လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၏ တပည့်။
Vol. 83 Ch. 1151
ရပ်ကြည့် နေသူ အားလုံး အံ့အားသင့် သွား၏။ ငှက်နှစ်ကောင်မှ ဖန်တီး ထားသော ဖြစ်စဉ်သည် လောခွိုက်၏ ဖြစ်စဉ်ထက်၊ များစွာ ထင်ရှား ပြတ်သား လေသည်။
မည်သူ မဆို ဝိညာဉ်တော် ပညာရပ် နှစ်ရပ်၏ ခြားနား ချက်ကို ပြောပြ နိုင်ပေ၏။ နယ်ပယ်တူ ပါက လောခွိုက် တစ်ယောက်၊ ချက်ချင်း သေဆုံး သွားမည် ဖြစ်သည်။
“ ကြယ်မိစ္ဆာ ပန်း ... ။ ”
လင်းယွန် ထံမှ ကြုံးဝါးသံ နှင့်အတူ၊ ရောင်ဝါ သမုဒ္ဒရာ၌ ကြယ်မိစ္ဆာ ပန်းများ လောင်မြိုက် လာ တော့၏။
“ အိုး ... ငါ့ ကောင်းကင် ... ၊ ဒါ ... ဒါ ကြယ်မိစ္ဆာ ပန်းတွေ မဟုတ်လား၊ မဖြစ်နိုင် တာကြီး ... ။ ”
“ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းမှာ ... ၊ ဘယ်အချိန် တည်းက ဒီလို ပါရမီရှင်မျိုး ရှိနေ ရတာလဲ။ ”
ပန်းပွင့် အရေ အတွက်ကြောင့်၊ လူတိုင်း အံ့ဩသွား ကြသည်။ ဝိညာဉ်တော် နှစ်ပါးအပြင်၊ ကြယ်မိစ္ဆာ ပန်းများ ပိုင်ဆိုင် ထား သည်မှာ၊ ကောင်းကင်ကို အံတု နေပြီ ဖြစ်၏။
“ ဒါ ... ဒါ ... ။ ”
လျူယွမ် တစ်ယောက် ပါးစပ် ဟောင်းလောင်း ပွင့် သွားသည်။ လင်းယွန်မှာ အဘယ်ကြောင့်၊ ဤမျှ ယုံကြည်ချက် ပြင်းထန် နေရ သည်ကို၊ သူ နားလည် လာပြီ ဖြစ်၏။
လင်းယွန်မှ သူ့ကိုယ်သူ တိမ်လွှာဓား ဂိုဏ်း၏၊ တပည့် အဖြစ်၊ ပထမဆုံး အကြိမ် ရည်ညွှန်း လာခြင်း ဖြစ်သဖြင့်၊ ယဲ့ဇီလင်မှ စိတ်လှုပ်ရှား သွားသည်။
ဤလူငယ်မှာ ဂိုဏ်း၌ တစ်နှစ်သာ နေမည်ကို၊ အခြား သူများ မသိ သော်လည်း၊ သူမ သိ၏။
သူမ အမြင် အရ၊ ဧည့်သည် တစ်ဦး မျှသာ ဖြစ်ပြီး၊ တိမ်လွှာဓား ဂိုဏ်း၏ အသက်၊ သေခြင်း အပေါ်၊ ဝင်စွက် ပေးစရာ မလိုချေ။
သို့သော် တစ်ဖက် လူမှ၊ သူ့ကိုယ်သူ တိမ်လွှာဓား ဂိုဏ်း၏ တပည့် အဖြစ် အတည်ပြု လာသည်။
လျှပ်စီး တိမ်လွှာဓား ဂိုဏ်းကြီးမှာ၊ သူမ အတွက် အရေးပါ လှ သောကြောင့်၊ လင်းယွန် အပေါ်၊ အမြင်များ ပြောင်းလဲ သွားသည်။
လင်းယွန်က သူ့ ရောင်ဝါအား၊ ကန့်သတ်ချက်သို့ တွန်းပို့ လိုက်ပြီး၊ တိုက်ခိုက် မှုကို ဖြေရှင်း သည်။ ယင်းက ကျောက်တုံး လွင်ပြင်ကို၊ ချက်ချင်း လှုပ်ခါ သွားစေ၏။
“ ဝုန်း ... ။ ”
နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ လင်းယွန် ခမျာ လွင့်စဉ် သွားရဆဲ ဖြစ်သည်။ လောခွိုက် သည်လည်း ခြေလှမ်း သုံးလှမ်း၊ နောက်ပြန်ဆုတ် လိုက်ရ၏။ ရှက်စရာ ပေပင်။
“ လောခွိုက် ... နောက်ဆုတ် ပေးလိုက် ရတာလား ... ၊ မယုံနိုင် စရာပဲ။ ”
“ နည်းနည်းတော့ များ သွားပြီ၊ ဘာပဲ ဖြစ်ဖြစ်၊ သူက နက္ခတ် အဆင့်၊ အင်ပါ ရီယန် တစ်ပါး မဟုတ်လား။ ”
မိစ္ဆာ ကျင့်ကြံ သူများ၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား ကြပြီး၊ ဆုတ်ခွာရန် စတင် တွေးတော လာတော့သည်။ ကောင်းကင် ဝိညာဉ် နယ်ပယ် လူငယ် တစ်ဦး၏ စွမ်းအားမှာ၊ တဆိတ် သန်မာ လွန်းချေ၏။
လင်းယွန်သာ ဆက်၍ လက်စွမ်းပြ နေဦးမည် ဆိုပါက၊ ဤသူရဲ ဘောကြောင် သော လူအုပ်မှာ လှည့်၍၊ ပြန်သွား နိုင်မည်ကို ချင်းဖန် သိသည်။
ထိုသို့ ဖြစ်ခဲ့သော် ယဲ့ဇီလင်နှင့် အဖွဲ့အား၊ ဆက်၍ ဟန့်တားထား နိုင်ဦး မည် မဟုတ်ချေ။ စိုးရိမ် စိတ်များက တဟုန်ထိုး မြင့်တက် လာသည်။
“ အဟက် ... ၊ နက္ခတ် အဆင့် အင်ပါ ရီယန် တစ်ပါးရဲ့ စွမ်းအားက၊ အထင်ကြီး လောက်စရာ လည်း၊ မဟုတ် ပါလား။ ”
လင်းယွန်က နှုတ်ခမ်းမှ သွေးစ များကို လက်ခုံဖြင့် သုတ်ကာ၊ ပြုံးလျက် လှောင်ပြောင် လိုက်သည်။
“ မင်း ... ၊ ဘယ်အထိ တောင့်ခံနိုင် ဦးမလဲ ကြည့်ရအောင်။ ”
တစ်ဖက် လူ၏ မူလ စွမ်းအင် သိပ်သည်းဆ မှာ၊ ကြယ်စင်စု အဆင့် အင်ပါ ရီယန် တစ်ပါးကို ယှဉ်နိုင်ကြောင်း၊ လောခွိုက် သိသည်။
ထို့ကြောင့် ကြယ် စွမ်းအင်အား ဓားထဲသို့ လောင်းထည့်ကာ၊ အလေး အနက်ထား လာရ တော့၏။
ကြက်သွေးရောင် မြွေ နဂါးက၊ နောက် တစ်ကြိမ် တောက်ပ လာပြီး၊ မျက်စိ တစ်မှိတ် အတွင်း၊ ပေ (၁၀၀) နီးပါး ရှည်ထွက် လာသည်။
“ သွေးမိစ္ဆာ ပိတ်လှောင်ခြင်း ဓား။ ”
ယင်းက သူ၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ တစ်စုံ တစ်ဦးက ကာကွယ် နိုင်သော အရာမျိုး မဟုတ်ချေ။
အင်ပါ ရီယန် မဖြစ်မီ၊ လင်းယွန် တစ်ယောက် သူနှင့် တွေ့ရ သည်မှာ ကံဆိုးသွား ပြီး ဖြစ်၏။
နောက်ဆုံးတွင် ၎င်းတို့ နှစ်ဦးကြား ကျင့်ကြံမှု ကွာခြား ချက်မှာ၊ နယ်ပယ် တစ်ခု ကျော် ပေသည်။
“ ဝူး ... ဟီး ဟီး ဟီ။ ”
လောခွိုက်မှ ရှေ့သို့ ခြေ တစ်လှမ်း တိုးလိုက် သည်နှင့်၊ တစ္ဆေ အော်သံများ ကဲ့သို့ လေခွင်း သံများ ပြည့်လျှံ လာသည်။
သည့်နောက် ပို၍ ကြောက်စရာ ကောင်းသော ဖြစ်စဉ် တစ်ခု နှင့်အတူ၊ ဓားအား ခုတ်ချလိုက် တော့၏။ ဓား မရောက် မီကပင်၊ မြေပြင်၌ ဖုန်မှုန့်များ အလိမ်းလိမ်း ထလာ သည်။
ခေါင်းအား မော့ကြည့် လိုက်မိသော၊ လင်းယွန် ခမျာ ကြက်သီးထ သွားတော့၏။ ခွန်လွန် ဘုံသို့ ရောက် ပြီးနောက်၊ ဤသည်မှာ အန္တရာယ် အရှိဆုံး အခိုက် အတန့် ပေပင်။
တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲ လာပြီး၊ နဂါးဓား ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။ ဓားဖြင့် အနားသပ် ထားသော၊ ဧရာမ နဂါးကြီး တစ်ကောင်က၊ ချက်ချင်း ထွက်ပေါ် လာ၏။
“ ကောင်းကင်ဓား ... ကောင်းကင်ဓား ရည်ရွယ်ချက်၊ အိုး ... နေဦး၊ ဒါ ... ဒါက ကောင်းကင်ဓား နယ်ပယ်ကို ကျော်လွန် နေပြီ မဟုတ်လား။ ”
အမည်ခံ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက်သည်၊ ကောင်းကင်ဓား ရည်ရွယ် ချက်ကို၊ သဘာဝ အတိုင်း၊ ကျော်လွန် သွား ခဲ့သည်။
တစ်ဖက်တွင် ဓားပိုးအိမ်ကို ဖွင့်လှစ်ကာ၊ အရိယာ ကောင်းကင်ဓား အဖြစ် ပြောင်းလဲရန် လင်းယွန်မှ ရည်ရွယ် ထားသည်။
ဓား ရည်ရွယ် ချက်ဖြင့်၊ အနားသပ် ထားသော နဂါးကြီးမှာ၊ ရုတ်တရက် မျက်လုံး ပွင့်လာ၏။
၎င်း မျက်လုံးများ အတွင်းမှ၊ ဓား အလင်း များ ဖြာထွက် လာကာ၊ ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင် များကို၊ လောင်ကျွမ်း ပစ်တော့သည်။
ဤအခိုက်တွင် သူ့နဂါးမှာ လောခွိုက်၏၊ မြွေနဂါးထက်၊ များစွာ အားကောင်း လှပေ၏။ ထို့ကြောင့် လောခွိုက် ဓားကို အလွယ် တကူ ရင်ဆိုင် နိုင်လေသည်။
“ ဝုန်း ... ။ ”
လှိုင်းလုံးများ အဘက်ဘက်သို့၊ ရိုတ်ခတ် သွားပြီး၊ ပေါက်ကွဲမှု အတွင်းမှ ပုံရိပ် နှစ်ရိပ် ပြုတ်ကျ လာသည်။
“ ဝေါ့ ... ။ ”
ခရမ်း- ရွှေရောင် နဂါး ရူရ် များက၊ နောက်ကွယ်မှ ဖိအားကို ကာကွယ်ပေး နိုင်ခြင်း မရှိ သောကြောင့်၊ လင်းယွန် ခမျာ သွေးအန် လျက်၊ နောက်ဆုတ်ပေး လိုက်ရသည်။
သို့သော် ဤသည်မှာ၊ အကောင်းမွန် ဆုံးသော အချိန်အခါ ဖြစ်သည်။ တစ်ဖက်လူ သည်လည်း၊ သူ့ကဲ့သို့ ပင်ပန်း သွားနိုင်၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် ကိုယ်ဟန်အား မထိန်း နိုင်ခင် မှာပင်၊ လေထုအား နင်းလျက်၊ ရှေ့သို့ ပြန်၍ ပြေးဝင် လိုက်သည်။
“ ဓား ... ။ ”
လောခွိုက်မှာ အသင့် မဖြစ် သေးမှန်း သူ သိ၏။ ပန်းသင်္ချိုင်းဓား ပျံထွက် လာချိန်၌၊ မူလ ကျောက်တုံးက၊ ထွက်ပြေးရန် ကြိုးစား လာသည်။
သို့သော် လင်းယွန်က ပြန်၌ တွန်းထုတ် လိုက်၏။ ထိုဖြစ်စဉ်မှာ မျက်စိ တစ်မှိတ် အတွင်း ဖြစ်ပျက် သွားခြင်း ဖြစ်သော်လည်း၊ ချင်းဖန်မှ ၎င်းကို မြင်မိ လေသည်။
“ လောခွိုက် ... ၊ သူနဲ့ ကစား နေတာကို ရပ်ပြီး၊ ကြယ်ပန်းချီကို ထုတ်လိုက်တော့ ... ၊ မူလ ကျောက်တုံးက သူ့ ဆီမှာ ... ။ ”
-ဟု ချင်းဖန်မှ အော်ဟစ် လိုက်သည်။
ထိုစကား ကြောင့်၊ လူတိုင်း လင်းယွန်ကို ရှုပ်ထွေးစွာ လှည့်ကြည့် လာသည်။ ယဲ့ဇီလင်မှ ဤလူငယ်ထံ၊ မူလ ကျောက်တုံးကို အပ်ထား လိမ့်မည်ဟု၊ မထင်ထား မိခေျ။
“ ကြယ်တာရာ ကြယ်စင်စု။ ”
လောခွိုက် မျက်ဝန်း၌၊ အေးစက်သော အလင်းများ တောက်ပ လာပြီး၊ ကြုံးဝါးသံ ပြု လိုက်သည်။ သူ့ နောက်မှ ပန်းချီကား တစ်ချပ် ဖြစ်ပေါ် လာ၏။
ပန်းချီ ကားသည် နက္ခတ် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ သူ ဖန်တီး နိုင်ခဲ့သော ကြယ်စင်စု တစ်ခု ဖြစ်လေသည်။
ထိုပန်းချီ ကားတွင်၊ နက္ခတ် အဆင့် အင်ပါရီယန် တစ်ပါး၏ စွမ်းအား အပြည့် အဝ၊ ပါဝင် လေသည်။
ဤသို့ အရှက်မဲ့ စွာဖြင့်၊ ကြယ်ပန်းချီကို အသုံး ပြုကာ၊ တိုက်ခိုက် လိမ့်မည်ဟု မည်သူမျှ ထင်ထားပေ။ မူလ ကျောက်တုံးမှာ၊ သူ့အမည် ထက် ပို၍ တန်ဖိုး ရှိပုံ ရ၏။
“ မင်းမှာ ... ၊ အခွင့် အရေး မရှိ တော့ဘူး။ ”
လင်းယွန်မှ အေးစက်စွာ ပြောလိုက်သည်။ သည့်နောက် တိမ်လွှာဓား (၁၃) ကွက်၏ ပထမ ဓားကို ထုတ်လွှတ် လိုက်၏။
စက္ကန့်ပိုင်း အတွင်း ကောင်းကင်၌ ဓား အလင်း များနှင့် ပြည့်နှက် သွားကာ၊ တိမ်လွှာ ဓား၏ ဝိညာဉ်တော် ထွက်ပေါ် လာသည်။
ကြယ်ပန်းချီ မဖြစ် ပေါ်မီ၊ ဓား အလင်း များက၊ အပိုင်းပိုင်း ဖြတ်တောက် ပစ်လိုက် တော့သည်။
ဤသို့ဖြင့် လောခွိုက် ခမျာမှာ အသံပင်၊ မထွက်နိုင် တော့ဘဲ၊ ခေါင်းဖြတ်ခြင်း ခံလိုက်ရ တော့သည်။
“ ဘုန်း ... ။ ”
ခေါင်းပြတ် သွားသော အလောင်းကောင် ကြီးက၊ မြေပြင် ပေါ်သို့ ပြုတ်ကျ လာချိန်တွင်၊ လူတိုင်း အသက်မဲ့ ကုန်သည်။
ကောင်းကင် ဝိညာဉ် နယ်ပယ်မှ တစ်စုံ တစ်ယောက်သည်၊ နက္ခတ် အဆင့် အင်ပါရီယန် တစ်ပါးကို၊ သတ်ပစ် လိုက်ခြင်း ဖြစ်၏။
ထို့ပြင် တိမ်လွှာဓား (၁၃) ကွက်အား၊ သရုပ်ဖော် အဆင့် အထိ၊ အသုံးပြု နိုင်သော တစ်စုံ တစ်ဦး၊ တိမ်လွှာဓား ဂိုဏ်း၌ ရှိနေလိမ့် မည်ဟု၊ မထင်ထား မိချေ။
ထိုအချိန်တွင် လင်းယွန်မှာ၊ ထာဝရ နတ်ဘုရား တစ်ပါး ကဲ့သို့၊ ကြီးစိုးသော အသွင် နှင့်၊ လေထု အလယ် ရပ်နေ တော့သည်။
***