သူ့ကို ... ငါတာဝန် ယူရင်၊ အဆင်ပြေ လောက် မလား။
Vol. 83 Ch. 1150
ဤသို့ဖြင့် နှစ်ဦး နှစ်ဘက် ရှေ့မတိုးသာ နောက်မဆုတ်သာ အနေ အထား ဖြစ်နေစဉ်၊ မိစ္ဆာ ကျင့်ကြံ သူများ ပိုမို စုရုံး လာသည်။
ယင်းအခြေ အနေက ယဲ့ဇီလင်ကို ရှုပ်ထွေးလာ စေ၏။ ချင်းဖန်က နှုတ်ခမ်းအား လျှာဖြင့် သပ်ကာ၊
“ ယဲ့ဇီလင် ... ၊ မင်း ဘာလုပ် နေတာလဲ၊ မူလ ကျောက်တုံးကို မြန်မြန် လွှဲပေးပါ။ ”
“ ငါ့ဂိုဏ်းက အကြီး အကဲတွေ ... ၊ နေ့တစ်ဝက် အတွင်း ရောက်လာ လိမ့်မယ်၊ နင်တို့ လွတ်မြောက်မယ် ထင်နေလား။ ”
သူမ စကား များက မိစ္ဆာ ကျင့်ကြံ သူများကြား၊ ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်လာ စေသည်။ အဆုံးတွင် လဲ့ယင် ကြောင့်သာ ဤနေရာသို့ ရောက်ရှိ လာခြင်း ဖြစ်၏။
ထို့ကြောင့် မည်သူမျှ သူတို့ အသက်ကို အဆုံးရှုံး မခံလို ကြချေ။ ချင်းဖန် မျက်နှာမှာ အနည်းငယ် ပြောင်းလဲ သွားသည်၊
“ လျှပ်စီး တိမ်လွှာဓား ဂိုဏ်း ဆိုတာ ဂိုဏ်းလေး ဂိုဏ်းရဲ့၊ အောက်ခြေ အဆင့် မှာပဲ ရှိတော့တယ်၊ အရင်လို ...
... ကြောက် နေစရာ မလို ပါဘူး၊ မင်းတို့ အားလုံးက မိစ္ဆာ ကျင့်ကြံ သူတွေ မဟုတ်လား၊ သူ ပြောတိုင်း ယုံမနေ ပါနဲ့။ ”
-ဟု ချင်းဖန်မှ နှစ်သိမ့် လိုက်သည်။ သူ့ ဘယ်ဘက်ရှိ နက္ခတ် အဆင့် အဖိုးအို တစ်ဦးက၊
“ နေ့ တစ်ဝက်လား ... ၊ မင်းတို့ အားလုံး ဒီလောက် ကြာအောင်၊ အသက်ရှင် နိုင်မယ်လို့ ထင်နေလား။ ”
-ဟု ဝင်ပြော လာပြန်သည်။
“ သူတို့ သုံးယောက်ကြောင့် ... ၊ ကျန်တဲ့ လူတွေက နောက်ဆုတ် ကြမှာ မဟုတ်ဘူး။ ”
လျူယွမ်မှ ဆိုသည်။
“ သူတို့က ဘယ်သူ တွေလဲ။ ”
လင်းယွန်က လျူယွမ် ဘေးသို့ လှမ်းတက် မေးလိုက်၏။
“ ချင်းဖန်ရဲ့ ညာဘက်က လူကို ... ၊ ရေှာင်ခွန်းလို့ ခေါ်တယ်၊ သွေ့ရော် ပင်လယ် အရူး အဆင့် သတ်မှတ်ချက် ဆယ်ဦး စာရင်းမှာ၊ မပါဝင် ပေမယ့်၊ ပါဝင် နိုင်လု နီးပါးပဲ၊ ...
... ဘယ်ဘက်က လူကိုတော့ လောခွိုက်လို့ ခေါ်တယ်၊ ဂိုဏ်း လေးဂိုဏ်းရဲ့ မိုင်တွင်း တွေကို၊ မကြာ ခဏ ဆိုသလို၊ ဝင်ရောက် လုယက် ရဲတဲ့ သတ္တိကြောင့်၊ လူ သိများတယ်။ ”
လျူယွမ်မှ ပြန်ဖြေသည်။ လင်းယွန်က ချင်းဖန် ဘေးရှိ ၎င်းတို့ နှစ်ဦးထံ တစ်ချက် စစ်ဆေး လိုက်၏။
သွေ့ရော် ပင်လယ် အရူး အဆင့် (၁၀) ချင်းဖန်နှင့် နက္ခတ် အဆင့် ကျွမ်းကျင်သူ နှစ်ဦး။ ယင်းက သိသာသော အင်အား ကွာခြားမှု ပေပင်။
“ လောခွိုက်ကို ထိန်းထား ပေးရင်၊ အဆင်ပြေ မလား။ ”
ချင်းဖန် ဘယ်ဘက်တွင် ရပ်နေသော လောခွိုက်ထံ ကြည့်ကာ၊ လင်းယွန်မှ ရုတ်တရက် မေးလိုက်သည်။
“ ဟမ် ... အစ်ကိုလင်း မင်းဘာပြော လိုက်တာလဲ။ ”
လောခွိုက် ကိုသာ အမှန် ပိတ်ဆို့ထား နိုင်ပါက၊ သည်အခြေ အနေမှ လွတ်မြောက် နိုင်မည် ဖြစ်သည်။ ထို့ကြောင့် မယုံကြည် နိုင်စွာဖြင့် လျူယွမ်မှ လင်းယွန်အား ပြန်ကြည့် မိ၏။
လင်းယွန်မှာ ပုံမှန် လေသံနှင့် ပြောဆို လိုက်ခြင်း ဖြစ်သောကြောင့်၊ လူတိုင်း ကြားမိ ကုန်သည်။ ယဲ့ဇီလင် သည်ပင် သူ့အား ပြန်ကြည့် လာ၏။
လင်းယွန်တွင် အရည် အချင်း ရှိမှန်း သိသော်လည်း၊ လောခွိုက်မှာ နက္ခတ် အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။
ကျင့်ကြံမှု ကွာဟ ချက်ကြောင့်၊ လင်းယွန်အား အလွယ် တကူ အနိုင်ယူ သွား နိုင်၏။
“ ဟား ... ဟား ... ဟား ... ။ ”
မိစ္ဆာ ကျင့်ကြံသူ များက၊ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက်၊ ဟာသ တစ်ပုဒ် ကြား လိုက်ရ သကဲ့သို့၊ ကျယ်လောင်စွာ ရယ်မော ကုန် ကြသည်။
“ ဟား ... ဟား ... ဟား ... ၊ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းက၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က၊ ကလေး တစ်ယောက် အပေါ်မှာ အားကိုးချင် နေတာလား၊ ...
... ဒိအပြင် ... ၊ တခြား တစ်ယောက်မှ မရှိတော့ ဖူးလား၊ ဒီလို ပုရွက်ဆိတ် လေးကို သတ်ရမှာ၊ စိတ် မကောင်း စရာ ပါပဲ။ ”
လောခွိုက်က သဘောကျစွာ ရယ်မော လှောင်ပြောင် လိုက်သည်။
“ ငါ့ကို သတ်ချင် တာလား၊ မင်းမှာ ဒီလို အရည် အချင်း မရှိတဲ့ အတွက်၊ စိတ် မကောင်း ပါဘူး၊ ဘာလို့ အဲဒီမှာ ရပ်နေ သေးတာလဲ၊ ...
... မင်း ကြောက်နေ တာလား၊ လဲ့ယင် မပါတာ နဲ့ဘဲ၊ မင်းက တိုက်ခိုက် ဖို့တောင် သတ္တိ မရှိတော့ ဖူးလား။ ”
ထိုသူများ မတိုက် ရသည့် အကြောင်း အရင်းကို၊ လင်းယွန်မှ ခန့်မှန်း လိုက်၏။ သူသာ လောခွိုက်ကို ထိန်းထား နိုင်ပါက၊ ဤအကြပ် အတည်းမှ လွတ်မြောက် နိုင်ပေမည်။
လဲ့ယင် မလာခင်၊ မူလ ကျောက်တုံး နှင့်အတူ၊ ဘေးကင်းစွာ ကေျာက်တုံး လွင်ပြင်မှ ခွာနိုင်မည် ဖြစ်သည်။
“ ဒီကောင်လေး ရူးနေ တာလား။ ”
“ မာန ကြီးတဲ့ လူတွေကို ...၊ ငါ တွေ့ဖူး ပါတယ်၊ သူ့လို သေမှာ မကြောက်တဲ့ လူကို တော့၊ ငါ မတွေ့ဖူး သေးဘူး၊ ...
... ကောင်းကင် ဝိညာဉ် စွမ်းအား လေးနဲ့၊ လောခွိုက်ကို ရန်စ ဝံ့တယ်လား၊ နက္ခတ် အဆင့် စွမ်းအားကို သူ သိပုံ မရဘူး။ ”
လင်းယွန် စကား များက၊ မိစ္ဆာ ကျင့်ကြံ သူများ အတွင်း၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ စေ၏။
“ မင်း သေချင် ပြီလား၊ ကောင်းပြီ ... မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။ ”
လောခွိုက် မျက်လုံးများ တောက်ပ လာပြီး၊ ကြက်သွေးရောင် ရောင်ဝါ များကို ထုတ်လျက်၊ ရိပ်ခနဲ ပေျာက်ကွယ် သွားသည်။
“ သ တိ ထား ... ။ ”
လောခွိုက် ပျောက်ကွယ် သွား သည်နှင့်၊ ယဲ့ဇီလင် မျက်နှာ ပြောင်းလဲ သွားသည်။ ထို့စဉ် လင်းယွန် ခန္ဓာ ကိုယ်မှ၊ အလင်းများ ဖြာထွက် လာပြီး၊ သူ သည်လည်း မူလ နေရာမှ ပျောက်ကွယ် သွား၏။
အလင်းမှာ စူးရှ လွန်း သဖြင့်၊ လင်းယွန် တစ်ယောက် မည်သို့၊ ရွေ့လျား သွားမှန်း မသိ လိုက်ချေ။
“ ဗြိ ... ။ ”
လောခွိုက် ခမျာ၊ လင်းယွန် အစား အပြာရောင် အဝတ်စ တစ်စ ကိုသာ၊ စုပ်ဖြဲ နိုင်ခဲ့သည်။
“ မင်း ... အပြေး တော်တယ်။ ”
ကြက်သွေးရောင် အလင်းများ တောက်ပ စေလျက်၊ လက်ထဲရှိ ထိုအဝတ် စကို ပြာချပစ် လေသည်။ သည့်နောက် ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင် လိုက်၏။
“ ဝှစ် ... ။ ”
သည်တစ်ကြိမ် တွင်လည်း၊ လင်းယွန်မှ ခန္ဓာကိုယ် ယိမ်းလျက် ရှောင်တိမ်း သွားပြန် သည်။ ထို့ကြောင့် ဓားဆွဲကာ၊ ချက်ချင်း ခုတ်ချလိုက် မိ၏။
“ သေလိုက်တော့ ကောင်လေး ... ။ ”
တစ်ချိန် တည်း မှာပင်၊ နက္ခတ် အဆင့် ရောင်ဝါကို၊ အကန့်အသတ် အထိ၊ တွန်းထုတ် လိုက်သည်။
ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ၊ သာမန် ကျွမ်းကျင်သူ တစ်ဦးသာ ဆိုပါက၊ ဤရောင်ဝါ နှင့်၊ ကန့်သတ် နိုင်မည် ဖြစ်သည်။
သို့သော် လင်းယွန်မှာ၊ သာမာန် ကျင့်ကြံသူ တစ်ဦး မဟုတ်ချေ။ သူတော်စင် နဂါး ခန္ဓာအား ဖြန့်ကျက်လျက်၊ လောခွိုက် ဓားကို ပြန်ကြည့် မိသည်။
ခရမ်း-ရွှေရောင် နဂါး ရူရ်များ ချက်ချင်း တောက်ပ လာပြီး၊ သူ့ရှေ့၌ အကာ အကွယ် သဖွယ်၊ စုစည်း သွားသည်။
“ ဝုန်း ... ။ ”
ထိပ်တိုက် တွေ့ဆုံ သွား ပြီးနောက်၊ မီးပွားများ ပွင့်ထွက် လာကာ၊ ပေါက်ကွဲ သံများ နှင့်အတူ၊ လင်းယွန် ခမျာ နောက်ဆုတ် ပေးလိုက် ရသည်။
မြေပြင်သို့ ဆင်းသက် လိုက်သည်နှင့်၊ တိုက်ပွဲ မြေပြင်၌၊ ဖုန်မှုန့်များ လွင့်တက်လာ တော့၏။
ဒူး တစ်ဖက် ထောက်လျက်မှ၊ လင်းယွန် တစ်ယောက် ဖြည်းညှင်းစွာ ထရပ် လိုက်ပြီး၊ လောခွိုက်ထံ မော့ကြည့် မိသည်။
ပတ်ဝန်း ကျင်ရှိ၊ လှောင်ပြောင် ရယ်မော သံများ အားလုံး ပျောက်ကွယ် သွားသည်။ မူလ စွမ်းအင်ဖြင့် ပြန်၍ ခုခံ မိပါက၊ ယခု အချိန်၌ သေပြီး ဖြစ်မည်ကို၊ လင်းယွန် သိသည်။
ထို့ကြောင့် ရွေ့လျားမှု နည်းစနစ်နှင့် ရုပ်ခန္ဓာကို အားကိုး ခဲ့ခြင်း ဖြစ်၏။ အခွင့် အရေး ရှိပါက၊ ကောင်းကင် ဓားထုတ်၍၊ လောခွိုက်ကို သတ်နိုင် မည်ဟု၊ တွက်ဆ နေမိသည်။
သို့သော် ထိုသို့ သတ်နိုင်ရန်၊ လောခွိုက် တစ်ယောက် ပေါ့ပေါ့ ဆဆ အခြေ အနေနှင့် ရှိနေ ရမည် ဖြစ်သည်။
ဆိုလို သည်မှာ၊ သူထင် သလောက် လွယ်မည် မဟုတ်ဟု၊ သတိ ထားမိ လိုက်ခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ ကာမူ၊ သည်တိုက်ပွဲ၌ နတ်ကျောက်စိမ်း ပလွေအား၊ အသုံး မပြုထား သဖြင့်၊ သူ၌ အားနည်းချက် များစွာ ရှိနေ သည်ကို မြင်သာ လေသည်။
“ မင်းမှာ ... ဒီလောက် ကြံ့ခိုင်တဲ့ ... ၊ ကိုယ်လုံး ကိုယ်ပေါက် ရှိလိမ့် မယ်လို့၊ ငါ မထင် ထားဘူး၊ ငါ့ ဓါးကို ပိတ်ဆို့ နိုင်ခဲ့တာ ချီးကျူး ပါတယ်၊ ဒါပေမယ့် ကစား ပွဲက ခုမှ စမှာ ... ။ ”
လောခွိုက် မျက်နှာ ပေါ်၌၊ ရက်စက် ကြမ်းကြုတ်သော အမူ အရာများ ထွက်ပေါ် လာသည်။
“ ဟိတ် ... ။ ”
သည့်နောက် ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ သတ်ဖြတ်ခြင်း ရောင်ဝါနှင့် ဓားအား ပေါင်းစပ်ကာ၊ လင်းယွန်ထံ ပျံသန်း လာ တော့၏။
“ ဝုန်း ... ။ ”
တွေ့ဆုံမှု အပြီး၌၊ နဂါး ရူရ်များ ကွဲအက် ကုန်ကာ၊ လင်းယွန် တစ်ယောက် လွင့်စဉ်သွား ရ ပြန်သည်။
ဓားကို ခုခံနိုင် သော်လည်း၊ နောက်ပါးမှ ပါလာသော စွမ်းအားကို မခံနိုင် ခဲ့ချေ။ ဖိအား ကြောင့်၊ ခန္ဓာ အနှံ့ နာကျင် သွားသည်။
“ ဟား ဟား ဟား ... ၊ မင်းမှာ တကယ့်ကို သန်မာတဲ့ ခန္ဓာကိုယ် ရှိတာပဲ။ ”
လောခွိုက် အမူ အရာက ပို၍ ရူးသွပ် လာသည်။ တစ်ဖက်တွင် လင်းယွန်ကို လူတိုင်း တအံ့ တသြဖြင့်၊ ကြည့်လာ ကြသည်။
“ ဒီကောင်လေး ... ။ ”
ချင်းဖန်က မှတ်မိ သွားသည်။ လွန်ခဲ့သည့် ရက်အနည်း ငယ်၌၊ သူ ပုန်းအောင်း နေသည်ကို ရှာတွေ့ ခဲ့သော လူငယ် ဖြစ်သည်။
“ ဒါ ... ဒါ၊ စီနီယာ အစ်ကို လင်းရဲ့ ... ၊ စစ်မှန်တဲ့ ခွန်အား လား။ ”
တိုက်ပွဲကို ကြည့်နေ မိသော လျူချင်းယန် အပါ အဝင်၊ အမာခံ တပည့်များ အားလုံး စိတ် လှုပ်ရှား သွား ကြသည်။
လင်းယွန် အပေါ် မသင့် လျော်သော အပြု အမူများ ပြသခဲ့ သည်ကို ရုတ်တရက် နောင်တရ ကုန်၏။
ပတ်ဝန်းကျင်ရှိ အာမေဋိတ် သံ များက လောခွိုက်ကို ဒေါသ ထွက်လာ စေသည်။ သူ့ အစွမ်း သတ္တိကို၊ လူတိုင်း သံသယ ဝင်လာပုံ ရပေ၏။
အဆုံးတွင် နက္ခတ် အဆင့်၊ အင်ပါ ရီယန် တစ်ပါး အနေနှင့် ကောင်းကင် ဝိညာဉ် နယ်ပယ် ပုရွက်ဆိတ် တစ်ကောင်ကို၊ အလွယ် တကူ ကိုင်တွယ် နိုင်သင့် လေသည်။
ရှက် ဒေါသများ ဝင်ရောက် လာပြီး၊ ကြက်သွေးရောင် မြွေနဂါး ကြီးကို ဆင့်ခေါ် လိုက်၏။
ဤပုရွက်ဆိတ်ကို သတ်နိုင် ပါက၊ စင်ကြယ်သော ဝိညာဉ်တော် ထုတ်ဖော်ရ လျှင်ပင်၊ အရေး မကြီး တော့ချေ။
“ မင်းမှာ အရည် အချင်း ရှိတယ် ... ၊ ဒါပေမယ့် ... မင်း သေရ မှာမို့၊ သနား စရာ ကောင်းနေတုန်း ပါပဲ။ ”
မူလ စွမ်းအင်ကို၊ ဓား အတွင်း လောင်းထည့် လိုက်သည်နှင့်၊ ကြောက်မက်ဖွယ် ကောင်းသော မြွေ နဂါး ကြီးက၊ အော်သံ ပြုလာ၏။
သည့်နောက် ဓားနှင့် အတူ၊ လင်းယွန် အပေါ် ခုန်ချ လိုက်သည်။ လင်းယွန်အား သတ်နိုင်တော့ မည်ဟု ယုံကြည် သဖြင့်၊ ချင်းဖန် တစ်ယောက် ပြုံးရွှင် သွားသည်။
တိမ်လွှာဓား ဂိုဏ်း၏ တပည့် များမှာ၊ လင်းယွန် အပေါ် စိုးရိမ် သွားသည်။ အထူး သဖြင့် အသား ကင်ကို စားပြီးနောက်၊ လင်းယွန်အား ပို၍ ခင်မင် လာမိ၏။
“ ချွမ် ... ။ ”
လက်နက်များ ဆွဲထုတ်ကာ၊ ကူညီရန် ပြင်မိသည်။ သို့သော် လင်းယွန် ထံမှ ရွှေရောင် အလင်းများ၊ ရုတ်တရက် ဖြာထွက် လာပြီး၊ ကောင်းကင်မှာ အရောင် ပြောင်း သွား၏။
ယင်းက အဆုံး မဟုတ်ချေ။ ငွေရောင် အလင်း တစ်ခု ထပ်မံ ထွက်ပေါ် လာကာ၊ ငှက် နှစ်ကောင်မှာ လှည့်ပတ် ပျံသန်း တော့သည်။
“ ကျီး ... ။ ”
ရွှေကျီးကန်းနှင့် ငွေဖီးနစ် တို့ကို နောက်ခံ ပြုလျက်၊ လင်းယွန်က လက်သီးအား ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ကာ၊ လောခွိုက်အား လှောင်ပြောင် လိုက်လေသည်။
“ မင်းလို ... လူပြက် တစ်ယောက်က တိမ်လွှာဓား ဂိုဏ်းမှာ၊ ငါ့ အပြင် ဘယ်သူမှ မရှိတော့ဖူး လားလို့ မေးရဲ တယ်ပေါ့၊ ဟမ့် ... ။ ”
***