အသက်ရှင် နိုင်မည် မဟုတ်ချေ။
Vol. 83 Ch. 1149
သတ္တု ပွတ်တိုက် သံနှင့် အတူ၊ မီးနဂါး ကြီးက၊ ကောင်းကင်ပေါ် ပျံတက်ကာ တိမ်များ အတွင်း တိုးဝင် သွားသည်။
နဂါး ထံမှ ကြက်သွေးရောင် အလင်းများ ဖြာထွက် လာပြီး၊ ကောင်းကင်အား အနီရောင် ဆိုးထား ပေ၏။ ယင်းက လူတိုင်းကို မြင်သာ စေသော မီးပြတိုက် တစ်ခုလို ပေပင်။
ထို့ကြောင့် လျူယွမ် မျက်နှာ ပေါ်ရှိ ပျော်ရွှင်မှု များမှာ၊ စိုရိမ်မှု အဖြစ်သို့ ပြောင်းလဲ သွားသည်။
သည့်စဉ် မြေပြင် အနှံ့၌၊ အက်ကွဲ ကြောင်းများ ထင်ဟပ်လျက်၊ ပြင်းထန်စွာ တုန်ခါ လာ တော့သည်။
“ စီနီယာ အစ်မ ယဲ့၊ ဒါ... ဒါက သွေး မီးတောက် မှော်နဂါး သတ္ထုရဲ့ မူလ ကျောက်တုံး မဟုတ်လား။ ”
ဖုန်ကျန်းမှ မေးသည်။ ယဲ့ဇီလင်က ခေါင်းညိတ် လိုက်ပြီး၊ “ နည်းနည်း စောနေ တယ်။ ” -ဟု ရေရွတ် လေသည်။
အကြီး အကဲများ၊ ဤနေရာသို့၊ အချိန်မီ ရောက်မလာ နိုင်မည်ကို သူမ စိုးရိမ် သွားခြင်း ဖြစ်၏။
“ ဂိုဏ်းချုပ်သာ မလှုပ်ရှား ဖူးဆိုရင်၊ အကြီးအကဲတွေ ရောက်ဖို့က၊ နောက်ထပ် နေ့ဝက်လောက် ကြာဦးမယ်။ ”
ယဲ့ဇီလင်မှ တွက်ပြ လိုက်သည်။ ထိုစကားကြောင့် လျူယွမ်၏ မျက်လုံးများ တောက်ပ လာပြီး၊
“ ဒါဆို ... ငါတို့ ဒီနယ်မြေကို နေ့တစ်ဝက် လောက်ပဲ၊ ကာကွယ် ထားဖို့ လိုတယ်၊ စခန်းမှာ ရှိတဲ့ အကြီး အကဲ နှစ်ယောက်ကို၊ အကူ အညီ တောင်းရအောင်။ ”
သို့သော် သူ့ စကားဆုံး သည်နှင့် မိုင်းတွင်းများ နေရာ အထက် ကောင်းကင်၌၊ အစိမ်းရောင် မီးရှူး မီးပန်း တစ်ခု ထ၍ ပေါက်ကွဲ လာသည်။
“ မိုင်းတွင်း ဝင်တိုက်ခံ နေရပြီ။ ”
ယင်းက လျူယွမ်ကို မျှော်လင့်ချက် မဲ့သွား စေသည်။ ရန်သူ များတွင် အစီစဉ်များ၊ ရှိနေ ပုံ ပေပင်။
“ မျှော်လင့်ထား သလို ပါပဲ။ ”
ယဲ့ဇီလင် သည်သာ၊ မျက်နှာ ပြောင်းလဲခြင်း မရှိချေ။ သည့်စဉ် ရောင်ဝါ အမျိုး မျိုးက သူမတို့ အနား၊ ချဉ်းကပ် လာသည်ကို ခံစား လာရ၏။
“ ချင်း ဖန် ... ။ ”
လျူယွမ်မှ အပြာဝတ် အရူးချင်းကို ရုတ်တရက် သတိရ သွားသည်။ ယဲ့ဇီလင်မှ ခေါင်းယမ်း လိုက်ပြီး၊
“ ချင်းဖန်က ပြဿနာ မဟုတ်ဖူး ... ၊ အဲ့ဒီ အရူး ဘုရင် ပါမလာ စေဖို့၊ ဆုတောင်း ရအောင်၊ မဟုတ်ရင် ... ။ ”
ပတ်ဝန်းကျင်အား အကဲခတ် လျက်မှ ဆိုလိုက်သည်။
“ အရူး ဘုရင်က ... ၊ သူက ဘယ်သူလဲ။ ”
လင်းယွန်မှ မေးမိ၏။ ထိုလူ အမည်အား ရှောင်ကာ ပြောဆို နေသော ယဲ့ဇီလင် အသွင်က မည်မျှ ထိတ်လန့် နေသည်ကို သိသာ စေသည်။
“ သူ့ နာမည်က လဲ့ယင်၊ နတ်မိစ္ဆာ နယ်မြေက ဂိုဏ်း တစ်ဂိုဏ်းရဲ့၊ စွန့်ပစ်ခံ တပည့် တစ်ဦးပဲ၊ သူမှာ ...
... လျှပ်စီးနဲ့ မီး ရည်ရွယ်ချက် ရှိတယ်၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်ကို ရောက် နေတာ ကြာပြီ။ ”
“ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်လား။ ”
လင်းယွန် သည်ပင် အနည်းငယ် စိုးထိတ် သွား၏။ ပင်မ နတ်ဘုရား နယ်ပယ်ရောက် မိစ္ဆာ ကျင့်ကြံသူ များမှာ၊ အလွန် အန္တရာယ် များ လှ သည်။
ထို့ကြောင့် ၎င်းတို့ ထွက်ပေါ် လာပါက၊ ဂိုဏ်းကြီး လေးဂိုဏ်း မှ၊ သတ်ဖြတ်ရန် အတူ တကွ သဘော တူညီချက် ရထားသည်။
သို့သော် ဤလဲ့ယင်မှာ အမည်ခံ ပင်မ နတ်ဘုရား အဆင့် ၌သာ ရှိသဖြင့်၊ ချွင်းချက် ဖြစ်နေ ခဲ့သည်။
“ ဒီအရူး ဘုရင်က ကြောက်စရာ ကောင်းတယ်၊ သူ့ ဂုဏ် သတင်းက သွေ့ရော် ပင်လယ်မှာ ကျော်ကြားပြီး၊ ဒီက မိစ္ဆာ ကျင့်ကြံ သူတိုင်း၊ သူ့ စကားကို နာခံ ကြတယ်။ ”
လျူယွမ်မှ လေးနက်သော အမူ အရာဖြင့် ရှင်းပြ လာသည်။ လဲ့ယင်မှာ သတိ ကြီးကြီး ထားကာ၊ ဂိုဏ်းကြီး လေးဂိုဏ်း၏ မျက်စိထဲ မဝင်အောင် နေသည်။
ထို့ကြောင့် ဂိုဏ်းများက သူ၏ တည်ရှိမှု အပေါ်၊ မျက်ကွယ်ပြု ကြသည်။ သို့သော် ယနေ့ တွင်မူ၊ နောက်ကွယ်၌ သူ ရှိနေပုံ ရ၏။
သွေး မီးတောက် မှော်နဂါး သတ္ထုမှာ၊ ဂိုဏ်းကြီး များကို၊ အပြစ် ပြုရန် လုံလောက် သည်ဟု ထင်နေ ချေပြီ။
“ ဒါပေမယ့် ... သူက ငါတို့ ရေပေါ် ကျွန်း အနားကို လာရဲ ပါ့မလား။ ”
ဖုန်ကျန်းနှင့် အခြားသော အမာခံ တပည့် များက ဆွေးနွေး လာကြသည်။
“ ဒီလောက် များပြားတဲ့ မိစ္ဆာ ကျင့်ကြံ သူတွေကို၊ အမိန့်ပေးဖို့ ဆိုတာ၊ သူက လွဲပြီး ဘယ်သူများ တတ်စွမ်း နိုင်ဦး မှာလဲ။ ”
ယဲ့ဇီလင် မှတ်ချက်ကြောင့်၊ လူတိုင်း တုန်လှုပ် သွား၏။ အတွေးထဲ နစ်မြုပ် နေစဉ် မှာပင်၊ မြေပြင်မှာ အဆုံးထိ အက်ကွဲ လာ တော့သည်။
“ ခရစ် ... ။ ”
အမှုန် အမွှားများ လွင့်တက် လာကာ၊ မရေမတွက် နိုင်သော ကျောက်တုံး ငယ်များ ပေါက်ကွဲ လာသည်။
ထို့နောက် လက်သီးဆုပ် အရွယ် ရှိသော အနီရောင် ကျောက်တုံး တစ်တုံး အက်ကွဲရာ အတွင်းမှ၊ တိုးထွက် လာသည်။
ကျောက်တုံး မျက်နှာပြင်သည် ချောမွေ့ လွန်းသဖြင့်၊ သွေးကျောက်စိမ်း မျိုးနှင့် အသွင် သဏ္ဍာန် တူ၏။
ယင်းက တစ်ချက် ကိုက်ရုံနှင့် ပဲ့ပါ သွား နိုင်သော၊ သစ်သီး တစ်လုံး ကဲ့သို့၊ ခံစား လာရ စေသည်။
ကျောက်တုံး ထံမှ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစား လိုက်ရသည်။ အရွယ် အစား ကြီးမားခြင်း မရှိ သော်လည်း၊ မယုံနိုင် လောက်အောင် လေးလံ နေမည်ကို လူတိုင်း နားလည် ၏။
ယင်းက သူတော်စင် အဆင့်၊ ကျောက်တုံး ဖြစ်သောကြောင့်၊ မည်မျှ တန်ဖိုး ရှိလာ မည်ကို တွေးကြည့် လိုက်မိသည်။
လင်းယွန်၏ သူတော်စင် နဂါး ခန္ဓာမှာ၊ စတင် အသက်ဝင် လာပြီး၊ နှလုံး ခုန်သံများ မြန်လာ တော့သည်။
ယင်းက မူလ ကျောက်တုံးကို၊ တောင်းတခြင်း ဖြစ်ပေ၏။ ၎င်း အတွင်း၌ ဆဋ္ဌမ အဆင့်သို့၊ တက်လှမ်းရန် နဂါးသွေး ပါရှိပုံ ရသည်။
သူတော်စင် နဂါး ခန္ဓာကိုယ်အား နောက်တစ်ဆင့် တက်လှမ်း ရန်မှာ၊ နဂါးသွေး လိုအပ် နေပုံ ရသည်။
ယင်းမှာ ဖြစ်နိုင်ချေ ရှိ၏။ ဤမျှ များပြားသော နဂါးသွေး ရည်ကြည် များဖြင့်၊ ဆဋ္ဌမ အဆင့်သို့ ရောက်ရှိ သင့်သော်လည်း၊ မရောက် ခဲ့ချေ။
“ ဝှစ် ... ။ ”
ရုတ်တရက် ယဲ့ဇီလင်က လက်ကို ဝှေ့ယမ်းကာ၊ ကျောက်တုံးကို စုပ်ယူ ဖမ်းဆီး လိုက်သည်။ သို့သော် ချက်ချင်းပင် မျက်နှာ ပြောင်းလဲ သွား၏။
“ နဝမတန်း သူတော်စင် ကျောက်တုံး ။ ”
ကျောက်တုံးရှိ ရူရ်မှာ၊ နဝမတန်း အဆင့် ဖြစ်သည်။ ၎င်း အထက်၌ နတ်ဘုရား ရူရ် သာ ရှိပေ တော့၏။ ထို့ စကားကြောင့် လူတိုင်း အံသြ သွားသည်။
နတ်ဘုရား ရူရ် များကို၊ ဒဏ္ဍာရီ များ တွင်သာ ကြားသိဖူး ပေသည်။ လက်တွေ့ ဘဝ၌ မြင်ရန် မလွယ် ကူချေ။ ထို့ကြောင့် နဝမတန်း သူတော်စင် ရူရ်မှာ၊ ခွန်လွန် ဘုံ၌ အမြင့်ဆုံး အဆင့် ဖြစ်သည်။
ယဲ့ဇီလင်က လင်းယွန်ထံ ပြန်ကြည့်သည်။ ဤမူလ ကျောက်တုံးမှာ သေးငယ် သော်လည်း၊ သိပ်သည်းဆ များလွန်း ချေ၏။
“ လင်းယွန် ... ၊ မင်းက ... ရုပ်ခန္ဓာ သန့်စင်တဲ့ နည်းစနစ် တွေကို၊ လေ့ကျင့်တယ် မဟုတ်လား။ ”
လင်းယွန်မှ ခေါင်းညိတ်ပြ လိုက်ရာ၊ မဆိုင်းမတွဘဲ မူလ ကျောက်တုံးကို လွှဲပေး လာ၏။
“ ဒါဆို မင်း ... ယူထားပါ။ ”
ထို့နောက် သူမ၏ အသံကို မည်သူမျှ မကြားအောင် လေဟာနယ် ပိတ်ဆို့ လိုက်ပြီး၊
“ ဒီကျောက်တုံးရဲ့ တန်ဖိုးက ... ၊ စိတ်ကူး မယဉ်နိုင် လောက်အောင် မြင့်မားတယ်၊ ငါတို့ အားလုံး အသက် ပေးရ ရင်တောင်၊ မင်း ဒါကို တိမ်လွှာ ဂိုဏ်းဆီ ယူသွား ပေးပါ။ ”
-ဟု ပြော လာတော့သည်။
မူလ ကျောက်တုံးကို ဖမ်းယူ လိုက်သည့် လင်းယွန် ခမျာမှာ၊ ထိုစကား များ အပေါ် အာရုံ မစိုက်နိုင် သေးချေ။
ဖမ်းယူ လိုက်သည့် အခိုက်၊ မြေပြင်ပေါ် ဟပ်ထိုး ဖြစ်လု နီးပါး၊ ယိမ်းယိုင် သွားသော ခြေလှမ်း များကို၊ အမြန် ထိန်းလိုက် ရသည်။
ယဲ့ဇီလင် စကား အရ၊ လဲ့ယင်မှ သူတို့ အားလုံးကို သတ်ရန် ရောက်ရှိ နေသလို ပေပင်။ ဟန်ချက် ညီအောင် သွေးသား စွမ်းအင်ကို လောင်ကျွမ်း စေလိုက်သည်။
မူလ ကျောက်တုံးအား သိုလှောင်အိတ် အတွင်း၊ သိမ်းဆည်းရန် ကြိုးစားမိ သော်လည်း၊ မအောင်မြင် ချေ။ အဆုံးတွင် ဓားသေတ္တာထဲ ထည့်သိမ်း လိုက်ရသည်။
ဓား သေတ္တာကို ပြန်၍ ထမ်းပိုးစဉ်၊ ဒူး နှစ်ဖက်မှာ ကွေးညွှတ် ယိမ်းယိုင်သွား ပြန်သည်။ မူလ ကျောက်တုံးမှ ထွက်ပြေးရန် တွန်းထိုး ရုန်ကန် နေခြင်း ဖြစ်၏။
ယင်းက တောင်ကြီး တစ်လုံး လုံးကို၊ ထမ်းထား နေရ သကဲ့သို့၊ လေးလံ လာရသည်။ သဘာဝ အတိုင်း၊ ကျောက်တုံး တစ်တုံးကို အရှုံး မပေးလို သောကြောင့် အံကြိတ်လျက်၊ နဂါး ခန္ဓာအား ဖြန့်ကျက် မိ၏။
ခရမ်းရောင် ရူရ်များ တောက်ပ လာပြီး၊ ဓား သေတ္တာ အတွင်းရှိ မူလ ကျောက်တုံးကို၊ စတင် ဖိနှိမ် တော့သည်။
“ ဟား ဟား ဟား ... ယဲ့ဇီလင်၊ ငါတို့ ပြန်တွေ့ ကြပြီနော်။ ”
ထိုအချိန်တွင် ချင်းဖန် ဦးဆောင်သော လူဆယ် ဦးခန့် ကောင်းကင်မှ ဆင်းသက် လာသည်။
သူ့ ဘေးတွင် တိမ်လွှာဓား ဂိုဏ်းမှ လျူယွမ်ကို၊ ယှဉ်နိုင်သော နက္ခတ် အဆင့် အဖိုးအို နှစ်ဦး ပါရှိ လေသည်။
ကျွန်းပေါ်ရှိ ဖြစ်စဉ်ကို မြင်ပြီးနောက်၊ ပြေးလာ သူ အချို့လည်း၊ ထပ်ရောက် လာ၏။ ရတနာ တစ်ပါး မွေးဖွား သည်မှန်း၊ သူတို့ သိလေသည်၊
ရန်သူ့ အင်အားကြောင့်၊ ယဲ့ဇီလင် ခမျာ ခေါင်းကိုက် သွား မိသည်။ တိမ်လွှာဓား ဂိုဏ်း အဖွဲ့၌၊ လျူယွမ် တစ်ဦးတည်း သာလျှင် နက္ခတ် အဆင့် ဖြစ်ပေ၏။
ကောင်းကင် ဓားကြောင့်၊ နက္ခတ် အဆင့် အင်ပါ ရီယန် များမှာ၊ သူမ ပြိုင်ဘက် မဟုတ် သော်လည်း၊ ချင်းဖန်မှာ အဆင့် (၁၀) ရှိ၊ အရူး ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည်။
“ လဲ့ယင် ထွက် လာ စမ်း ... ။ ”
လဲ့ယင်အား မတွေ့ ရသော်လည်း၊ ယဲ့ဇီလင်မှာ စိတ်ချ လက်ချ မနေနိုင် သေးချေ။ ၎င်းက မိုင်းတွင်းထံ သွားသည့် အဖွဲ့အား ဦးဆောင် ရန်၊ ကြိတ်၍ မျှော်လင့် မိသည်။
“ သခင်လေး လဲ့ ကိုယ်တိုင် ... ၊ နင့်ကို ရင်ဆိုင်ဖို့၊ မလိုသေး ပါဘူး၊ ယဲ့ဇီလင် ... နင်က နင့်ကိုယ် နင်၊ အရမ်း အထင်ကြီး လွန်းတယ်၊ ဟား ဟား ဟား ... ။ ”
သူမ အတွေးကို သိပုံ ရသော ချင်းဖန်က ရယ်မောလျက် ဆိုလိုက် သဖြင့်၊ သူ့ အဖော်များ ကပါ၊ လိုက်ပါ ရယ်မော တော့သည်။
အဘိုးကြီး တစ်ယောက်က ဝမ်ယုဝါကို သတိပြု မိသွားပြီး၊ သဘော ကျစွာ ခေါင်းညိတ် လိုက်၏။
“ ဒီကောင်မ လေးက မဆိုးဘူး၊ တကယ့် အဖြူထည် လေးပဲ။ ”
ထိုစကားက ဝမ်ယုဝါအား တုန်ယင် လာစေသည်။ လင်းယွန်မှ အေးစက် နေသော သူမ လက်ဖဝါး များကို ဆုပ်ကိုင်လျက်၊
“ မကြောက်နဲ့ စိတ်အေး အေးထား။ ”
-ဟု နှစ်သိမ့် ပေးလိုက်သည်။
“ မူလ ကျောက်တုံးကို လွှဲပေးပါ ... ၊ မဟုတ်ရင် မင်း အပါ အဝင်၊ ဒီကျွန်း ပေါ်က လူတိုင်းကို သတ်ရ လိမ့်မယ်။ ”
ချင်းဖန်မှ ခြိမ်းခြောက် စကား ဆိုမိ၏။ လက်ရှိ အချိန်၌ ယဲ့ဇီလင်နှင့် လျူယွမ် ကိုသာ အာရုံစိုက် ရပေမည်။
နက္ခတ် အဆင့် အဖိုးကြီး နှစ်ဦးမှ၊ လျူယွမ်ကို ကိုင်တွယ် ချိန်တွင်၊ ယဲ့ဇီလင်အား ခဏတာ ထိန်းထား ပေးရုံ ပေပင်။
ထို့ကြောင့် မျက်ရိပ် ပြလျက်၊ ယဲ့ဇီလင်တို့ အဖွဲ့အား၊ ဝိုင်းရံ စေလိုက်၏။ မိစ္ဆာ ကျင့်ကြံသူ ဆယ်ဦးက၊ ဆုတ်ခွာ နိုင်သော လမ်းများ အားလုံးကို၊ ချက်ချင်း ပိတ်လေသည်။
ချင်းဖန်နှင့် အခြားသော နက္ခတ် အဆင့် ကျင့်ကြံသူ နှစ်ဦးကို ကြည့်ပြီး၊ ယဲ့ဇီလင် အဖွဲ့မှာ အဆင် ပြေမည် မဟုတ်ကြောင်း၊ လင်းယွန် နားလည် လိုက်သည်။
ဤအခြေ အနေ၌ လဲ့ယင်သာ အမှန် တကယ် ပေါ်လာ ခဲ့ပါက၊ ယဲ့ဇီလင် သည်ပင် အသက်ရှင် နိုင်မည် မဟုတ်ချေ။
***