သွေးမီးတောက် မှော်နဂါး သတ္ထု။
Vol. 82 Ch. 1145
ယဲ့ဇီလင်က စပါးအုံး မြွေဘုရင် နှလုံးကို ဓားဖြင့် ထိုးချ လိုက်စဉ်၊ ရောင်ဝါမှာ အထွတ် အထိပ်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
ဓားက အကြေးခွံ များကို အလွယ် တကူ ထိုးဖောက် သွားပြီး၊ သွေးနှင့် အကြေး ခွံများ မိုး အဖြစ် ရွာသွန်း လာ၏။
“ ဝုန်း ... ။ ”
ထို့အတူ အမြီးဖြင့် တန်ပြန် ရိုက်နှက်မှု ကြောင့်လည်း၊ ယဲ့ဇီလင် ခမျာ အနောက်သို့ ဆုတ်ခွာ ပေးလိုက် ရသည်။
“ မကောင်း တော့ဘူး ။ ”
ပြေး လမ်းကြောင်း၏ ဦးတည် ရာကို မြင်သော အခါတွင်၊ ယဲ့ဇီလင် တစ်ယောက် ထိတ်လန့် သွားသည်။
ဤမြွေ ဘုရင်သည် ထက်မြက် လှ၏။ လွတ်မြောက်ရန် အတွက်၊ အင်အား အနည်းဆုံး ဖြစ်သော၊ လင်းယွန်နှင့် ဝမ်ယုဝါထံ ရွေးချယ် သွားသည်။
တစ်ဖက်တွင် နှလုံးသားမှာ သေစေ တက်သော နေရာ ဖြစ်သဖြင့်၊ အပြာရောင် စပါးအုံး မြွေ ဘုရင်က၊ ကြေးခွံ များဖြင့် ကောင်းစွာ ဖုံးအုပ် ထားသည်။
သို့သော် ယဲ့ဇီလင်၏ တိုက်ခိုက်မှုသည် အလွန် ပြင်းထန်ပြီး၊ နှလုံး တစ်ဝိုက်ရှိ အကြေးခွံ များကို၊ ထိုးဖောက် လာ၏။
ယင်းက သူ့ကို ကောင်းစွာ ထိတ်လန့် သွားစေသည်။ အဆုံးတွင် ရန်သူအား ကုန်းမြေ ပေါ်၌၊ ရင်ဆိုင် တိုက်ခိုက်ရ ခြင်းသည် တစ်ပန်း ရှုံးစေ၏။
ထို့အပြင် သူမ၏ ကောင်းကင်ဓား ရည်ရွယ်ချက်မှာ၊ ထင်ထား သည်ထက် ပို၍ ကြောက်စရာ ကောင်းနေသည်။
ထို့ကြောင့် အတွေ့အကြုံ ရှိပုံ မရသော ဤနှစ်ဦးထံ ပြေးရန်၊ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။
“ ယုဝါ သတိထား ... ။ ”
ယဲ့ဇီလင်မှာ စိုးရိမ် စိတ်ကြောင့် မျက်နှာ ပြောင်းလဲ သွားသည်။ အပြာရောင် စပါးအုံး မြွေ ဘုရင်တွင်၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိထား သော်လည်း၊ လင်းယွန်နှင့် ဝမ်ယုဝါ ကိုင်တွယ် နိုင်သည့် အရာ မဟုတ်ချေ။
“ စီနီယာ အစ်မ … ။ ”
ဝမ်ယုဝါ မျက်နှာမှာ၊ သေမင်းကို မြင်လိုက်ရ သကဲ့သို့၊ ဖြူရော် လာ၏။ အကြောက် တရားက သူ့ခန္ဓာ ကိုယ်ကို၊ အသက်မဲ့ သွားစေသည်။
“ သွား ... ။ ”
လင်းယွန်က သူတော်စင် နဂါး ခန္ဓာ ကိုယ်အား ကန့်သတ်ချက်ထိ ထုတ်ဖော်ကာ၊ လေးနက်သော အမူ အရာဖြင့်၊ ဝမ်ယုဝါကို ဆွဲယူ ပစ်ထုတ် လိုက်သည်။
နဂါး လက်သည်း ထွက်ပေါ် လာပြီး၊ မယုံ နိုင်စရာ ကောင်းသော အလျင်ဖြင့် ဝမ်ယုဝါအား လွင့်စဉ် သွားစေ၏။ အကျိုးဆက် အနေဖြင့် အပြာရောင် စပါးအုံး မြွေအား မရှောင်နိုင် တော့ချေ။
“ ဝုန်း ... ။ ”
“ အွန့် ... ။ ”
ခရမ်း ရွှေရောင် နဂါး ရူရ်များ တောက်ပ သွားပြီး၊ မီတာ (၁၀,၀၀၀) အကွာသို့ လွင့်စဉ် သွားသည်။
လမ်း တစ်လျှောက် ကျောက်တုံး ကြီး-ငယ်များ အစိတ်စိတ် အမွှာမွှာ ကြေမွှလျက်၊ အဆုံးတွင် မြေကြီးထဲ မြုပ်ဝင် ရပ်တန့် သွား၏။
ယဲ့ဇီလင်က ကောင်းကင်မှ ပြုတ်ကျ လာသော ဝမ်ယုဝါအား ဦးစွာ ဖမ်းယူ လိုက်၏။ သည့်နောက် ငြိမ်သက် သွားသော အပျက် အစီး များထံ၊ လှည့်ကြည့် သည်။
“ အစ်မယဲ့ ... ၊ စီနီယာ အစ်ကို ယွန် ... ။ ”
ဝမ်ယုဝါမှာ သူမကိုယ် သူမ လုံခြုံ စိတ်ချ သွားမှန်း သိသည်နှင့်၊ အပျက်စီး ပုံ၏ ဦးတည် ရာသို့ ရှုပ်ထွေးသော အမူအရာနှင့် ကြည့် မိသည်။
ယဲ့ဇီလင် အတွက်မူ၊ သူမ နှစ်မြို့ ဖွယ်ရာ မရှိသော ဤလင်းယွန်မှ ဝမ်ယုဝါကို အသက်နှင့် ရင်းကာ၊ ကယ်တင် လိမ့်မည်ဟု မထင်ချေ။
“ စီနီယာ အစ်မ၊ သူ ... စီနီယာ အစ်ကိုယွန် ။ ”
လျူယွမ် သည်လည်း၊ မျက်နှာ ပျက်ယွင်းစွာနှင့်၊ အပြေး အလွှား ရောက်ရှိ လာ၏။
လင်းယွန် သေဆုံး သွားနိုင် သည်ဟု၊ ပြောချင် သော်လည်း၊ စကား လုံးများ ထွက် မလာ တော့ချေ။
“ ယုဝါကို ဂရုစိုက် ... ။ ”
ယဲ့ဇီလင်က အေးစက်သော အသွင်ဖြင့်၊ အပြာရောင် စပါးအုံး မြွေဘုရင် ထံသို့ သွားရန် ပြင်လိုက်သည်။
လင်းယွန်သာ တစ်ခုခု ဖြစ်ခဲ့ ပါက၊ ၎င်းသားရဲ ထံမှ ထိုက်တန်သော တန်ဖိုး တစ်ခု၊ ပြန်၍ ရယူ ရပေမည်။
သို့သော် ရုတ်တရက် အပျက် အစီးပုံ အတွင်းမှ ကြောက်မက်ဖွယ် ဓား ရောင်ဝါများ တိုးထွက် လာသည်။
“ တိမ်လွှာဓား (၁၃) ချက် ... ။ ”
ယင်းအငွေ့ အသက်က ဒေသ တစ်ခု လုံးကို ချက်ချင်း လွှမ်းခြုံ သွား၏။
“ ပထမဓား - တိမ်ဖုံး နေသော နေမင်း။ ”
တိမ်တိုက်များ အတွင်းမှ လွတ်မြောက် လာသော နေမင်း ကြီး ကဲ့သို့၊ ဓား အလင်းများ ပေါက်ကွဲ ကုန်သဖြင့်၊ ယဲ့ဇီလင် တစ်ယောက် မျက်လုံး ပြူးသွားသည်။
တစ်ဖက်တွင် ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ၊ ပုရွက်ဆိတ် တစ်ကောင်မှ သူ့အား ခြိမ်းချောက် နိုင်လိမ့် မည်ဟု၊ မြေွ ဘုရင်မှ မယုံချေ။
ထို့ကြောင့် ပုရွက်ဆိတ်အား အမှုန့်ကြိတ် ပစ်ရန် ကြံရွယ်ကာ၊ အကြေးခွံ များကို တုန်ခါ စေလျက်၊ ကြောက်မက်ဖွယ် ရောင်ဝါများ၊ ထုတ်လွှတ် တော့၏။
ထို့နောက် ဓား ရောင်ဝါဖြင့်၊ သိုင်းခြုံ ထားသော လင်းယွန်ကို၊ လျင်မြန်စွာ လှည့်၍ ကန့်သတ် လိုက်သည်။
သို့သော် သူ့ ခန္ဓာ ကိုယ်မှာ၊ ထိုဓား ရောင်ဝါနှင့်၊ ထိမှန် သွား ချိန်၌ အကြေး ခွံများ ချက်ချင်း၊ အရည်ပျော် သွားသည်။
ယင်းက ယဲ့ဇီလင်၏ ကောင်းကင်ဓား ရည်ရွယ် ချက်ထက်၊ ပို၍ ထက်ရှ လွန်းသော ဓား ဖြစ်၏။ ထို့ပြင် တိမ်လွှာဓား သည်လည်း ပို၍ အားကောင်း နေလေသည်။
“ ရှူး ... ။ ”
ကောင်းကင်ဓားက သူ့ ကိုယ်ခန္ဓာထဲ လွယ်ကူစွာ ဖြတ်ဝင်လာ သဖြင့်၊ စူးစူး ဝါးဝါး အော်ဟစ် လိုက်မိသည်။
ထို့စဉ် ဒုတိယ ဓားကို ထုတ်လွှတ်ရန် အတွက်၊ လင်းယွန်မှ နောက်ဆုတ်ကာ ပြင်ဆင် လိုက်သည်။
“ ရွှပ် ... ။ ”
ထို့နောက် ကြီးမားသော မြွေ ဘုရင်၏ ခန္ဓာကိုယ် ပေါ်၌၊ ဓား ဒဏ်ရာများ ဆက်၍ ထွက်ပေါ် လာတော့၏။
အပြာရောင် စပါးအုံး မြွေ အနေဖြင့်၊ အစပိုင်းတွင် လင်းယွန် အပေါ်၊ အသာစီး ရခဲ့ သော်လည်း၊ တဖြည်းဖြည်း နိမ့်ကျသော အခြေ အနေသို့၊ ရောက်ရှိ လာသည်။
ယဲ့ဇီလင်ကြောင့် ဒဏ်ရာသာ မရရှိ ထား ပါက၊ ဤပုရွက်ဆိတ်ကို သတ်ပြီး ဖြစ်ပေမည်။ ယခုမူ ဂရု တစိုက်ဖြင့် ဓားချက် များကို၊ ကာကွယ် နေရသည်။
လင်းယွန်မှာ အပြာရောင် စပါးအုံး မြွေဘုရင်နှင့် နှိုင်းယှဉ်သော် သေးငယ်လှ သော်လည်း၊ ရောင်ဝါမှာ၊ ဧရာမ တောင်ကြီး တစ်လုံး ကဲ့သို့၊ ခိုင်မာ လေသည်။
ထို့ကြောင့် နဝမ ဓားချက်ကို ထိမှန် ပြီးနောက်၊ အပြာရောင် စပါးအုံး မြွေဘုရင်မှာ တောင့်မခံ နိုင်တော့ဘဲ၊ မြေပြင်ပေါ် လဲကျ သွား၏။
“ မ သေ ဖူး လား ... ။ ”
လင်းယွန် သည်လည်း၊ အံ့ဩ စွာဖြင့်၊ စိတ်ပျက် လက်ပျက် ညည်းညူကာ၊ မြေပြင်ပေါ် ဒူးထောက်ကျ သွားသည်။
သူ ဒဏ်ရာ ရရှိ ပြီးသား၊ အခြေ အနေ အောက်၌၊ တိမ်လွှာဓား ကိုး ချက်ကို ဆက်တိုက် ထုတ်ဖော် ရခြင်းမှာ၊ ပင်ပန်း နွမ်းနယ် စေ၏။
မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာပြီး၊ ပါးစပ်မှ သွေး စီးကျလျက် အနေ အထားဖြင့်၊ ပြန် ထရန် ရုန်းကန် နေသော စပါးအုံး မြွေ ဘုရင်ကို၊ မော့ကြည့် မိသည်။
“ ဝှစ် ... ။ ”
ထိုစဉ် ကောင်းကင်မှ ဓား တစ်လက် ထိုးဆင်း လာကာ၊ ၎င်း၏ ဦးခေါင်း နောက်ကို ဖောက်လျက်၊ မြေကြီးထဲ သပ်ရိုက်ထား သကဲ့သို့၊ စိုက်ဝင် သွားသည်။
“ ရှီး ... ။ ”
အော်ဟစ် သံများ ချက်ချင်း ဆူညံ လာပြီး၊ အပြာရောင် စပါးအုံး မြွေမှာ၊ တွန့်လိမ် ရုန်းကန် တော့၏။ သို့သော် မည်မျှပင် ကြိုးစား စေကာမူ၊ ဓားမှ မလွတ်မြောက် နိုင်တော့ချေ။
ယဲ့ဇီလင်က လင်းယွန်ကို အချိန် အတော်ကြာ စိုက်ကြည့် နေမိသည်။ ဤလူငယ် တွင်၊ အထင် ကြီးစရာ အရည် အချင်းများ ရှိ သည်ကို ဝန်ခံရ ပေမည်။
တိမ်လွှာဓား (၁၃) ချက်အား၊ သရုပ်ဖော် အဆင့်ထိ ဆောင်ယူ ထားကာ၊ ကောင်းကင်ဓား ကိုလည်း ဆုပ်ကိုင် ထားနိုင်၏။ ယင်းက တုန်လှုပ် စရာ ပေပင်။
နှုတ်ခမ်းမှ သွေး များကို သုတ်လျက်၊
“ စီနီယာ အစ်မ၊ မင်း ဘာလို့ ငါ့ကို ဒီလို ကြည့်နေ ရတာလဲ၊ ငါ့ကို စိတ်ဝင်စား လာတာ တော့၊ မဟုတ် ပါဖူးနော်။ ”
-ဟု လင်းယွန်မှ အနေ ခက်သော အသွင်ဖြင့် ပြောလိုက် တော့သည်။
မှင်တက် နေရာမှ ပြန်၍ သတိဝင် လာပြီး၊ ယဲ့ဇီလင် တစ်ယောက် ဒေါသ ထွက်သွားသည်။ သို့သော် ဝမ်ယုဝါအား ကယ်တင်ခဲ့ ပုံကို၊ သတိ ရလျက်၊ ချက်ချင်း တည်ငြိမ် လာသည်။
“ နဝမမြောက် ကောင်းကင် လမ်းရဲ့ ... ချန်ပီယံက၊ တကယ့်ကို ကြောက်စရာ ကောင်း တာပဲ၊ မင်းမှာ ဘာတွေ ထပ်ပြီး ဖုံးကွယ် ထားသေးလဲ၊ ငါ သိချင်တယ်။ ”
-ဟု ဆိုလျက် လင်းယွန်ကို ကူညီရန် ရှေ့တိုး လိုက်သည်။
သို့သော် ဒဏ်ရာများ ပြင်းထန်ခြင်း မရှိကြောင်း၊ သတိထား မိလိုက် သဖြင့် ခြေလှမ်း ရပ် သွား၏။
အပြာရောင် စပါးအုံး မြွေမှာ၊ ဒဏ်ရာ ရရှိထားသည် မှန် သော်လည်း၊ လင်ယွန်ကို သတ်နိုင် ပေသေးသည်။
ထို့ကြောင့် ၎င်းမြွေ ဘုရင်၏ တိုက်ခိုက် မှုအား၊ ခန္ဓာကိုယ် သက်သက်ဖြင့် ခံယူခြင်းမှာ၊ အဓိပ္ပါယ် မရှိချေ။
“ မင်း ... ဒဏ်ရာ မရခဲ့ ဖူးလား။ ”
“ ကံကောင်း သွားတာပါ။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ မကြာသေး မီက သူတော်စင် နဂါး ခန္ဓာအား ပဉ္စမ အဆင့်သို့၊ ရောက်ရှိထား သဖြင့် အမှန်ပင် ကံကောင်း သွားခြင်း ဖြစ်လေသည်။
၎င်းက ခရမ်း- ရွှေရောင် နဂါး ရူရ်ပေါင်း (၇၀)ကို၊ ထုတ်ဖော် နိုင်စေသည်။ ယင်းကြောင့် ရုပ် ခန္ဓာမှာ၊ အားကောင်း သန်မာ လာခြင်း ဖြစ်သည်။
နဂါး အရိုးနှင့် သူတော်စင် နဂါး ချပ်ဝတ် မရှိ သော်လည်း၊ အသုံးဝင် သေး၏။
“ စီနီယာ အစ်ကို လင်း ... ။ ”
အပြေး အလွှား ရောက်ရှိ လာသော လျူယွမ်နှင့် အဖွဲ့မှာ၊ လင်းယွန် အသက်ရှင် နေသေး သည်ကို တွေ့လိုက်ရ သဖြင့် အံ့ဩ သွားသည်။
“ အစ်ကို ယွန် ... ။ ”
ဝမ်ယုဝါက လင်းယွန် ရင်ခွင်ထဲ ပြေးဝင်ကာ ငိုချ လိုက်သည်။
“ အစ်ကိုယွန် တောင်းပန် ပါတယ်၊ စောစောက ယုဝါကို ဂရု မစိုက်ဖူး ထင်ပြီး၊ ဒေါသ ထွက်နေ မိတာပါ။ ”
ဤတစ်ကြိမ်၌ ဝမ်ယုဝါ၏ အဆိုပါ၊ အပြုအမူအား၊ ယဲ့ဇီလင်မှ ဟန့်တားခြင်း မရှိ တော့ချေ။ ဖုန်ကျန်းနှင့် ကျန်သူ များမှာ မျက်နှာ လွှဲလိုက် ကြသည်။
တိုက်ပွဲဝင် ခဲ့သည့် လူချင်း အတူတူ ဤလင်းယွန်မှ အဘယ်ကြောင့် သူရဲကောင်း ဖြစ်သွား ရသည်ကို သူတို့ နားမလည် မိချေ။
“ စီနီယာ အစ်မ ... ၊ ဒီကောင် သေပြီလား။ ”
အကြေးခွံ အချို့ အရည် ပျော်ပြီး၊ ကြောက်စရာ ကောင်းသော ဒဏ်ရာ များဖြင့် မြေပြင်တွင်၊ ငြိမ်သက် နေသည့် မြွေဘုရင်ထံ ငုံ့ကြည့်ကာ၊ လျူယွမ်မှ မေးသည်။
ဤသားရဲမှာ မယုံနိုင် လောက်အောင် သန်မာ ချေပြီ။ ယဲ့ဇီလင် ကြောင့်သာ မဟုတ် ပါက အနိုင်ယူ နိုင်မည် မဟုတ်ချေ။
ဆိုလို သည်မှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိသော၊ လင်းယွန်မှ ၎င်းအား အနိုင်ယူ ခဲ့သည်ဟု၊ မထင် မိခြင်း ဖြစ်၏။
ယဲ့ဇီလင် အနေ ဖြင့်လည်း၊ လင်းယွန်၏ လျှို့ဝှက်ချက် အချို့အား ထုတ်ပြော လိုခြင်း မရှိ သောကြောင့်၊ ရှင်းပြရန် ဆန္ဒ မရှိ တော့ဘဲ၊
“ မသေ သေးဘူး။ ”
-ဟု ဆိုလျက် မြွေ ဘုရင် ထံသို့ လျှောက်လှမ်း သွား လိုက်သည်။
ထိုအချိန်တွင် လင်းယွန်က ဝမ်ယုဝါအား ရင်ခွင်ထဲမှ ဖယ်ထုတ်ကာ၊ ယဲ့ဇီလင် နောက်သို့၊ လိုက်သွား မိ၏။
ကျောက်တုံး လွင်ပြင်၌၊ ဤသားရဲများ အဘယ့်ကြောင့်၊ ရှိနေရ သည်ကို သူလည်း သိချင် ပေသည်။
ဘုရင် အဆင့် နတ်ဆိုး သားရဲကြီး ကိုပင်၊ ရှိစေ သောကြောင့်၊ အဖိုးတန် အရာ တစ်ခုခု ရှိရ ပေမည်။
“ ပြော ... ။ ”
ယဲ့ဇီလင်မှ မေးလိုက်သည်။ အပြာရောင် စပါးအုံး မြွေက သူ့ မျက်လုံး များကို ဖြည်းညှင်း စွာ ဖွင့်လိုက်ပြီး၊
“ သွေး မီးတောက် မှော်နဂါး သတ္ထုရဲ့ ... ၊ မူလ ကျောက်တုံးကို၊ ခုနှစ်ရက် အတွင်း မွေးဖွား ပေး လိမ့်မယ်၊ အနည်း ဆုံးတော့ ဒါဟာ သူတော်စင် မူလ ကျောက်တုံး အဆင့်ပဲ။ ”
-ဟု အာလျော့စွာ အဖြေ ပြန်ပေး လာသည်။
ဤသတင်းက လူတိုင်းကို တုန်လှုပ် သွားစေသည်။ ယဲ့ဇီလင်မှ စိုက်ဝင် နေသော ဓားကို လက်ဝှေ့ ယမ်းကာ၊ ပြန်ခေါ် လိုက်၏။
“ ဒီနေ့ ... ငါရှုံး တာကို ဝန်ခံပါတယ် … ။ ”
ဓားမှ လွတ် သည်နှင့်၊ မြွေဘုရင်က အရှုံးပေးပြီး ထွက်ခွာရန် ကြံရွယ် လိုက်သည်။ သို့သော် ဓား အလင်းများ ရုတ်တရက် ကျလာ ကာ၊ သူ့အား ခေါင်းဖြတ် လိုက်တော့၏။
“ မင်း ... မင်း ... ၊ ငါ့ကို လိမ်တယ်။ ”
ယဲ့ဇီလင် တစ်ယောက်၊ ဤသို့ ပြတ်သားစွာ လုပ်ဆောင် လာလိမ့် မည်ဟု မထင်ထား သဖြင့်၊ ခေါင်းပြတ် နေသော မြွေဘုရင်မှာ၊ နောင်တရ သွားသည်။
“ မင်း ဘာတွေ၊ တွေးနေလဲ ဆိုတာ ... ၊ ငါမသိ ဖူးလို့၊ မင်းထင်နေ တာလား၊ ငါ့ ဂိုဏ်းက တပည့် တွေကို၊ ...
... မင်း လက်စား ချေဖို့၊ ကြံရွယ် နေတာ ငါသိတယ်၊ ဘုရင် အဆင့် သားရဲ တစ်ကောင် အနေနဲ့၊ မင်းက တကယ့်ကို နုံအတဲ့ ကောင်ပဲ။ ”
ယဲ့ဇီလင် စကား ကြောင့်၊ လင်းယွန်က ပြုံးလိုက် မိသည်။ သူမတွင် ဓားသမား တစ်ဦး၌ ရှိသင့်သော၊ စိတ်ဓာတ်နှင့် သူရဲကောင်း ဆန်သော အပြု အမူများ ရှိနေ ပေ၏။
***