှိ ပါဘူး။ ”
လျူယွမ်က ဤသို့ ပြန်ဖြေ မည်ကို ယဲ့ဇီလင်မှ၊ သိရှိပြီး ဖြစ်ပုံ ရ၏။ ထို့ကြောင့် မိစ္ဆာ ကျင့်ကြံ သူ၏ တည်ရှိမှုကို ဂရု မစိုက်ချေ။
ယင်းကို ညွှန်ပြ မိသော လင်းယွန်ကို သာလျှင်၊ ကျန်သူ များက စိတ်ရှုပ် ဟန်ဖြင့် လှည့်ကြည့် လာ တော့သည်။
“ ငါ ပြောတာကို ... ၊ စိတ်ထဲ မထား ပါနဲ့။ ”
လင်းယွန်မှ အဆင် မပြေသော အသွင်ဖြင့်၊ တောင်းပန် လိုက်သည်။
အခြား နေရာ များ၌ ဤကဲ့သို့ ထူးထူး ခြားခြား ဝတ်စား ထားသော၊ မိစ္ဆာ ကျင့်ကြံသူ များကို မြင်ပါက၊ သတိ ထားရမည် ဖြစ် သော်လည်း၊ သွေ့ရော် နက်ရှိုင်းသော ပင်လယ်ပြင် ၌မူ၊ ပုံမှန် ဖြစ်ပုံ ရသည်။
ထို့နောက် လျူယွမ်က အုပ်စိုးရှင် အဆင့်၊ နက္ခတ် နယ်ပယ် သားရဲများ အကြောင်း စတင် ပြောပြ လာ၏။
အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲမှာ၊ အနည်းငယ် ဒုက္ခပေး နိုင်သောကြောင့် ယဲ့ဇီလင် ခမျာ၊ မျက်မှောင်ကြုတ် လိုက်သည်။
သည့်အတွက် ကြောင့်သာ လျူယွမ်မှ အကူ အညီ တောင်းခံခြင်း ဖြစ်လေသည်။ ကံကောင်း ထောက်မ စွာဖြင့်၊ ယဲ့ဇီလင် လိုက်ပါ ခြင်းက၊ သူ့ကို အားတက် စေ၏။
“ ... ဝင်ကြည့် ရအောင်၊ ဘာလဲ ဆိုတာ သိရမှ ဖြစ် မယ်၊ ငါတို့ တတ်နိုင်ရင် သတ်ပစ်ရ လိမ့်မယ်။ ”
ယဲ့ဇီလင်က ပြတ်သားစွာ ပြောလာသည်။
“ နတ်ဆိုး သားရဲ တွေက အရမ်းများ လွန်းတယ်၊ ငါတို့ ဝင်ဖို့ ... ၊ အချိန် ပေးရမယ် ထင်တယ်။ ”
ဖုန်ကျန်းမှ တွေးတွေး ဆဆ ဆိုသည်။
“ များလို့လား ... ။ ”
ယဲ့ဇီလင်က ကျောက်တုံး လွင်ပြင် ထံသို့၊ စူးရှ တောက်ပသော ဓား ရောင်ခြည် များဖြင့်၊ တောက်ထုတ် လိုက်သည်။
“ ရွှပ် ... ။ ”
မရေ မတွက် နိုင်သော နတ်ဆိုး သားရဲ များမှာ၊ အမှုန့်များ အဖြစ် လွင့်စဉ် ကုန်ကျပြီး အော်ဟစ် သံများ ဆူညံ သွားသည်။
ကောင်းကင်ဓား ရည်ရွယ်ချက်၏ အဖျက် စွမ်းအား အပေါ်၊ နတ်ဆိုး သားရဲများ အားလုံး ကြောက်ရွံ့ သွားကုန်၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် ကြယ်စင်စု အဆင့် သားရဲ များနှင့် မိစ္ဆာ ကျင့်ကြံသူ များမှာ၊ ချက်ချင်း ထပြေး တော့သည်။
ဖုန်ကျန်းမှာ အဆင် မပြေသော အမူ အရာဖြင့် ပါးစပ်ပိတ် သွားသည်။
ကောင်းကင် ဓားမှာ၊ အမှန်ပင် အထင် ကြီးစရာ ကောင်းလှ ပေ၏။ ယဲ့ဇီလင် ဘေးရှိ အမာခံ တပည့် နှစ်ဦးက၊ မနာလို စိတ်ဖြင့် ပြန်ကြည့် လိုက်မိသည်။
တစ်ချက် တည်းနှင့် နတ်ဆိုး သားရဲများ အားလုံးကို သတ်နိုင်သော စွမ်းရည် အပေါ် သဘော ကျ၏။
“ ရ ပြီ လား။ ”
ယဲ့ဇီလင်၏ ဦးဆောင်မှု နောက်မှ၊ လူတိုင်း လိုက်ပါ လာသည်။ နတ်ဆိုး ရောင်ဝါများ အပေါ် ခြေရာ ခံပြီး၊ အဆုံးတွင် လူစကား ပြောနိုင်သော အုပ်စိုးရှင် အဆင့် သားရဲနှင့်၊ တွေ့ဆုံ ဆွေးနွေး ခွင့်ရ လေသည်။
ထိုသားရဲ၏ စကား အရ၊ ပင်လယ်ပြင်တွင် ပုံမှန် မဟုတ်သော တစ်စုံ တစ်ရာ ဖြစ်ပွား ခဲ့မှန်း သိလိုက် ရသည်။
ထိုဖရိုဖရဲ အခြေ အနေကြောင့်၊ ဘေးဥပဒ်ကို ရှောင်ရှား လိုသဖြင့်၊ ကုန်မြေသို့ တက်လာခြင်း ဖြစ်ကြောင်း၊ ဖြေကြားသည်။
ထို့နောက် နတ်ဆိုး သားရဲများ အနေဖြင့် ခုနစ်ရက် အတွင်း၊ ဤနေရာမှ ပြန်၍ ထွက်ခွာ ကြရန်၊ သဘောတူ ညီချက် ရသွားသည်။
သို့သော် အဆိုပါ အခြေ အနေနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ၊ မူ မမှန် သည်ကို၊ လင်းယွန် ခံစား လာမိသည်။
ဤသားရဲမှာ ရိုးသားမှု မရှိဟု၊ ခံစား နေရ သော်လည်း၊ သက်သေ ပြစရာ တစ်စုံ တစ်ရာ မရှိချေ။
“ လူသား တွေ ... ၊ ငါ့နယ်မြေ ကနေ ထွက်သွား ကြစမ်း ... ။ ”
ညှိနှိုင်း ပြီးနောက်၊ လူတိုင်းက စိတ်လက် ပေါ့ပါး စွာနှင့်၊ ထွက်ခွာ တော့မည် အချိန်မှာပင်၊ လေထုကို အေးခဲ သွားစေ သည့်၊ အသံ တစ်သံ ထွက်ပေါ် လာသည်။
၎င်းရောင်ဝါ အရ၊ နက္ခတ် အဆင့်၌ ရှိသော၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် ဖြစ် လေသည်။
***