မူလ ကျောက်တုံး- (၁)၊
Vol. 82 Ch. 1147
လပြည့်ည။ လမင်း ကြီးက ကောင်းကင်မှ နေ၍ တောက်ပစွာ ထွန်းလင်း နေသော်လည်း၊ ကျောက်တုံး လွင်ပြင်၏ အမှောင်ထုကို မဖြတ်ကျော် နိုင်ချေ။
ကျောက်တုံး လွင်ပြင်၏ အလယ် ဗဟို ဒေသ၌ လျှို့ဝှက် ဆန်းကြယ်သော လူ တစ်စု စက်ဝိုင်း သဏ္ဍာန် ထိုင်နေ၏။
၎င်းတို့ အားလုံးမှာ သွေ့ရော် ပင်လယ် ပြင်၌ နာမည် ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများ ဖြစ်လေသည်။
ထိုအဖွဲ့ အလယ်၌ အနက်ရောင် မီးလျှံ များဖြင့်၊ သူ့ကိုယ်သူ ဖုံးအုပ် ထားသော၊ လူရွယ် တစ်ဦး ထိုင်နေသည်။
၎င်းထံမှ ထွက်ပေါ် နေသည့် သတ်ဖြတ်ခြင်း ရောင်ဝါမှာ၊ ကျန်လူ များကို စိတ်မသက် မသာ ဖြစ် စေ၏။
“ ဝှစ် ... ။ ”
ထိုလူရွယ်က ရုတ်တရက် မျက်လုံးများ ပွင့်လာ သဖြင့်၊ လူအုပ်က လက်ဝေှ့ ယမ်းကာ အရို အသေပေး လိုက်သည်။
“ မြွေဘုရင် သေပြီလား ... ။ ”
လူရွယ်မှ စကားစ ပြောလာသည်။ လူအုပ် ထဲရှိ ချင်းဖန်က သေပြီဟု တုံးတိတိ ပြန်ဖြေ၏။ သည့်နောက် သူ့စကားကို ဆက်လိုက်သည်။
“ ယဲ့ဇီလင်က ရောက်လာတယ်၊ သူ့ဓား ရည်ရွယ်ချက်က၊ သတင်း တွေထက် ပိုထက် ရှတယ်၊ မြွေ ဘုရင်တောင် သူ့ ရှေ့မှာ၊ ရေမြွေ တစ်ကောင်လို၊ စွမ်းအား မဲ့ သွားတယ်။ ”
ယဲ့ဇီလင် ထံမှ၊ ဖြာထွက် နေသည့် ဓားက အဝေး၌ ရှိသော သူ့ကို တုန်လှုပ် စေ၏။
“ ဒါဆို ... သူတို့ သိသွား ပြီပေါ့။ ”
“ ဟုတ်ပါတယ်၊ ပိုပြီး တိကျအောင် အနားကပ် သွားပေမယ့်၊ ငါ့ကို သားပေါက်လေး တစ်ကောင်က ရှာတွေ့ သွားတယ်၊ မင်း သိလား၊ အဲ့ဒီ သားပေါက် လေးက နည်းနည်း ထူးဆန်း နေ သလိုပဲ။ ”
လင်းယွန် ကြောင့်သာ မဟုတ် ပါက၊ သည့်ထက်၊ နည်းနည်း ပိုကြာအောင် နေနိုင် ပေမည်။
သည့်အပြင် ယဲ့ဇီလင် တစ်ယောက် ဒဏ်ရာ ရသွားခြင်း ရှိ-မရှိ ကိုလည်း၊ အတည်ပြု နိုင်မည် ဖြစ်၏။
“ ကြည့်ရတာ ... ၊ ယဲ့ဇီလင် ဒဏ်ရာ ရသွားပုံပဲ ... ၊ ဒီညသာ အမဲလိုက် ထွက်ရင်၊ အားလုံးကို ဖမ်းမိမှာ သေချာတယ်။ ”
ချင်းဖန် အတွေး များက ရဲရင့် လာသည်။ သူ့အမူ အရာကို ဂရု တစိုက် ထိန်းကွပ် ထား သော်လည်း၊ မျက်လုံး ထဲရှိ ရူးသွပ် မှုကို၊ မဖုံးကွယ် နိုင်ချေ။
“ ဒါဆို ... မူလ ကျောက်တုံး ပေါ်လာမယ် ဆိုတာ ... ၊ သေချာ ပြီလား။ ”
ထိုမေးခွန်းက ချင်းဖန်ကို တိတ်ဆိတ် သွားစေ၏။ အဆုံးတွင် ဤသည်မှာ နတ်ဆိုး သားရဲများ ထံမှ လာသော သတင်း ဖြစ်သည်။
သွေး မီးတောက် မှော်နဂါး၊ မူလ ကျောက်တုံးသည် အလွန် အဖိုးတန် ခေျ၏။ လူတစ်ဦး တစ်ယောက်တည်း ခွန်အားဖြင့်၊ ၎င်းကို ထိန်းသိမ်းရန် မဖြစ် နိုင်ချေ။
ယင်းက သွေးမီးတောက် မှော်နဂါး သတ္ထု များကို ထုတ်ပေး နိုင်သည့် မိုင်းတွင်း တစ်တွင်း အပေါ်၊ ကိုယ်စား ပြု လေသည်။
သို့သော် မိုင်းတွင်း အဖြစ် ပြောင်းလဲရန် အတွက်၊ ဆယ်စုနှစ် သို့မဟုတ်၊ ရာစုနှစ် များစွာ ကြာသည် အထိ၊ အချိန်ပေး ရချေ၏။
အင်အား ကြီးမားသော ဂိုဏ်းကြီးများ သည်သာ၊ ယင်းအချိန်ကို စောင့်ကြည့် ကာကွယ် နိုင်ပေမည်။
ဤဒေသ၏ ဂိုဏ်း များမှာ၊ မူလ ကျောက်တုံးမှ သတ္ထု ရိုင်းများ ထွက်လာမည့် အချိန် အထိ၊ ကာကွယ် ထားနိုင်မည် မဟုတ်ချေ။
“ အနည်းဆုံး ... ကိုးဆယ့်ကိုး ရာခိုင်နှုန်း သေချာမှု ရှိတယ်။ ”
ချင်းဖန်မှ အချိန် အတော်ကြာ စဉ်းစား ပြီးနောက် ပြန်ဖြေ ပေးလိုက်သည်။
“ တစ်ရာ ရာခိုင်နှုန်း မသေချာ ပဲနဲ့၊ ယဲ့ဇီလင်ကို ဘာလို့ ရန်စချင် ရတာလဲ၊ ယဲ့ဇီလင် ဆိုတာ တိမ်လွှာဓား ဂိုဏ်းချုပ်ရဲ့ သမီးပဲ၊ ...
... လူတိုင်းက မင်းကို အရူး ချင်း လို့ ခေါ်နေကြ သလို၊ မင်းက သေမှာကို တကယ် မကြောက် ဖူးလား၊ အဟက် ... ။ ”
အနက်ရောင် မီးတောက်များ အတွင်းမှ လှောင်ပြောင် ရယ်မောသံ တစ်သံ ထွက်ပေါ် လာသည်။ ထိုရယ် သံက ချင်းဖန်ကို အသက် ရှူရ ကြပ်လာ စေ၏။
“ ဒါဆို ... မူလ ကျောက်တုံး တကယ် မွေးဖွား လာရင်၊ ဘာလုပ် ကြမလဲ။ ”
အခြားသော မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တစ်ဦးက၊ ဝင်မေးသည်။
“ ဘာလုပ် ရမလဲ ဟုတ်လား ... ၊ လုံလောက်တဲ့ အကျိုး ကျေးဇူးတွေ ရှိနေ ရင်တော့၊ သဘာဝ အတိုင်း ...
... စွန့်စား ထိုက်ပါ တယ်၊ အရူးချင်း ... မင်းရော ဘယ်လို ထင်လဲ၊ ငါ ပြောတာ မှန်တယ် မဟုတ်လား။ ”
“ မှန်ပါတယ် ... ၊ ဒါပေမယ့် ... ”
ချင်းဖန်မှ ခေါင်းညိတ် လိုက်ပြီး၊
“ ... ရေပေါ် ကျွန်းမှာ၊ ပင်မ နတ်ဘုရား နယ်ပယ် အကြီး အကဲ အနည်းဆုံး နှစ်ယောက် ရှိတယ်။ ”
“ ပြဿနာ မရှိဘူး၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းက၊ ဒီနှစ် တွေမှာ စွမ်းရည် ကျဆင်း လာပြီ၊ သူတို့ရဲ့ ဂုဏ် သတင်းကို ထိန်းသိမ်းဖို့၊ အမျိုး သမီး တစ်ယောက် အပေါ်၊ အားကိုး နေရတယ်၊ ...
... မူလ ကျောက်တုံး ပေါ်လာ ရင်တော့ ... မင်း လုပ်ရမယ်၊ မဟုတ်ရင် ... သူမကို မထိ ပါနဲ့၊ ငါက ကြောက်တက် တယ်၊ ဟား ဟား ဟား ... ။ ”
အနက်ရောင် မီးတောက်တွေ ထဲရှိ၊ လူရွယ်က အရူး တစ်ယောက် ကဲ့သို့၊ အော်ဟစ် ရယ်မော လိုက်သည်။
ဤနေရာရှိ လူတိုင်းမှာ၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများ ဖြစ်သော် ငြားလည်း ထိုလူငယ် ကို၊ ကြောက်ကြ ပေ၏။
အရူး ဘွဲ့ထူးကို ရရှိ ထားသော ချင်းဖန် သည်ပင်၊ သူနှင့် ယှဉ်ပါက၊ အနည်းငယ် စဉ်းစား တွေးခေါ် နိုင်စွမ်း ရှိနေ သေးသည်။
တစ်ဖက်တွင် လင်းယွန်မှာ၊ ကျောက်တုံး လွင်ပြင် အတွင်း ရွေ့လျားလျက်၊ ယဲ့ဇီလင်နှင့် အဖွဲ့အား အမီလိုက် နိုင်ခဲ့သည်။
သူတို့ အားလုံး မြေပြင် ပေါ်၌ ဝိုင်းဖွဲ့ကာ၊ ထိုင်နေ ကြ၏။ လေးနက်သော အမူ အရာနှင့် မီးပုံ၏ အပူရှိန်အား လျစ်လျူရှု ထားကုန်သည်။
ဤနေရာ၌ မူလ ကျောက်တုံး မွေးဖွား လာနိုင်မည် ဖြစ်ကြောင်း၊ လင်းယွန် သိလိုက်၏။ သူရောက် သည်နှင့်၊ ယဲ့ဇီလင်၏ မျက်လုံးများ ပွင့်လာသည်။
အဆိပ်ကြောင့် သူမ နှုတ်ခမ်းများ ခရမ်းရောင် ပြောင်းနေ၏။ သို့သော် ငြားလည်း ခါတိုင်း ကဲ့သို့၊ မာနကြီး ပြနေဆဲ ဖြစ်သည်။
“ မင်း ... ငါတို့ဆီ ပြန်လာဖို့ ဆန္ဒ ရှိတယ်လား၊ ဒီထက်သာ နည်းနည်း ပိုကြာ သွားရင်၊ မင်းကို ထွက်ပြေး သွားပြီလို့၊ ငါ ထင်မိမှာ အမှန်ပဲ၊ ...
... ငါတို့နဲ့ အတူ၊ ဓား သူတော်စင် တောင်ထိပ်ကို တက်နိုင် ခဲ့တဲ့၊ ပါရမီရှင် တစ်ပါး ပါလာတယ် လို့တောင်၊ မပြော ဝံ့အောင်ပဲ။ ”
လျူချင်းယန် အမည်ရှိ အမာခံ တပည့် တစ်ဦးက ပြောသည်။ သူ့ အနီးရှိ အခြားသော အမာခံ တပည့်များ ပင်လျှင်၊ စိတ် မကြည် မလင် ဖြစ်နေ၏။
သူတို့ အားလုံးမှာ၊ မူလ ကျောက်တုံးနှင့်၊ ယဲ့ဇီလင် အတွက်၊ အရေးတကြီး အခြေ အနေ ဖြင့်၊ ကြုံနေရ၏။ သို့သော် တစ်ဖက် လူမှာ မြွေ ဘုရင်၏ အလောင်း အပေါ်၊ အာရုံစိုက် နေသည်။
ထို့ကြောင့် မကျေ မနပ် ဖြစ်လာခြင်း ပေပင်။ သို့သော် တစ်ဖက် လူမှ သူအား လျစ်လျူ ရှုပြီး၊ ယဲ့ဇီလင်ထံ လျှောက်သွားသည်။
“ ဒီမှာ မင်း အတွက် ... ။ ”
အပြာရောင် စပါးအုံး သည်းခြေအိတ် ပါရှိသော ကျောက်စိမ်း ပုလင်းကို ထုတ်ကာ ကမ်းပေး လိုက်၏။
ကျောက်စိမ်း ပုလင်းကို စိုက်ကြည့်ကာ၊ ယဲ့ဇီလင် တစ်ယောက် အံ့ဩ ထိတ်လန့် သွား လေသည်။။
အနီးကပ် ကြည့်ခွင့် ရနေသော လျူယွမ် သည်သာ၊ မည်သည့် အရာ ဖြစ်မည်ကို၊ သိ၏။ ကျန်သူ များမှာ နားမလည် ကြချေ။
ဤသည်မှာ အပြာရောင် စပါးအုံး မြွေ၏ သည်းခြေအိတ် ဖြစ်ကြောင်း၊ သဘာဝ အတိုင်း လျူယွမ် သိသည်။
သည်းခြေ အိတ်သည်၊ အဆိပ် သိုလှောင်ရာ အစိတ် အပိုင်း ဖြစ်သဖြင့်၊ သူပင် ထုတ်ယူဝံ့မည် မဟုတ်ကြောင်း ဝန်ခံ နိုင်၏။
ဤအခိုက်တွင် လင်းယွန် အပေါ်၊ လုံးဝ အမြင်ကြည် လာ တော့သည်။ ထို့ကြောင့် သာ ကောင်းကင် အဆင့်၊ တပည့် ဖြစ်လာ ရခြင်း ဖြစ်ပေမည်။
လျူချင်းယန်က ရုတ်တရက် လေထု ပြောင်းလဲ သွားသည်ကို ခံစား မိသော အခါတွင်၊ လျူယွမ် အနား တိုးကပ်လျက်၊ ခပ်တိုးတိုး မေးမြန်း မိသည်။
“ အစ်ကို လျူ၊ အဲဒါ ဘာလဲ ... ။ ”
“ အဲ့ဒါက ... ၊ အပြာရောင် စပါးအုံး မြွေ ဘုရင်ရဲ့ သည်းခြေ အိတ်ပဲ၊ ဒါကို အစ်ကို လင်း ဘယ်လို ယူလာ နိုင်လဲ ငါ မသိ တော့ဘူး၊ ...
... မြွေဘုရင်ရဲ့ အကြေးခွံ တွေက၊ ဖြတ်တောက်ဖို့ အရမ်း ခက်တယ်၊ ပြီးတော့ ... သည်းခြေ အိတ်ကို အဆိပ် တွေနဲ့၊ ဖုံးအုပ် ထားတာ၊ ...
... အဲဒီ အဆိပ် တွေက ချွေးပေါက်တွေ ကနေတောင်၊ လူ့ ခန္ဓာ ကိုယ်ထဲ ဝင်နိုင်တယ်၊ အရမ်း အန္တရာယ် များတဲ့ လုပ်ရပ်ပဲ။ ”
အမာခံ တပည့် များမှာ၊ လျူယွမ် စကားကြောင့်၊ အသက် ပြင်းပြင်း ရှူလိုက် မိသည်။
ဖုန်ကျန်း သည်သာ၊ တည်ငြိမ် နေ၏။ လင်းယွန် တစ်ယောက် ဤခြောက်လ အတွင်း၊ လုံးဝ တိုးတက်မှု မရှိဟု ဆိုနေ ကြသော၊ လူပြိန်း များ အတွင်း၊ သူ မပါချေ။
***