မူလ ကျောက်တုံး - (၂)။
Vol. 82 Ch. 1148
“ အစ်ကိုကြီး လျူ၊ ဒီမြေွဘုရင် သည်းခြေ အိတ်က၊ အစ်မ ယဲ့ အဆိပ်ကို ဖြေရှင်း နိုင်လား။ ”
ဝမ်ယုဝါမှ မျှော်လင့်ချက် ကြီးစွာဖြင့် မေးသည်။
“ အင်း ... ဖြစ်နိုင် ပါတယ်။ ”
လျူယွမ်က ခေါင်းညိတ် လိုက်၏။ ထိုအတည် ပြုချက်က လျူချင်းယန် မျက်နှာကို ပျက်ယွင်း သွားစေသည်။
တစ်ဖက် လူမှာ စီနီယာ အစ်မ ယဲ့ဇီလင် အတွက်၊ မြွေဘုရင် အလောင်းကို ခွဲစိတ် ခဲ့ခြင်း ဖြစ်လေသည်။ ယင်းက အမှန်ပင် အန္တရာယ် ကြီးမားသော လုပ်ငန်းစဉ် ဖြစ်၏။
“ ဟမ့် ... ။ ”
ဝမ်ယုဝါမှ သူ့ကို မကျေမနပ် ကြည့်လာ သဖြင့်၊ လျူချင်းယန် တစ်ယောက် ရှက်ရွံ့စွာ ခေါင်းငုံ့ လိုက်မိသည်။
ယဲ့ဇီလင် ကမူ၊ သည်းခြေအိတ် ပါရှိသော ကျောက်စိမ်း ပုလင်းကို ယူကာ၊ မဆိုင်း မတွဘဲ ချက်ခြင်း သန့်စင် တော့သည်။
ထို့ကြောင့် လင်းယွန်က အများ နည်းတူ၊ မီးပုံ ဘေးတွင် ထိုင်ချ လိုက်ကာ၊
“ မြွေဘုရင်ရဲ့ အလောင်းနဲ့၊ လူတိုင်းကို ကျေးဇူး တင်ကြောင်း ဖော်ပြဖို့၊ အသားကင် လေးနဲ့ ဧည့်ခံ ပါရစေ။ ”
-ဟု ပြုံးလျက် ပြောလိုက် တော့သည်။
( အသားကင် ကျွေးမို့လား။ )
အပြာရောင် စပါးအုံး မြွေသည် မြွေနဂါးနှင့် မယှဉ်နိုင် သော်လည်း၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် အဖြစ်၊ ရှိနေဆဲ ဖြစ်သည်။
လင်းယွန် ယူလာသော အသား များတွင် ၎င်း၏ အနှစ် သာရ ပါရှိ၏။ ထို့ကြောင့် ကျင့်ကြံ သူတိုင်း အတွက် အကျိုးရှိ ပေမည်။
“ ငါတို့ နည်းနည်းတော့ ကံဆိုးတယ် ... ၊ တကယ် လို့သာ ဒါက မြွေနဂါးသာ ဆိုရင် ပိုပြီး နူးညံ့မှာ သေချာတယ်။ ”
လင်းယွန်က ပြင်ဆင် နေလျက်မှ ဆို၏။
“ ဘယ်လို ကြွားဝါ ရမယ် ဆိုတာကို ... မင်းတကယ် သိတာပဲ၊ မသိ ရင်ပဲ မြွေ နဂါး သတ်ပြီး၊ စားခဲ့ သလိုမျိုး ပြောနေတယ်။ ”
လျူချင်းယန်မှ သဘော မကျ ဟန်ဖြင့် ဝင်ပြော လာသည်။ သို့သော် လင်းယွန်က သူ့ကို ဂရု မစိုက်ချေ။ အသား ပေါ်သာ၊ အာရုံစိုက် ကင်နေ ခဲ့သည်။
တစ်နာရီခန့် အကြာ၌ စပါးအုံး မြွေ အသားမှာ၊ မွေးပျံ့သော ရနံ့ များနှင့် အတူ၊ အဆီများ တဗျစ်ဗျစ် ထွက်လာ၏။
“ မဆိုးဘူး၊ ဘယ်လို အသားကင် ရမယ် ဆိုတာ၊ ကောင်းကောင်း သိတဲ့ အတွက်၊ မင်းက ကောင်းကင် အဆင့်၊ အမာခံ တပည့် ဖြစ်ထိုက် တယ်။ ”
“ ဟား ဟား ဟား ... ၊ လာ ... ”
လင်းယွန်က ရယ်လျက်၊ အသားကင် တစ်ပိုင်းကို ယူကာ၊ လျူချင်းယန် ပါးစပ်ထဲ အတင်း ထိုးထည့် လိုက်သည်။
လျူချင်းယန် ခမျာ ချက်ချင်း ထွေးထုတ်ရန်၊ ပြင်လိုက် သော်လည်း၊ ထူးခြားသော အရသာကို သတိထား မိသွားသည်။
“ မင်းက တစ်ချိန်လုံး စကားတေွပဲ ပြောနေတာ မောနေ လောက်ပြီ မဟုတ်လား၊ ပါးစပ် ပိတ်ပြီး စား ကြည့် လိုက် ... ။ ”
လင်းယွန်မှ ပြုံးကာ ပြောလိုက် သောကြောင့်၊ လူတိုင်း ရယ်မော လာတော့ သည်။
“ ဟား ... ဟား ... ဟား ... ။ ”
စီနီယာ အစ်ကို လင်း ... ၊ ငါ့ကိုလည်း နည်းနည်းလောက် ပေးပါ ... ။ ”
လျူယွမ်မှ စတင် လိုက် သည်နှင့် လူတိုင်း ရှေ့တိုး လာတော့သည်။
“ ယုဝါကို ရောပဲ ... ။ ”
“ စီနီယာ အစ်ကို ... ၊ ငါ့ကိုလည်း ပေးလို့ ရမလား။ ”
လင်းယွန်က ပြုံးလျက် လူတိုင်းကို ခေါင်းညိတ် ပြမိသည်။
“ အားလုံး အတွက် ပါ ... ။ ”
လျူချင်းယန် ခမျာ အပြစ် ရှာလိုသေး သော်လည်း၊ အရသာမှာ ကောင်းလွန်း သဖြင့်၊ ပါးစပ် ပိတ်သွားသည်။
ဤလင်းယွန်သည် စပါးအုံး မြွေ၏၊ အနှစ်သာရ ပါရှိသော အသား နေရာကို၊ အတိ အကျ လှီးဖြတ် နိုင်ခဲ့သည်။
သူ့ စကားများ အတိုင်း၊ မြွေ နဂါးသာ ဆိုပါက မည်မျှ အရသာ ရှိမည်ကို တွေးကြည့် နေမိ သည်။
လူတိုင်းက စား နေလျက်မှ သွေးသား စွမ်းအင်များ ဆူပွက်လာ သည်ကို ခံစား မိ၏။ သည့်နောက် ရရှိ ထားသော ဒဏ်ရာများ၊ အနည်းငယ် သက်သာ လာလေသည်။
ထို့စဉ် ကျောက်တုံးကြီး တစ်တုံးကို မှီထိုင် နေသော ယဲ့ဇီလင်ထံ၊ လင်းယွန်၏ အကြည့်များ ကျရောက် သွားသည်။
သည်းခြေအိတ်ကို သန့်စင် ပြီးနောက်၊ အဆိပ်များ ကင်းရှင်း သွားပုံ ရ၏။ အပြာရောင် သမ်းနေသော နှုတ်ခမ်းမှာ၊ သွေးရောင် ပြန်လွှမ်း လာသည်။
အသားကင် ဝေစုအား သူမထံ ကမ်းပေး လိုက်ကာ၊
“ မိန်းကလေး ယဲ့ ... ၊ စား ကြည့် ပါဦး၊ ငါကိုယ်တိုင် လုပ်ထားတာ၊ အရသာ ကောင်းပါ တယ်။ ”
-ဟု ဆိုမိသည်။ ယဲ့ဇီလင်မှ ခေါင်းညိတ် ပြပြီး၊ အသား ကင်ကို ယူလိုက် သော်လည်း၊ မစား သေးချေ။
လူတိုင်း စားသောက် ပြီး သွားသော အခါတွင်၊ ပင်ပန်း နွမ်းနယ် မှုကြောင့်၊ မျက်လုံး များ မှေးစင်းလာ ကြသည်။
တင်းမာ နေခဲ့သော နှလုံးသား ကြွက်သားများ ပြေလျော့ ကုန်ပြီး၊ မြေွဘုရင် အသားကို ချေဖြတ်ရန်၊ ကြံရွယ် လိုက်ကြ၏။
လင်းယွန် သည်လည်း ချွင်းချက် မရှိချေ။ တိုက်ပွဲကြောင့် သူ့၌ ဒဏ်ရာ အနည်းငယ် ရရှိ ထားသည်။ တတ်နိုင် သမျှ မြန်မြန် ပြန် ကောင်းရန် လိုပေ၏။
များမကြာမီ လင်းယွန်၏ မျက်လုံးများ ပွင့်လာပြီး၊ ငြိမ်သက် နေပြီ ဖြစ်သော စခန်းကို တစ်ချက် ဝေ့ကြည့် သည်။
ယဲ့ဇီလင်အား သူမ နေရာ၌ မတွေ့ ရချေ။ ညဦး ပိုင်း၌ သူပေး ခဲ့သည့် အသားကင် ကိုသာ၊ လုံးဝ မစား ထားသော အသွင်နှင့်၊ တွေ့လိုက် ရသည်။
မဝေး လှသော ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ရပ်လျက်၊ ပျောက်ကွယ် စပြု နေသည့် လမင်းကို၊ သူမ ငေးမော နေ၏။
တက်သစ်စ နေရောင်ခြည် အောက်ရှိ၊ လှပသော ကောက်ကြောင်း ကြောင့်၊ လင်းယွန် တစ်ယောက် စက္ကန့် ပိုင်းမျှ နစ်မျော သွားသည်။
“ မင်းကို ... နားလည် ပေးနိုင်မဲ့ လူမျိုး၊ ရှာနေ တာလား၊ ဒါက ဝမ်းနည်း စရာ အရမ်း ကောင်းတယ်၊ သီချင်း ထဲမှာ မင်းက ...
... တခြား လူတွေ အကြောင်းပဲ၊ အမြဲ တွေးနေ တယ်နော်၊ မင်း အကြောင်း မင်း ပြန် တွေးတဲ့၊ အချိန် မှာတောင်၊ ...
... လက်ထဲက ဓားအကြောင်း ကိုပဲ အာရုံစိုက် နေတယ်၊ မင်းက မင်းကိုယ်မင်း ဘယ်တော့မှ မတွေး မိဖူး ဆိုတာ၊ မင်း သိရဲ့လား။ ”
ယဲ့ဇီလင်၏ စကား များကို ကြားသော အခါတွင်၊ လင်းယွန် တစ်ယောက် ရှက်ရွံ့စွာ ပြုံးလိုက် မိသည်။
ထို့ကြောင့် ယဲ့ဇီလင်မှာ လကို ကြည့်ပြီး တစ်ယောက်တည်း စကားတွေ ပြောသည်ဟု၊ ဝမ်ယုဝါမှ ဆိုခြင်း ဖြစ်၏။
“ ဝှစ် ... ။ ”
ရုတ်တရက် လေတိုးသံ နှင့်အတူ၊ လင်းယွန်က ယဲ့ဇီလင် ဘေးသို့ ဆင်းသက် လိုက်သည်။ သူ့အား မြင် သည်နှင့်၊ ယဲ့ဇီလင် အမူ အရာမှာ ပြန်၍ အေးစက် သွား၏။
“ မင်းက ... ငါ့ကို အံသြစေ ပါတယ်၊ လျူချင်းယန် စကား တွေက၊ ဒေါသ ဖြစ်စရာ ဆိုပေမယ့်၊ သူ့ကို ခွင့်လွှတ် နိုင်သားပဲ။ ”
ယဲ့ဇီလင်က လင်းယွန်အား လှည့်ကြည့်ကာ ပြောလိုက်သည်။
“ သူက မဆိုး ပါဘူး။ ”
လင်းယွန်မှ ပြုံးလျက် တုန့်ပြန် မိ၏။ ယဲ့ဇီလင် အနေဖြင့် တကယ်ပင် ယုတ်ညံ့သော လူ တစ်ဦးကို မြင်ဖူးပုံ မရချေ။
နဝမမြောက် ကောင်းကင် လမ်း၌၊ သခင်ငယ် သုံးပါး၏ ယုတ်ညံ့သော အစီစဉ်များ အပေါ် ပြန်ပြောင်း သတိရ လာမိ သည်။
၎င်းတို့မှာ အမှန်ပင် ဆိုးယုတ် လွန်းပြီး၊ လျူချင်းယန်သည် ထိုလူ များနှင့် ယှဉ်ရ ပါက၊ လသား အရွယ်၊ ကလေး တစ်ဦး မျှသာ ရှိပေသည်။
“ အရင်က ... ငါ ပြောခဲ့ မိတဲ့၊ စကားတွေ အတွက် တောင်းပန် ပါတယ်၊ မင်းမှာ ရုပ်ရည်က လွဲရင်၊ ကောင်းတဲ့ အင်္ဂါ ရပ်တွေ အများကြီး ရှိတယ်။ ”
ချီးကျူး စကား များက၊ အနည်းငယ် ထူးဆန်း နေသောကြောင့်၊ လင်းယွန် ခမျာ မည်သည့် စကားများ ဆိုရ မည်ကို၊ မသိ တော့ချေ။
“ မိန်းကလေး ယဲ့ ... ၊ မင်း စိတ်ထဲမှာ တစ်ခုခု ဖြစ်နေလား၊ ချင်းဖန် အတွက် စိတ်ပူနေ တုန်းလား။ ”
လင်းယွန်က တွေးတွေး ဆဆဖြင့် မေးလိုက် မိသည်။
“ သွေ့ရော် နက်ရှိုင်းသော ပင်လယ် ထဲက၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တွေကို ငါ မကြောက် ပါဘူး၊ ဒါပေမယ့် အဲ့ဒီလူ ဝင်ပါ လာမှာ ကိုတော့ နည်းနည်း စိုးရိမ် နေမိတယ်။ ”
‘အဲဒီလူ’ ဟူသော နာမ်စားကို ပြောချိန်၌၊ ယဲ့ဇီလင် မျက်ဝန်းများ ထဲရှိ ကြောက်ရွံ့မှုကို သူ မြင်ရသည်။ ရုတ်တရက်၊ သူမက သူ့ထံ လှည့်ကြည့် လာပြီး၊
“ လင်းယွန် ... ၊ နင် ပလွေမှုတ် တက်လား။ ”
-ဟု အကြောင်း အရာ အဆက် အစပ် မရှိ မေးမြန်း လာသည်။
ထို့ကြောင့် မည်သို့ ပြန်ဖြေရ မည်ကို မသိ၊ ဖြစ်သွားသည်။ တုန့်ဆိုင်း နေသော သူ့အသွင် ကြောင့်၊ ယဲ့ဇီလင်မှ စိတ်ပျက် လာပြီး၊
“ ဘာမှ မဟုတ်တော့ ပါဘူး။ ”
-ဟု ဆိုလျက် လမင်းကို ပြန်မော့ ကြည့်တော့သည်။
“ နည်းနည်းတော့ ရပါတယ်။ ”
လင်းယွန်မှ ဝန်ခံလိုက် သဖြင့်၊ ယဲ့ဇီလင် တစ်ယောက် ပြန်၍ စိတ်အား တက်ကြွ သွားကာ၊
“ ငါ့ အတွက် သီချင်း တစ်ပုဒ်လောက် မှုတ်ပေး နိုင်မလား။ ”
-ဟု တောင်းဆို လာတော့သည်။
နတ်ကျောက်စိမ်း ပလွေအား ထုတ်ရန်၊ အနည်းငယ် တုံ့ဆိုင်း သွားသော လင်းယွန်ကို ကြည့်ကာ၊ ယဲ့ဇီလင်မှ သက်ပြင်းချ မိ၏။
“ ထားလိုက် ပါတော့ ... ၊ ပလွေကို လူတိုင်း တီးမှုတ် နိုင်ပေမယ့်၊ ပန်းသင်္ချိုင်းကို ဘယ်သူက မီမှာလဲ။ ”
စကား ဆုံးသည်နှင့် လင်းယွန်အား ထားရစ်ကာ၊ လေထဲ ပျံသန်း သွားတော့သည်။ လင်းယွန် ခမျာ ခေါင်းကို ခါယမ်းလျက်၊ သက်ပြင်းချ လိုက်မိ လေသည်။
ရက် အနည်းငယ် အတွင်း၊ လူတိုင်း ပို၍ ရင်းနှီး လာကြ၏။ အထူး သဖြင့် ယဲ့ဇီလင် ခန္ဓာ ကိုယ်မှ၊ အဆိပ်များ ဖယ်ရှား နိုင်ပြီးနောက်၊ ယခင် ကထက်၊ ပိုမို သဟဇာတ ဖြစ်လာ သည်။
ငါးရက် အကြာတွင်၊ မြေပြင်၌ ရွှေရောင် မီးလျှံများ ရုတ်တရက် တောက်လောင် လာ၏။ မီးတောက် အတွင်းမှ နဂါးကြီး တစ်ကောင်၊ ထွက်ပေါ် လာသည်။
“ မူလ ကျောက်တုံး မွေးပြီ။ ”
လူတိုင်းက လုပ်လက်စ အလုပ် များကို ရပ်ကာ၊ စိတ်လှုပ်ရှား စွာဖြင့်၊ ကြွေးကြော် လိုက် တော့သည်။
***