နောက်ကွယ်မှ အရိပ်များ။
Vol. 82 Ch. 1146
“ သွေးမီးတောက် မှော်နဂါး သတ္ထု ဆိုတာ ဘာလဲ။ ”
လင်းယွန်က ပြန် မေးသည်။ ဖုန်ကျန်းနှင့် အမာခံ တပည့် များ မှာလည်း၊ ၎င်းအား ကြားရုံ မျှသာ ကြားဖူးပြီး၊ မည်မျှ တန်ဖိုးရှိ သည်ကို မသိချေ။
“ လျူယွမ်၊ ရှင်းပြ လိုက်ပါ။ ”
ယဲ့ဇီလင်မှ တာဝန်ပေး လာ သဖြင့်၊ လျူယွမ်က ခေါင်းညိတ် လိုက်သည်။ တိမ်လွှာ ဓား ဂိုဏ်း၏ သင်းထောက် တစ်ဦး အနေဖြင့်၊ ကောင်းကင်ဘုံ ရေပေါ် ကျွန်းရှိ၊ သတ္ထုများ အကြောင်း ကောင်းကောင်း သိထားသည်။
ကောင်းကင်ဘုံ ရေပေါ် ကျွန်းတွင်၊ သဘာဝ သတ္ထု မိုင်းတွင်းများ ရှိ၏။ တစ်နှစ်လျှင် သန့်စင် ပြီးသော၊ သဘာဝ သတ္ထု (၅၀၀) ကီလို ဂရမ်ခန့် ထုတ်လုပ် နိုင်သည်။
တိမ်လွှာဓား ဂိုဏ်း အနေဖြင့်၊ ၎င်းတို့ ရရှိသော သတ္ထု ရိုင်းများကို မရောင်းဘဲ၊ ဓား ဂိုဏ်းသို့ တိုက်ရိုက် ပေးခဲ့သည်။
သွေး မီးတောက် မှော်နဂါး သတ္ထု ကဲ့သို့သော၊ ရှားပါး တန်းဝင် သတ္တုရိုင်း များကို၊ အရိုင်းမြေ များ၌သာ တွေ့ရှိ ရသည်။ သတ္ထု မျိုးကွဲ အဖြစ် ယူဆ နိုင်ပြီး၊ တွေ့ရ ခဲပေ၏။
သွေးမီးတောက် မှော်နဂါး သတ္ထု (၅၀၀) ဂရမ်သည်၊ သာမာန် သတ္ထုရိုင်း (၅၀၀၀) ကီလို ဂရမ်နှင့် ညီမျှပြီး၊ နတ်ကြယ် ပုလဲများ ဖြင့်ပင်၊ ဝယ်ယူ၍ မရချေ။
၎င်း သတ္ထုနှင့်၊ ပြုလုပ် ထားသော သူတော်စင် ပစ္စည်း များသည်၊ အခြား သတ္ထု များဖြင့် ပြုလုပ်သည့် သူတော်စင် လက်ရာ များထက်၊ များစွာ အားကောင်း ချေ၏။
ထို့ကြောင့်၊ အဆိုပါ သတ္ထုအား စျေးကွက် အတွင်း၌ ရှာမတွေ့ နိုင်ချေ။
“ ဒါပေမယ့် အပြာရောင် စပါးအုံး မြွေ ဘုရင်ပြော တာက၊ မူလ ကျောက်တုံး မဟုတ် လား။ ”
လင်းယွန်က ရှုပ်ထွေး ဟန်ဖြင့်၊ မေး လိုက်သည်။ လျူယွမ်က ခေါင်းညိတ် လာ၏။ မူလ ကျောက်တုံး ဟူသည်၊ ၎င်းသဘာဝ သတ္တု ရိုင်းများကို မွေးထုတ်ပေး နိုင်သည်။
ထို့ကြောင့် မိုင်းတွင်းမှ၊ မူလ ကျောက်တုံးအား၊ ထုတ်ယူ သွားပါက၊ သတ္တု ရိုင်းများ ထွက်ရှိ တော့မည် မဟုတ်ချေ။
ဆိုလို သည်မှာ၊ အထက်ပါ မူလ ကျောက်တုံးကို ရယူနိုင် ခဲ့သော်၊ ဆယ်စုနှစ် တစ်ခု ကြာ ပြီးနောက်၊ သွေးမီးတောက် မှော် နဂါး သတ္ထု မိုင်းတွင်း တစ်တွင်းကို၊ ပိုင်ဆိုင် နိုင်မည် ဖြစ်သည်။
ယင်းမှာ မက်မော စရာ ကောင်းသော ကြွယ်ဝမှု ဖြစ်လာ နိုင် မည်ကို၊ လင်းယွန် နား လည် လိုက်၏။
သည့်မတိုင်မီ ဝမ်ယုဝါ အတွက်၊ အပျော် ခရီးစဉ် မျှသာ ထင်ပြီး၊ နဂါးလေးနှင့် ခရမ်းငယ် ကို၊ ခေါ် မလာခြင်း ဖြစ်သည်။
နဂါးလေးမှာ အင်ပါ ရီယန် နယ်ပယ်သို့ ထိုးဖောက် ဝင်ရောက် နေဆဲ ဖြစ်သည်။ ၎င်းတို့ နှစ်ဦး အနားတွင် မရှိ ချိန်၌၊ သူ၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ များစွာ နိမ့်ကျ ပေမည်။
“ ရွှပ် ... ။ ”
ရုတ်တရက် မျက်နှာ ပြောင်းလဲ သွားပြီး၊ ကေျာက်တုံး တစ်တုံးထံ ဓား ရောင်ခြည်နှင့် ပစ်ခတ် လိုက်သည်။
ထိုဓား အလင်းကြောင့်၊ ကျောက်တုံးမှာ ချက်ချင်း ကြေမွှ သွားပြီး၊ ပုန်းကွယ် နေသော အပြာဝတ် လူငယ် တစ်ဦးအား မြင်လိုက် ရ၏။
“ ချင်း ဖန် ... ။ ”
လျူယွမ်က ထိုလူကို ချက်ချင်း မှတ်မိ၏။ တစ်ချိန်တည်း မှာပင် အခြားသော လူရိပ်များ သည်လည်း၊ ကောင်းကင်ပေါ် ခုန်တက်ကာ ထွက်ပြေး သွား ကြသည်။
“ ဟဲဟဲ ... မင်း မဆိုးဘူး၊ ငါ ကောင်းကောင်း ပုန်းနေ ပေမယ့်၊ မင်း ငါ့ကို ရှာတွေ့ နိုင်တယ်။ ”
အပြာဝတ် လူငယ်မှာ၊ ချက်ချင်း ထွက်ပြေးခြင်း မရှိဘဲ၊ တည်ငြိမ် စွာနှင့်၊ လင်းယွန် ကို ပြုံးပြကာ၊ လှည့်ထွက် သွားသည်။
“ သူ့ကို ထားလိုက် ... ။ ”
ယဲ့ဇီလင် စကားကြောင့်၊ ဖုန်ကျန်းနှင့် အခြားသော အမာခံ တပည့် များမှာ၊ ထွက်ပြေး သွားသည့် ချင်းဖန်နောက်၊ ဆက် မလိုက် တော့ဘဲ၊ ရပ် လိုက်သည်။
“ အဲ့ဒါမှ ဒုက္ခပဲ ... ၊ ဒီကောင်တွေ သွေးမီးတောက် မှော်နဂါး၊ မူလ ကျောက်တုံး မွေးလာ မှာကို၊ သိထားပုံ ရတယ်။ ”
“ ချင်းဖန် ... အဲဒီ အရူးက၊ သွေ့ရော် ပင်လယ်ရဲ့၊ အဆင့် သတ်မှတ် ချက်မှာ၊ အဆင့် တစ်ဆယ် မဟုတ်လား။ ”
ရုတ်တရက် ဖုန်ကျန်းမှ သတိ ရ သွား၏။ သွေ့ရော် နက်ရှိုင်းသော ပင်လယ်သည် နယ်စပ် ဒေသ ဖြစ်သဖြင့်၊ မိစ္ဆာ ကျင့်ကြံ သူများ ရှိလေသည်။
၎င်းတို့ အနက်မှ လူ အနည်း ငယ်မှာ၊ သန်မာသော အဖွဲ့အစည်း များကို စော်ကားခဲ့ သည်မို့၊ လူမြင်ကွင်းထဲ မထွက်ဝံ့ တော့ချေ။
ချင်းဖန်မှာ ၎င်းတို့ အနက် တစ်ဦး ဖြစ် သော်လည်း၊ ထိုသို့ မဟုတ်ချေ။ မကြာ ခဏ ဆိုသလို ထွက်ပေါ်လာ တက်သည်။ ထို့ကြောင့် သူ့ကို ‘အရူး ချင်း’ ဟု ခေါ်ဆို ကြသည်။
ယဲ့ဇီလင်မှ ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ယူကာ၊ တိမ်လွှာဓား ဂိုဏ်းထံသို့ သတင်း အချက် အလက်များ၊ ပေးပို့ လိုက်သည်။
“ လက်ရှိ အခြေ အနေနဲ့ ပတ်သက်ပြီး ... ၊ ဂိုဏ်းချုပ်ကို အကြောင်း ကြား ထားတယ်၊ (၇) ရက် အတွင်း အကြီး အကဲတွေ လာလိမ့်မယ်။ ”
အချင်း အရာမှာ အလွန် အရေးကြီး သောကြောင့်၊ ဂိုဏ်းချုပ်မှ ကိုယ်တိုင် ကိုယ်ကျ လာရောက်ရန် နည်းလမ်း မရှိပေ။
ဂိုဏ်းချုပ် ကိုယ်တိုင် လှုပ်ရှား လာပါက၊ အခြားသော ပြိုင်ဘက် များကို ဆွဲဆောင်ရာ ရောက်ပေမည်။
သွေ့ရော် ပင်လယ် ပြင်ရှိ၊ မိစ္ဆာ ကျင့်ကြံ သူများ အတွက်မူ၊ အကြီး အကဲများ ဖြင့်ပင်၊ လုံလောက် သည်။
သို့သော် အကြီး အကဲများ၊ သည်နေရာသို့ မရောက် မချင်း၊ ကျွန်းကို ကာကွယ်ရန် တာဝန် ရှိနေ၏။
“ ဒီမှာ အထိုင်ချ ထားတဲ့ ... ၊ အကြီး အကဲကို ငါတို့ ခေါ်မလား။ ”
လျူယွမ်မှ မေးသည်။
“ မခေါ်နဲ့ ... ၊ ဒီသတင်းက သေချာလား ဆိုတာ၊ ဘယ်သူမှ အတည် မပြုနိုင် သေးဘူး၊ ငါတို့ ကျွန်းပေါ်မှာ အကြီး အကဲက နှစ်ယောက်ပဲ ရှိတယ်၊ သူတို့ ...
... ထွက်လာတုန်း မိုင်းတွင်းရဲ့ ... ၊ မူလ ကျောက်တုံးကို ဖယ်ရှားခံ လိုက်ရရင်၊ အားလုံး ပြီးသွား လိမ့်မယ်။ ”
ယဲ့ဇီလင်က အခြေ အနေ အရပ် ရပ်ကို ခွဲခြမ်း စိတ်ဖြာပြီး ပြောလာ သဖြင့်၊ လျူယွမ် တစ်ယောက် ငြိမ်သက် သွား၏။
“ ချင်းဖန်က ကြောက်စရာ ကောင်းလား။ ”
ဖုန်ကျန်းမှ ဝင် မေးသည်။
“ ကြယ်စင်စု အဆင့်မှာ ရှိတုန်း ကတော့၊ နတ်မိစ္ဆာ မိုးကြိုးဓားနဲ့၊ တူညီသော ခွန်အားမျိုး ရှိတယ်၊ ...
... အခု သူက လွန်ခဲ့တဲ့ ... ၊ နှစ်ဝက် လောက်တည်းက၊ နက္ခတ် အဆင့်ကို ရောက်နေ တာ ဆိုတော၊ ပိုသန်မာ လာမှာ အမှန်ပဲ။ ”
လျူယွမ်က ပြန်ဖြေသည်။
“ သူက ချင်းဖန်ပါ ... ၊ အဲ့ဒီ လောက်လည်း မဟုတ်သေး ပါဘူး၊ စိုးရိမ် မနေ ကြနဲ့ ... ။ ”
ယဲ့ဇီလင်မှ စကား ဖြတ်ကာ ထွက်ရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ရောင်ဝါ ပြိုကျ လာပြီး၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လျက်၊ နှုတ်ခမ်း၌ သွေးများ စွန်းထင်း ကုန်၏။
“ စီနီယာ အစ်မ ... ။ ”
အော်ဟစ် သံများ ဆူညံ ကုန်ပြီး၊ လူတိုင်းမှ ကူညီရန် အပြေး လှမ်းလာ ကြသည်။ သို့သော် လင်းယွန်က သူတို့ထက် ပိုမြန် နေ၏။
အပြာရောင် စပါးအုံး မြွေမှ အဆိပ်နှင့် မှုတ်ထုတ် လိုက်ချိန်မှ စကာ၊ စောင့်ကြည့် နေခဲ့ခြင်း ဖြစ်သည်။ ထိုအဆိပ်မှာ ပင်မ နတ်ဘုရား နယ်ပယ်၊ ကျွမ်းကျင်သူ များကိုပင်၊ ဒုက္ခပေး နိုင်၏။
“ အဆိပ်မိ ထားတယ်။ ”
“ ရတယ် ... အဆင် ပြေတယ်၊ သွေး မီးတောက် မှော်နဂါး၊ မူလ ကျောက်တုံး မွေးဖွား လာမဲ့ နေရာကို အရင် ရှာရအောင်။ ”
လင်းယွန် စကားကို ဂရု မစိုက် ဟန်ဖြင့် ယဲ့ဇီလင်မှ တွန်းထုတ်ကာ၊ ပြောလိုက်သည်။
“ ဟုတ်ပါတယ် အခုတော့ ... အဆင်ပြေ သေးတယ်၊ ဒါပေမယ့် ခုနစ်ရက် ကျော်ရင်တော့ တိုက်ပွဲ ဝင်နိုင် တော့မယ် မထင်ဘူး။ ”
ယဲ့ဇီလင်မှာ စိတ်ဓာတ် ကြံ့ခိုင်သော အမျိုး သမီး တစ်ဦး ဖြစ်သဖြင့်၊ ဤသို့ ငြင်းဆို မည်ကို လင်းယွန်မှ သိသည်။
လင်းယွန် စကား များက၊ လူတိုင်း မျက်နှာကို ပျက်ယွင်း သွားစေပြီး၊ ချင်းဖန်အား လွှတ်ပေး လိုက် ရသည့်၊ အကြောင်း အရင်း အပေါ်၊ နားလည် လာကုန်သည်။
“ အဲလောက်လည်း ... ၊ မဟုတ် သေးပါဘူး။ ”
ယဲ့ဇီလင်မှ ဆေးလုံးအား ထုတ်ယူ သောက်ချလျက် ပြန်ဖြေ၏။ ထို့နောက် အဖွဲ့ကို ဆက်၍ ထွက်ခွာစေ လိုက်သည်။
သို့သော် လင်းယွန် တစ်ယောက်၊ လိုက်လာရန် ဆန္ဒ ရှိပုံ မရမှန်း၊ ဝမ်ယုဝါမှ သတိထား မိသွားကာ၊
“ လာ လေ ... ။ ” -ဟု လှည့်၍ ခေါ်မိသည်။
“ အရင် သွားနှင့်ပါ ... ၊ ဒီသားရဲ အလောင်းနဲ့ ... ၊ ငါ လုပ်စရာလေး ရှိသေးတယ်။ ”
လင်းယွန် စကားကြောင့်၊ လူတိုင်း လှည့်ကြည့် လာ၏။ ယဲ့ဇီလင် အဆိပ် မိခြင်း ထက်၊ သားရဲ အလောင်းပေါ် အာရုံစိုက် နေသည့်၊ လုပ်ရပ် အပေါ်၊ ကျေနပ်ပုံ မရချေ။
“ ကောင်းပြီ ... ၊ မင်းက ... ဒီနတ်ဆိုး သားရဲကို သတ်လိုက်တဲ့ အတွက်၊ မင်း ဆန္ဒ အတိုင်း၊ ကြိုက်တာ လုပ်ပါ။ ”
ယဲ့ဇီလင်မှ ပြောလိုက် ပြီးနောက်၊ လှည့်ထွက် သွား တော့သည်။ ယင်းက အဖွဲ့ကို တိတ်ကျ သွားစေ၏။
လင်းယွန်မှ အပြာရောင် စပါးအုံး မြွေဘုရင်ကို သတ်နိုင်ခဲ့ သည်ဟု၊ သူတို့ မယုံ နိုင်ချေ။ သို့သော် ယဲ့ဇီလင် ပါးစပ်က၊ ထုတ်ပြော နေသဖြင့်၊ လက်ခံ ရပေ တော့မည်။
အားလုံး ထွက်သွား ကြ ပြီးနောက်၊ မြွေဘုရင်၏ အလောင်းကို စတင် စစ်ဆေး လိုက်သည်။
ကြီးမားလွန်း သဖြင့် အလောင်း တစ်ခု လုံးကို သူ မယူ နိုင်ချေ။ နဂါး လေးသာ ရှိပါက၊ အဆင်ပြေ နိုင်မည်။
ထို့နောက် ဓားမြှောင်ကို ထုတ်ကာ၊ အပြာရောင် စပါးအုံး မြွေ ဘုရင်အား၊ စတင် လှီးဖြတ် တော့သည်။
ဓားနှင့် ထိသည့် နေရာ တိုင်းမှ၊ မီးပွား ငယ်များ ပွင့်ထွက် လာ၏။ ယဲ့ဇီလင် မှာမူ ဒဏ်ရာ ရရှိ နေသောကြောင့်၊ ဓား ရည်ရွယ်ချက် အသုံး မပြုနိုင် သဖြင့်၊ အလောင်းအား လှည့်မကြည့် တော့ခြင်း ဖြစ်သည်။
သားရဲ အမြုတေကို နှိုက်ထုတ် ပြီးနောက်၊ လင်းယွန်မှ ပြုံးလိုက် မိ၏။ ၎င်းတွင် နဂါးသွေး မပါ ဝင် သော်လည်း၊ နဂါးလေး အတွက် အကျိုးရှိ နိုင်မည်။
“ ဒီနေရာ မှာပဲ၊ ရှိ သင့်တယ် ... ။ ”
ရှေ့သို့ အနည်းငယ် လှမ်းလိုက်ကာ၊ အကြေးခွံ များကို ထိုးခွဲ မိ၏။ နေရာ အနှံ့ မီးပွားများ ပျံ့လွင့် လာသည်။
အချိန် အတော်ကြာ မှသာလျှင်၊ သည်းခြေ အိတ်ကို ရှာတွေ့၏။ သည်းခြေ အိတ်သည် မြွေ ဘုရင်မှ၊ အဆိပ်များ သိမ်းဆည်းရာ နေရာ ဖြစ်သည်။
ဓား ပေါ်ရှိ ရွံရှာဖွယ် ကောင်းသော အဆိပ်ရည် များကို ကြည့်ကာ၊ ချွေးပေါက် အား၊ ချက်ချင်း ပိတ်မိသည်။
သည့်နောက် ကောင်းကင်ဓား ထုတ်ကာ၊ လေထု ထဲရှိ အဆိပ်ငွေ့ များကို တွန်းထုတ်ရန် အာရုံစိုက် လိုက်၏။
ဓားရည်ရွယ် ချက်ကို လုံလောက်စွာ၊ ဆုပ်ကိုင်နိုင် ပါက၊ ၎င်းဖြင့် ဘာမဆို လုပ်နိုင် ပေမည်။
ထို့ကြောင့် အဆိပ်ကို ကိုင်တွယ် ဖြေရှင်း ရာ၌၊ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။ သို့သော် ယဲ့ဇီလင် ကဲ့သို့ အဆိပ်မိ ခံကာ၊ တိုက်ခိုက်ရန် အတွက်မူ၊ ယုံကြည်ချက် မရှိ သေးချေ။
အဆိပ် များကို ဂရု တစိုက် ဖယ်ထုတ် ပြီးနောက်၊ အစိမ်းရောင် သည်းခြေ အိတ်က၊ ဓားဖျား၌ ကပ်ပါ လာ၏။
သက်ပြင်းမော မှုတ်ထုတ် လိုက်ကာ၊ သည်းခြေ အိတ်ကို ကျောက်စိမ်း ပုလင်း တစ်လုံး အတွင်း ထည့်သိမ်းသည်။
သည့်နောက် အဆိပ်မိ မည်ကို၊ ကြောက်ရွံ့ နေစရာ မလို တော့ချေ။ ကောင်းရာနိုးနိုး အစိတ် အပိုင်း အချို့ကို၊ ပို၍ လျင်မြန်စွာ၊ သိမ်းယူ လာ နိုင်သည်။
စိတ်တိုင်းကျ ရိတ်သိမ်း ပြီးနောက် ကောင်းကင်မှာ မှောင်နေ လေပြီ။ ထို့ကြောင့် ယဲ့ဇီလင်တို့ အဖွဲ့အား အမီ လိုက်ရန်၊ အလျင်လို လာတော့၏။
***