← Chapters

သူရဲကောင်း ဟူသည်။

Vol. 82 Ch. 1144

သူရဲကောင်း ဟူသည်။

Vol. 82 Ch. 1144

ကျောက်တုံး လွင်ပြင် ထဲမှ ဖုန်မှုန့်များ လွင့်တက် လာပြီး၊ လူတိုင်း၏ မြင်ကွင်း အတွင်း သို့၊ ကြောက်မက်ဖွယ် ကောင်းသော စပါးအုံး မြွေကြီး တစ်ကောင် ဝင်ရောက် လာသည်။

ကြီးမားသော အရွယ် အစား ရှိကာ၊ သတ္တုရောင် တောက်ပ နေသည့် အပြာရောင် အကြေး ခွံများ၊ ပိုင်ဆိုင်ထား လေသည်။

မျက်လုံးများ အတွင်း၊ ရက်စက် ကြမ်းကြုတ်သော အရိပ် အယောင် များကို၊ မြင်တွေ့ နိုင်၏။

သူ့ထံမှ ဖိအားမှာ လူတိုင်းကို အသက်ရှူ ကြပ်စေသည်။ ထို့အပြင် ဉာဏ်ရည် ဉာဏ်သွေး အရ၊ လူ စကား ပြောနိုင်၏။

အပြာရောင် စပါးအုံး မြွေ ထံမှ၊ ပင်လယ် ဆားငံ ရေနံ့များ လှိုင်လှိုင် ရနေသည်။ ရောင်ဝါ အရ စပါးအုံး မြွေများ ကြား တွင်ပင်၊ ဘုရင် ဖြစ် နိုင်၏။

၎င်းသည် ပင်လယ် ပြင်တွင်၊ ပိုင်နက် တစ်ခု ရှိရ ပေမည်။ ဤနေရာ၌ ရှိနေ ခြင်းမှာ၊ သံသယ ဖြစ်စရာ ပေပင်။

သူ မတိုက်ခိုက် ရသည့်၊ တစ်ခု တည်းသော အကြောင်းပြ ချက်မှာ၊ ယဲ့ဇီလင်၏ စွမ်းအားကို၊ အာရုံ ခံမိ သောကြောင့် ဖြစ်သည်။

“ မင်း ... ဒီမှာ မနေ သင့်ဘူး။ ”

ယဲ့ဇီလင်မှ တည်ငြိမ်စွာ ပြောလိုက်၏။

“ အပြာရောင် စပါးအုံး မြွေ ဘုရင်၊ ငါတို့ တစ်ချိန်က ရင်ဆိုင် ဖူးပါတယ်၊ ပင်လယ် ထဲက မင်းရဲ့ နယ်မြေကို၊ ငါတို့ ဘယ်တုန်း ကမှ မကျူးကျော် ခဲ့ပါဘူး။ ”

လျူယွမ်မှ ဝင်ပြော လာသည်။ ထို့ကြောင့် အပြာရောင် စပါးအုံးမြွေ ဘုရင်က အေးစက်စွာ ပြုံး လိုက်၏။

“ ပင်လယ် ထဲက၊ ငါ့နယ်မြေကို လုယူခံ လိုက်ရတဲ့ အတွက်၊ ဒီကျောက်တုံး လွင်ပြင်မှာ ငါနေမယ်၊ ဒါကြောင့် သူတို့က ငါနဲ့ နေမို့ လိုက်လာ တာပဲ၊ မင်းတို့ ထွက်သွားပါ၊ ...

... မဟုတ်ရင် မင်းတို့ အားလုံးကို ... ၊ ငါသတ်ရ လိမ့်မယ်၊ တိမ်လွှာဓား ဂိုဏ်း ဆိုတာ လည်း၊ ဒီကျွန်းမှာ ရှိဦးမယ် မထင်နဲ့။ ”

အပြာရောင် စပါးအုံး မြွေ ဘုရင်က ပြန် ဖြေသည်။

“ ဘယ်လောက် တောင် ... မောက်မာ လိုက်လဲ၊ မင်း ဒီမှာ ခဏတာ ပုန်းရှောင် တာကို ခွင့်ပြု ပေးလို့ ရပေမယ့်၊ အခုတော့ မလို တော့ဖူး ထင်တယ်။ ”

ယဲ့ဇီလင် မျက်လုံးများ တောက်ပ လာပြီး၊

“ မင်းက ဘုရင် အဆင့် မှာမို့၊ ငါတို့က ကြောက်လိမ့်မယ် မထင်နဲ့၊ ဒီနေရာက ပင်လယ် မဟုတ်ဖူး ဆိုတာ သတိ ရပါ။ ”

အပြာရောင် စပါးအုံး မြွေ ဘုရင်မှ ဦးစွာ မတိုက်ခိုက် သည်မှာ၊ ကုန်ပေါ်၌ ဖြစ်နေသော ကြောင့် ဖြစ်လေသည်။

ပတ်ဝန်းကျင် အနေ အထား အရ၊ ဘုရင် နတ်ဆိုး သားရဲပင် ဖြစ်လင့် ကစား၊ စွမ်းပကား အပြည့် ထုတ်ဖော် နိုင်မည် မဟုတ်ချေ။

“ ဒီကျောက်တုံး လွင်ပြင် ထဲမှာ၊ တစ်ခုခု ပြောင်းလဲ နေတယ်၊ အခြား နတ်ဆိုး သားရဲတွေ က၊ ဒါကို သိပုံ မရ ပေမယ့်၊ ဒီကောင် ကတော့ သေချာပေါက် သိထား ပုံပဲ။ ”

ယဲ့ဇီက လူတိုင်းထံ သူမ အသံကို ပေးပို့ လာပြီး၊ ဤတိုက်ပွဲမှာ ရှောင်လွှဲ၍ မရကြောင်း အချက်ပြ လာ၏။

ရေ သတ္တဝါ နတ်ဆိုး သားရဲ တစ်ကောင်သည်၊ တိမ်လွှာဓား ဂိုဏ်းမှ ပိုင်သော ကျွန်းအား၊ ရုတ်တရက် သိမ်းပိုက်လာ ခြင်းမှာ၊ အဓိပ္ပာယ် မရှိပေ။ နောက်ကွယ်၌ အကြောင်းရင်း ရှိရ ပေမည်။

အမာခံ တပည့် များက၊ စပါးအုံး မြွေ ဘုရင်ကို၊ နှစ်သက် သလို လုပ်ခွင့် ပေးရန် မဖြစ် နိုင်မှန်း သိထား သောကြောင့်၊ ပြင်ဆင် မှုများ ပြုလုပ် လာကြသည်။

ထို့အပြင် သားရဲ တိရစ္ဆာန် များမှာ၊ လူသား များနှင့် ယှဉ်သော်၊ သဘာဝ တရား အပေါ် ပို၍ အာရုံခံ နိုင်ချေသည်။ လူသားများ မသိသော အရာကို သူတို့ ကြိုသိ ပေ၏။

“ လင်းယွန်၊ ယုဝါကို စောင့်ရှောက်ဖို့ နောက်မှာ နေပါ။ ”

ယဲ့ဇီလင်က ကောင်းကင် ဓားကို ထုတ်လျက်၊ အပြာရောင် စပါးအုံး မြွေ ဘုရင်၏ ရောင်ဝါအား၊ ခွဲထုတ် လိုက်သည်။

ထိုနောက် လူတိုင်းက မြွေ ဘုရင် ထံသို့၊ ဦးတည် လိုက်၏။ ဆုံးဖြတ်ချက် ချ ပြီးနောက်၊ လူတိုင်းက အတော်ပင် ပြတ်သား လေသည်။

ယင်းက ယဲ့ဇီလင် ကြောင့် ဖြစ်ပေ၏။ သူမ ခန္ဓာ ကိုယ်မှ တောက်ပသော ဓား အလင်းများ၊ ထုတ်လွှတ် ထားသည်။

ဓား ဆွဲလျက် အပြာရောင် စပါးအုံး မြွေဘုရင်အား၊ မျက်နှာ ချင်းဆိုင် တိုက်ခိုက်ရန်၊ ရွေးချယ် လိုက်သည်။

“ ရွှပ် ... ။ ”

ကောင်ကင် တစ်ခုလုံး လင်းစေသည့် ဓားအလင်း ပြေးထွက် သွားသည်။ ယင်းကို မြင် ချိန်၌၊ တိမ်လွှာဓား (၁၃) ကွက်မှ၊ ပထမဓား ဖြစ်ကြောင်း လင်းယွန် သိလိုက်၏။

“ ကောင်မလေး ... ၊ မင်းက သေချင် နေတာပဲ။ ”

အပြာရောင် စပါးအုံး မြွေဘုရင်က ဒေါသ ထွက်လာပြီး၊ လူတစ်ပိုင်း၊ မြွေ တစ်ပိုင်း အသွင်၊ ပြောင်းလဲ လိုက်သည်။

“ ဝုန်း ... ။ ”

လက်ထဲ၌ သုံးခွ မှိန်းကို ကိုင်ဆောင်လျက်၊ ယဲ့ဇီလင်အား လှမ်းထိုး၏။ သုံးခွမှိန်း အလင်းက ဓားအလင်းနှင့် တိုက်မိ သွားကာ၊ ကျောက်တုံး များကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွား စေသည်။

၎င်းထံမှ ထွက်ပေါ် လာသော လှိုင်းများ သည်ပင်၊ အားနည်းသော ဂိုဏ်းသား များကို မီတာ (၁၀၀) အကွာသို့၊ တွန်းပို့ နိုင်၏။

“ ဝှစ် ... ။ ”

ဝမ်ယုဝါ လက်ကို ဆွဲလျက်၊ လင်းယွန် တစ်ယောက်၊ လှိုင်းနှင့် လွတ်ရာ၊ ရှောင်တိမ်း လိုက်ရသည်။

ဝမ်ယုဝါ မျက်နှာ မှာမူ၊ သူမ စိတ်ကူး ထားသည်နှင့်၊ များစွာ ကွာခြားနေ သောကြောင့် ဖြူဖျော့ သွားပေ၏။

“ အစ်ကို ယွန်... ၊ အစ်မယဲ့ အဆင်ပြေ ပါ့ မလား။ ”

“ ငါ မသိဘူး။ ”

လင်းယွန်က လေးနက်သော အမူ အရာဖြင့် ပြန်ပြောသည်။ ယဲ့ဇီလင် သန်မာ သည်ကို သူသိ သော်လည်း၊ သူမ၏ တိုက်ပွဲဝင် စွမ်းအား အပေါ်၊ တစ်ခါမျှ မမြင်ဖူး သေးချေ။

ထို့အပြင် အပြာရောင် စပါးအုံး မြွေမှာ၊ လူသား ပုံစံကို ယူနိုင် သောကြောင့်၊ လွယ်မည် မဟုတ်မှန်း နားလည် ထားသည်။

စစ်မှန်သော လူသား အသွင် မဟုတ် သော်လည်း၊ ဤပုံစံ ကပင် များစွာ အားကောင်း နေ၏။

“ ဒါ ... ဒါဆို ... ၊ ဘယ်လို လုပ် ရမလဲ။ ”

ဤမျှ အသက်လု တိုက်ပွဲမျိုး အတွက် ပြင်ဆင် ထားခြင်း မရှိသော ဝမ်ယုဝါ ခမျာ၊ အသံများ တုန်ယင် နေခဲ့သည်။

“ ဘာမှ လုပ်လို့ မရ ပါဘူး ... ၊ စီနီယာ အစ်မယဲ့ နိုင်ပါ စေလို့ပဲ စုဆောင်း ရမယ်။ ”

လင်းယွန်က မျက်နှာ ပြောင်းလဲမှု မရှိဘဲ ပြန်ဖြေ၏။ ဝမ်ယုဝါ အတွက် တိုက်ပွဲ အတွင်းသို့ မပါဝင် ရသော်မှ၊ ကြည့်ရှု ခြင်းဖြင့် အကျိုး ရှိနိုင် ပေမည်။

လက်ရှိ အချိန်၌ သူမ ဘေးရှိ အစ်ကို ယွန်သည်၊ ဂိုဏ်းတွင် သူမနှင့် ရင်းနှီး ခဲ့သော လူငယ် တစ်ဦး မဟုတ် တော့ကြောင်း၊ ဝမ်ယုဝါ နားလည် လိုက်၏။

ရုတ်တရက် သူစိမ်း တစ်ယောက် ကဲ့သို့ ခံစားလာ ရကာ၊ သူမအား အေးစက် လွန်းသော၊ ခံစား ချက်မျိုး ပေးလာ လေသည်။

လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားလျက်၊ အံကြိတ်ကာ စကား တစ်ခွန်းမျှ မပြော တော့ချေ။

“ ဒါက ... တိမ်လွှာဓား ဂိုဏ်းရဲ့ ... ၊ လုပ်နိုင်တာ အကုန်လား၊ မင်း အခု ဘယ်သူနဲ့ တိုက်နေရ တယ်လို့ ထင်လဲ။ ”

အပြာရောင် စပါအုံး မြွေဘုရင်က၊ သုံးခွ မှိန်းအား လှည့်ကာ၊ အားပြင်းသော မိုးသက် မုန်တိုင်း တစ်ခုအား ဆင့်ခေါ်လျက်၊ လှောင်ပြောင် လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

မိုသက် မုန်တိုင်း၏ တိုက်စား နိုင်စွမ်းမှာ၊ ပြင်းထန်လွန်း သဖြင့်၊ လူအုပ်မှာ သွေးအန် လျက်၊ လွင့်စဉ် ကုန်ရ၏။

ကံကောင်း စွာဖြင့်၊ ယဲ့ဇီလင်မှ အများစုကို ခံယူပေး ခဲ့၍ သာလျှင်။ သို့ မဟုတ်သော် သူတို့ အားလုံး သေဆုံး သွားနိုင်သည်။

“ ဟိတ် ... ။ ”

ထို့စဉ် ယဲ့ဇီလင်က အပြာရောင် စပါးအုံး မြွေဘုရင်အား ရိပ်ခနဲ ဖြတ်ကျော် ပျံသန်းကာ၊ ခန္ဓာ ကိုယ်ပေါ် ဓားဖြင့်၊ ခုတ်ချ လိုက်သည်။

“ ..... ။ ”

နာကျင်စွာ အော်ဟစ် သံနှင့် အတူ၊ အကြေးခွံများ ‘ဟ’သွားကာ၊ ဆိုးရွားသော အငွေ့ အသက်များ ထွက်ပေါ် လာသည်။

“ လူတိုင်း ပြန်ဆုတ် ... ၊ ငါ တာဝန်ထား ... ။ ”

ကောင်းကင် ဓားကို အစွမ်းကုန် တွန်းထုတ် လျက်မှ၊ ယဲ့ဇီလင်က အော်ဟစ် လိုက်၏။

“ မင်း ... ။ ”

မြွေဘုရင်က သုံးခွ မှိန်းတွင်၊ ကြက်သွေးရောင် အလင်းများ တဖျပ်ဖျပ် တောက်ပ စေလျက်၊ မိုးသက် မုန်တိုင်းကို ယဲ့ဇီလင်ထံ ဦးတည် လိုက်သည်။

“ ဝှစ် ... ။ ”

၎င်းအား ခွဲထုတ်ရန် ယဲ့ဇီလင် ထံမှ၊ ငှက်ပြာလေး တစ်ကောင် ထွက်ပေါ် လာ၏။ ယင်းက အပြာရောင် စပါးအုံး မြွေ ဘုရင်ကို၊ လွင့်စဉ်သွား စေခဲ့သည်။

“ တိမ်တွေ ရွေ့လျား နေသော ကောင်းကင်ကြီး။ ”

အော်ဟစ် သံနှင့် အတူ၊ ထူးခြားသော သဘာဝ ဖြစ်စဉ် အချို့၊ ယဲ့ဇီလင်ဓားမှ ထွက်ပေါ် လာသည်။

“ ပြီးပြည့် စုံသော ကျွမ်းကျင်မှု။ ”

လင်းယွန် ခမျာ အံ့သြ တကြီး အော်ဟစ် လိုက်မိ၏။ ယဲ့ဇီလင်၏ နားလည် နိုင်စွမ်းမှာ၊ သူ့ကို မမီ သော်လည်း၊ ထင်ကြီး စရာ ကောင်း ပေသည်။

သူမ ဖန်တီး ထားသော ဤဖြစ်စဉ်မှာ၊ ဒသမမြောက် စမ်းသပ်မှု ပြီးနောက်၊ လင်းယွန် ကြုံတွေ့ ခဲ့ရသည့်၊ တောင်ထွတ်ကြီး နှစ်လုံးနှင့် တူနေ ချေ၏။ သို့သော် သူမမှ ၎င်းကို မသိ နိုင်ချေ။

သူ့ အနေဖြင့် ယဲ့ဇီလင် အပေါ်၊ များစွာ လျော့တွက်မိ ခဲ့ကြောင်းကို သဘောပေါက် လာသည်။

“ ဘယ်လို တောင် ... အနှောက် အယှက် ပေးလိုက်လဲ။ ”

အပြာရောင် စပါးအုံး မြွေ ဘုရင်က၊ ဒေါသတကြီး ပျံသန်း လာကာ ကျယ်လောင် သော ငေါက်သံ ပြုလျက်၊ သုံးခွမှိန်းအား လှည့်ပတ် လိုက်သည်။

၎င်းက လေထုကို တိုက်စား နိုင်သည့်၊ မုန်တိုင်း တစ်စင်း ချက်ချင်း ဖြစ်ပေါ်၏။ မျက်စိ တစ်မှိတ် အတွင်း၊ စွမ်းအင် လှိုင်းများ အဘက် ဘက်သို့ ပျံ့နှံ့ လာသည်။

“ ထန် ... ။ ”

ဓားနှင့် သုံးခွ မှိန်းတို့ ထိပ်တိုက် တွေ့ဆုံသော အခါတွင်၊ ရေပေါ် ကျွန်းကြီး တစ်ခုလုံး၊ တုန်ခါ သွား၏။

ထိုလှိုင်းက ဝမ်ယုဝါကို လာမှန်သည်။ မျက်နှာ ဖြူဖျော့ သွားပြီး၊ နှုတ်ခမ်း ထောင့်မှ သွေး စီးကျ လာ၏။

သို့သော် အသံ တစ်ချက် မထွက် ခဲ့ချေ။ ယင်းက လင်းယွန်ကို ပြုံးမိ စေ၏။ ဝမ်ယုဝါမှာ ချီးကျူး စရာ ပေပင်။

လင်းယွန်သာ ဆန္ဒ ရှိပါက၊ ထိုလှိုင်းကို ပိတ်ဆို့ ပေးထားနိုင် သော်လည်း၊ မလုပ် ခဲ့ချေ။ ဤခရီးသည် သူမ အတွက်၊ အတွေ့ အကြုံ ရှာဖွေသော ခရီး ဖြစ်သည်။

ထို့ကြောင့် နာကျင်မှုကို၊ နည်းနည်း ခံစားခွင့် ပေးရ ပေမည်။ အစွမ်း ထက်သော ဆေး များမှာ၊ ခါးလှ ချေ၏။

ထိုအချိန်တွင် အပြာရောင် စပါးအုံး မြွေ ဘုရင်မှာ၊ ထိတ်လန့် သွားပြီး ထွက်ပြေးရန် ပြင် လေသည်။

“ ရှီး ... ။ ”

သို့သော် ရုတ်တရက် လှည့်ကြည့်ကာ၊ ယဲ့ဇီလင်ထံ အဆိပ်ငွေ့ များဖြင့် ပြန် မှုတ်ထုတ် လာ၏။

အဝေး မှပင် ထိုအဆိပ်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို လင်းယွန် ခံစား နိုင်သည်။

အစိမ်းရောင် အဆိပ်က၊ ယဲ့ဇီလင်၏ ဓားရောင်ဝါနှင့် ကြယ် စွမ်းအင် အလွှာကို ချက်ချင်း တိုက်စား သွားသည်။

“ စွပ် ... ။ ”

သို့သော် ယဲ့ဇီလင်မှာ ဂရုစိုက်ပုံ မပြဘဲ၊ အပြာရောင် စပါးအုံး မြွေ၏ နှလုံးထံ ဓားဖြင့် ချက်ချင်း ထိုးသွင်း လိုက်သည်။

“ ရှီး ..... ။ ”

နာကျင်စွာ အော်ဟစ်လျက် တွန့်လိမ် သွားပြီး၊ ဒဏ်ရာမှ အကြေး ခွံများ ဖွာထွက် ကုန်ကာ၊ ကောင်းကင်မှ ပြုတ်ကျ လာသည်။

ယဲ့ဇီလင်သည် ယင်း အတွက် ပြင်ဆင် ထားပြီး ဖြစ်သောကြောင့် နောက်ပြန် ဆုတ်ရန်၊ စိတ်ကူး မရှိဘဲ၊ သူရဲကောင်း တစ်ဦး ကဲ့သို့၊ ပြုမူ လိုက်ခြင်း ဖြစ်လေသည်။

“ ရှူး ... ။ ”

စပါးအုံး မြွေ ဘုရင်မှာ၊ မြွေ အသွင် ပြောင်းသွားပြီး၊ ထိတ်လန့်စွာ မော့ ကြည့်လျက်၊ လှည့်ပြေး သည်။

တိုက်ဆိုင် စွာပင် သူ ရွေးချယ် လိုက်သော ပြေးလမ်း ကြောင်းမှာ၊ အဝေးတွင် ရပ်နေသည့်၊ လင်းယွန်နှင့် ဝမ်ယုဝါထံ ဖြစ်နေ တော့၏။

***

All Chapters